Premier League

ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ ဗိုလ္စြဲတာဟာ ဂြတ္ဒီဆင္ပါ့ခ္မွာ မျဖစ္ဖို႔ အေရးႀကီးေၾကာင္းဆုိတဲ့ အန္ဆယ္ေလာ့တီ

အဲဗာတန္အသင္းနည္းျပ ကာလို အန္ဆယ္ေလာ့တီက ဒီႏွစ္ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ဗိုလ္စြဲဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ဒါေပမယ့္ မိမိတုိ႔ရဲ႕ ဂြတ္ဒီဆန္ပါ့ခ္ကြင္းမွာ ဗိုလ္စြဲမယ့္အမွတ္ကို ရရွိသြားတာမ်ဳိး မဟုတ္ဖို႔ေတာ့ အေရးႀကီးတယ္လို႔ ေျပာၾကားလုိက္ပါတယ္။

လက္က်န္ပြဲစဥ္အမွတ္ေတြ ေရတြက္မွဳအရ လီဗာပူးလ္အသင္းနဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးတို႔ဟာ ပြဲေတြကို ဆက္တုိက္အႏုိင္ရရွိၿပီး အမွတ္မေလ်ာ့ခဲ့ၾကဘူးဆုိရင္ ဦးေဆာင္သူေတြအေနနဲ႔ ၇ ပြဲအက်န္မွာ ဗိုလ္စြဲမွာျဖစ္ၿပီး အန္ဆယ္ေလာ့တီေျပာသလို ဂြတ္ဒီဆန္ပါ့ခ္မွာ ေအာင္ပြဲမခံဖို႔က နည္းျပ ဂြါဒီယိုလာရဲ႕ အသင္းအေပၚမွာလည္း မူတည္ေနပါတယ္။

လက္ရွိအခ်ိန္အထိ ႐ွဳံးပြဲမရွိေသးသလို သေရတစ္ပြဲသာ အမွတ္ေလ်ာ့ထားခဲ့တဲ့ လီဗာပူးလ္အသင္းကိုေတာ့ ေတာ္႐ုံတန္႐ုံ ႐ုန္းအားနဲ႔ အသင္းေတြကလည္း တားဆီးဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး ကစားပုံမေကာင္းလည္း ႏိုင္ပြဲရေအာင္ယူတတ္တဲ့ မာေဆးဆိုက္သားေတြဟာ ပရီးမီးယားလိဂ္ကို ႏွစ္ ၃၀ အၾကာမွာ တစ္ေက်ာ့ျပန္ရယူဖို႔ မေဝးလွေတာ့တဲ့ အေနအထားမွာ ရွိေနတာလည္းျဖစ္ပါတယ္။

“လီဗာပူးလ္က ခ်န္ပီယံျဖစ္မွာပါ။ ဒါေပမယ့္ ဂြတ္ဒီဆန္ပါ့ခ္မွာ မဟုတ္ဖို႔ေတာ့ လိုပါတယ္။ ဒီေလာက္ကြင္းေတြ အမ်ားႀကီးရွိတာပဲဥစၥာ… အဲ့ဒါကိုမွ ဂြတ္ဒီဆန္ပါ့ခ္ပဲ ျဖစ္ရမွာတဲ့လား”လို႔ အန္ဆယ္ေလာ့တီက ပ်က္လုံးထုတ္သြားခဲ့ၿပီး သူတုိ႔ရဲ႕ႏုိင္ပြဲကို တားဆီးသြားမယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

လီဗာပူးလ္အေနနဲ႔ အဲဗာတန္နဲ႔ မာေဆးဆုိက္ဒါဘီပြဲ မတုိင္ခင္ ၄ ပြဲမွာ ဆက္တုိက္အႏုိင္ရမယ္ဆုိရင္ ၈၅ မွတ္ ရရွိထားမွာျဖစ္ၿပီး ဒီၾကားထဲမွာ မန္စီးတီးကလည္း အမွတ္ေလ်ာ့ခဲ့မယ္ဆိုမွ ဂြတ္ဒီဆန္ပါ့ခ္မွာ ဗိုလ္စြဲႏုိင္ေျခရွိမွာျဖစ္ၿပီး မဟုတ္ရင္ေတာ့ မတ္လ ၂၂ ရက္ေန႔မွာ ကစားမယ့္ အိမ္ကြင္းပြဲစဥ္အထိ ေစာင့္ဆုိင္းသြားရဖြယ္ရွိေနပါတယ္။

အသင္းကို ၂၀၁၃-၁၄ ရာသီက ခ်န္ပီယံေျပးလမ္းေၾကာင္းက သုံးဂိုးစီသေရပြဲနဲ႔ လြဲေခ်ာ္ေစခဲ့တဲ့ ခရစၥတယ္လ္ ပဲေလ့စ္နဲ႔ ပြဲမွာ ခ်န္ပီယံျဖစ္ႏုိင္မယ္ဆုိရင္ေတာ့ မ်က္ရည္က်ရခဲ့တဲ့ လူးဝစ္ ဆြာရက္ဇ္ကို ထူးျခားတဲ့ အမွတ္တရအျဖစ္ တစ္နည္းတစ္ဖုံ ႏွစ္သိမ့္ေပးႏုိင္မယ္လုိ႔လည္း ယူဆရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီက ဒီနှစ်ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ဗိုလ်စွဲဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဒါပေမယ့် မိမိတို့ရဲ့ ဂွတ်ဒီဆန်ပါ့ခ်ကွင်းမှာ ဗိုလ်စွဲမယ့်အမှတ်ကို ရရှိသွားတာမျိုး မဟုတ်ဖို့တော့ အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ကျန်ပွဲစဉ်အမှတ်တွေ ရေတွက်မှုအရ လီဗာပူးလ်အသင်းနဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးတို့ဟာ ပွဲတွေကို ဆက်တိုက်အနိုင်ရရှိပြီး အမှတ်မလျော့ခဲ့ကြဘူးဆိုရင် ဦးဆောင်သူတွေအနေနဲ့ ၇ ပွဲအကျန်မှာ ဗိုလ်စွဲမှာဖြစ်ပြီး အန်ဆယ်လော့တီပြောသလို ဂွတ်ဒီဆန်ပါ့ခ်မှာ အောင်ပွဲမခံဖို့က နည်းပြ ဂွါဒီယိုလာရဲ့ အသင်းအပေါ်မှာလည်း မူတည်နေပါတယ်။

လက်ရှိအချိန်အထိ ရှုံးပွဲမရှိသေးသလို သရေတစ်ပွဲသာ အမှတ်လျော့ထားခဲ့တဲ့ လီဗာပူးလ်အသင်းကိုတော့ တော်ရုံတန်ရုံ ရုန်းအားနဲ့ အသင်းတွေကလည်း တားဆီးဖို့ ခက်ခဲနေဆဲဖြစ်ပြီး ကစားပုံမကောင်းလည်း နိုင်ပွဲရအောင်ယူတတ်တဲ့ မာဆေးဆိုက်သားတွေဟာ ပရီးမီးယားလိဂ်ကို နှစ် ၃၀ အကြာမှာ တစ်ကျော့ပြန်ရယူဖို့ မဝေးလှတော့တဲ့ အနေအထားမှာ ရှိနေတာလည်းဖြစ်ပါတယ်။

“လီဗာပူးလ်က ချန်ပီယံဖြစ်မှာပါ။ ဒါပေမယ့် ဂွတ်ဒီဆန်ပါ့ခ်မှာ မဟုတ်ဖို့တော့ လိုပါတယ်။ ဒီလောက်ကွင်းတွေ အများကြီးရှိတာပဲဥစ္စာ… အဲ့ဒါကိုမှ ဂွတ်ဒီဆန်ပါ့ခ်ပဲ ဖြစ်ရမှာတဲ့လား”လို့ အန်ဆယ်လော့တီက ပျက်လုံးထုတ်သွားခဲ့ပြီး သူတို့ရဲ့နိုင်ပွဲကို တားဆီးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီပွဲ မတိုင်ခင် ၄ ပွဲမှာ ဆက်တိုက်အနိုင်ရမယ်ဆိုရင် ၈၅ မှတ် ရရှိထားမှာဖြစ်ပြီး ဒီကြားထဲမှာ မန်စီးတီးကလည်း အမှတ်လျော့ခဲ့မယ်ဆိုမှ ဂွတ်ဒီဆန်ပါ့ခ်မှာ ဗိုလ်စွဲနိုင်ခြေရှိမှာဖြစ်ပြီး မဟုတ်ရင်တော့ မတ်လ ၂၂ ရက်နေ့မှာ ကစားမယ့် အိမ်ကွင်းပွဲစဉ်အထိ စောင့်ဆိုင်းသွားရဖွယ်ရှိနေပါတယ်။

အသင်းကို ၂၀၁၃-၁၄ ရာသီက ချန်ပီယံပြေးလမ်းကြောင်းက သုံးဂိုးစီသရေပွဲနဲ့ လွဲချော်စေခဲ့တဲ့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ပွဲမှာ ချန်ပီယံဖြစ်နိုင်မယ်ဆိုရင်တော့ မျက်ရည်ကျရခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်ကို ထူးခြားတဲ့ အမှတ်တရအဖြစ် တစ်နည်းတစ်ဖုံ နှစ်သိမ့်ပေးနိုင်မယ်လို့လည်း ယူဆရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.