Premier League Transfer News

တန်ဖိုးမြင့်မားတဲ့ ဗာနာကို တူဟယ်လ် ဆက်ထိန်းမှာလား? ဟာလန်းအတွက် ရှင်းထုတ်မှာလား?

ဂျာမနီက လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေသာ ရရှိလာခဲ့ရင် ဒီနွေရာသီမှာ တိုက်စစ်မှူး တီမို ဗာနာကို ရှင်းထုတ်သွားတော့မယ်လို့ ဖော်ပြသွားခဲ့ပြီး Sky Germany ရဲ့ အဆိုအရ အပြာရောင်တပ်သားအဖြစ် တနှစ်သာ အသုံးတော်ခံထားရသေးတဲ့ ဂျာမနီသားကို စိတ်ဝင်စားလာတဲ့ အသင်းကြီးတွေဆီ ​ကမ်းလှမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေမှာ RB လိုက်ပ်ဇ်အသင်းကနေ စတမ်းဖို့ဒ်ဘရစ်ချ်မြေဆီ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် တာထွက်ပရီးမီးယားလိဂ်ရာသီမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၂ ဂိုးသာသွင်းယူနိုင်သလို အသင်းဖော်တွေအတွက် ၁၅ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင့်တိုက်စစ်မှူး မပီသဘူးဆိုတဲ့ သိမ်းကျုံးဝေဖန်မှုတွေကို ဗာနာက လက်ရှိမှာ ခံယူခဲ့ရပါတယ်။

အသက် ၂၅ နှစ်သားဟာ ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုမှာတော့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့ပြီး အသင်းကိုမောင်းနှင်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာတော့ နည်းပြ တူဟယ်လ်က “တီမိုက ငယ်ရွယ်နုနယ်ပါသေးတယ်။ တိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ သူ့ဆီက တောင်းဆိုနေတဲ့အရာပါ”

“သူသာ စိတ်ရောကိုယ်ရော အနားယူပြီး ပြန်စဥ်းစားသုံးသပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်….သူဟာ နောက်နှစ်မှာ ကြီးမားတဲ့ ခြေစွမ်းပြမှုတွေ ပြုလုပ်လာပါလိမ့်မယ်။ အခု သူက လူသစ်မဟုတ်တော့ဘူး။ အင်္ဂလန်မြေရဲ့ ပတ်ဝန်းကျင်မှာ အထိုင်ကျသွားပြီ။ သူ့အသင်းဖော်တွေအကြောင်းကို သူနားလည်နေပြီ”

“ပထမဆုံးတာထွက်မှာ သူဘာတွေ လွဲခဲ့လဲဆိုတာကို ကောင်းကောင်းသိရှိနေပြီ။ ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတာကိုလည်း သူသဘောပေါက်နေလောက်ပါပြီ။ ဒါအသိစိတ်က သူ့ကို ကောင်းကောင်းအကူအညီပေးပါလိမ့်မယ်။ ဒီဖြစ်စဥ်ကို မြန်မြန်လည်ပတ်အောင် ကျွန်တော်တို့ သူ့ကို မောင်းပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်”လို့ ဆိုခဲ့ခြင်းမှာ ဗာနာကို ဂိုးသွင်းနိုင်အောင် ယုံကြည်မှုပေးသွားမယ်လို့ ဆိုခဲ့ဖူးတာပါ။

ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကတော့ “ကျွန်တော်က ချယ်လ်ဆီးရဲ့ ပွဲစဥ်တိုင်းကို သေချာကြည့်ဖြစ်တယ်။ ခိုင်ဟာဗတ်ဇ်နဲ့ တီမို ဗာနာတို့ကို အနီးကပ် လေ့လာဖြစ်တယ်။ သူတို့ရဲ့ ကစားပုံက ကျွန်တော့်ကို ဆွဲဆောင်ထားနိုင်တယ်။ နောက်ရာသီမှာ သူတို့နှစ်ဦးစလုံးရဲ့ အကောင်းဆုံးခြေစွမ်းတွေကို တကယ်မြင်တွေ့ရတော့မှာပါ။”

“ဗာနာက ဂိုးတွေ ဖြုန်းတီးခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြေးလွှားမှုနဲ့ အရွေ့တွေက ကောင်းမွန်လှပါတယ်။ ချိန်သားကိုက်ဖြစ်တယ်။ လူကျွံဘောမမိဘူး။ ဒီကနေ သူ့ရဲ့အမြန်နှုန်းကတဆင့် ဂိုးအခွင့်အရေးတွေ ရလာတယ်။ ဒါကြောင့် ဒီခေတ်မှာ ဗာနာလို ကစားသမားမျိုးက တန်ဖိုးဖြတ်မရပါဘူး။ ကွင်းလယ်ကစားသမားတွေရဲ့ စိတ်ကြိုက်ပုံစံမျိုးပါ” လို့ ဗာနာကို ချယ်လ်ဆီးအသင်းမှာ ဆက်ထိန်းသွားဖို့ တူဟယ်လ်ကို တိုက်တွန်းထားခဲ့တာကိုလည်း မြင်တွေ့ရချိန်မှာ ဟာလန်းရဲ့ အပြောင်းအရွှေ့ပုံပြင်အရ ဂျာမန်သားရဲ့အနာဂတ် ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမနီက လာတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြသာ ရရွိလာခဲ့ရင္ ဒီေႏြရာသီမွာ တိုက္စစ္မႉး တီမို ဗာနာကို ရွင္းထုတ္သြားေတာ့မယ္လို႔ ေဖာ္ျပသြားခဲ့ၿပီး Sky Germany ရဲ႕ အဆိုအရ အျပာေရာင္တပ္သားအျဖစ္ တႏွစ္သာ အသုံးေတာ္ခံထားရေသးတဲ့ ဂ်ာမနီသားကို စိတ္ဝင္စားလာတဲ့ အသင္းႀကီးေတြဆီ ​ကမ္းလွမ္းသြားခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ေႏြမွာ RB လိုက္ပ္ဇ္အသင္းကေန စတမ္းဖို႔ဒ္ဘရစ္ခ်္ေျမဆီ ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ တာထြက္ပရီးမီးယားလိဂ္ရာသီမွာ ႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ ၁၂ ဂိုးသာသြင္းယူႏိုင္သလို အသင္းေဖာ္ေတြအတြက္ ၁၅ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔အဆင့္တိုက္စစ္မႉး မပီသဘူးဆိုတဲ့ သိမ္းက်ဳံးေဝဖန္မႈေတြကို ဗာနာက လက္ရွိမွာ ခံယူခဲ့ရပါတယ္။

အသက္ ၂၅ ႏွစ္သားဟာ ခ်ယ္လ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဖလားေအာင္ျမင္မႈမွာေတာ့ အဓိကက်တဲ့ အခန္းက႑မွာ ရွိေနခဲ့ၿပီး အသင္းကိုေမာင္းႏွင္ႏိုင္ခဲ့တယ္။ ၿပီးခဲ့တဲ့ေမလေႏွာင္းပိုင္းမွာေတာ့ နည္းျပ တူဟယ္လ္က “တီမိုက ငယ္႐ြယ္ႏုနယ္ပါေသးတယ္။ တိုးတက္ဖို႔ အလားအလာေကာင္းေတြ ရွိေနတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ သူ႔ဆီက ေတာင္းဆိုေနတဲ့အရာပါ”

“သူသာ စိတ္ေရာကိုယ္ေရာ အနားယူၿပီး ျပန္စဥ္းစားသုံးသပ္ႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ထင္ပါတယ္….သူဟာ ေနာက္ႏွစ္မွာ ႀကီးမားတဲ့ ေျခစြမ္းျပမႈေတြ ျပဳလုပ္လာပါလိမ့္မယ္။ အခု သူက လူသစ္မဟုတ္ေတာ့ဘူး။ အဂၤလန္ေျမရဲ႕ ပတ္ဝန္းက်င္မွာ အထိုင္က်သြားၿပီ။ သူ႔အသင္းေဖာ္ေတြအေၾကာင္းကို သူနားလည္ေနၿပီ”

“ပထမဆုံးတာထြက္မွာ သူဘာေတြ လြဲခဲ့လဲဆိုတာကို ေကာင္းေကာင္းသိရွိေနၿပီ။ ဘယ္လိုျပဳျပင္ေျပာင္းလဲရမလဲဆိုတာကိုလည္း သူသေဘာေပါက္ေနေလာက္ပါၿပီ။ ဒါအသိစိတ္က သူ႔ကို ေကာင္းေကာင္းအကူအညီေပးပါလိမ့္မယ္။ ဒီျဖစ္စဥ္ကို ျမန္ျမန္လည္ပတ္ေအာင္ ကြၽန္ေတာ္တို႔ သူ႔ကို ေမာင္းေပးေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္ပါတယ္”လို႔ ဆိုခဲ့ျခင္းမွာ ဗာနာကို ဂိုးသြင္းႏိုင္ေအာင္ ယုံၾကည္မႈေပးသြားမယ္လို႔ ဆိုခဲ့ဖူးတာပါ။

ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္ကေတာ့ “ကြၽန္ေတာ္က ခ်ယ္လ္ဆီးရဲ႕ ပြဲစဥ္တိုင္းကို ေသခ်ာၾကည့္ျဖစ္တယ္။ ခိုင္ဟာဗတ္ဇ္နဲ႔ တီမို ဗာနာတို႔ကို အနီးကပ္ ေလ့လာျဖစ္တယ္။ သူတို႔ရဲ႕ ကစားပုံက ကြၽန္ေတာ့္ကို ဆြဲေဆာင္ထားႏိုင္တယ္။ ေနာက္ရာသီမွာ သူတို႔ႏွစ္ဦးစလုံးရဲ႕ အေကာင္းဆုံးေျခစြမ္းေတြကို တကယ္ျမင္ေတြ႕ရေတာ့မွာပါ။”

“ဗာနာက ဂိုးေတြ ျဖဳန္းတီးခဲ့တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ေျပးလႊားမႈနဲ႔ အေ႐ြ႕ေတြက ေကာင္းမြန္လွပါတယ္။ ခ်ိန္သားကိုက္ျဖစ္တယ္။ လူကြၽံေဘာမမိဘူး။ ဒီကေန သူ႔ရဲ႕အျမန္ႏႈန္းကတဆင့္ ဂိုးအခြင့္အေရးေတြ ရလာတယ္။ ဒါေၾကာင့္ ဒီေခတ္မွာ ဗာနာလို ကစားသမားမ်ိဳးက တန္ဖိုးျဖတ္မရပါဘူး။ ကြင္းလယ္ကစားသမားေတြရဲ႕ စိတ္ႀကိဳက္ပုံစံမ်ိဳးပါ” လို႔ ဗာနာကို ခ်ယ္လ္ဆီးအသင္းမွာ ဆက္ထိန္းသြားဖို႔ တူဟယ္လ္ကို တိုက္တြန္းထားခဲ့တာကိုလည္း ျမင္ေတြ႕ရခ်ိန္မွာ ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕ပုံျပင္အရ ဂ်ာမန္သားရဲ႕အနာဂတ္ ဘာျဖစ္လာမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.