Premier League Transfer News

20 Jul နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ပီအက်စ်ဂျီနဲ့ အသလက်တီကိုမက်ဒရစ်အသင်းတို့အနေနဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ကြပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်နေတဲ့ အင်္ဂလန်သားအတွက် သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲ‌ဖြစ်ပေမယ့် လတ်တ‌လောအထိ အခြေအနေတိုးတက်မှု မရှိသေးကြောင်းသိရ။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ရီနာတို ‌ဆန်းချက်စ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ဘာစီလိုနာပါ ပါဝင်လာခဲ့ပြီး အန်ဖီးလ်သားတို့အနေနဲ့ ပစ်မှတ်ကို အရခေါ်ချင်ရင် အပြောင်းအရွှေ့ဈေးကွက်ထဲ ပိုကောင်းတဲ့ ကမ်းလှမ်းချက်တွေနဲ့ ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်လာ။

– လီဗာပူးလ်နဲ့ အသလက်တီကိုမက်ဒရစ်တိုက်စစ်မှူး‌ဟောင်း ဖာနန်ဒို တောရက်စ်ကတော့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို အန်ဖီးလ်မြေမှာ သူနဲ့ လိုက်ဖက်မယ့် ကစားပုံရှိသလို စပိန်သားဖြစ်တဲ့ သီယာဂို အယ်ကန်တာရာလည်းရှိတာကြောင့် အလျင်အမြန် အသားကျမှာဖြစ်လို့ ပြောင်းသင့်ကြောင်း တိုက်တွန်းသွားခဲ့။

– ကွင်းလယ်လူ အဲလက်စ် အောက်စ်လိတ် ချိမ်ဘာလိန်ကတော့ သူ့အနေနဲ့ လီဗာပူးလ်အသင်းဖော် တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုနေရာမှာ ကစားရမယ်ဆိုလည်း ကြိုးစားကစားသွားမှာဖြစ်ပြီး နံပါတ် ၉ ထက် နံပါတ် ၁၀ နေရာမှာ ပိုကစားချင်ကြောင်း LFCTV မှာ ပြောခဲ့တာကြောင့် သူ့ကို နေရာအသစ်မှာ မြင်ရမှာလားလို့ ခန့်မှန်းမှုတွေရှိလာ။

– ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလကမှ ရောက်လာခဲ့ပြီး အခုထိ ပွဲထွက်ကစားခွင့်မရသေးတဲ့ နောက်ခံလူ ဘန် ဒေးဗီးစ်ကို လီဗာပူးအသင်းအနေနဲ့ ပေါင် ၁.၆ သန်းဝန်းကျင်နဲ့ ရောင်းထုတ်ဖို့အတွက် စီစဉ်နေသလို ရှက်ဖီးလ်ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် နှစ်သင်းကြား ဆွေးနွေးမှု ရှိလာနိုင်။

– ပရီးမီးယားလိဂ်နဲ့ စကိုင်းစပို့စ်ရဲ့ နာမည်ကြီးဝေဖန်သူတစ်ဦးဖြစ်တဲ့ ပေါလ် မာဆန်က လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားအတွက်‌တော့ လာမယ့်ဘောလုံးရာသီမှာ အဲဗာတန်အသင်းတိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်နဲ့ သွင်းဂိုးတွေ ပြိုင်ဆိုင်ရဖို့ရှိနေတယ်လို့ သုံးသပ်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ပစ်မှတ်ကစားသမားတွေ မရတော့ရင်ဆိုတဲ့အခြေအနေအတွက် နောက်ဆုံးဝှက်ဖဲအနေနဲ့ ချန်ထားတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ဂျူဗင်တပ်စ်အသင်းနဲ့ အေစီမီလန်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အန်ဖီးလ်မြေကိုပဲ ဘရာဇီးလ်သားက ပြန်လာချင်နေကြောင်း သတင်းတွေ ထွက်လာ။

– ဘရိုက်တန်အသင်းအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ ဘန်ဝှိုက်နေရာကို အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းနောက်ခံလူ နတ် ဖိလစ်ကို ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး အန်ဖီးလ်သားတို့ကလည်း နောက်ခံလူ အလုံအလောက်ရှိတာကြောင့် ဈေးကောင်းရရင် ရောင်းချလိုနေ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ပြင်သစ်တိုက်စစ်ကစားသမား အွန်ထွာ ဂရီးဇ်မန်းကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး တစ်ပတ် ပေါင်နှစ်သိန်းရှစ်သောင်း ပေးရမယ့် စွယ်စုံရ တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ နည်းပြ ယာဂန် ကလော့ပ်ကိုယ်တိုင် စိတ်ဝင်စားလာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပီအက္စ္ဂ်ီနဲ႔ အသလက္တီကိုမက္ဒရစ္အသင္းတို႔အေနနဲ႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၾကၿပီး စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနတဲ့ အဂၤလန္သားအတြက္ သက္တမ္းတိုးဖို႔ ေဆြးေႏြးေနဆဲ‌ျဖစ္ေပမယ့္ လတ္တ‌ေလာအထိ အေျခအေနတိုးတက္မႈ မရွိေသးေၾကာင္းသိရ။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ရီနာတို ‌ဆန္းခ်က္စ္ကို ေခၚယူလိုတဲ့အသင္းေတြထဲ ဘာစီလိုနာပါ ပါဝင္လာခဲ့ၿပီး အန္ဖီးလ္သားတို႔အေနနဲ႔ ပစ္မွတ္ကို အရေခၚခ်င္ရင္ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲ ပိုေကာင္းတဲ့ ကမ္းလွမ္းခ်က္ေတြနဲ႔ ခပ္သြက္သြက္ လႈပ္ရွားဖို႔ လိုအပ္လာ။

– လီဗာပူးလ္နဲ႔ အသလက္တီကိုမက္ဒရစ္တိုက္စစ္မႉး‌ေဟာင္း ဖာနန္ဒို ေတာရက္စ္ကေတာ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို အန္ဖီးလ္ေျမမွာ သူနဲ႔ လိုက္ဖက္မယ့္ ကစားပုံရွိသလို စပိန္သားျဖစ္တဲ့ သီယာဂို အယ္ကန္တာရာလည္းရွိတာေၾကာင့္ အလ်င္အျမန္ အသားက်မွာျဖစ္လို႔ ေျပာင္းသင့္ေၾကာင္း တိုက္တြန္းသြားခဲ့။

– ကြင္းလယ္လူ အဲလက္စ္ ေအာက္စ္လိတ္ ခ်ိမ္ဘာလိန္ကေတာ့ သူ႔အေနနဲ႔ လီဗာပူးလ္အသင္းေဖာ္ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုေနရာမွာ ကစားရမယ္ဆိုလည္း ႀကိဳးစားကစားသြားမွာျဖစ္ၿပီး နံပါတ္ ၉ ထက္ နံပါတ္ ၁၀ ေနရာမွာ ပိုကစားခ်င္ေၾကာင္း LFCTV မွာ ေျပာခဲ့တာေၾကာင့္ သူ႔ကို ေနရာအသစ္မွာ ျမင္ရမွာလားလို႔ ခန႔္မွန္းမႈေတြရွိလာ။

– ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလကမွ ေရာက္လာခဲ့ၿပီး အခုထိ ပြဲထြက္ကစားခြင့္မရေသးတဲ့ ေနာက္ခံလူ ဘန္ ေဒးဗီးစ္ကို လီဗာပူးအသင္းအေနနဲ႔ ေပါင္ ၁.၆ သန္းဝန္းက်င္နဲ႔ ေရာင္းထုတ္ဖို႔အတြက္ စီစဥ္ေနသလို ရွက္ဖီးလ္ယူႏိုက္တက္ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ႏွစ္သင္းၾကား ေဆြးေႏြးမႈ ရွိလာႏိုင္။

– ပရီးမီးယားလိဂ္နဲ႔ စကိုင္းစပို႔စ္ရဲ႕ နာမည္ႀကီးေဝဖန္သူတစ္ဦးျဖစ္တဲ့ ေပါလ္ မာဆန္က လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအတြက္‌ေတာ့ လာမယ့္ေဘာလုံးရာသီမွာ အဲဗာတန္အသင္းတိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္နဲ႔ သြင္းဂိုးေတြ ၿပိဳင္ဆိုင္ရဖို႔ရွိေနတယ္လို႔ သုံးသပ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ပစ္မွတ္ကစားသမားေတြ မရေတာ့ရင္ဆိုတဲ့အေျခအေနအတြက္ ေနာက္ဆုံးဝွက္ဖဲအေနနဲ႔ ခ်န္ထားတဲ့ ဘာစီလိုနာကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ေအစီမီလန္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အန္ဖီးလ္ေျမကိုပဲ ဘရာဇီးလ္သားက ျပန္လာခ်င္ေနေၾကာင္း သတင္းေတြ ထြက္လာ။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေနာက္ခံလူ ဘန္ဝႈိက္ေနရာကို အစားထိုးဖို႔အတြက္ လီဗာပူးလ္အသင္းေနာက္ခံလူ နတ္ ဖိလစ္ကို ေပါင္ ၁၅ သန္းနဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနၿပီး အန္ဖီးလ္သားတို႔ကလည္း ေနာက္ခံလူ အလုံအေလာက္ရွိတာေၾကာင့္ ေဈးေကာင္းရရင္ ေရာင္းခ်လိုေန။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ျပင္သစ္တိုက္စစ္ကစားသမား အြန္ထြာ ဂရီးဇ္မန္းကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းကို ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ၿပီး တစ္ပတ္ ေပါင္ႏွစ္သိန္းရွစ္ေသာင္း ေပးရမယ့္ စြယ္စုံရ တိုက္စစ္ကစားသမားကို ေခၚယူဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္ကိုယ္တိုင္ စိတ္ဝင္စားလာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.