La Liga Premier League

လာမာစီယာ အကယ္ဒမီထြက္ ထရာအုိေရးကို ျပန္သိမ္းဦးမွာလား

ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ လာမာစီယာအကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္တဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ေတာင္ပံသမား အဒါမာ ထရာအိုေရးကို လာမယ့္ေႏြရာသီေဈးကြက္ဖြင့္ခ်ိန္မွာ ျပန္လည္ေခၚယူႏိုင္ဖို႔ စီစဥ္ေနပါတယ္။

ကာတာလန္အသင္းအေနနဲ႔ ဒီအသက္ ၂၄ ႏွစ္အရြယ္ ကစားသမားကို အရမ္းႀကီး စိတ္ဝင္စားလွတာမဟုတ္သလို ဘာစီလိုနာစတုိင္ ကစားသမားမ်ဳိး မဟုတ္ေပမယ့္ ကြင္းလယ္လူ ဗီဒယ္လ္ကို ေခၚယူတုန္းကလိုပဲ ၿပဳိင္ဘက္ ရီးရဲလ္မက္ဒရစ္ကို ေရာက္သြားၿပီး ဒုကၡေပးလာမွာ စိုးရိမ္လို႔ ႏူးကမ့္ကို ေခၚယူမွာျဖစ္တယ္လို႔လည္း စပိန္အသိုင္းအဝိုင္းက သိရပါတယ္။

အဒါမာ ထရာအုိေရးဟာ ပရီးမီးယားလိဂ္ရဲ႕ အတုိးတက္ဆုံးကစားသမားတစ္ဦးလည္းျဖစ္ၿပီး ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တိုအတြက္ေတာ့ ေရြးခ်ယ္မွဳ မွန္ကန္ခဲ့တယ္လုိ႔ ဆုိရမွာျဖစ္သလို အရင္တုန္းက မထိေရာက္တဲ့ ကစားပုံေပ်ာက္သြားခဲ့ၿပီး ထိေရာက္တဲ့ ေတာင္ပံကစားပုံကိုလည္း ပုိင္ဆုိင္ေနသူျဖစ္ပါတယ္။

လက္ရွိအခ်ိ္န္မွာေတာ့ စပိန္ႏုိင္ငံမွာ ေမြးဖြားခဲ့တဲ့ မာလီအႏြယ္ဝင္ ေတာင္ပံကစားသမားကို မိုလီေနာ့ကြင္းမွာ ၂၀၂၃ ေႏြရာသီအထိ ရွိေနေစမယ့္ စာခ်ဳပ္နဲ႔ ထိန္းသိမ္းထားတာျဖစ္ၿပီး ေဈးကြက္တန္ေၾကးအရေတာ့ ေပါင္သန္း ၄၀ အနည္းဆုံး ေပးရႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ကေတာ့ ထရာအိုေရးကို အရင္ကထက္ ပိုမိုအေလးထားၿပီး ေစာင့္ၾကည့္ေနၿပီလို႔ သိရၿပီး မဟာၿပဳိင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းက လွဳပ္ရွားတာနဲ႔တစ္ၿပဳိင္နက္ လက္ဦးမွဳရေအာင္ စတင္ႀကဳိးပမ္းသြားဖြယ္ရွိတယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တောင်ပံသမား အဒါမာ ထရာအိုရေးကို လာမယ့်နွေရာသီဈေးကွက်ဖွင့်ချိန်မှာ ပြန်လည်ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။

ကာတာလန်အသင်းအနေနဲ့ ဒီအသက် ၂၄ နှစ်အရွယ် ကစားသမားကို အရမ်းကြီး စိတ်ဝင်စားလှတာမဟုတ်သလို ဘာစီလိုနာစတိုင် ကစားသမားမျိုး မဟုတ်ပေမယ့် ကွင်းလယ်လူ ဗီဒယ်လ်ကို ခေါ်ယူတုန်းကလိုပဲ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ရောက်သွားပြီး ဒုက္ခပေးလာမှာ စိုးရိမ်လို့ နူးကမ့်ကို ခေါ်ယူမှာဖြစ်တယ်လို့လည်း စပိန်အသိုင်းအဝိုင်းက သိရပါတယ်။

အဒါမာ ထရာအိုရေးဟာ ပရီးမီးယားလိဂ်ရဲ့ အတိုးတက်ဆုံးကစားသမားတစ်ဦးလည်းဖြစ်ပြီး ဝုလ်ဗ်စ်နည်းပြ နူနို ဆန်တိုအတွက်တော့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်သလို အရင်တုန်းက မထိရောက်တဲ့ ကစားပုံပျောက်သွားခဲ့ပြီး ထိရောက်တဲ့ တောင်ပံကစားပုံကိုလည်း ပိုင်ဆိုင်နေသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စပိန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ မာလီအနွယ်ဝင် တောင်ပံကစားသမားကို မိုလီနော့ကွင်းမှာ ၂၀၂၃ နွေရာသီအထိ ရှိနေစေမယ့် စာချုပ်နဲ့ ထိန်းသိမ်းထားတာဖြစ်ပြီး ဈေးကွက်တန်ကြေးအရတော့ ပေါင်သန်း ၄၀ အနည်းဆုံး ပေးရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ကတော့ ထရာအိုရေးကို အရင်ကထက် ပိုမိုအလေးထားပြီး စောင့်ကြည့်နေပြီလို့ သိရပြီး မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက လှုပ်ရှားတာနဲ့တစ်ပြိုင်နက် လက်ဦးမှုရအောင် စတင်ကြိုးပမ်းသွားဖွယ်ရှိတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.