Premier League

ဟာလန်းကို ဘယ်လောက်ခက်ခက် နောက်ကြောင်းပြန်မလှည့်ဘဲ ဆက်ကြိုးစားမယ့် ချဲလ်ဆီး

လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ အာလင်း ဟာလန်းကတော့ ချဲလ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး ဂျာမန်မီဒီယာတွေကတော့ လန်ဒန်ကလပ်က နော်ဝေးသားအတွက် ဒေါ့မွန်ကို တရားဝင်မကမ်းလှမ်းရသေးဘူးလို့ ဖော်ပြနေပေမယ့် သောမတ်စ် တူဟယ်လ်ကတော့ ဟာလန်းအတွက် ငွေသား+ ကစားသမားတစ်ဦးဦးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတာပါ။

ဂျေဒန် ဆန်ချိုကို ရောင်းချထားပြီးဖြစ်လို့ ငွေကြေးသိပ်မလိုတော့တဲ့ ဒေါ့မွန်အနေနဲ့ ဟာလန်းကိုရောင်းဖို့ ငြင်းဆန်ထားဆဲဖြစ်ပြီး ချဲလ်ဆီးကလည်း ၂၀၁၉ တုန်းကလို ဘဏ္ဍာရေးစည်းမျဉ်းတွေ ငြိစွနိးပြီး အပြောင်းအရွှေ့အပိတ်ခံရမှာစိုးတာကြောင့် ကစားသမားအလိုက်ပေးကမ်းလှမ်းမယ့် နည်းလမ်းကို ‌ကြံစည်လာခဲ့ပါတယ်။

ဒီနေ့ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဟာလန်းကိုရဖို့အတွက် တူဟယ်လ်အနေနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ ဆန္ဒရှိနေတဲ့ ကစားသမား ၄ ဦးရဲ့အမည်စာရင်းက ပြထွက်ပေါ်လာခဲ့ပြီး ဒေါ့မွန်အနေနဲ့လည်း လက်ခံစဉ်းစားပေးနိုင်လောက်တဲ့ အရည်အသွေးမြင့် ကစားသမားတွေဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့က စိတ်ဝင်စားစရာ ကောင်းနေခဲ့တာပါ။

ပထမတစ်ယောက်ကတော့ တူဟယ်လ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဖြစ်ပြီး လတ်တလော ခြေစွမ်းကျဆင်းနေပေမယ့် ခြေစွမ်းခြေစရှိတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမယ့် ၄ ယောက်ထဲမှာတော့ သူက ဂျာမန်ကလပ်အတွက် စွဲမက်စရာအနည်းဆုံး ဖြစ်နေခဲ့တာပါ။

နောက်တစ်ယောက်ကတော့ မနှစ်က ဘိုင်ယန်မြူးနစ်နဲ့ သတင်းတွေ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းဖြစ်ပါတယ်။ အသက် ၂၀ အရွယ် တောင်ပံတိုက်စစ်မှူးအနေနဲ့ ဒေါ့မွန်ကို မပြောင်းချင်ပေမယ့် ဂျေဒန် ဆန်ချိုနဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့ကိုကြည့်ပြီး နမူနာယူသင့်နေတာပါ။

တောင်ပံတစ်လျှောက် အလိမ်အခေါက်ကောင်းကောင်းနဲ့ ကစားနိုင်ပြီး ငယ်သေးလို့ တိုးတက်ရမယ့်အပိုင်းတွေ ရှိနေသေးပေမယ့် လူငယ်ကစားသမားတွေကို အရောင်တင်ပေးရာမှာ နာမည်ကြီးတဲ့ ဒေါ့မွန်မှာကစားမယ်ဆိုရင် တက်လမ်းတွေ အများကြီးရှိလာနိုင်သလို ပုံမှန်ပွဲထွက်ခွင့်လည်း ရမှာဖြစ်လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိလာနိုင်တာပါ။

နောက်ထပ်တစ်ယောက်ကတော့ တောင်ပံတိုက်စစ်ကစားသမား ဟာကင်မ် ဇီးယက်ရှ်ဖြစ်ပြီး သူ့ရဲ့ ချဲလ်ဆီးအသင်းနဲ့အတူဖြတ်သန်းခဲ့ရတဲ့ ပထမဘောလုံးရာသီမှာ သူ့အနေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဖြစ်နိုင်ရင် သူ့ကို စတန်းဖို့ဒ်ဘရစ်ဂ်ျမြေမှာ ဆက်ထိန်းဖို့သာ အသင်းက ဆန္ဒရှိနေတာပါ။

ဒါပေမယ့် အသင်းရဲ့ အဓိကပစ်မှတ် ဟာလန်းအတွက်ဆိုရင်တော့ လက်လွှတ်ဖို့အတွက် အသင့်အနေအထားမှာရှိနေပြီး စီးရီးအေကလပ် အေစီမီလန်ကလည်း မော်ရိုကိုသားကို ခေါ်ယူချင်နေတာဖြစ်သလို နော်ဝေးသားကို ခေါ်ယူဖို့ ငွေကြေးရှာဖွေချင်ရင်တော့ ရောင်းထုတ်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ၂၀၁၆-၂၀၂၀ ကာလတစ်လျှောက် RB လိုက်ပ်ဇစ် အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာပဲဖြစ်ပါတယ်။ ၂၅ နှစ်အရွယ် ဂျာမန်သားကတော့ မနှစ်ကမှ ချဲလ်ဆီးအသင်းကို ပြောင်းလာခဲ့ပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့သမျှကို စိတ်ပျက်စေခဲ့တာပါ။

သူ့ရဲ့ အဆုံးသတ်တွေက အံ့အားသင့်စရာအထိ လွဲချော်ခဲ့တာတွေရှိခဲ့ပေမယ့် သူ့ရဲ့ကစားပုံကတော့ အသင်းကို အထောက်အကူအများကြီးဖြစ်စေခဲ့တာပါ။ ဂျာမန်မြေနဲ့လည်းမစိမ်းတဲ့ ကစားသမားဖြစ်တာကြောင့် အလွယ်တကူ အထိုင်ကျမယ့်အချက်က ဒေါ့မွန်အနေနဲ့ စဉ်းစားသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။

သူတို့ ၄ ယောက်ထဲက တစ်ယောက်ကို ငွေသားနဲ့ အလိုက်ပေးပြီး ဟာလန်းအတွက် ကမ်းလှမ်းမှာဖြစ်လို့ ဒေါ့မွန်အတွက်လည်း အကျိုးရှိမယ့် အနေအထားဖြစ်လာပြီး Win-Win အခြေအနေမှာ မှန်ကန်တဲ့လူရွေးချယ်မှုကိုပဲ ရွေးချယ်ဖို့ လိုအပ်ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: လက္ရွိအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အာလင္း ဟာလန္းကေတာ့ ခ်ဲလ္ဆီးရဲ႕ အဓိကပစ္မွတ္ျဖစ္ၿပီး ဂ်ာမန္မီဒီယာေတြကေတာ့ လန္ဒန္ကလပ္က ေနာ္ေဝးသားအတြက္ ေဒါ့မြန္ကို တရားဝင္မကမ္းလွမ္းရေသးဘူးလို႔ ေဖာ္ျပေနေပမယ့္ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ဟာလန္းအတြက္ ေငြသား+ ကစားသမားတစ္ဦးဦးကို အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနတာပါ။

ေဂ်ဒန္ ဆန္ခ်ိဳကို ေရာင္းခ်ထားၿပီးျဖစ္လို႔ ေငြေၾကးသိပ္မလိုေတာ့တဲ့ ေဒါ့မြန္အေနနဲ႔ ဟာလန္းကိုေရာင္းဖို႔ ျငင္းဆန္ထားဆဲျဖစ္ၿပီး ခ်ဲလ္ဆီးကလည္း ၂၀၁၉ တုန္းကလို ဘ႑ာေရးစည္းမ်ဥ္းေတြ ၿငိစြနိးၿပီး အေျပာင္းအေ႐ႊ႕အပိတ္ခံရမွာစိုးတာေၾကာင့္ ကစားသမားအလိုက္ေပးကမ္းလွမ္းမယ့္ နည္းလမ္းကို ‌ႀကံစည္လာခဲ့ပါတယ္။

ဒီေန႔ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဟာလန္းကိုရဖို႔အတြက္ တူဟယ္လ္အေနနဲ႔ အလိုက္ေပးကမ္းလွမ္းဖို႔ ဆႏၵရွိေနတဲ့ ကစားသမား ၄ ဦးရဲ႕အမည္စာရင္းက ျပထြက္ေပၚလာခဲ့ၿပီး ေဒါ့မြန္အေနနဲ႔လည္း လက္ခံစဥ္းစားေပးႏိုင္ေလာက္တဲ့ အရည္အေသြးျမင့္ ကစားသမားေတြျဖစ္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က စိတ္ဝင္စားစရာ ေကာင္းေနခဲ့တာပါ။

ပထမတစ္ေယာက္ကေတာ့ တူဟယ္လ္လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ျဖစ္ၿပီး လတ္တေလာ ေျခစြမ္းက်ဆင္းေနေပမယ့္ ေျခစြမ္းေျခစရွိတဲ့ တိုက္စစ္မႉးျဖစ္ပါတယ္။ ဒါေပမယ့္ ကမ္းလွမ္းမယ့္ ၄ ေယာက္ထဲမွာေတာ့ သူက ဂ်ာမန္ကလပ္အတြက္ စြဲမက္စရာအနည္းဆုံး ျဖစ္ေနခဲ့တာပါ။

ေနာက္တစ္ေယာက္ကေတာ့ မႏွစ္က ဘိုင္ယန္ျမဴးနစ္နဲ႔ သတင္းေတြ ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ ေတာင္ပံတိုက္စစ္မႉးအေနနဲ႔ ေဒါ့မြန္ကို မေျပာင္းခ်င္ေပမယ့္ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ဂ်ဳဒ္ ဘယ္လင္ဂမ္တို႔ကိုၾကည့္ၿပီး နမူနာယူသင့္ေနတာပါ။

ေတာင္ပံတစ္ေလွ်ာက္ အလိမ္အေခါက္ေကာင္းေကာင္းနဲ႔ ကစားႏိုင္ၿပီး ငယ္ေသးလို႔ တိုးတက္ရမယ့္အပိုင္းေတြ ရွိေနေသးေပမယ့္ လူငယ္ကစားသမားေတြကို အေရာင္တင္ေပးရာမွာ နာမည္ႀကီးတဲ့ ေဒါ့မြန္မွာကစားမယ္ဆိုရင္ တက္လမ္းေတြ အမ်ားႀကီးရွိလာႏိုင္သလို ပုံမွန္ပြဲထြက္ခြင့္လည္း ရမွာျဖစ္လို႔ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိလာႏိုင္တာပါ။

ေနာက္ထပ္တစ္ေယာက္ကေတာ့ ေတာင္ပံတိုက္စစ္ကစားသမား ဟာကင္မ္ ဇီးယက္ရွ္ျဖစ္ၿပီး သူ႔ရဲ႕ ခ်ဲလ္ဆီးအသင္းနဲ႔အတူျဖတ္သန္းခဲ့ရတဲ့ ပထမေဘာလုံးရာသီမွာ သူ႔အေနနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္ ျဖစ္ႏိုင္ရင္ သူ႔ကို စတန္းဖို႔ဒ္ဘရစ္ဂ္်ေျမမွာ ဆက္ထိန္းဖို႔သာ အသင္းက ဆႏၵရွိေနတာပါ။

ဒါေပမယ့္ အသင္းရဲ႕ အဓိကပစ္မွတ္ ဟာလန္းအတြက္ဆိုရင္ေတာ့ လက္လႊတ္ဖို႔အတြက္ အသင့္အေနအထားမွာရွိေနၿပီး စီးရီးေအကလပ္ ေအစီမီလန္ကလည္း ေမာ္႐ိုကိုသားကို ေခၚယူခ်င္ေနတာျဖစ္သလို ေနာ္ေဝးသားကို ေခၚယူဖို႔ ေငြေၾကးရွာေဖြခ်င္ရင္ေတာ့ ေရာင္းထုတ္သြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးတစ္ေယာက္ကေတာ့ ၂၀၁၆-၂၀၂၀ ကာလတစ္ေလွ်ာက္ RB လိုက္ပ္ဇစ္ အသင္းရဲ႕တိုက္စစ္မွာ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာပဲျဖစ္ပါတယ္။ ၂၅ ႏွစ္အ႐ြယ္ ဂ်ာမန္သားကေတာ့ မႏွစ္ကမွ ခ်ဲလ္ဆီးအသင္းကို ေျပာင္းလာခဲ့ၿပီး အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခဲ့သမွ်ကို စိတ္ပ်က္ေစခဲ့တာပါ။

သူ႔ရဲ႕ အဆုံးသတ္ေတြက အံ့အားသင့္စရာအထိ လြဲေခ်ာ္ခဲ့တာေတြရွိခဲ့ေပမယ့္ သူ႔ရဲ႕ကစားပုံကေတာ့ အသင္းကို အေထာက္အကူအမ်ားႀကီးျဖစ္ေစခဲ့တာပါ။ ဂ်ာမန္ေျမနဲ႔လည္းမစိမ္းတဲ့ ကစားသမားျဖစ္တာေၾကာင့္ အလြယ္တကူ အထိုင္က်မယ့္အခ်က္က ေဒါ့မြန္အေနနဲ႔ စဥ္းစားသင့္တဲ့အခ်က္ပဲ ျဖစ္ပါတယ္။

သူတို႔ ၄ ေယာက္ထဲက တစ္ေယာက္ကို ေငြသားနဲ႔ အလိုက္ေပးၿပီး ဟာလန္းအတြက္ ကမ္းလွမ္းမွာျဖစ္လို႔ ေဒါ့မြန္အတြက္လည္း အက်ိဳးရွိမယ့္ အေနအထားျဖစ္လာၿပီး Win-Win အေျခအေနမွာ မွန္ကန္တဲ့လူေ႐ြးခ်ယ္မႈကိုပဲ ေ႐ြးခ်ယ္ဖို႔ လိုအပ္ခ်ိန္မွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z