Premier League Transfer News

20 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ အနာဂတ် ခံစားခွင့် ပေါင် ၄ သန်းကို ပေးချေခဲ့ရသလို ကျောနံပါတ် ၂၃ ကိုလည်း ပေးအပ်သွားခဲ့။

– အာဆင်နယ်ပရိသတ်တွေ အားတက်စရာသတင်းကို အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ထုတ်ပြန်သွားခဲ့ပြီး ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအနေနဲ့ မြောက်လန်ဒန်အသင်းဆီ မပြောင်းရွှေ့လိုတာ မဟုတ်ဘဲ အီတလီဘောလုံးသမားတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ ကစားခွင့်ကို ဦးစားပေး စဉ်းစားနေတာဖြစ်လို့ အချိန်ယူ စည်းရုံးရဖွယ်ရှိတယ်လို့ဆို။

– နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူလိုက်နိုင်တာဟာ အသင်းရဲ့ ကြီးမားတဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်လိုက်တာဖြစ်ပြီး ပွဲတစ်ပွဲကို ဘယ်လို သုံးသပ်ပြီး ချဉ်းကပ်ရမယ်ဆိုတာ ကောင်းကောင်းနားလည်သလို ပြိုင်ဆိုင်လိုစိတ်ကြီးတဲ့ အင်္ဂလန်သားအနေနဲ့ အာဆင်နယ်အသင်းမှာ အောင်မြင်ဖို့ သေချာနေကြောင်း နောက်ခံလူဟောင်း အိုနူအိုဟာ သုံးသပ်သွားခဲ့။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ အဲဗာတန်တောင်ပံကစားသမားဟောင်း ယန်းနစ် ဘိုလာစီက နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ရဲ့ အသင်းမှာ လိုအပ်နေခဲ့တဲ့ ကွက်လပ်ကို ဆမ်ဘီ လိုကွန်ဂါနဲ့ ဖြည့်ဆည်းလိုက်နိုင်ပြီဖြစ်ပြီး ကွင်းလယ်မှာ တိုက်စစ်နဲ့ ခံစစ်ကို ချိတ်ဆက်ပေးနိုင်သူလို့ ချီးကျူးသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ တော်တော်လေး တန်ဖိုးလျော့ကျသွားခဲ့တဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ဈေးနှုန်းကလည်း ဆမ်ဘီ လိုကွန်ဂါထက် နှစ်သန်းသာပိုတဲ့ ပေါင် ၁၇ သန်းနဲ့ ရရှိနိုင်ဖွယ်ရှိနေတာကြောင့် လျှော့ဈေးနဲ့ ကံကောင်းနိုင်ဖို့ရှိနေ။

– ဘာစီလိုနာနောက်ခံလူ ဆာဂျင်ညို ဒက်စ်အနေနဲ့ နူးကမ့်မှာ ဆက်လက်ကစားလိုနေပေမယ့် တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဘဏ္ဏာရေးအခက်အခဲတွေနဲ့ အသင်းရဲ့ အသုံးစရိတ်ကို ထိန်းညှိရဖို့ ရှိလာတဲ့ ကာတာလန်ကလပ်အနေနဲ့ ရောင်းချဖို့ များနေလို့ အာဆင်နယ်တို့ မျက်ခြေမပြတ် စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းမှာ ဆောင်းရာသီက အငှားနဲ့ လာကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို စိတ်မလျှော့သေးဘဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အနေအထားကို စောင့်ကြည့်နေပြီး ရာသီကြိုနဲ့ ရာသီအစမှာ နေရာမရရင် ကြားဝင်ကမ်းလှမ်းနိုင်ဖို့ ပြင်ဆင်ထား။

– အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ဆမ်ဘီ လိုကွန်ဂါက သူ့အနေနဲ့ ဘယ်လ်ဂျီယမ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း သီယာရီ အွန်နရီရဲ့ အောင်မြင်ခဲ့တဲ့ အသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ဝမ်းသာကြောင်းနဲ့ သူဟာ ကွင်းလယ်မှာ နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာ တွေမှာ ကစားနိုင်ပြီး ခံစစ်ရှေ့က အဖျက်ပိုင်းမှာ ပိုကောင်းတယ်လို လူတွေက ဆိုကြကြောင်း ပထမဆုံး အင်တာဗျူးမှာ ဖြေကြား။

– ရိုးမားအသင်းအနေနဲ့ အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၂၀ သတ်မှတ်ထားတဲ့ ဈေးကွက်ပေါက်ဈေး ပေါင်သန်း ၃၀ တန် ကွင်းလယ်လူ ဂရာနစ် ချာကာကို လာမယ့် ၂၄ နာရီအတွင်း ပိုမိုတိုးမြှင့်မယ့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖို့ ရှိနေပြီး ဆွစ်ဇာလန်သားရဲ့ အနာဂတ် အဖြေပေါ်လာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီ ဒုတိယေျမာက္ ကစားသမားသစ္ ေခၚယူမႈအျဖစ္ အန္ဒါလက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ အနာဂတ္ ခံစားခြင့္ ေပါင္ ၄ သန္းကို ေပးေခ်ခဲ့ရသလို ေက်ာနံပါတ္ ၂၃ ကိုလည္း ေပးအပ္သြားခဲ့။

– အာဆင္နယ္ပရိသတ္ေတြ အားတက္စရာသတင္းကို အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ျပန္သြားခဲ့ၿပီး ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအေနနဲ႔ ေျမာက္လန္ဒန္အသင္းဆီ မေျပာင္းေ႐ႊ႕လိုတာ မဟုတ္ဘဲ အီတလီေဘာလုံးသမားတိုင္းရဲ႕ အိပ္မက္တစ္ခုျဖစ္တဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ကစားခြင့္ကို ဦးစားေပး စဥ္းစားေနတာျဖစ္လို႔ အခ်ိန္ယူ စည္း႐ုံးရဖြယ္ရွိတယ္လို႔ဆို။

– ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူလိုက္ႏိုင္တာဟာ အသင္းရဲ႕ ႀကီးမားတဲ့ ကြက္လပ္ကို ျဖည့္ဆည္းႏိုင္လိုက္တာျဖစ္ၿပီး ပြဲတစ္ပြဲကို ဘယ္လို သုံးသပ္ၿပီး ခ်ဥ္းကပ္ရမယ္ဆိုတာ ေကာင္းေကာင္းနားလည္သလို ၿပိဳင္ဆိုင္လိုစိတ္ႀကီးတဲ့ အဂၤလန္သားအေနနဲ႔ အာဆင္နယ္အသင္းမွာ ေအာင္ျမင္ဖို႔ ေသခ်ာေနေၾကာင္း ေနာက္ခံလူေဟာင္း အိုႏူအိုဟာ သုံးသပ္သြားခဲ့။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ အဲဗာတန္ေတာင္ပံကစားသမားေဟာင္း ယန္းနစ္ ဘိုလာစီက နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ရဲ႕ အသင္းမွာ လိုအပ္ေနခဲ့တဲ့ ကြက္လပ္ကို ဆမ္ဘီ လိုကြန္ဂါနဲ႔ ျဖည့္ဆည္းလိုက္ႏိုင္ၿပီျဖစ္ၿပီး ကြင္းလယ္မွာ တိုက္စစ္နဲ႔ ခံစစ္ကို ခ်ိတ္ဆက္ေပးႏိုင္သူလို႔ ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ေတာ္ေတာ္ေလး တန္ဖိုးေလ်ာ့က်သြားခဲ့တဲ့ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေနၿပီး ေဈးႏႈန္းကလည္း ဆမ္ဘီ လိုကြန္ဂါထက္ ႏွစ္သန္းသာပိုတဲ့ ေပါင္ ၁၇ သန္းနဲ႔ ရရွိႏိုင္ဖြယ္ရွိေနတာေၾကာင့္ ေလွ်ာ့ေဈးနဲ႔ ကံေကာင္းႏိုင္ဖို႔ရွိေန။

– ဘာစီလိုနာေနာက္ခံလူ ဆာဂ်င္ညိဳ ဒက္စ္အေနနဲ႔ ႏူးကမ့္မွာ ဆက္လက္ကစားလိုေနေပမယ့္ တိုက္စစ္မႉး မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ဘဏၰာေရးအခက္အခဲေတြနဲ႔ အသင္းရဲ႕ အသုံးစရိတ္ကို ထိန္းညႇိရဖို႔ ရွိလာတဲ့ ကာတာလန္ကလပ္အေနနဲ႔ ေရာင္းခ်ဖို႔ မ်ားေနလို႔ အာဆင္နယ္တို႔ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းမွာ ေဆာင္းရာသီက အငွားနဲ႔ လာကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို စိတ္မေလွ်ာ့ေသးဘဲ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အေနအထားကို ေစာင့္ၾကည့္ေနၿပီး ရာသီႀကိဳနဲ႔ ရာသီအစမွာ ေနရာမရရင္ ၾကားဝင္ကမ္းလွမ္းႏိုင္ဖို႔ ျပင္ဆင္ထား။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားသစ္ ဆမ္ဘီ လိုကြန္ဂါက သူ႔အေနနဲ႔ ဘယ္လ္ဂ်ီယမ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ နည္းျပေဟာင္း သီယာရီ အြန္နရီရဲ႕ ေအာင္ျမင္ခဲ့တဲ့ အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့လို႔ ဝမ္းသာေၾကာင္းနဲ႔ သူဟာ ကြင္းလယ္မွာ နံပါတ္ ၆ နဲ႔ နံပါတ္ ၈ ေနရာ ေတြမွာ ကစားႏိုင္ၿပီး ခံစစ္ေရွ႕က အဖ်က္ပိုင္းမွာ ပိုေကာင္းတယ္လို လူေတြက ဆိုၾကေၾကာင္း ပထမဆုံး အင္တာဗ်ဴးမွာ ေျဖၾကား။

– ႐ိုးမားအသင္းအေနနဲ႔ အာဆင္နယ္အသင္းက ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း ၂၀ သတ္မွတ္ထားတဲ့ ေဈးကြက္ေပါက္ေဈး ေပါင္သန္း ၃၀ တန္ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို လာမယ့္ ၂၄ နာရီအတြင္း ပိုမိုတိုးျမႇင့္မယ့္ ကမ္းလွမ္းမႈမ်ိဳး ျပဳလုပ္ဖို႔ ရွိေနၿပီး ဆြစ္ဇာလန္သားရဲ႕ အနာဂတ္ အေျဖေပၚလာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.