La Liga Premier League

မက္ဆီဟာ ဘာစီလိုနာအသင္းမွာပဲ ရွိေနမွာဆိုၿပီး ထင္ေၾကးေပးလိုက္တဲ့ ဂြါဒီယိုလာ

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ အားကစားဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္နဲ႔ လူသိရွင္ၾကား အျငင္းပြားခဲ့ၿပီးေနာက္မွာ ရာသီကုန္မွာ အသင္းကေန ထြက္ခြါေတာ့မယ္ဆိုတဲ့သတင္းေတြ က်ယ္ေလာင္လာခဲ့တာပဲ ျဖစ္ပါတယ္။

ဒီအသက္ ၃၂ အ႐ြယ္ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးကို ဘာစီလိုနာဘက္က ေပးအပ္ထားတဲ့ အခြင့္အေရးအေနနဲ႔ ရာသီကုန္ဆုံးခ်ိန္တိုင္းမွာ အသင္းကေန ထြက္ခြာခ်င္ရင္ စာခ်ဳပ္ဘယ္ေလာက္ပဲက်န္က်န္ ထြက္ခြာခြင့္ရွိတယ္လို႔ ဂုဏ္ျပဳထားတာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းဘက္ကလည္း ပြဲလန္႔တုန္းဖ်ာခင္းဆိုသလို မက္ဆီသာ ဘာစီလိုနာကေန ေႏြရာသီမွာ ထြက္ခြာခဲ့ပါက အရေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနခဲ့ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ေလ့လာေနပါတယ္။

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာကို မက္ဆီနဲ႔ပတ္သတ္ၿပီး သတင္းေတြထြက္ေနမႈအေပၚ ေမးျမန္းခ်ိန္မွာေတာ့ ပြဲဆူေစမဲ့အေျဖမ်ိဳးေတြကို ေရွာင္ရွားသြားခဲ့ပါတယ္။

“သူက ဘာစီလိုနာရဲ႕ ကစားသမားပါ။ သူက ဘာစီလိုနာမွာပဲ ဆက္ရွိေနမွာပါ။ အျခားအသင္းက ကစားသမားတစ္ေယာက္အေၾကာင္း ကြၽန္ေတာ္မေျပာခ်င္ဘူးဗ်ာ။ သူရဲ႕ ကစားသမားဘ၀ကို ဘာစီလိုနာမွာပဲ ကုန္ဆုံးမယ္ထင္ပါတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္တစ္သန္းနီးပါး ရရွိေနတဲ့ မက္ဆီအေနနဲ႔ေတာ့ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့မယ္ဆိုရင္ လစာေငြ ေလွ်ာ့ယူရဖြယ္ရွိေနၿပီး ေသြးေအးေအးနဲ႔ ႀကီးႀကီးႀကံတတ္တဲ့ ဂြါဒီယိုလာအေနနဲ႔ တကယ့္စိတ္ရင္းနဲ႔ ေျပာတာလားဆုိတာကိုေတာ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွ ကြဲကြဲျပားျပားသိရမွာ ျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ အားကစားဒါရိုက်တာ အဲရစ် အဘီဒယ်လ်နဲ့ လူသိရှင်ကြား အငြင်းပွားခဲ့ပြီးနောက်မှာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွါတော့မယ်ဆိုတဲ့သတင်းတွေ ကျယ်လောင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအသက် ၃၂ အရွယ် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးကို ဘာစီလိုနာဘက်က ပေးအပ်ထားတဲ့ အခွင့်အရေးအနေနဲ့ ရာသီကုန်ဆုံးချိန်တိုင်းမှာ အသင်းကနေ ထွက်ခွာချင်ရင် စာချုပ်ဘယ်လောက်ပဲကျန်ကျန် ထွက်ခွာခွင့်ရှိတယ်လို့ ဂုဏ်ပြုထားတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဘက်ကလည်း ပွဲလန့်တုန်းဖျာခင်းဆိုသလို မက်ဆီသာ ဘာစီလိုနာကနေ နွေရာသီမှာ ထွက်ခွာခဲ့ပါက အရခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို လေ့လာနေပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို မက်ဆီနဲ့ပတ်သတ်ပြီး သတင်းတွေထွက်နေမှုအပေါ် မေးမြန်းချိန်မှာတော့ ပွဲဆူစေမဲ့အဖြေမျိုးတွေကို ရှောင်ရှားသွားခဲ့ပါတယ်။

“သူက ဘာစီလိုနာရဲ့ ကစားသမားပါ။ သူက ဘာစီလိုနာမှာပဲ ဆက်ရှိနေမှာပါ။ အခြားအသင်းက ကစားသမားတစ်ယောက်အကြောင်း ကျွန်တော်မပြောချင်ဘူးဗျာ။ သူရဲ့ ကစားသမားဘဝကို ဘာစီလိုနာမှာပဲ ကုန်ဆုံးမယ်ထင်ပါတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သန်းနီးပါး ရရှိနေတဲ့ မက်ဆီအနေနဲ့တော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လစာငွေ လျှော့ယူရဖွယ်ရှိနေပြီး သွေးအေးအေးနဲ့ ကြီးကြီးကြံတတ်တဲ့ ဂွါဒီယိုလာအနေနဲ့ တကယ့်စိတ်ရင်းနဲ့ ပြောတာလားဆိုတာကိုတော့ နွေရာသီအပြောင်းအရွှေ့မှ ကွဲကွဲပြားပြားသိရမှာ ဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.