Premier League Transfer News

18 Jul နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ အငှားထွက်ကစားပြီးတော့ အချိန်ကုန်နေခဲ့တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို အပြီးသတ်ရောင်းချသွားဖို့ စီစဉ်လာခဲ့ပြီး ပေါင် ၁၀ သန်းရရင် ရောင်းဖို့အတွက် အသင့်ရှိနေသလို အငှားထပ်လွှတ်ဖို့တော့ အစီအစဉ်မရှိတော့ကြောင်း သတင်းများထွက်ပေါ်လာ။

– ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက လူငယ်ကစားသမား ဟာဗီ အီးလီးယော့ကို တစ်နေ့ ပေါင်မုန့်ဘယ်နှစ်ချပ် စားပြီးပြီလဲလို့ မေးပြီး အင်္ဂလန်သားလေးက တစ်ချပ်ပဲ စားရသေးကြောင်း ပြန်ဖြေချိန်မှာ အီဂျစ်တိုက်စစ်မှူးက အသီးအရွက်ပဲစားဖို့ အကြံပေးသွားခဲ့ပြီး အစားအသောက်ပုံစံ ပေးသွားကြောင်းသိရ။

– မကြာသေးမီအတွင်း ဘာစီလိုနာအသင်းက တိုက်စစ်ကစားသမား အွန်ထွာ ဂရီးဇ်မန်းရဲ့ အေးဂျင့်အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အများစုနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ညှိနှိုင်းခဲ့ကြပြီး လီဗာပူးလ်လည်း တစ်သင်းအပါအဝင်ဖြစ်သလို ကမ္ဘာ့ဖလားချန်ပီယံအသင်းသားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိလာခဲ့။

– လီဗာပူးလ်နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ်ကတော့ သူ့အဖြစ်ကို အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဂျော့ဂ်ျ ဂရေဟမ်နဲ့ နှိုင်းလိုက်ပေမယ့် အန်ဖီးလ်သား‌တွေအတွက် ဘာပြဿနာမှရှိစရာမလိုဘဲ သူနည်းပြသစ်အဖြစ် တာဝန်ယူရမယ့် အဲဗာတန်က ပရိသတ်တွေကတော့ မပြောတတ်ကြောင်း မှတ်ချက်တွေ ပေးနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ခ်ျကို ခေါ်ယူချင်ပေမယ့် သူ့အတွက် သတ်မှတ်ထားတဲ့ ယူရိုသန်း ၆၀ ဆိုတဲ့ပမာဏက များလွန်းတယ်လို့ ယူဆတာကြောင့် လက်ရှောင်ခဲ့ရာကနေ နောက်တစ်ကြိမ် ယူရိုသန်း ၆၀ နဲ့ နီးစပ်တဲ့ ပမာဏတစ်ခုပေးပြီး ကမ်းလှမ်းသွားဖွယ်ရှိလာကြောင်းသိရ။

– လီယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ခြေတစ်လှမ်းနောက်ကျနေပြီး တော့တင်ဟမ်ဟော့စပါးစ်အသင်းက ကွင်းလယ်လူ တွန်ဂီး အန်ဒွမ်ဘီလီနဲ့ တိုက်ရိုက်လဲဖို့ ကမ်းလှမ်းချက်ကို ပြင်သစ်ကလပ်ဘက်က သဘောတွေ့လာ။

– ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ် မွိုက်စ်ကတော့ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူး ဒီဗော့ အိုရီဂီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တစ်ပတ်လုပ်ခ ပေါင် ၇၅,၀၀၀ နဲ့ အသင်းရဲ့ လစာအများဆုံးတွေထဲက တစ်ယောက်ဖြစ်လာဖို့အထိ စကော့သားကြီးက စဉ်းစားနေသလို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို မခေါ်ယူနိုင်ဖြစ်ခဲ့ရင် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားဘက်ကို ခေါ်ယူသွားဖို့အတွက် ပြင်ဆင်နေပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ အီဂျစ်သားကို စာချုပ်သစ်ချုပ်ဖို့ အန်ဖီးလ်သားတွေက ဆွေးနွေးနေဆဲဖြစ်ကြောင်းသိရ။

– လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်လာခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ပိုစိတ်ဝင်စားလာပုံရတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြနေကြပြီး သူ့ကို သိပ်နောက်မကျခင်မှာ သင့်တင့်တဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သင့်ကြောင်း အန်ဖီးလ်ပရိသတ်တွေ တိုက်တွန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ အငွားထြက္ကစားၿပီးေတာ့ အခ်ိန္ကုန္ေနခဲ့တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို အၿပီးသတ္ေရာင္းခ်သြားဖို႔ စီစဥ္လာခဲ့ၿပီး ေပါင္ ၁၀ သန္းရရင္ ေရာင္းဖို႔အတြက္ အသင့္ရွိေနသလို အငွားထပ္လႊတ္ဖို႔ေတာ့ အစီအစဥ္မရွိေတာ့ေၾကာင္း သတင္းမ်ားထြက္ေပၚလာ။

– ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားက လူငယ္ကစားသမား ဟာဗီ အီးလီးေယာ့ကို တစ္ေန႔ ေပါင္မုန႔္ဘယ္ႏွစ္ခ်ပ္ စားၿပီးၿပီလဲလို႔ ေမးၿပီး အဂၤလန္သားေလးက တစ္ခ်ပ္ပဲ စားရေသးေၾကာင္း ျပန္ေျဖခ်ိန္မွာ အီဂ်စ္တိုက္စစ္မႉးက အသီးအ႐ြက္ပဲစားဖို႔ အႀကံေပးသြားခဲ့ၿပီး အစားအေသာက္ပုံစံ ေပးသြားေၾကာင္းသိရ။

– မၾကာေသးမီအတြင္း ဘာစီလိုနာအသင္းက တိုက္စစ္ကစားသမား အြန္ထြာ ဂရီးဇ္မန္းရဲ႕ ေအးဂ်င့္အေနနဲ႔ ပရီးမီးယားလိဂ္ကလပ္အမ်ားစုနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥေတြ ညႇိႏႈိင္းခဲ့ၾကၿပီး လီဗာပူးလ္လည္း တစ္သင္းအပါအဝင္ျဖစ္သလို ကမာၻ႔ဖလားခ်န္ပီယံအသင္းသားကို ေခၚယူဖို႔ စိတ္ဝင္စားမႈရွိလာခဲ့။

– လီဗာပူးလ္နည္းျပေဟာင္း ရာေဖးလ္ ဘင္နီတက္ဇ္ကေတာ့ သူ႔အျဖစ္ကို အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး ေဂ်ာ့ဂ္် ဂေရဟမ္နဲ႔ ႏႈိင္းလိုက္ေပမယ့္ အန္ဖီးလ္သား‌ေတြအတြက္ ဘာျပႆနာမွရွိစရာမလိုဘဲ သူနည္းျပသစ္အျဖစ္ တာဝန္ယူရမယ့္ အဲဗာတန္က ပရိသတ္ေတြကေတာ့ မေျပာတတ္ေၾကာင္း မွတ္ခ်က္ေတြ ေပးေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ္်ကို ေခၚယူခ်င္ေပမယ့္ သူ႔အတြက္ သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၆၀ ဆိုတဲ့ပမာဏက မ်ားလြန္းတယ္လို႔ ယူဆတာေၾကာင့္ လက္ေရွာင္ခဲ့ရာကေန ေနာက္တစ္ႀကိမ္ ယူ႐ိုသန္း ၆၀ နဲ႔ နီးစပ္တဲ့ ပမာဏတစ္ခုေပးၿပီး ကမ္းလွမ္းသြားဖြယ္ရွိလာေၾကာင္းသိရ။

– လီယြန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ေျခတစ္လွမ္းေနာက္က်ေနၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက ကြင္းလယ္လူ တြန္ဂီး အန္ဒြမ္ဘီလီနဲ႔ တိုက္႐ိုက္လဲဖို႔ ကမ္းလွမ္းခ်က္ကို ျပင္သစ္ကလပ္ဘက္က သေဘာေတြ႕လာ။

– ဝက္စ္ဟမ္းအသင္းနည္းျပ ေဒးဗစ္ မြိဳက္စ္ကေတာ့ လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မႉး ဒီေဗာ့ အိုရီဂီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး တစ္ပတ္လုပ္ခ ေပါင္ ၇၅,၀၀၀ နဲ႔ အသင္းရဲ႕ လစာအမ်ားဆုံးေတြထဲက တစ္ေယာက္ျဖစ္လာဖို႔အထိ စေကာ့သားႀကီးက စဥ္းစားေနသလို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀ သန္းဝန္းက်င္နဲ႔ ကမ္းလွမ္းဖို႔ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို မေခၚယူႏိုင္ျဖစ္ခဲ့ရင္ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားဘက္ကို ေခၚယူသြားဖို႔အတြက္ ျပင္ဆင္ေနၿပီး စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေသးတဲ့ အီဂ်စ္သားကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အန္ဖီးလ္သားေတြက ေဆြးေႏြးေနဆဲျဖစ္ေၾကာင္းသိရ။

– လီဗာပူးလ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ဆက္တိုက္ထြက္လာခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ကို ပိုစိတ္ဝင္စားလာပုံရတယ္လို႔ ျပင္သစ္မီဒီယာေတြက ေဖာ္ျပေနၾကၿပီး သူ႔ကို သိပ္ေနာက္မက်ခင္မွာ သင့္တင့္တဲ့ ကမ္းလွမ္းမႈေတြ ျပဳလုပ္သင့္ေၾကာင္း အန္ဖီးလ္ပရိသတ္ေတြ တိုက္တြန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.