Premier League

20 Jul နောက်ဆုံးရ မန်ချက်စတာစီးတီး အပြောင်းအရွှေ့သတင်းများ စုစည်းမှု

မန်ချက်စတာစီးတီးအနေနဲ့ ၂၀၂၃ အထိ စာချုပ်ရှိနေတဲ့ တောင်ပံကစားသမား ရီယက်ဒ် မာရက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး အယ်လ်ဂျီးရီးယားသားကလည်း အသင်းမှာ ဆက်နေချင်တယ်လို့ မကြာသေးမီကမှ ထုတ်ပြောထားတာကြောင့် စာချုပ်သစ်အတွက် အခက်အခဲသိပ်မရှိကြောင်း သတင်းတွေထွက်လာ။

အေစီမီလန်အသင်းကို ဘရာဟင်းမ် ဒီယားဇ်က အပြီးသတ်ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ‌မန်ချက်စတာစီးတီးအနေနဲ့ ငွေကြေးအနည်းငယ်ရရှိဦးမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို ရောင်းချခဲ့တုန်းက အနာဂတ်အပြောင်းအရွှေ့ရဲ့ ၁၅% အထိခံစားခွင့် ပါဝင်လို့ ဖြစ်ကြောင်းသိရ။

ဒါဘီကောင်တီအသင်းကနေ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး စကော့ထ် ကာဆန်ကို ရာသီကြို လေ့ကျင့်ရေးကွင်းမှာ တွေ့ခဲ့ရတာကြောင့် အသင်းရဲ့ ဂိုးသမားအင်အားအတွက် ပိုကောင်းတဲ့သဘောဆောင်လာခဲ့ပြီး နည်းပြ ပပ် ဂွါဒီယိုလာကိုယ်တိုင်က ထုတ်ဖော်ချီးကျူးခဲ့ဖူးတဲ့ ဂိုးသမားလည်းဖြစ်ကြောင်းသိရ။

စပို့တင်း လစ္စဘွန်းနောက်ခံလူ နူနို မန်ဒက်စ်ကို လက်ရှိအထိ မန်ချက်စတာစီးတီးက စိတ်ဝင်စားနေပြီး ပေါ်တူဂီကလပ်က လိုချင်နေတဲ့ ယူရိုသန်း ၅၀ ကို မပေးချင်ဘဲ ယူရိုသန်း ၃၀ ကျော်သာ ပေးချင်တာကြောင့် မညှိနှိုင်းရသေးတာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

talk SPORTS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးအနေနဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူပြီးပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာ မိုးပြာရောင်သားတို့အနေနဲ့ ပေါင်သန်း ၁၀၀ နီးပါးအထိ အသုံးပြုလာရနိုင်ကြောင်းသိရ။

မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဟာရီကိန်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှုရဖို့ ပိုမိုနီးစပ်လာတာကြောင့် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေနဲ့အတူ ခပ်သွက်သွက်လှုပ်ရှားသင့်ကြောင်း အကြံပြုသူများပြားလာ။

မန်ချက်စတာစီးတီးအနေနဲ့ အသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ရာသီမှာ အဓိကပစ်မှတ်တွေဖြစ်တဲ့ ဟာရီကိန်းနဲ့ ဂျက်ခ်ဂရီးလစ်ရှ်တို့ကို ခေါ်ယူဖို့အတွက် ရာဟင်းမ် စတာလင်၊ ဂါဘရီယဲလ် ဂျေဆူးစ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ အိုင်မီးရစ် လာပေါ်တေးတို့ကို ရောင်းချပြီး အပြောင်းအရွှေ့စရိတ် ရှာဖို့ရှိနေကြောင်းသိရ။

လိဒ်စ် ယူနိုက်တက်၊ ဆောက်သမ်ပ်တန်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့က စိတ်ဝင်စားနေတဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ယန်ဟဲလ် ဟာရဲယားကို မရောင်းဖို့ မန်ချက်စတာမိုးပြာရောင် ပရိသတ်တွေက တောင်းဆိုခဲ့ကြပြီး တချို့ဆို လက်ရှိ အဓိကကွင်းလယ်လူ ရိုဒရီထက်တောင် ပိုကောင်းတယ်လို့ မှတ်ချက်တွေပေးနေကြ။

False 9 ကစားကွက်မှာ အံမဝင်ဘဲ အရန်ခုံထဲရောက်သွားခဲ့ရတဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို မန်ချက်စတာစီးတီးအသင်းက ရောင်းထုတ်ဖို့ စီစဉ်နေပြီး ဂျူဗင်တပ်စ်ကလည်း ခေါ်ယူဖို့ မျက်စိကျလာခဲ့သလို ပရီးမီးယားလိဂ်လက်ရှိချန်ပီယံကတော့ ဘရာဇီးလ်သားအတွက် ပေါင် ၄၃ သန်း အလိုရှိကြောင်း သတင်းတွေထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအေနနဲ႔ ၂၀၂၃ အထိ စာခ်ဳပ္ရွိေနတဲ့ ေတာင္ပံကစားသမား ရီယက္ဒ္ မာရက္ဇ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ျပင္ဆင္ေနၿပီး အယ္လ္ဂ်ီးရီးယားသားကလည္း အသင္းမွာ ဆက္ေနခ်င္တယ္လို႔ မၾကာေသးမီကမွ ထုတ္ေျပာထားတာေၾကာင့္ စာခ်ဳပ္သစ္အတြက္ အခက္အခဲသိပ္မရွိေၾကာင္း သတင္းေတြထြက္လာ။

ေအစီမီလန္အသင္းကို ဘရာဟင္းမ္ ဒီယားဇ္က အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ေတာ့ ‌မန္ခ်က္စတာစီးတီးအေနနဲ႔ ေငြေၾကးအနည္းငယ္ရရွိဦးမွာျဖစ္ၿပီး ရီးယဲလ္မက္ဒရစ္အသင္းကို ေရာင္းခ်ခဲ့တုန္းက အနာဂတ္အေျပာင္းအေ႐ႊ႕ရဲ႕ ၁၅% အထိခံစားခြင့္ ပါဝင္လို႔ ျဖစ္ေၾကာင္းသိရ။

ဒါဘီေကာင္တီအသင္းကေန အလြတ္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဝါရင့္ဂိုးသမားႀကီး စေကာ့ထ္ ကာဆန္ကို ရာသီႀကိဳ ေလ့က်င့္ေရးကြင္းမွာ ေတြ႕ခဲ့ရတာေၾကာင့္ အသင္းရဲ႕ ဂိုးသမားအင္အားအတြက္ ပိုေကာင္းတဲ့သေဘာေဆာင္လာခဲ့ၿပီး နည္းျပ ပပ္ ဂြါဒီယိုလာကိုယ္တိုင္က ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ဖူးတဲ့ ဂိုးသမားလည္းျဖစ္ေၾကာင္းသိရ။

စပို႔တင္း လစၥဘြန္းေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို လက္ရွိအထိ မန္ခ်က္စတာစီးတီးက စိတ္ဝင္စားေနၿပီး ေပၚတူဂီကလပ္က လိုခ်င္ေနတဲ့ ယူ႐ိုသန္း ၅၀ ကို မေပးခ်င္ဘဲ ယူ႐ိုသန္း ၃၀ ေက်ာ္သာ ေပးခ်င္တာေၾကာင့္ မညႇိႏႈိင္းရေသးတာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

talk SPORTS ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာစီးတီးအေနနဲ႔ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈေတြ ရယူၿပီးၿပီလို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီး မန္ခ်က္စတာ မိုးျပာေရာင္သားတို႔အေနနဲ႔ ေပါင္သန္း ၁၀၀ နီးပါးအထိ အသုံးျပဳလာရႏိုင္ေၾကာင္းသိရ။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ဟာရီကိန္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ သေဘာတူညီမႈရဖို႔ ပိုမိုနီးစပ္လာတာေၾကာင့္ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံေတြအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ ကမ္းလွမ္းခ်က္ေတြနဲ႔အတူ ခပ္သြက္သြက္လႈပ္ရွားသင့္ေၾကာင္း အႀကံျပဳသူမ်ားျပားလာ။

မန္ခ်က္စတာစီးတီးအေနနဲ႔ အသင္းရဲ႕ လက္ရွိအေျပာင္းအေ႐ႊ႕ရာသီမွာ အဓိကပစ္မွတ္ေတြျဖစ္တဲ့ ဟာရီကိန္းနဲ႔ ဂ်က္ခ္ဂရီးလစ္ရွ္တို႔ကို ေခၚယူဖို႔အတြက္ ရာဟင္းမ္ စတာလင္၊ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ အိုင္မီးရစ္ လာေပၚေတးတို႔ကို ေရာင္းခ်ၿပီး အေျပာင္းအေ႐ႊ႕စရိတ္ ရွာဖို႔ရွိေနေၾကာင္းသိရ။

လိဒ္စ္ ယူႏိုက္တက္၊ ေဆာက္သမ္ပ္တန္နဲ႔ ဝက္စ္ဟမ္း ယူႏိုက္တက္တို႔က စိတ္ဝင္စားေနတဲ့ မန္ခ်က္စတာစီးတီး ကြင္းလယ္လူ ယန္ဟဲလ္ ဟာရဲယားကို မေရာင္းဖို႔ မန္ခ်က္စတာမိုးျပာေရာင္ ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကၿပီး တခ်ိဳ႕ဆို လက္ရွိ အဓိကကြင္းလယ္လူ ႐ိုဒရီထက္ေတာင္ ပိုေကာင္းတယ္လို႔ မွတ္ခ်က္ေတြေပးေနၾက။

False 9 ကစားကြက္မွာ အံမဝင္ဘဲ အရန္ခုံထဲေရာက္သြားခဲ့ရတဲ့ တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးစ္ကို မန္ခ်က္စတာစီးတီးအသင္းက ေရာင္းထုတ္ဖို႔ စီစဥ္ေနၿပီး ဂ်ဴဗင္တပ္စ္ကလည္း ေခၚယူဖို႔ မ်က္စိက်လာခဲ့သလို ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံကေတာ့ ဘရာဇီးလ္သားအတြက္ ေပါင္ ၄၃ သန္း အလိုရွိေၾကာင္း သတင္းေတြထြက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.