La Liga Premier League Serie A

ကိုဗစ်ကာလမှာ ဗိုက်နာသွားကြတဲ့ ဥရောပထိပ်တန်း အသင်းကြီး ၅ သင်း

အသင်းကြီးအတော်များများက လစာမြင့်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားရတာဖြစ်လို့ ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲအနေနဲ့ လစာပြဿနာတွေကို ရင်ဆိုင်လာရကြပါပြီး အထိအနာဆုံး ၅ သင်းကို ဖော်ပြလိုက်သလို ဘယ်အသင်းတွေက ဘယ်လောက်အထိနာနေလဲဆိုတာတော့…

၁- ရီးရဲလ်မက်ဒရစ်
၂၀၂၀ ဘဏ္ဍာရေးအနှစ်ချုပ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၉၀၁ သန်းအထိ အရှုံးပေါ်နေပြီး ဆန်တီယေဂို ဘာနေဗျူးကွင်းကို ပြန်လည်ပြုပြင်မွမ်းမံမယ့် အစီအစဉ်ကြောင့်လည်း အရှုံးများသွားတဲ့စာရင်းထဲ ပါဝင်လာပေမယ့် ရေတိုဖြေရှင်းရမယ့် ပြဿနာက ယူရိုသန်း ၂၀၀ တည်းမို့လို့ နေသာပါသေးတယ်။

ဘဏ္ဍာရေးကြောင့် ဆာဂျီယို ရာမို့စ်ကို အလွတ်ထွက်ခွာခွင့်ပြုခဲ့ရသလို နောက်ခံလူ ရာဖေးလ် ဗာရွန်းကိုလည်း ရောင်းထုတ်ဖို့ သေချာနေပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအပြီးမှာတော့ အခွန်ဆောင်ပြီး ယူရို ၈၇၄,၀၀၀ အမြတ်ကျန်တယ်ဆိုတဲ့စာရင်းက ဘဏ္ဍာရေးအကျပ်အတည်းကို ရေတိုဖြေရှင်းထားနိုင်တာကို ပြနေပါတယ်။

၂- တော့တင်ဟမ်ဟော့စပါးစ်
လတ်တလော အိမ်ကွင်းကို ပြန်ဆောက်နေတဲ့ တော့တင်ဟမ်ဟော့စပါးစ်ကတော့ ကိုဗစ်-၁၉ ကြောင့် ကွင်းဝင်ကြေးမရဘဲ ပေါင် ၅၈၉ သန်းအထိ ‌အကြွေးတင်နေတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရတာလည်း ဝင်ငွေအများကြီးထိခိုက်ခဲ့ပေမယ့် ကွင်းသစ်နာမည်အတွက် စာချုပ်ချုပ်နိုင်ဖို့ နီးစပ်နေတာကြောင့် အကြွေးတချို့ ကြေတော့မှာပါ။

၃- ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်ကတော့ ငွေကြေးကို အများကြီး သုံးလေ့မရှိပေမယ့် တစ်ခါတစ်လေတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူလိုက်သလိုမျိုး အကုန်အကျများမယ့်ကိစ္စမျိုး လုပ်တတ်ပြီး ကိုဗစ်-၁၉ ကြောင့် ဝင်ငွေထိခိုက်လာချိန်မှာတော့ ဝင်ငွေနည်းလာရင်းကနေ ယူရို ၃၃၅ သန်းအထိ အကြွေးတင်နေတဲ့အထိပါပဲ။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဆိုးဝါးတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အသင်းဝင်ငွေ ထိခိုက်လာပြီးတဲ့နောက် လစာမြင့်ပြီး အသုံးမတည့်တဲ့ အာရွန် ရမ်ဆေးလို ကစားသမားတွေကို ခပ်မြန်မြန်ရှင်းထုတ်လိုနေပြီး ဒီနှစ်မှာတော့ လူခေါ်ဖို့ ငွေအများကြီးထုတ်ပေးဖို့ မရှိတာတော့ သိသာနေပါတယ်။

၄- အင်တာမီလန်
၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းလည်း ကိုဗစ်-၁၉ ကြောင့် ငွေကြေးကြပ်တည်းလာတဲ့ထဲ အပါအဝင်ဖြစ်ပြီး အသင်းရဲ့ ဒုဥက္ကဌ ဟာဗီးယား ဇနက်တီကိုယ်တိုင်က အသင်းကို အရင်လို ငွေကြေးလည်ပတ်မှုပြန်ရဖို့အတွက် ၂ နှစ်ဝန်းကျင်ကြာဦးမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါပြီ။

၂၀၂၀ မှာ ယူရိုသန်း ၁၀၀ အရှုံးပေါ်ခဲ့ပြီး ၂၀၂၁ အပြီးမှာ ယူရိုသန်း ၂၁၀ အထိ ရှုံးနိုင်တယ်လို့ မှန်းဆထားသလို ကာမိအောင်လည်း အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ အက်ရှ်ရက်ဖ် ဟာကီမီကို ယူရိုသန်း ၆၀ နဲ့ရောင်းချထားပြီး တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကိုလည်း ထိုက်သင့်တဲ့ တန်ကြေးနဲ့ဆို ရောင်းဖို့ရှိနေတာပါ။

၅- ဘာစီလိုနာ
လက်ရှိ ဘာစီလိုနာအသင်းရဲ့ အရှုံးက ယူရိုသန်းပေါင်း ၁၀၄၄ အထိ အရှုံးပေါ်နေတဲ့အထိ အခြေအနေဆိုးနေပြီး လစာမြင့်မားတဲ့ ကစားသမားတွေ ပုံနေတာက ကိုဗစ်-၁၉ ရဲ့နောက်ဆက်တွဲကြောင့် ဝင်ငွေထိခိုက်လာချိန်မှာ အသင်းကို အကြွေးနွံနစ်အောင် လုပ်နေသလို ဖြစ်လာပါတယ်။

ဆာဂျီယို အဂွေရို၊ အဲရစ် ဂါစီယာနဲ့ မမ်းဖစ္စ ဒီပိုင်းတို့ကို ခေါ်ယူခဲ့ပြီး လီယွန်နယ် မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့အတွက် ပြင်ဆင်ထားပေမယ့် အွန်ထွာ ဂရီးဇ်မန်းနဲ့ ဖလိပီ ကော်တင်ညိုတို့လို ကစားသမားတွေ ရောင်းထွက်ဖို့ လိုအပ်နေပြီး အရင်ကတည်းက အကြွေးနစ်နေကျကိုမှ ရောဂါကပ်ကာလမှာ အခြေအနေ ပိုဆိုးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အသင္းႀကီးအေတာ္မ်ားမ်ားက လစာျမင့္တဲ့ကစားသမားေတြကို ပိုင္ဆိုင္ထားရတာျဖစ္လို႔ ကိုဗစ္-၁၉ ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ လစာျပႆနာေတြကို ရင္ဆိုင္လာရၾကပါၿပီး အထိအနာဆုံး ၅ သင္းကို ေဖာ္ျပလိုက္သလို ဘယ္အသင္းေတြက ဘယ္ေလာက္အထိနာေနလဲဆိုတာေတာ့…

၁- ရီးရဲလ္မက္ဒရစ္
၂၀၂၀ ဘ႑ာေရးအႏွစ္ခ်ဳပ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက ယူ႐ို ၉၀၁ သန္းအထိ အရႈံးေပၚေနၿပီး ဆန္တီေယဂို ဘာေနဗ်ဴးကြင္းကို ျပန္လည္ျပဳျပင္မြမ္းမံမယ့္ အစီအစဥ္ေၾကာင့္လည္း အရႈံးမ်ားသြားတဲ့စာရင္းထဲ ပါဝင္လာေပမယ့္ ေရတိုေျဖရွင္းရမယ့္ ျပႆနာက ယူ႐ိုသန္း ၂၀၀ တည္းမို႔လို႔ ေနသာပါေသးတယ္။

ဘ႑ာေရးေၾကာင့္ ဆာဂ်ီယို ရာမို႔စ္ကို အလြတ္ထြက္ခြာခြင့္ျပဳခဲ့ရသလို ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကိုလည္း ေရာင္းထုတ္ဖို႔ ေသခ်ာေနၿပီး ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီအၿပီးမွာေတာ့ အခြန္ေဆာင္ၿပီး ယူ႐ို ၈၇၄,၀၀၀ အျမတ္က်န္တယ္ဆိုတဲ့စာရင္းက ဘ႑ာေရးအက်ပ္အတည္းကို ေရတိုေျဖရွင္းထားႏိုင္တာကို ျပေနပါတယ္။

၂- ေတာ့တင္ဟမ္ေဟာ့စပါးစ္
လတ္တေလာ အိမ္ကြင္းကို ျပန္ေဆာက္ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ကြင္းဝင္ေၾကးမရဘဲ ေပါင္ ၅၈၉ သန္းအထိ ‌အေႂကြးတင္ေနတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရတာလည္း ဝင္ေငြအမ်ားႀကီးထိခိုက္ခဲ့ေပမယ့္ ကြင္းသစ္နာမည္အတြက္ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ နီးစပ္ေနတာေၾကာင့္ အေႂကြးတခ်ိဳ႕ ေၾကေတာ့မွာပါ။

၃- ဂ်ဴဗင္တပ္စ္
ဂ်ဴဗင္တပ္စ္ကေတာ့ ေငြေၾကးကို အမ်ားႀကီး သုံးေလ့မရွိေပမယ့္ တစ္ခါတစ္ေလေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူလိုက္သလိုမ်ိဳး အကုန္အက်မ်ားမယ့္ကိစၥမ်ိဳး လုပ္တတ္ၿပီး ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြထိခိုက္လာခ်ိန္မွာေတာ့ ဝင္ေငြနည္းလာရင္းကေန ယူ႐ို ၃၃၅ သန္းအထိ အေႂကြးတင္ေနတဲ့အထိပါပဲ။

၂၀၂၀-၂၀၂၁ ေဘာလုံးရာသီမွာ ဆိုးဝါးတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ အသင္းဝင္ေငြ ထိခိုက္လာၿပီးတဲ့ေနာက္ လစာျမင့္ၿပီး အသုံးမတည့္တဲ့ အာ႐ြန္ ရမ္ေဆးလို ကစားသမားေတြကို ခပ္ျမန္ျမန္ရွင္းထုတ္လိုေနၿပီး ဒီႏွစ္မွာေတာ့ လူေခၚဖို႔ ေငြအမ်ားႀကီးထုတ္ေပးဖို႔ မရွိတာေတာ့ သိသာေနပါတယ္။

၄- အင္တာမီလန္
၂၀၂၀-၂၀၂၁ ေဘာလုံးရာသီရဲ႕ စီးရီးေအခ်န္ပီယံ အင္တာမီလန္အသင္းလည္း ကိုဗစ္-၁၉ ေၾကာင့္ ေငြေၾကးၾကပ္တည္းလာတဲ့ထဲ အပါအဝင္ျဖစ္ၿပီး အသင္းရဲ႕ ဒုဥကၠဌ ဟာဗီးယား ဇနက္တီကိုယ္တိုင္က အသင္းကို အရင္လို ေငြေၾကးလည္ပတ္မႈျပန္ရဖို႔အတြက္ ၂ ႏွစ္ဝန္းက်င္ၾကာဦးမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါၿပီ။

၂၀၂၀ မွာ ယူ႐ိုသန္း ၁၀၀ အရႈံးေပၚခဲ့ၿပီး ၂၀၂၁ အၿပီးမွာ ယူ႐ိုသန္း ၂၁၀ အထိ ရႈံးႏိုင္တယ္လို႔ မွန္းဆထားသလို ကာမိေအာင္လည္း အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္တဲ့ အက္ရွ္ရက္ဖ္ ဟာကီမီကို ယူ႐ိုသန္း ၆၀ နဲ႔ေရာင္းခ်ထားၿပီး တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကိုလည္း ထိုက္သင့္တဲ့ တန္ေၾကးနဲ႔ဆို ေရာင္းဖို႔ရွိေနတာပါ။

၅- ဘာစီလိုနာ
လက္ရွိ ဘာစီလိုနာအသင္းရဲ႕ အရႈံးက ယူ႐ိုသန္းေပါင္း ၁၀၄၄ အထိ အရႈံးေပၚေနတဲ့အထိ အေျခအေနဆိုးေနၿပီး လစာျမင့္မားတဲ့ ကစားသမားေတြ ပုံေနတာက ကိုဗစ္-၁၉ ရဲ႕ေနာက္ဆက္တြဲေၾကာင့္ ဝင္ေငြထိခိုက္လာခ်ိန္မွာ အသင္းကို အေႂကြးႏြံနစ္ေအာင္ လုပ္ေနသလို ျဖစ္လာပါတယ္။

ဆာဂ်ီယို အေဂြ႐ို၊ အဲရစ္ ဂါစီယာနဲ႔ မမ္းဖစၥ ဒီပိုင္းတို႔ကို ေခၚယူခဲ့ၿပီး လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ျပင္ဆင္ထားေပမယ့္ အြန္ထြာ ဂရီးဇ္မန္းနဲ႔ ဖလိပီ ေကာ္တင္ညိဳတို႔လို ကစားသမားေတြ ေရာင္းထြက္ဖို႔ လိုအပ္ေနၿပီး အရင္ကတည္းက အေႂကြးနစ္ေနက်ကိုမွ ေရာဂါကပ္ကာလမွာ အေျခအေန ပိုဆိုးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.