Premier League Transfer News

23 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ လူငယ်ကစားသမား ဘော်ဘီ ကလာ့ခ်ကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းထားပြီး တစ်ဖက်မှာ အန်ဖီးလ်မြေကို ခြေချခွင့်လည်းဖြစ်နေတာကြောင့် သူ့အနေနဲ့ မိသားစုနဲ့ ညှိနှိုင်းပြီးမှ တစ်သင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ရှိလာ။

– ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လီဗာပူးလ်တောင်ပံကစားသမား ဆာဒီယို မာနေးကတော့ သူ့အနေနဲ့ မနှစ်က ခြေစွမ်းမပြနိုင်ခဲ့တာက ဘောလုံးလောကမှာ ဖြစ်တတ်ကြောင်းနဲ့ လာမယ့်ဘောလုံးရာသီအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေကြောင်း အသင်းဝက်ဘ်ဆိုက်ကတဆင့် အသိပေးသွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ပြန်လည်ခေါ်ယူဖို့အတွက် အစီအစဉ် အပြောင်းအလဲရှိလာနိုင်ပြီး ကွင်းလယ်ဖန်တီးရှင် ဟာကန် ချယ်လ်ဟာနိုးလူးထွက်သွားတဲ့ ကွက်လပ်အတွက် အေစီမီလန်အသင်းကလည်း ခေါ်ယူဖို့ စီစဉ်လာကြောင်း သတင်းတွေထွက်လာ။

– ပြီးခဲ့တဲ့ မတ်လကမှ အသက် ၂၁ နှစ်ပြည့်ထားတဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား ပတ်ဒရို နီတိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့အသင်းထဲ လီဗာပူးလ်လည်း ပါဝင်လာခဲ့ပြီး မိုဟာမက် ဆာလားအလွန် ညာတောင်ပံမှာ ရေရှည်အစားထိုးနိုင်ဖို့ အန်ဖီးလ်‌ဘက်က ကြံရွယ်နေကြောင်းသိရ။

– လီဗာပူးလ်အသင်းအနေနဲ့ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူ ဖရွန့်ခ် ကက်ဆီယေးကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသလာခဲ့ပြီး ဆန်စီရိုမြေက လက်ခံနိုင်မယ့် ပမာဏနဲ့ စတင်ကမ်းလှမ်းဖို့ လိုအပ်နေသလို ကစားသမားအနေနဲ့လည်း အတွေ့အကြုံအသစ်ရယူလိုကြောင်း သတင်းတွေ ထွက်လာ။

– လီဗာပူးလ်အသင်းရဲ့ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အွန်ထွာ ဂရီးဇ်မန်းကို ဘာစီလိုနာအသင်းက ယူရိုသန်း ၆၀ ရတာနဲ့ ရောင်းထုတ်မယ်လို့ ‌အသိပေးထားပြီး ကာတာလန်ကလပ်အနေနဲ့ ငွေကြေးအခက်အခဲရင်ဆိုင်နေရတာကြောင့် လစာမြင့်ကစားသမားတွေကို တတ်နိုင်သလောက် ရာသီသစ်မစခင်မှာ ရှင်းထုတ်သွားဖို့ရှိနေ။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ လီဗာပူးလ်အသင်း ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ဂျာရော့ဒ် ဘိုဝင်အတွက် ပေါင် ၃၅ သန်း သတ်မှတ်ထားလိုက်ပြီး မာဆေးဆိုက်ကလပ်ဘက်ကတော့ ချာဒန် ရှာကျီရီနဲ့ ဒီဗော့ အိုရီဂီတို့ထဲက တစ်ယောက်ကို အလိုက်ပေးပြီး ငွေသားနဲ့ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်းသိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ‌ဗီလာရီးရဲလ်တောင်ပံတိုက်စစ်မှူး ဆမ်မြူရယ် ချုခ်ဝူဇီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားပေမယ့် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းက ပေါင်သန်း ၆၀ အထိပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် ၂၂ နှစ်အရွယ် နိုင်ဂျီးရီးယားသားကို အရောက်ခေါ်ချင်ရင် ပိုလက်သွက်ဖို့လိုကြောင်း ဝေဖန်နေကြ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်နဲ့ လက်ထောက်နည်းပြ ပက်ပ် လိန်ဒါစ်တို့ဟာ အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူရာမှာ Gegenpress ကစားဟန်အတွက် ပြိုင်ဘက်တွေဆီက ဘောလုံးလုယူပြီး ဖိအားပေးနိုင်မယ့် မပျင်းမရိဘဲ လုပ်အားနှုန်းကောင်းသူတွေကိုပဲ ရှာဖွေသွားမယ်လို့ သတင်းထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ လူငယ္ကစားသမား ေဘာ္ဘီ ကလာ့ခ္ကို ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔အတြက္ ကမ္းလွမ္းထားၿပီး တစ္ဖက္မွာ အန္ဖီးလ္ေျမကို ေျခခ်ခြင့္လည္းျဖစ္ေနတာေၾကာင့္ သူ႔အေနနဲ႔ မိသားစုနဲ႔ ညႇိႏႈိင္းၿပီးမွ တစ္သင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ရွိလာ။

– ၿပီးခဲ့တဲ့ရာသီမွာ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ လီဗာပူးလ္ေတာင္ပံကစားသမား ဆာဒီယို မာေနးကေတာ့ သူ႔အေနနဲ႔ မႏွစ္က ေျခစြမ္းမျပႏိုင္ခဲ့တာက ေဘာလုံးေလာကမွာ ျဖစ္တတ္ေၾကာင္းနဲ႔ လာမယ့္ေဘာလုံးရာသီအတြက္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ အသင့္ျဖစ္ေနေၾကာင္း အသင္းဝက္ဘ္ဆိုက္ကတဆင့္ အသိေပးသြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘာစီလိုနာကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳကို ျပန္လည္ေခၚယူဖို႔အတြက္ အစီအစဥ္ အေျပာင္းအလဲရွိလာႏိုင္ၿပီး ကြင္းလယ္ဖန္တီးရွင္ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးထြက္သြားတဲ့ ကြက္လပ္အတြက္ ေအစီမီလန္အသင္းကလည္း ေခၚယူဖို႔ စီစဥ္လာေၾကာင္း သတင္းေတြထြက္လာ။

– ၿပီးခဲ့တဲ့ မတ္လကမွ အသက္ ၂၁ ႏွစ္ျပည့္ထားတဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား ပတ္ဒ႐ို နီတိုကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတဲ့အသင္းထဲ လီဗာပူးလ္လည္း ပါဝင္လာခဲ့ၿပီး မိုဟာမက္ ဆာလားအလြန္ ညာေတာင္ပံမွာ ေရရွည္အစားထိုးႏိုင္ဖို႔ အန္ဖီးလ္‌ဘက္က ႀကံ႐ြယ္ေနေၾကာင္းသိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ေတာ့တဲ့ ကြင္းလယ္လူ ဖ႐ြန႔္ခ္ ကက္ဆီေယးကို ေခၚယူဖို႔ စိတ္ဝင္စားမႈ ျပသလာခဲ့ၿပီး ဆန္စီ႐ိုေျမက လက္ခံႏိုင္မယ့္ ပမာဏနဲ႔ စတင္ကမ္းလွမ္းဖို႔ လိုအပ္ေနသလို ကစားသမားအေနနဲ႔လည္း အေတြ႕အႀကဳံအသစ္ရယူလိုေၾကာင္း သတင္းေတြ ထြက္လာ။

– လီဗာပူးလ္အသင္းရဲ႕ပစ္မွတ္ကစားသမားတစ္ဦးျဖစ္တဲ့ အြန္ထြာ ဂရီးဇ္မန္းကို ဘာစီလိုနာအသင္းက ယူ႐ိုသန္း ၆၀ ရတာနဲ႔ ေရာင္းထုတ္မယ္လို႔ ‌အသိေပးထားၿပီး ကာတာလန္ကလပ္အေနနဲ႔ ေငြေၾကးအခက္အခဲရင္ဆိုင္ေနရတာေၾကာင့္ လစာျမင့္ကစားသမားေတြကို တတ္ႏိုင္သေလာက္ ရာသီသစ္မစခင္မွာ ရွင္းထုတ္သြားဖို႔ရွိေန။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းကေတာ့ လီဗာပူးလ္အသင္း ပစ္မွတ္ထားေနတဲ့ ေတာင္ပံကစားသမား ဂ်ာေရာ့ဒ္ ဘိုဝင္အတြက္ ေပါင္ ၃၅ သန္း သတ္မွတ္ထားလိုက္ၿပီး မာေဆးဆိုက္ကလပ္ဘက္ကေတာ့ ခ်ာဒန္ ရွာက်ီရီနဲ႔ ဒီေဗာ့ အိုရီဂီတို႔ထဲက တစ္ေယာက္ကို အလိုက္ေပးၿပီး ေငြသားနဲ႔ကမ္းလွမ္းသြားဖို႔ စီစဥ္ေနေၾကာင္းသိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ‌ဗီလာရီးရဲလ္ေတာင္ပံတိုက္စစ္မႉး ဆမ္ျမဴရယ္ ခ်ဳခ္ဝူဇီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ အဲဗာတန္အသင္းက ေပါင္သန္း ၆၀ အထိေပးၿပီး ကမ္းလွမ္းဖို႔ စီစဥ္ေနတာေၾကာင့္ ၂၂ ႏွစ္အ႐ြယ္ ႏိုင္ဂ်ီးရီးယားသားကို အေရာက္ေခၚခ်င္ရင္ ပိုလက္သြက္ဖို႔လိုေၾကာင္း ေဝဖန္ေနၾက။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ လက္ေထာက္နည္းျပ ပက္ပ္ လိန္ဒါစ္တို႔ဟာ အသင္းအတြက္ ကစားသမားသစ္ေတြကို ေခၚယူရာမွာ Gegenpress ကစားဟန္အတြက္ ၿပိဳင္ဘက္ေတြဆီက ေဘာလုံးလုယူၿပီး ဖိအားေပးႏိုင္မယ့္ မပ်င္းမရိဘဲ လုပ္အားႏႈန္းေကာင္းသူေတြကိုပဲ ရွာေဖြသြားမယ္လို႔ သတင္းထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.