Premier League Transfer News

မက်ဆီကို အိတ်ထဲထည့်ထားနိုင်ခဲ့တဲ့ ဗာရွန်းရဲ့ အစွမ်းက ယူနိုက်တက်တို့ ရင်ခုန်စရာလား

ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို ချန်ပီယံဘွဲ့အပ်နှင်းခဲ့ရပြီး ပရီးမီးယားလိဂ် အဆင့် ၂ ​နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းကိုခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပြီး ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ အထူးတလည်ကြံ​စည်နေတာပါ။

ဂျေဒန် ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ဝယ်ယူနိုင်ခဲ့ပြီးဖြစ်သလို ဒီနွေရာသီရဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် ၃ ဦးကနေ ၄ ဦးအထိ အင်အားဖြည့်တင်းဖို့ လေးလေးနက်နက် ကြိုးစားနေတဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ကြောင့် ပြင်သစ်သား ဗာရွန်းကို အသင်းရဲ့ဗဟိုခံစစ်ကြောင်းမှာ အင်္ဂလန်သား ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လုဆဲဆဲ အခြေအနေမှာ ရှိနေပြီး ဘာနေဗျူးက ၁၀ နှစ်တာ သံယောဇဉ်ကို စွန့်ခွာတော့မယ့် ဗာရွန်းအတွက်လည်း လာလီဂါနဲ့ မတူညီတဲ့ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုအသစ်တရပ်ကို လိုလားနေချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းမြင့် ကစားဟန်မှာ အံဝင်ပြီး ပုံမှန်ခြေစွမ်းပြနိုင်မလားဆိုတာကိုတော့ ဝေဖန်သံတွေ ရှိနေပါတယ်။

အသက် ၂၈ နှစ်သားဆီက ယူနိုက်တက်က ဘာတွေရနိုင်မလဲ၊ သူဟာ မက်ဂွိုင်းယားနဲ့ ပါတနာဖြစ်လာဖို့ရော ​ပြီးပြည့်စုံရဲ့လား၊ အဆင်သင့်ဖြစ်ရဲ့လားဆိုတဲ့ သံသယတွေအတွက်တော့ ရီးရဲလ်ကစားသမားဘဝမှာ ကမ္ဘာ့နံပါတ်တစ် တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီကို လှုပ်မရအောင် ထိန်းချုပ်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ You Tube မှာ တက်လာခဲ့ပြီးနောက် သရဲနီပရိသတ်တွေက အားပါးတရရှိနေကြတာပါ။

အဆိုပါ ၄ မိနစ် ဗွီဒီယိုကလစ်အတိုလေးမှာ သူ့ကစားသမားဘဝတလျှောက် မက်ဆီကို ရင်ဆိုင်ခဲ့ပုံတွေကို ကောက်နုတ်ဖော်ပြသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တခုလုံးကို အနှစ်ချုပ်ပြီးကြည့်တဲ့အခါ အာဂျင်တီးနားကြီးအတွက် ဘောလုံးနဲ့အတူ ကျော်ဖြတ်ဖို့ဆိုတာ သတိကြီးကြီးထားနေရပြီး အခက်တွေ့စေခဲ့သလို မက်ဆီက သူ့ကို ကျော်ဖြတ်နိုင်တဲ့အချိန်တွေရှိပေမယ့် ဗာရွန်းက နောက်ကနေ အမီလိုက်ပြီး ဘောလုံးကို နိုင်နိုင်နင်းနင်းပြန်လုနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

“ခင်ဗျား မက်​ဆီနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ တခြားကစားသမားတွေကို ထိန်းနေကျပုံစံနဲ့ သွားလုပ်လို့ မရဘူးဗျ။ အသင်းလိုက်စုဖွဲ့မှု ကောင်းဖို့ လိုတယ်။ သူ့အတွက်ဆို နေရာလွတ်သေးသေးလေးတောင် ပေးလိုက်လို့ မရပါဘူး။ ရီးရဲလ်ကစားသမားဘဝဆိုတာ နည်းနည်းလေးတောင် အမှားမခံနိုင်တဲ့ဘဝပါ”လို့ ဗာရွန်းက မက်ဆီကို ထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်းကို ရှင်းပြထားခဲ့တာပါ။

“ဗာရွန်းနဲ့ ရာမို့စ်အတွဲက လာလီဂါမှာတော့ စီးကရက်လေးခဲပြီး ကစားနေရင်တောင် ဂိုးမပေးရအောင် စွမ်းနိုင်ကြမှာပါ။ ဒါပေမယ့် ဗာရွန်းအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ ဘယ်လောက်မာကျောကြံ့ခိုင်နိုင်မလဲဆိုတာကို သက်သေပြစရာရှိနေပြီး အင်္ဂလန်ရောက်မှ ဘယ်လိုတွေဖြစ်မလဲဆိုတာတော့ ကြည့်ရဦးမှာပါ”ဆိုတဲ့ ဘောလုံးဝေဖန်သူတွေရဲ့ စိန်ခေါ်မှုကိုတော့ ကျော်ဖြတ်ဖို့ လိုအပ်နေပြီး မက်ဂွိုင်းယားနဲ့အတူ ယူနိုက်တက်ပရိသတ်တွေ အားကိုးရတဲ့ ဗဟိုခံစစ်မှူးဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေကို ပြည့်ဝစေနိုင်မလား ဆိုတာကတော့…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ရာသီက မန္စီးတီးကို ခ်န္ပီယံဘြဲ႕အပ္ႏွင္းခဲ့ရၿပီး ပရီးမီးယားလိဂ္ အဆင့္ ၂ ​ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူနိက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႈး ရာေဖးလ္ ဗာ႐ြန္းကိုေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေနတာျဖစ္ၿပီး ရာသီသစ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔ အထူးတလည္ႀကံ​စည္ေနတာပါ။

ေဂ်ဒန္ ဆန္ခ်ိဳကို ေပါင္ ၇၃ သန္းနဲ႔ ဝယ္ယူႏိုင္ခဲ့ၿပီးျဖစ္သလို ဒီေႏြရာသီရဲ႕ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ကစားသမားသစ္ ၃ ဦးကေန ၄ ဦးအထိ အင္အားျဖည့္တင္းဖို႔ ေလးေလးနက္နက္ ႀကိဳးစားေနတဲ့ ယူႏိုက္တက္ဘုတ္အဖြဲ႕ေၾကာင့္ ျပင္သစ္သား ဗာ႐ြန္းကို အသင္းရဲ႕ဗဟိုခံစစ္ေၾကာင္းမွာ အဂၤလန္သား ဟာရီ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ေပးႏိုင္ဖို႔ အနီးစပ္ဆုံးအေနအထားကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေပၚလုဆဲဆဲ အေျခအေနမွာ ရွိေနၿပီး ဘာေနဗ်ဴးက ၁၀ ႏွစ္တာ သံေယာဇဥ္ကို စြန္႔ခြာေတာ့မယ့္ ဗာ႐ြန္းအတြက္လည္း လာလီဂါနဲ႔ မတူညီတဲ့ ပရီးမီးယားလိဂ္ရဲ႕ စိန္ေခၚမႈအသစ္တရပ္ကို လိုလားေနခ်ိန္မွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ဟာ ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္ရဲ႕ ျမန္ႏႈန္းျမင့္ ကစားဟန္မွာ အံဝင္ၿပီး ပုံမွန္ေျခစြမ္းျပႏိုင္မလားဆိုတာကိုေတာ့ ေဝဖန္သံေတြ ရွိေနပါတယ္။

အသက္ ၂၈ ႏွစ္သားဆီက ယူႏိုက္တက္က ဘာေတြရႏိုင္မလဲ၊ သူဟာ မက္ဂြိဳင္းယားနဲ႔ ပါတနာျဖစ္လာဖို႔ေရာ ​ၿပီးျပည့္စုံရဲ႕လား၊ အဆင္သင့္ျဖစ္ရဲ႕လားဆိုတဲ့ သံသယေတြအတြက္ေတာ့ ရီးရဲလ္ကစားသမားဘဝမွာ ကမာၻ႔နံပါတ္တစ္ တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ျပခဲ့တဲ့ ဗြီဒီယိုဖိုင္ဟာ You Tube မွာ တက္လာခဲ့ၿပီးေနာက္ သရဲနီပရိသတ္ေတြက အားပါးတရရွိေနၾကတာပါ။

အဆိုပါ ၄ မိနစ္ ဗြီဒီယိုကလစ္အတိုေလးမွာ သူ႔ကစားသမားဘဝတေလွ်ာက္ မက္ဆီကို ရင္ဆိုင္ခဲ့ပုံေတြကို ေကာက္ႏုတ္ေဖာ္ျပသြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္တခုလုံးကို အႏွစ္ခ်ဳပ္ၿပီးၾကည့္တဲ့အခါ အာဂ်င္တီးနားႀကီးအတြက္ ေဘာလုံးနဲ႔အတူ ေက်ာ္ျဖတ္ဖို႔ဆိုတာ သတိႀကီးႀကီးထားေနရၿပီး အခက္ေတြ႕ေစခဲ့သလို မက္ဆီက သူ႔ကို ေက်ာ္ျဖတ္ႏိုင္တဲ့အခ်ိန္ေတြရွိေပမယ့္ ဗာ႐ြန္းက ေနာက္ကေန အမီလိုက္ၿပီး ေဘာလုံးကို ႏိုင္ႏိုင္နင္းနင္းျပန္လုႏိုင္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

“ခင္ဗ်ား မက္​ဆီနဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ေတာ့ တျခားကစားသမားေတြကို ထိန္းေနက်ပုံစံနဲ႔ သြားလုပ္လို႔ မရဘူးဗ်။ အသင္းလိုက္စုဖြဲ႕မႈ ေကာင္းဖို႔ လိုတယ္။ သူ႔အတြက္ဆို ေနရာလြတ္ေသးေသးေလးေတာင္ ေပးလိုက္လို႔ မရပါဘူး။ ရီးရဲလ္ကစားသမားဘဝဆိုတာ နည္းနည္းေလးေတာင္ အမွားမခံႏိုင္တဲ့ဘဝပါ”လို႔ ဗာ႐ြန္းက မက္ဆီကို ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အေၾကာင္းကို ရွင္းျပထားခဲ့တာပါ။

“ဗာ႐ြန္းနဲ႔ ရာမို႔စ္အတြဲက လာလီဂါမွာေတာ့ စီးကရက္ေလးခဲၿပီး ကစားေနရင္ေတာင္ ဂိုးမေပးရေအာင္ စြမ္းႏိုင္ၾကမွာပါ။ ဒါေပမယ့္ ဗာ႐ြန္းအေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ ဘယ္ေလာက္မာေက်ာႀကံ့ခိုင္ႏိုင္မလဲဆိုတာကို သက္ေသျပစရာရွိေနၿပီး အဂၤလန္ေရာက္မွ ဘယ္လိုေတြျဖစ္မလဲဆိုတာေတာ့ ၾကည့္ရဦးမွာပါ”ဆိုတဲ့ ေဘာလုံးေဝဖန္သူေတြရဲ႕ စိန္ေခၚမႈကိုေတာ့ ေက်ာ္ျဖတ္ဖို႔ လိုအပ္ေနၿပီး မက္ဂြိဳင္းယားနဲ႔အတူ ယူႏိုက္တက္ပရိသတ္ေတြ အားကိုးရတဲ့ ဗဟိုခံစစ္မႉးျဖစ္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ျပည့္ဝေစႏိုင္မလား ဆိုတာကေတာ့…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.