Premier League

23 July နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

လွန်ခဲ့တဲ့ ၃ ပတ်က ဒေါ့မန်အသင်းကနေ ပေါင် ၇၂.၉ သန်းနဲ့ အပြောင်းအရွှေ့အပြီးသတ်နိုင်ခဲ့ပြီး ကာရင်တန်မှာ ဆေးစစ်မှုအောင်မြင်မှုခဲ့ပြီဖြစ်တဲ့ တောင်ပံကစားသမားသစ် ဂျေဒန် ဆန်ချိုကို မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ တရားဝင်ကြေငြာသွားဖို့ စာရွက်စာတမ်းကိစ္စတချို့ကြောင့် အနည်းငယ်နှောင့်နှေးနေကြောင်း သိရပြီး အသက် ၂၁ နှစ်သားဟာ ယူနိုက်တက်ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်းရွိုင်းကီးန်၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၆ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ အတည်ပြုခံထားရ။

ဒီနွေမှာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ​ကြိုးပမ်းနေတဲ့ ဝုဗ်စ်ကွင်းလယ်လူ ရူဘင် နာဗက်စ်နဲ့အတူ ယူနိုက်တက်မှာ အတူတွဲကစားချင်နေတယ်လို့ ပေါ်တူဂီအသင်းဖော် ဘရူနို ဖာနန်ဒက်စ်က အသိပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပြီး ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းထားတဲ့ သရဲနီတို့ဟာ ဂန်းနားတို့ထက် အသာစီးရနေသလို ပေါ်တူဂီသားချင်း အိုးထရက်ဖို့ဒ်မှာ ကြိုဆိုချင်နေတဲ့ ဖာနန်ဒက်စ်ရဲ့ ဆန္ဒပြည့်ဖို့ နီးစပ်လာ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ PSG အသင်းဟာ အန်ဒါ ဟာရဲရား၊ ရာဖင်ညာ၊ ဂျူလီယန် ဒရက်ဇ်လာ၊ ဒန်နီလို ပါရဲရားနဲ့ အီကာဒီတို့လို နာမည်ကြီးတွေအပါအဝင် ကစားသမား ၉ ဦးအထိ ထုတ်ရောင်းရင်း ငွေရှာပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကမ်းလှမ်းသွားမယ်လို့ သိရပြီး ယူနိုက်တက်ဂန္ထဝင်ဟောင်း အန်ဒီကိုးလ်ကတော့ ပြင်သစ်သားကို လက်လွှတ်မယ်ဆိုရင် သရဲနီတို့ ရှက်စရာကောင်းသွားမယ်လို့ သတိပေးသွားခဲ့။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေတာကြောင့် အသင်းသစ်ရှာဖွေဖို့ အလေးအနက်​ကြိုးစားနေတဲ့ ဂျာမန်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာနဲ့ ဇာတ်လမ်းကို မန်ချက်စတာယူနိုက်တက်တို့ အတည်တကျရှေ့ဆက်တော့မယ်လို့ သိရပြီး နည်းပြဆိုးလ်ရှားအနေနဲ့ အနာဂတ်မတည်ငြိမ်တော့တဲ့ ပေါ့ဘာကိုနေရာမှာ သူ့ကို ရေရှည်အစားထိုးဖို့ ပြင်ဆင်နေကြောင်းသိရ။

ဘိုင်ယန်မြူးနစ်ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်က လုခ်ရှောဟာ သူ့ထက်ပိုသာလွန်တဲ့ ကစားသမား​ဖြစ်တယ်လို့ လူသိရှင်ကြား ဝန်ခံသွားခဲ့ပြီး အသက် ၂၀ အရွယ်မှာ ဘွန်ဒက်လီဂါဖလား ၃ လုံးနဲ့ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို ခံယူထားတဲ့ အဆိုပါ ကနေဒါသားက အင်္ဂလန်နဲ့ ယူရိုဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ လုခ်ရှောရဲ့​ခြေစွမ်းကို လိုက်မီဖို့ များစွာကြိုးစားသင်ယူရဦးမယ်လို့ အံ့အားသင့်ဖွယ်ရာ နှိမ့်ချသွားခဲ့။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းကို အိုးထရက်ဖို့ဒ်မှာ ၂၀၂၆ ခုနှစ်အထိ ရှိနေစေမယ့် ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ယူရိုသန်း ၅၀ နဲ့ အပြီးသတ်နိုင်ခဲ့ပြီလို့ ခိုင်လုံတဲ့သတင်းတွေကဖော်ပြသွားခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်ကစားသမားသစ်အဖြစ် တရားဝင်ကြေငြာသွားဖို့ ရှိနေကြောင်း ဖော်ပြသွားခဲ့။

ယူနိုက်တက်ကွင်းလယ်လူ ‘ဂျက်ဆီ လင်ဂတ်လွန်ဆွဲပွဲ’ မှာ ဝက်ဟမ်းနဲ့ PSG အသင်းတို့နဲ့အပြိုင် နည်းပြသစ် ဘင်နီတက်ဇ်ရဲ့ အဲဗာတန်အသင်းကလည်း ပါဝင်လာခဲ့ပြီဖြစ်ပြီး အင်္ဂလန်သားကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်လာရာမှာ ပေါင်သန်း ၃၀ ရမှသာ ထုတ်ရောင်းသွားနိုင်မယ်လို့ ယူနိုက်တက်ဘက်က သတိပေးသွားခဲ့သလို လင်ဂတ်ကို ဒက်ကလန် ရိုက်စ်အတွက် အလိုက်ပေးဖို့သာ ဆိုးလ်ရှားအနေနဲ့ အဓိကပစ်မှတ်ထားနေ။

ယူနိုက်တက်တို့အနေနဲ့ ဒီနွေရာသီစျေးကွက်မှာ ပေါင်သန်း ၁၀၀ တန် ကစားသမား ဒက်ကလန်ရိုက်စ်ကို ဝယ်ယူဖို့ လက်လျှော့ခြင်း မရှိသေးကြောင်း သိရပြီး အင်္ဂလန်နဲ့အတူ ယူရိုမှာ သူရဲကောင်းဖြစ်လာခဲ့တဲ့ အဆိုပါဝက်စ်ဟမ်းကွင်းလယ်လူဟာ ရေရှည်မှာ ယူနိုက်တက်ရဲ့ အနာဂတ်သစ်အတွက် ကောင်းကောင်းအသုံးဝင်လိမ့်မယ်လို့ တစ်ပေးခံထားရသလို ဒီနှစ်ရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့အဖြစ် မျှော်မှန်းမှုတွေရှိလာ။

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်ရဲ့ ခြေစွမ်းကို သရဲနီပရိသတ်တွေက သူတို့ကစားသမား အန်ဒရေ ပါရဲရားနဲ့ နှိုင်းယှဥ်ကာ လှောင်ပြောင်ကဲ့ရဲ့သွားခဲ့ကြောင်း သိရပြီး ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့ အသက် ၂၄ နှစ်သားဟာ လာဇီယိုမှာ အငှားသွားကစားခဲ့တဲ့ ဘရာဇီးလ်သားလောက်တောင် အဖြစ်ရှိမှာမဟုတ်ဘူးလို့ ဂန်းနားတို့ကို လေတိုက်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

လြန္ခဲ့တဲ့ ၃ ပတ္က ေဒါ့မန္အသင္းကေန ေပါင္ ၇၂.၉ သန္းနဲ႔ အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ခဲ့ၿပီး ကာရင္တန္မွာ ေဆးစစ္မႈေအာင္ျမင္မႈခဲ့ၿပီျဖစ္တဲ့ ေတာင္ပံကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳကို မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ တရားဝင္ေၾကျငာသြားဖို႔ စာ႐ြက္စာတမ္းကိစၥတခ်ိဳ႕ေၾကာင့္ အနည္းငယ္ေႏွာင့္ေႏွးေနေၾကာင္း သိရၿပီး အသက္ ၂၁ ႏွစ္သားဟာ ယူႏိုက္တက္ဂႏၲဝင္ အသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္းကီးန္၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၆ ဂ်ာစီကို ဝတ္ဆင္ကစားသြားမယ္လို႔ အတည္ျပဳခံထားရ။

ဒီေႏြမွာ အာဆင္နယ္အသင္းက ေခၚယူဖို႔ ​ႀကိဳးပမ္းေနတဲ့ ဝုဗ္စ္ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္နဲ႔အတူ ယူႏိုက္တက္မွာ အတူတြဲကစားခ်င္ေနတယ္လို႔ ေပၚတူဂီအသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္က အသိေပးလိုက္ၿပီျဖစ္ေၾကာင္း သိရွိရၿပီး ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းထားတဲ့ သရဲနီတို႔ဟာ ဂန္းနားတို႔ထက္ အသာစီးရေနသလို ေပၚတူဂီသားခ်င္း အိုးထရက္ဖို႔ဒ္မွာ ႀကိဳဆိုခ်င္ေနတဲ့ ဖာနန္ဒက္စ္ရဲ႕ ဆႏၵျပည့္ဖို႔ နီးစပ္လာ။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ PSG အသင္းဟာ အန္ဒါ ဟာရဲရား၊ ရာဖင္ညာ၊ ဂ်ဴလီယန္ ဒရက္ဇ္လာ၊ ဒန္နီလို ပါရဲရားနဲ႔ အီကာဒီတို႔လို နာမည္ႀကီးေတြအပါအဝင္ ကစားသမား ၉ ဦးအထိ ထုတ္ေရာင္းရင္း ေငြရွာၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေအာင္ ကမ္းလွမ္းသြားမယ္လို႔ သိရၿပီး ယူႏိုက္တက္ဂႏၴဝင္ေဟာင္း အန္ဒီကိုးလ္ကေတာ့ ျပင္သစ္သားကို လက္လႊတ္မယ္ဆိုရင္ သရဲနီတို႔ ရွက္စရာေကာင္းသြားမယ္လို႔ သတိေပးသြားခဲ့။

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပတာေၾကာင့္ အသင္းသစ္ရွာေဖြဖို႔ အေလးအနက္​ႀကိဳးစားေနတဲ့ ဂ်ာမန္ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာနဲ႔ ဇာတ္လမ္းကို မန္ခ်က္စတာယူႏိုက္တက္တို႔ အတည္တက်ေရွ႕ဆက္ေတာ့မယ္လို႔ သိရၿပီး နည္းျပဆိုးလ္ရွားအေနနဲ႔ အနာဂတ္မတည္ၿငိမ္ေတာ့တဲ့ ေပါ့ဘာကိုေနရာမွာ သူ႔ကို ေရရွည္အစားထိုးဖို႔ ျပင္ဆင္ေနေၾကာင္းသိရ။

ဘိုင္ယန္ျမဴးနစ္ဘယ္ေနာက္ခံလူ အယ္လ္ဖြန္ဆို ေဒးဗီးစ္က လုခ္ေရွာဟာ သူ႔ထက္ပိုသာလြန္တဲ့ ကစားသမား​ျဖစ္တယ္လို႔ လူသိရွင္ၾကား ဝန္ခံသြားခဲ့ၿပီး အသက္ ၂၀ အ႐ြယ္မွာ ဘြန္ဒက္လီဂါဖလား ၃ လုံးနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဘြဲ႕ကို ခံယူထားတဲ့ အဆိုပါ ကေနဒါသားက အဂၤလန္နဲ႔ ယူ႐ိုဖိုင္နယ္ကို တက္ေရာက္ခဲ့တဲ့ လုခ္ေရွာရဲ႕​ေျခစြမ္းကို လိုက္မီဖို႔ မ်ားစြာႀကိဳးစားသင္ယူရဦးမယ္လို႔ အံ့အားသင့္ဖြယ္ရာ ႏွိမ့္ခ်သြားခဲ့။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႈး ရာေဖးလ္ ဗာ႐ြန္းကို အိုးထရက္ဖို႔ဒ္မွာ ၂၀၂၆ ခုႏွစ္အထိ ရွိေနေစမယ့္ ၅ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သိရၿပီး ေျပာင္းေ႐ႊ႕ေၾကးအေနနဲ႔ ယူ႐ိုသန္း ၅၀ နဲ႔ အၿပီးသတ္ႏိုင္ခဲ့ၿပီလို႔ ခိုင္လုံတဲ့သတင္းေတြကေဖာ္ျပသြားခဲ့ၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ ယူႏိုက္တက္ကစားသမားသစ္အျဖစ္ တရားဝင္ေၾကျငာသြားဖို႔ ရွိေနေၾကာင္း ေဖာ္ျပသြားခဲ့။

ယူႏိုက္တက္ကြင္းလယ္လူ ‘ဂ်က္ဆီ လင္ဂတ္လြန္ဆြဲပြဲ’ မွာ ဝက္ဟမ္းနဲ႔ PSG အသင္းတို႔နဲ႔အၿပိဳင္ နည္းျပသစ္ ဘင္နီတက္ဇ္ရဲ႕ အဲဗာတန္အသင္းကလည္း ပါဝင္လာခဲ့ၿပီျဖစ္ၿပီး အဂၤလန္သားကို အၿပီးသတ္ေခၚယူဖို႔ ျပင္ဆင္လာရာမွာ ေပါင္သန္း ၃၀ ရမွသာ ထုတ္ေရာင္းသြားႏိုင္မယ္လို႔ ယူႏိုက္တက္ဘက္က သတိေပးသြားခဲ့သလို လင္ဂတ္ကို ဒက္ကလန္ ႐ိုက္စ္အတြက္ အလိုက္ေပးဖို႔သာ ဆိုးလ္ရွားအေနနဲ႔ အဓိကပစ္မွတ္ထားေန။

ယူႏိုက္တက္တို႔အေနနဲ႔ ဒီေႏြရာသီေစ်းကြက္မွာ ေပါင္သန္း ၁၀၀ တန္ ကစားသမား ဒက္ကလန္႐ိုက္စ္ကို ဝယ္ယူဖို႔ လက္ေလွ်ာ့ျခင္း မရွိေသးေၾကာင္း သိရၿပီး အဂၤလန္နဲ႔အတူ ယူ႐ိုမွာ သူရဲေကာင္းျဖစ္လာခဲ့တဲ့ အဆိုပါဝက္စ္ဟမ္းကြင္းလယ္လူဟာ ေရရွည္မွာ ယူႏိုက္တက္ရဲ႕ အနာဂတ္သစ္အတြက္ ေကာင္းေကာင္းအသုံးဝင္လိမ့္မယ္လို႔ တစ္ေပးခံထားရသလို ဒီႏွစ္ရဲ႕ အႀကီးမားဆုံး အေျပာင္းအေ႐ႊ႕အျဖစ္ ေမွ်ာ္မွန္းမႈေတြရွိလာ။

အာဆင္နယ္အသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ လက္စတာကြင္းလယ္လူ ဂ်ိမ္းစ္မက္ဒီဆန္ရဲ႕ ေျခစြမ္းကို သရဲနီပရိသတ္ေတြက သူတို႔ကစားသမား အန္ဒေရ ပါရဲရားနဲ႔ ႏႈိင္းယွဥ္ကာ ေလွာင္ေျပာင္ကဲ့ရဲ႕သြားခဲ့ေၾကာင္း သိရၿပီး ဒဏ္ရာနဲ႔ ႐ုန္းကန္ေနရတဲ့ အသက္ ၂၄ ႏွစ္သားဟာ လာဇီယိုမွာ အငွားသြားကစားခဲ့တဲ့ ဘရာဇီးလ္သားေလာက္ေတာင္ အျဖစ္ရွိမွာမဟုတ္ဘူးလို႔ ဂန္းနားတို႔ကို ေလတိုက္သြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z