Premier League Transfer News

18 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ရာသီကြို စကော့တလန် ခြေစမ်းပွဲစဉ်တွေကတော့ စီနီယာတိုက်စစ်ကစားသမားတွေကို ပရိသတ်တွေအနေနဲ့ ပေါက်ကွဲစရာဖြစ်ခဲ့ရပြီး ရိန်းဂျားစ်နဲ့ပွဲမှာ အပိုင်ခေါင်းတိုက်ခွင့် တစ်ကြိမ်နဲ့ ဂိုးသမားမရှိတဲ့ ဂိုးထဲကို ကန်သွင်းခွင့် တစ်ကြိမ်ကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို မရှက်ဘူးလားလို့ မေးခွန်းထုတ်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ယမန်နေ့က ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီလို့ သိရအပြီးမှာ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အန်ဒါလက်ချ်ရဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကိုလည်း အပြီးသတ် ခေါ်ယူဖို့ လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်ပြီးခဲ့ပြီလို့ သိရ။

– အာဆင်နယ်အသင်းအနေနဲ့ ကစားသမားသစ်တွေဖြစ်လာတော့မယ့် နောက်ခံလူ ဘန်ဝှိုက်နဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါတို့ကို တရားဝင် မကြေငြာနိုင်သေးတာဟာ လူငယ်ကစားသမားတွေမှာ ကိုဗစ်တွေ့ရှိရမှု အခြေအနေတွေအရ အသင်းရဲ့ လန်ဒန် ကော်လ်နီ လေ့ကျင့်ရေးစင်တာကို ယာယီ ပိတ်ထားခဲ့ရလို့ဖြစ်ပြီး စိတ်ချရအောင် စောင့်ဆိုင်းရမှာကြောင့်ဖြစ်နေ။

– ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ချီလီတောင်ပံကစားသမား အလက်ဆစ် ဆန်ချက်ဇ်ကို အားကျသူဖြစ်တာကြောင့် အမ်းမရိတ်ဘက်က သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရခဲ့ရင် ဦးစားပေးပြောင်းရွှေ့လိုတယ်လို့ ဆိုနေကြ။

– ကစားသမားအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လိုနေပေမယ့် ဆာဆူအိုလိုအသင်းတာဝန်ရှိသူတွေအနေနဲ့ အရစ်ကျနဲ့ပဲဖြစ်ဖြစ် ငွေကြေးစတင်ရရှိနိုင်မှာဖြစ်သလို ဈေးပိုပေးမယ့် အာဆင်နယ်ဆီ မာနူယယ် လိုကာတယ်လီကို ရောင်းချလိုနေပြီး လန်ဒန်ကလပ်ဘက်က ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီလို့ အီတလီအခြေစိုက် စပို့စ်မီဒီယာဆက် ဖော်ပြ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းက ထွက်ခွာသွားခဲ့တဲ့ ဆွီဒင်တည်ကန်ဘောနည်းပြ အန်ဒရီးယာ့စ် ဂီယောရီဆွန်နေရာမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း အသက် ၃၀ ကျော်အရွယ် ပြင်သစ်သား နီကိုလာ ယိုဗယ်ကို အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း နည်းပြ မီခယ်လ် အာတီတာ ကြေငြာ။

– အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ် ဂျူဆက်ပီ မာရော့တာက မိမိတို့အနေနဲ့ အာဆင်နယ်နောက်ခံလူ ဟက်တာ ဘယ်လာရင်ကို စိတ်ဝင်စားမှုရှိနေကြောင်း အတည်ပြုပြောကြားလိုက်ပြီး အက်ရှ်ရက်ဖ် ဟာကီမီလို အကောင်းဆုံးကစားသမားတစ်ဦးကို ရောင်းထုတ်ခဲ့ အပြီးမှာ ပြန်လည်အားဖြည့်သွားဖို့ ရှိနေကြောင်းဆို။

– ဘယ်နောက်ခံလူသစ် နူနို တာဗာရက်စ်ရဲ့ ရိန်းဂျားစ်နဲ့ပွဲက ခြေစွမ်းကို အာဆင်နယ်ပရိသတ်တွေ သဘောကျနေကြပြီး ပေါ်တူဂီသားအနေနဲ့ အင်တာဗျူးမှာ သူ့ရဲ့ ညာခြေအကြောင်း ထည့်သွင်းပြောကြားထားခဲ့ဖူးတာ အလကားမဟုတ်ဘူးလို့ သူ့ရဲ့သွင်းဂိုးကို ရယူနိုင်ခဲ့မှုအတွက် ချီးကျူးနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ဖန်တီးမှုအတွက် လက်စတာစီးတီးရဲ့ အင်္ဂလန်သား ဂျိမ်းစ် မက်ဒီဆန်ကို ဦးစားပေးအဖြစ် ခေါ်ယူလိုနေပေမယ့် ပေါင်သန်း ၆၀ အောက် မဆင်းနိုင်တဲ့ တန်ကြေးကြောင့် လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကိုပဲ ဒီနွေရာသီမှာ ရရှိဖို့ ပြောင်းလဲအာရုံစိုက်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ရာသီႀကိဳ စေကာ့တလန္ ေျခစမ္းပြဲစဥ္ေတြကေတာ့ စီနီယာတိုက္စစ္ကစားသမားေတြကို ပရိသတ္ေတြအေနနဲ႔ ေပါက္ကြဲစရာျဖစ္ခဲ့ရၿပီး ရိန္းဂ်ားစ္နဲ႔ပြဲမွာ အပိုင္ေခါင္းတိုက္ခြင့္ တစ္ႀကိမ္နဲ႔ ဂိုးသမားမရွိတဲ့ ဂိုးထဲကို ကန္သြင္းခြင့္ တစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို မရွက္ဘူးလားလို႔ ေမးခြန္းထုတ္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ယမန္ေန႔က ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူဖို႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရခဲ့ၿပီလို႔ သိရအၿပီးမွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အန္ဒါလက္ခ်္ရဲ႕ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါကိုလည္း အၿပီးသတ္ ေခၚယူဖို႔ လုပ္ငန္းစဥ္အားလုံးကို လုပ္ေဆာင္ၿပီးခဲ့ၿပီလို႔ သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားသစ္ေတြျဖစ္လာေတာ့မယ့္ ေနာက္ခံလူ ဘန္ဝႈိက္နဲ႔ ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါတို႔ကို တရားဝင္ မေၾကျငာႏိုင္ေသးတာဟာ လူငယ္ကစားသမားေတြမွာ ကိုဗစ္ေတြ႕ရွိရမႈ အေျခအေနေတြအရ အသင္းရဲ႕ လန္ဒန္ ေကာ္လ္နီ ေလ့က်င့္ေရးစင္တာကို ယာယီ ပိတ္ထားခဲ့ရလို႔ျဖစ္ၿပီး စိတ္ခ်ရေအာင္ ေစာင့္ဆိုင္းရမွာေၾကာင့္ျဖစ္ေန။

– ၿဗိတိန္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ အာဆင္နယ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ ခ်ီလီေတာင္ပံကစားသမား အလက္ဆစ္ ဆန္ခ်က္ဇ္ကို အားက်သူျဖစ္တာေၾကာင့္ အမ္းမရိတ္ဘက္က သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ိဳး ရခဲ့ရင္ ဦးစားေပးေျပာင္းေ႐ႊ႕လိုတယ္လို႔ ဆိုေနၾက။

– ကစားသမားအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕လိုေနေပမယ့္ ဆာဆူအိုလိုအသင္းတာဝန္ရွိသူေတြအေနနဲ႔ အရစ္က်နဲ႔ပဲျဖစ္ျဖစ္ ေငြေၾကးစတင္ရရွိႏိုင္မွာျဖစ္သလို ေဈးပိုေပးမယ့္ အာဆင္နယ္ဆီ မာႏူယယ္ လိုကာတယ္လီကို ေရာင္းခ်လိုေနၿပီး လန္ဒန္ကလပ္ဘက္က ယူ႐ို ၄၅ သန္းနဲ႔ ကမ္းလွမ္းလိုက္ၿပီလို႔ အီတလီအေျခစိုက္ စပို႔စ္မီဒီယာဆက္ ေဖာ္ျပ။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းက ထြက္ခြာသြားခဲ့တဲ့ ဆြီဒင္တည္ကန္ေဘာနည္းျပ အန္ဒရီးယာ့စ္ ဂီေယာရီဆြန္ေနရာမွာ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ နည္းျပအဖြဲ႕ဝင္ေဟာင္း အသက္ ၃၀ ေက်ာ္အ႐ြယ္ ျပင္သစ္သား နီကိုလာ ယိုဗယ္ကို အစားထိုးခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္း နည္းျပ မီခယ္လ္ အာတီတာ ေၾကျငာ။

– အင္တာမီလန္အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ ဂ်ဴဆက္ပီ မာေရာ့တာက မိမိတို႔အေနနဲ႔ အာဆင္နယ္ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို စိတ္ဝင္စားမႈရွိေနေၾကာင္း အတည္ျပဳေျပာၾကားလိုက္ၿပီး အက္ရွ္ရက္ဖ္ ဟာကီမီလို အေကာင္းဆုံးကစားသမားတစ္ဦးကို ေရာင္းထုတ္ခဲ့ အၿပီးမွာ ျပန္လည္အားျဖည့္သြားဖို႔ ရွိေနေၾကာင္းဆို။

– ဘယ္ေနာက္ခံလူသစ္ ႏူႏို တာဗာရက္စ္ရဲ႕ ရိန္းဂ်ားစ္နဲ႔ပြဲက ေျခစြမ္းကို အာဆင္နယ္ပရိသတ္ေတြ သေဘာက်ေနၾကၿပီး ေပၚတူဂီသားအေနနဲ႔ အင္တာဗ်ဴးမွာ သူ႔ရဲ႕ ညာေျခအေၾကာင္း ထည့္သြင္းေျပာၾကားထားခဲ့ဖူးတာ အလကားမဟုတ္ဘူးလို႔ သူ႔ရဲ႕သြင္းဂိုးကို ရယူႏိုင္ခဲ့မႈအတြက္ ခ်ီးက်ဴးေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ဖန္တီးမႈအတြက္ လက္စတာစီးတီးရဲ႕ အဂၤလန္သား ဂ်ိမ္းစ္ မက္ဒီဆန္ကို ဦးစားေပးအျဖစ္ ေခၚယူလိုေနေပမယ့္ ေပါင္သန္း ၆၀ ေအာက္ မဆင္းႏိုင္တဲ့ တန္ေၾကးေၾကာင့္ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကိုပဲ ဒီေႏြရာသီမွာ ရရွိဖို႔ ေျပာင္းလဲအာ႐ုံစိုက္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.