La Liga Premier League

ေသာမတ္စ္ ပါေတးနဲ႔ လာကာဇက္တုိ႔ရဲ႕ အလဲအလွယ္ျဖစ္ေျမာက္လာဖြယ္ရွိေန

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ လာမယ့္ရာသီအတြက္ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးကို ေခၚယူလို ေနရာမွာ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ေသာမတ္စ္ ပါေတးအတြက္ ညႇိႏွဳိင္းသြားဖို႔ ရွိေနၿပီး တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္နဲ႔ လဲလွယ္သြားဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ေပါင္သန္း ၇၀ ေလာက္ တန္ေၾကးရွိခဲ့တဲ့ လာကာဇက္ဟာ ဒီႏွစ္မွာေတာ့ ကိုဗစ္-၁၉ နဲ႔ သူ႕ရဲ႕လက္က်န္စာခ်ဳပ္တို႔ေၾကာင့္ တန္ဖိုးအနည္းငယ္ ေလ်ာ့က်လာခဲ့ၿပီး ေပါင္သန္း ၅၀ ေလာက္ပဲ တန္ေၾကးရွိေတာ့ခ်ိန္မွာ ဒီပတ္ဝန္းက်င္ တန္ေၾကးမွာ ရွိေနတဲ့ ပါေတးနဲ႔ အလဲအထပ္ ျပဳလုပ္ႏုိင္ေျခလည္းရွိေနပါတယ္။

မက္ဒရစ္အသင္းရဲ႕ ေျခစြမ္းက်ဆင္းလာတဲ့ ဒီေယဂို ေကာ္စတာေနရာမွာ အစားထိုးဖို႔ အသက္ ၂၈ ႏွစ္အရြယ္ ျပင္သစ္တုိက္စစ္မွဴးဟာ အသင့္ေတာ္ဆုံးလုိ႔ နည္းျပ ဒီေယဂို ဆီမီယြန္နီက ထင္ျမင္ေနခ်ိန္မွာ အသင္းရဲ႕ကစားကြက္နဲ႔ မကိုက္ညီတဲ့ ကစားသမားကို အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကေတာ့ ေရာင္းထုတ္ဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလအတြက္ အသုံးစရိတ္ မ်ားမ်ားစားစား ရရွိဦးမွာ မဟုတ္လို႔ ဝယ္ခ်င္ရင္ ေရာင္းရမယ့္ နည္းနစ္ကိုပဲ အသုံးျပဳရဦးမွာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ကထက္ ပုိၿပီး ေဈးကြက္ထဲကို ပါးပါးနပ္နပ္ ဝင္ေရာက္သြားဖို႔လည္း ရွိေနပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဂါနာကြင္းလယ္လူကို အာဆင္နယ္တုိ႔ ေခၚယူမယ္ဆုိရင္ေတာ့ အက္သလက္တီကိုဘက္က စာခ်ဳပ္သက္တမ္း မတုိးႏုိင္ခင္မွာ ႀကဳိးစားရမွာျဖစ္ၿပီး အလ်င္အျမန္ မလုပ္ေဆာင္ႏုိင္ခဲ့ရင္ေတာ့ လာကာဇက္အျပင္ အလုိက္ေငြေၾကးကိုပါ ေပးေခ်သြားရႏိုင္သလို ကိုယ့္ဘက္က နစ္နာဖြယ္ရွိတာေၾကာင့္ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးနဲ႔ တာဝန္ရွိသူေတြရဲ႕ လုပ္ေဆာင္မွဳေတြကို ေစာင့္ၾကည့္ရဖြယ္ရွိေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လာမယ့်ရာသီအတွက် ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးကို ခေါ်ယူလို နေရာမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ သောမတ်စ် ပါတေးအတွက် ညှိနှိုင်းသွားဖို့ ရှိနေပြီး တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နဲ့ လဲလှယ်သွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပေါင်သန်း ၇၀ လောက် တန်ကြေးရှိခဲ့တဲ့ လာကာဇက်ဟာ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ နဲ့ သူ့ရဲ့လက်ကျန်စာချုပ်တို့ကြောင့် တန်ဖိုးအနည်းငယ် လျော့ကျလာခဲ့ပြီး ပေါင်သန်း ၅၀ လောက်ပဲ တန်ကြေးရှိတော့ချိန်မှာ ဒီပတ်ဝန်းကျင် တန်ကြေးမှာ ရှိနေတဲ့ ပါတေးနဲ့ အလဲအထပ် ပြုလုပ်နိုင်ခြေလည်းရှိနေပါတယ်။

မက်ဒရစ်အသင်းရဲ့ ခြေစွမ်းကျဆင်းလာတဲ့ ဒီယေဂို ကော်စတာနေရာမှာ အစားထိုးဖို့ အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အသင့်တော်ဆုံးလို့ နည်းပြ ဒီယေဂို ဆီမီယွန်နီက ထင်မြင်နေချိန်မှာ အသင်းရဲ့ကစားကွက်နဲ့ မကိုက်ညီတဲ့ ကစားသမားကို အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကတော့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွက် အသုံးစရိတ် များများစားစား ရရှိဦးမှာ မဟုတ်လို့ ဝယ်ချင်ရင် ရောင်းရမယ့် နည်းနစ်ကိုပဲ အသုံးပြုရဦးမှာဖြစ်ပြီး ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီး ဈေးကွက်ထဲကို ပါးပါးနပ်နပ် ဝင်ရောက်သွားဖို့လည်း ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် ဂါနာကွင်းလယ်လူကို အာဆင်နယ်တို့ ခေါ်ယူမယ်ဆိုရင်တော့ အက်သလက်တီကိုဘက်က စာချုပ်သက်တမ်း မတိုးနိုင်ခင်မှာ ကြိုးစားရမှာဖြစ်ပြီး အလျင်အမြန် မလုပ်ဆောင်နိုင်ခဲ့ရင်တော့ လာကာဇက်အပြင် အလိုက်ငွေကြေးကိုပါ ပေးချေသွားရနိုင်သလို ကိုယ့်ဘက်က နစ်နာဖွယ်ရှိတာကြောင့် နည်းစနစ် ဒါရိုက်တာ အီဒူးနဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ရဖွယ်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.