Premier League

လစာေငြ မျဖတ္ဘူးဆုိတဲ့ ယူႏိုက္တက္နဲ႔ ျဖတ္ေတာက္မယ့္ လန္ဒန္ကလပ္ႏွစ္သင္း

လက္ရွိ ပရီးမီးယားလိဂ္မွာ ဝင္ေငြက်ဆင္းေနမွဳအေပၚ ကလပ္အသင္းေတြအေနနဲ႔ ကစာသမားေတြကို လစာျဖတ္ေတာက္ျခင္း၊ ဒါမွမဟုတ္ လစာေငြ ေလွ်ာ့ယူဖို႔ တုိက္တြန္းျခင္းေတြ ျပဳလုပ္ေနေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ သူတုိ႔ရဲ႕ကစားသမားေတြကို လစာအျပည့္အဝ ဆက္လက္ေပးေခ်သြားမွာျဖစ္တယ္လုိ႔ ေၾကျငာလိုက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လူေပါင္း ၇၆၀၀၀ ဝင္ဆန္႔တဲ့ အုိးလ္ထရက္ဖို႔ဒ္ကြင္းႀကီးအေနနဲ႔ ပုံမွန္ ေဘာလုံးပြဲေတြ ကစားေနခ်ိန္မွာ ကြင္းဝင္ေၾကးအေနနဲ႔ကို ေငြေၾကးေတာ္ေတာ္မ်ားမ်ား ရွာေဖြေပးေနႏုိင္တာျဖစ္ၿပီး လက္ရွိမွာေတာ့ ပြဲေတြ ရပ္နားထားခ်ိန္မွာ ရရွိမယ့္ ခန္႔မွန္းဝင္ေငြ ေပါင္ ၂၁.၃ သန္းကို ဆုံးရွဳံးထားရတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက အုိးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ပြဲစဥ္ ၂၆ ပြဲကေန ေပါင္ ၁၁၀.၈၂ သန္း ရွာေဖြႏုိင္ခဲ့တဲ့ ယူႏုိက္တက္အေနနဲ႔ ဒီရာသီရဲ႕ လက္က်န္ အိမ္ကြင္းပြဲစဥ္ေတြကို ကြင္းပိတ္ကစားရမယ့္အခ်ိန္မွာ အထက္ေဖာ္ျပပါ ပမာဏကို ဆုံးရွဳံးမွာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ လစာေငြ အျမင့္ဆုံး ေပးေခ်ေနရတဲ့ အသင္းအေနနဲ႔ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြရဲ႕ လစာေငြေတြကို အျပည့္အဝ ဆက္လက္ေပးေခ်သြားမယ္လို႔ ဆုိခဲ့တာပါ။

ဒီအခ်ိန္မွာေတာ့ လန္ဒန္ကလပ္အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြကေတာ့ ကစားသမားေတြဆီက လစာေငြ ျဖတ္ေတာက္ဖို႔ လုပ္ေဆာင္ေနသလို စတမ္းဖုိ႔ဘရစ္ခ်္မွာ ကစားေနတဲ့ အသင္းသားေတြဟာ မတ္လကေန ေနာက္ထပ္ ၄ လအထိ လစာေငြရဲ႕ ၁၀ ရာခိုင္ႏွဳန္းကို ျဖတ္ေတာက္ဖို႔ သေဘာတူညီခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေတြနဲ႔ အသင္းၾကားမွာလည္း လစာေငြျဖတ္ေတာက္ဖုိ႔ သေဘာတူညီမွဳရခဲ့ၿပီျဖစ္တယ္လို႔ ဆုိခဲ့ၾကၿပီး သူတို႔အေနနဲ႔ အသင္းဘက္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္ ျဖတ္ေတာက္ခံရမယ့္ လစာေငြ ၁၂.၅ ရာခိုင္ႏွဳန္းကို ျပန္ေပးမယ့္အျပင္ အားလုံးအေနနဲ႔ ေဘာနပ္ ေပါင္တစ္သိန္း ထပ္မံရရွိမယ္ ဆုိတာေၾကာင့္ သေဘာတူညီမွဳရရွိခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်ရှိ ပရီးမီးယားလိဂ်မှာ ဝင်ငွေကျဆင်းနေမှုအပေါ် ကလပ်အသင်းတွေအနေနဲ့ ကစာသမားတွေကို လစာဖြတ်တောက်ခြင်း၊ ဒါမှမဟုတ် လစာငွေ လျှော့ယူဖို့ တိုက်တွန်းခြင်းတွေ ပြုလုပ်နေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ကစားသမားတွေကို လစာအပြည့်အဝ ဆက်လက်ပေးချေသွားမှာဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူပေါင်း ၇၆၀၀၀ ဝင်ဆန့်တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးအနေနဲ့ ပုံမှန် ဘောလုံးပွဲတွေ ကစားနေချိန်မှာ ကွင်းဝင်ကြေးအနေနဲ့ကို ငွေကြေးတော်တော်များများ ရှာဖွေပေးနေနိုင်တာဖြစ်ပြီး လက်ရှိမှာတော့ ပွဲတွေ ရပ်နားထားချိန်မှာ ရရှိမယ့် ခန့်မှန်းဝင်ငွေ ပေါင် ၂၁.၃ သန်းကို ဆုံးရှုံးထားရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ၂၆ ပွဲကနေ ပေါင် ၁၁၀.၈၂ သန်း ရှာဖွေနိုင်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ဒီရာသီရဲ့ လက်ကျန် အိမ်ကွင်းပွဲစဉ်တွေကို ကွင်းပိတ်ကစားရမယ့်အချိန်မှာ အထက်ဖော်ပြပါ ပမာဏကို ဆုံးရှုံးမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ လစာငွေ အမြင့်ဆုံး ပေးချေနေရတဲ့ အသင်းအနေနဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ လစာငွေတွေကို အပြည့်အဝ ဆက်လက်ပေးချေသွားမယ်လို့ ဆိုခဲ့တာပါ။

ဒီအချိန်မှာတော့ လန်ဒန်ကလပ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေကတော့ ကစားသမားတွေဆီက လစာငွေ ဖြတ်တောက်ဖို့ လုပ်ဆောင်နေသလို စတမ်းဖို့ဘရစ်ချ်မှာ ကစားနေတဲ့ အသင်းသားတွေဟာ မတ်လကနေ နောက်ထပ် ၄ လအထိ လစာငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေနဲ့ အသင်းကြားမှာလည်း လစာငွေဖြတ်တောက်ဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တယ်လို့ ဆိုခဲ့ကြပြီး သူတို့အနေနဲ့ အသင်းဘက်က ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ဖြတ်တောက်ခံရမယ့် လစာငွေ ၁၂.၅ ရာခိုင်နှုန်းကို ပြန်ပေးမယ့်အပြင် အားလုံးအနေနဲ့ ဘောနပ် ပေါင်တစ်သိန်း ထပ်မံရရှိမယ် ဆိုတာကြောင့် သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.