Ligue1 Serie A Transfer News

ဂျင်းပင်တပ်စ်ကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပါရီမြေမှာ မြင်ရတော့မလား

တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဒီနွေရာသီမှာ အပြောင်းအရွှေ့အတွက် သိပ်မလှုပ်ရှားဘဲဖြစ်နေခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ အပြီးမှာတော့ သတင်းတွေနဲ့အတူ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ အသံတွေ ထွက်လာခဲ့ပြီး ငွေကျပ်နေတဲ့ သူ့ရဲ့ ကလပ်ဘက်က အကွက်ရွှေ့ဖို့တွေ လုပ်ဆောင်လာခဲ့ပါတယ်။

ရော်နယ်လ်ဒိုလို ကစားသမားမျိုးကတော့ ဘယ်ရေမြေ ဘယ်ပြိုင်ပွဲမှာပဲ ကစားသည်ဖြစ်စေ အကောင်းဆုံး ခြေစွမ်းပြဖို့က မခက်ခဲတာကြောင့် အီတလီမှာ ဆက်နေမယ့် ပုံစံမျိုးနဲ့ ငြိမ်သက်နေခဲ့ချိန်မှာ လူလည်ကျနေတဲ့ ဂျူဗင်တပ်စ်က နှစ်ကျပ်ကွက်နင်းခဲ့တာဖြစ်ပြီး လုပ်ခလစာမြင့်မားတဲ့ သူ့ကို ရှင်းထုတ်ဖို့ ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့ ရာသီကမှ အင်တာမီလန်ကနေ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး မော်ရို အီကာဒီကို ခေါ်ယူဖို့ တူရင်ကလပ်ဘက်က အလိုရှိနေပြီး အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်တူဂီသားကြီးကို အလိုက်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

တစ်ပတ်လုပ်ခ ပေါင်ငါးသိန်း(ယူရို ငါးသိန်းရှစ်သောင်း)နဲ့ တစ်နှစ်ကို ပေါင် ၂၆ သန်း(ယူရိုသန်း ၃၀ အထိ) ပေးချေနေခဲ့ရတဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးအတွက် အသုံးစားရိတ်ကို ဂျင်းထည့်တော်ပြီး ဘောလုံးပရိသတ်တွေ အမြင်ကတ်လောက်အောင် ပါးနပ်လွန်းနေတဲ့ ဂျူဗင်တပ်စ်တို့အနေနဲ့ လျှော့ချသွားချင်နေသလို တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းသာ ရှိပြီး အသက် ၈ နှစ်ပိုငယ်တဲ့ အီကာဒီနဲ့ အစားထိုးချင်နေတာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ ဇလာတန် အီဘရာဟီမိုဗစ်ချ်ရဲ့ မကြာခဏ တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ အသင်းဟောင်းကို သွားပြီး သူ့ထက် သာလွန်တဲ့ ခြေစွမ်းနဲ့ မှတ်တမ်းတွေနဲ့ ပြန်လည်တုံ့ပြန်သွားမလားဆိုတာကတော့ (ဆွီဒင်သားကြီးအနေနဲ့ ၂၀၁၅-၁၆ ရာသီ၊ အသက် ၃၅ နှစ်အရွယ်မှာ လီဂူးဝမ်းသွင်းဂိုး ၃၈ ဂိုး၊ တစ်ရာသီအတွင်း ပြင်သစ်စံချိန်တင်သွင်းဂိုး ၅၀ ရရှိထားခဲ့) စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး သူ့ကို လာလီဂါက ဒီလို လစာနှုန်းထား မပေးချေနိုင်တော့ချိန်မှာ ပြင်သစ်မြေကို ရောက်ဖို့က ဖြစ်နိုင်ခြေ မြင့်တက်လာခဲ့တာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ အမ်ဘာပေကြောင့် သူ့ရဲ့ စိတ်ကြိုက် ကျောနံပါတ် ၇ ကို ရယူဖို့ ဖြစ်နိုင်မှာ မဟုတ်ဘဲ အီကာဒီရဲ့ လစ်လပ်သွားဖို့ရှိနေတဲ့ နံပါတ် ၉ ကိုပဲ ယူရဖို့ ရှိနေသလို ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်မယ့် ပုံစံမျိုးမရှိတဲ့ တူရင်ကလပ်အစား သူ့ရဲ့ နောက်ထပ် ဆုဖလားတွေအတွက် သေချာလောက်တဲ့ အလောင်းအစားအဖြစ် ပါရီသွားဖို့ကတော့ ဆွဲဆောင်မှုလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဂျင်းပင်တပ်စ်တို့အနေနဲ့ ရော်နယ်လ်ဒိုကို ရှင်းထုတ်ဖို့ လုပ်ဆောင်နေသလို သူ့နောက်က တစ်ပတ်ကို ပေါင်လေးသိန်းရနေတဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးကိုလည်း အသင်းသစ်ရှာစေဖို့ တွန်းအားပေးနေပြီး သူတို့ကြိုက်တဲ့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ် လိုကာတယ်လီနဲ့ ဖီအိုရင်တီးနားကနေ အငှားခေါ်ထားပြီး အပြီးသတ် ငွေမချေနိုင်သေးတဲ့ ဖက်ဒရီကို ခီယေဆာတို့ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်လို့ ပေါ်တူဂီသားကြီးကို ပီအက်စ်ဂျီမှာ အသင်းဖော်ဟောင်း ဆာဂျီယို ရာမို့စ်နဲ့အတူ မြင်တွေ့ရရင်လည်း သိပ်အံ့ဩဖို့ မရှိဘူးလို့ သုံးသပ်တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ဒီေႏြရာသီမွာ အေျပာင္းအေ႐ႊ႕အတြက္ သိပ္မလႈပ္ရွားဘဲျဖစ္ေနခဲ့ေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ အၿပီးမွာေတာ့ သတင္းေတြနဲ႔အတူ ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာဖို႔ အသံေတြ ထြက္လာခဲ့ၿပီး ေငြက်ပ္ေနတဲ့ သူ႔ရဲ႕ ကလပ္ဘက္က အကြက္ေ႐ႊ႕ဖို႔ေတြ လုပ္ေဆာင္လာခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကေတာ့ ဘယ္ေရေျမ ဘယ္ၿပိဳင္ပြဲမွာပဲ ကစားသည္ျဖစ္ေစ အေကာင္းဆုံး ေျခစြမ္းျပဖို႔က မခက္ခဲတာေၾကာင့္ အီတလီမွာ ဆက္ေနမယ့္ ပုံစံမ်ိဳးနဲ႔ ၿငိမ္သက္ေနခဲ့ခ်ိန္မွာ လူလည္က်ေနတဲ့ ဂ်ဴဗင္တပ္စ္က ႏွစ္က်ပ္ကြက္နင္းခဲ့တာျဖစ္ၿပီး လုပ္ခလစာျမင့္မားတဲ့ သူ႔ကို ရွင္းထုတ္ဖို႔ ႀကိဳးစားလာခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ပီအက္စ္ဂ်ီအသင္းကို ၿပီးခဲ့တဲ့ ရာသီကမွ အင္တာမီလန္ကေန အၿပီးသတ္ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ တိုက္စစ္မႉး ေမာ္႐ို အီကာဒီကို ေခၚယူဖို႔ တူရင္ကလပ္ဘက္က အလိုရွိေနၿပီး အေျပာင္းအေ႐ႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ေပၚတူဂီသားႀကီးကို အလိုက္ေပးသြားဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ငါးသိန္း(ယူ႐ို ငါးသိန္းရွစ္ေသာင္း)နဲ႔ တစ္ႏွစ္ကို ေပါင္ ၂၆ သန္း(ယူ႐ိုသန္း ၃၀ အထိ) ေပးေခ်ေနခဲ့ရတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ အသုံးစားရိတ္ကို ဂ်င္းထည့္ေတာ္ၿပီး ေဘာလုံးပရိသတ္ေတြ အျမင္ကတ္ေလာက္ေအာင္ ပါးနပ္လြန္းေနတဲ့ ဂ်ဴဗင္တပ္စ္တို႔အေနနဲ႔ ေလွ်ာ့ခ်သြားခ်င္ေနသလို တစ္ႏွစ္လုပ္ခ ယူ႐ို ၁၀ သန္းသာ ရွိၿပီး အသက္ ၈ ႏွစ္ပိုငယ္တဲ့ အီကာဒီနဲ႔ အစားထိုးခ်င္ေနတာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ရဲ႕ မၾကာခဏ တိုက္ခိုက္ျခင္း ခံခဲ့ရတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းကို သြားၿပီး သူ႔ထက္ သာလြန္တဲ့ ေျခစြမ္းနဲ႔ မွတ္တမ္းေတြနဲ႔ ျပန္လည္တုံ႔ျပန္သြားမလားဆိုတာကေတာ့ (ဆြီဒင္သားႀကီးအေနနဲ႔ ၂၀၁၅-၁၆ ရာသီ၊ အသက္ ၃၅ ႏွစ္အ႐ြယ္မွာ လီဂူးဝမ္းသြင္းဂိုး ၃၈ ဂိုး၊ တစ္ရာသီအတြင္း ျပင္သစ္စံခ်ိန္တင္သြင္းဂိုး ၅၀ ရရွိထားခဲ့) စိတ္ဝင္စားစရာေကာင္းလာခဲ့ၿပီး သူ႔ကို လာလီဂါက ဒီလို လစာႏႈန္းထား မေပးေခ်ႏိုင္ေတာ့ခ်ိန္မွာ ျပင္သစ္ေျမကို ေရာက္ဖို႔က ျဖစ္ႏိုင္ေျခ ျမင့္တက္လာခဲ့တာပါ။

ေရာ္နယ္လ္ဒိုအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ေတာ့ အမ္ဘာေပေၾကာင့္ သူ႔ရဲ႕ စိတ္ႀကိဳက္ ေက်ာနံပါတ္ ၇ ကို ရယူဖို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘဲ အီကာဒီရဲ႕ လစ္လပ္သြားဖို႔ရွိေနတဲ့ နံပါတ္ ၉ ကိုပဲ ယူရဖို႔ ရွိေနသလို ခ်န္ပီယံလိဂ္ကို စိန္ေခၚႏိုင္မယ့္ ပုံစံမ်ိဳးမရွိတဲ့ တူရင္ကလပ္အစား သူ႔ရဲ႕ ေနာက္ထပ္ ဆုဖလားေတြအတြက္ ေသခ်ာေလာက္တဲ့ အေလာင္းအစားအျဖစ္ ပါရီသြားဖို႔ကေတာ့ ဆြဲေဆာင္မႈလည္း ရွိေနခဲ့တာျဖစ္ပါတယ္။

ဂ်င္းပင္တပ္စ္တို႔အေနနဲ႔ ေရာ္နယ္လ္ဒိုကို ရွင္းထုတ္ဖို႔ လုပ္ေဆာင္ေနသလို သူ႔ေနာက္က တစ္ပတ္ကို ေပါင္ေလးသိန္းရေနတဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးကိုလည္း အသင္းသစ္ရွာေစဖို႔ တြန္းအားေပးေနၿပီး သူတို႔ႀကိဳက္တဲ့ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီနဲ႔ ဖီအိုရင္တီးနားကေန အငွားေခၚထားၿပီး အၿပီးသတ္ ေငြမေခ်ႏိုင္ေသးတဲ့ ဖက္ဒရီကို ခီေယဆာတို႔ကို ေခၚယူႏိုင္ဖို႔ လုပ္ေဆာင္ေနတာျဖစ္လို႔ ေပၚတူဂီသားႀကီးကို ပီအက္စ္ဂ်ီမွာ အသင္းေဖာ္ေဟာင္း ဆာဂ်ီယို ရာမို႔စ္နဲ႔အတူ ျမင္ေတြ႕ရရင္လည္း သိပ္အံ့ဩဖို႔ မရွိဘူးလို႔ သုံးသပ္တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.