Premier League Transfer News

ဆန်ချိုကို ခေါ်တာ ချီးကျူးပြီး ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ ယူနိုက်တက်ဂန္ထဝင် ရွန်နီ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တောင်ပံကစားသမား ဂျေဆန် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့တာဟာ ရာသီသစ်နဲ့ ဆုဖလားတွေအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမယ့် အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ ဘေးကျပ်နံကျပ်နဲ့ ဖိအားတွေကြားမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ရုန်းကန်ရတော့မယ်လို့ ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက သတိပေးလိုက်ပါတယ်။

ဒေါမွန်ရဲ့ ပေါင် ၁၀၈ သန်းဈေးကို ချိုးဖျက်ပြီး ပေါင် ၇၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အသင်းတာဝန်ရှိသူတွေကိုလည်း အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဟောင်းက ချီးကျူးသွားခဲ့ပြီး ယူနိုက်တက်တို့အနေနဲ့ အင်္ဂလန်နဲ့ ယူရိုဖိုင်နယ်အထိ ကစားထားခဲ့တဲ့ ဆန်ချိုရဲ့ နွေရာသီ အားလပ်ရက် ရယူမှုကြောင့်သာ တရားဝင် ပူးပေါင်းမှု မပြုနိုင်သေးတာလည်းဖြစ်ပါတယ်။

ရွန်နီက ဆန်ချိုအပြင် အသင်းကို မကြာခင်မှာ ရောက်လာတော့မယ့် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းတို့လို ကစားသမားတွေကို ထိန်းချုပ်ကိုင်တွယ်ပြီး နေရာပေးဖို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ပိုပြီးပါးပါးနပ်နပ်နဲ့ အင်အားစိုက်ထုတ် ကြိုးစားရမယ်လို့ ပြောလိုက်ပြီး နာမည်ကြီး ကစားသမားတွေကို ပိုင်ဆိုင်ထားခြင်းရဲ့ မကောင်းကွက်တစ်ခုကိုလည်း ထောက်ပြသွားခဲ့တာပါ။

“ကျွန်တော့်အမြင်တော့ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဖိအားမြင့်ရပ်ဝန်းက ကြီးထွားလာတော့မှာပဲဗျ။ ဆန်ချိုရောက်လာပြီဖြစ်သလို နောက်ထပ် ကစားသမားကောင်းတွေ ရောက်လာဦးမယ်လို့လည်း ကြားနေရတယ်။ ဒါကြောင့် ဒီရာသီမှာ ပရိသတ်တွေကတော့ ဆုဖလားတွေကို မျှော်လင့်နေကြပြီ ဖြစ်ပြီး အိုလီနဲ့ နည်းပြအဖွဲ့အနေနဲ့ ဖိအားပေးမှုတွေကြားကနေ အောင်မြင်မှုတွေ ရယူဖို့ စွမ်းဆောင်ရတော့မှာပါ”လို့ ရွန်နီက သတိပေးလိုက်ပါတယ်။

ရွန်နီအနေနဲ့ အသင်းဟောင်းရဲ့ လာမယ့်ရာသီအတွက် အလားအလာကောင်းကိုလည်း အားရနေပြီး အရင်ရာသီတွေကလို မဟုတ်တော့ဘဲ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့လို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံတွေကို စိန်ခေါ်ရမှာဖြစ်သလို အစဉ်အလာပြိုင်ဘက် လီဗာပူးလ်ကိုလည်း လိုက်မီပြီး သူတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်အင်အားဟာ ဖြည်းဖြည်းမှန်မှန်နဲ့ ပိုမိုကောင်းမွန်လာနေတယ်လို့ ဆိုပါတယ်။

“မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာတော့ တော်တော်လေးကောင်းတဲ့ အသင်းတွေပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာနေပြီး ပိုကောင်းတဲ့ အင်အားစုနဲ့ ဒီရာသီမှာ သူတို့ကို စိန်ခေါ်နိုင်ပါပြီ။ လက်ရှိအနေအထားကနေ ပိုကောင်းတဲ့ တစ်နေရာမှာ ကျွန်တော်တို့ ရပ်တည်နိုင်ပါပြီ”လို့ ရွန်နီက ခန့်မှန်းလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုနဲ့ ဗာရွန်းအပြင် နောက်ထပ် ကစားသမားကောင်းနှစ်ဦးသုံးဦးလောက်ကို ထပ်မံခေါ်ယူဖို့ သတင်းတွေက ခန့်မှန်းဖော်ပြနေကြပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့တော့ ပြီးခဲ့တဲ့ ရာသီကလို ယုံကြည်မှုလွန်ကဲတဲ့ အမှားမျိုးတွေ မလုပ်ဘဲ ပရိသတ်တွေရဲ့ ပြီးခဲ့တဲ့ ရာသီက မပြည့်ဝတဲ့ ဆန္ဒတွေကို ဆုဖလားတွေနဲ့ နှစ်သိမ့်ပေးနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေတာင္ပံကစားသမား ေဂ်ဆန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့တာဟာ ရာသီသစ္နဲ႔ ဆုဖလားေတြအတြက္ ေကာင္းမြန္တဲ့ ေျခလွမ္းတစ္ခုျဖစ္ေပမယ့္ အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ေတာ့ ေဘးက်ပ္နံက်ပ္နဲ႔ ဖိအားေတြၾကားမွာ အေကာင္းဆုံး လုပ္ျပႏိုင္ဖို႔ ႐ုန္းကန္ရေတာ့မယ္လို႔ ဂႏၴဝင္တိုက္စစ္မႉး ဝိန္း႐ြန္နီက သတိေပးလိုက္ပါတယ္။

ေဒါမြန္ရဲ႕ ေပါင္ ၁၀၈ သန္းေဈးကို ခ်ိဳးဖ်က္ၿပီး ေပါင္ ၇၃ သန္းနဲ႔ ေခၚယူႏိုင္ခဲ့တဲ့ အသင္းတာဝန္ရွိသူေတြကိုလည္း အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး တိုက္စစ္မႉးေဟာင္းက ခ်ီးက်ဴးသြားခဲ့ၿပီး ယူႏိုက္တက္တို႔အေနနဲ႔ အဂၤလန္နဲ႔ ယူ႐ိုဖိုင္နယ္အထိ ကစားထားခဲ့တဲ့ ဆန္ခ်ိဳရဲ႕ ေႏြရာသီ အားလပ္ရက္ ရယူမႈေၾကာင့္သာ တရားဝင္ ပူးေပါင္းမႈ မျပဳႏိုင္ေသးတာလည္းျဖစ္ပါတယ္။

႐ြန္နီက ဆန္ခ်ိဳအျပင္ အသင္းကို မၾကာခင္မွာ ေရာက္လာေတာ့မယ့္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းတို႔လို ကစားသမားေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ၿပီး ေနရာေပးဖို႔ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ပိုၿပီးပါးပါးနပ္နပ္နဲ႔ အင္အားစိုက္ထုတ္ ႀကိဳးစားရမယ္လို႔ ေျပာလိုက္ၿပီး နာမည္ႀကီး ကစားသမားေတြကို ပိုင္ဆိုင္ထားျခင္းရဲ႕ မေကာင္းကြက္တစ္ခုကိုလည္း ေထာက္ျပသြားခဲ့တာပါ။

“ကြၽန္ေတာ့္အျမင္ေတာ့ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဖိအားျမင့္ရပ္ဝန္းက ႀကီးထြားလာေတာ့မွာပဲဗ်။ ဆန္ခ်ိဳေရာက္လာၿပီျဖစ္သလို ေနာက္ထပ္ ကစားသမားေကာင္းေတြ ေရာက္လာဦးမယ္လို႔လည္း ၾကားေနရတယ္။ ဒါေၾကာင့္ ဒီရာသီမွာ ပရိသတ္ေတြကေတာ့ ဆုဖလားေတြကို ေမွ်ာ္လင့္ေနၾကၿပီ ျဖစ္ၿပီး အိုလီနဲ႔ နည္းျပအဖြဲ႕အေနနဲ႔ ဖိအားေပးမႈေတြၾကားကေန ေအာင္ျမင္မႈေတြ ရယူဖို႔ စြမ္းေဆာင္ရေတာ့မွာပါ”လို႔ ႐ြန္နီက သတိေပးလိုက္ပါတယ္။

႐ြန္နီအေနနဲ႔ အသင္းေဟာင္းရဲ႕ လာမယ့္ရာသီအတြက္ အလားအလာေကာင္းကိုလည္း အားရေနၿပီး အရင္ရာသီေတြကလို မဟုတ္ေတာ့ဘဲ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔လို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ခ်န္ပီယံေတြကို စိန္ေခၚရမွာျဖစ္သလို အစဥ္အလာၿပိဳင္ဘက္ လီဗာပူးလ္ကိုလည္း လိုက္မီၿပီး သူတို႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္အင္အားဟာ ျဖည္းျဖည္းမွန္မွန္နဲ႔ ပိုမိုေကာင္းမြန္လာေနတယ္လို႔ ဆိုပါတယ္။

“မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာေတာ့ ေတာ္ေတာ္ေလးေကာင္းတဲ့ အသင္းေတြပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အသင္းကလည္း တစ္ဆင့္ၿပီးတစ္ဆင့္ ျမင့္တက္လာေနၿပီး ပိုေကာင္းတဲ့ အင္အားစုနဲ႔ ဒီရာသီမွာ သူတို႔ကို စိန္ေခၚႏိုင္ပါၿပီ။ လက္ရွိအေနအထားကေန ပိုေကာင္းတဲ့ တစ္ေနရာမွာ ကြၽန္ေတာ္တို႔ ရပ္တည္ႏိုင္ပါၿပီ”လို႔ ႐ြန္နီက ခန႔္မွန္းလိုက္တာပါ။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဆန္ခ်ိဳနဲ႔ ဗာ႐ြန္းအျပင္ ေနာက္ထပ္ ကစားသမားေကာင္းႏွစ္ဦးသုံးဦးေလာက္ကို ထပ္မံေခၚယူဖို႔ သတင္းေတြက ခန႔္မွန္းေဖာ္ျပေနၾကၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔ေတာ့ ၿပီးခဲ့တဲ့ ရာသီကလို ယုံၾကည္မႈလြန္ကဲတဲ့ အမွားမ်ိဳးေတြ မလုပ္ဘဲ ပရိသတ္ေတြရဲ႕ ၿပီးခဲ့တဲ့ ရာသီက မျပည့္ဝတဲ့ ဆႏၵေတြကို ဆုဖလားေတြနဲ႔ ႏွစ္သိမ့္ေပးႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.