Premier League

ဟီမီနက္ဇ္ဟာ မန္ခ်က္စတာစီးတီးအတြက္ သင့္ေတာ္တဲ့သူလို႔ ဂြန္ဒိုးဝမ္ေျပာၾကား

မန္ခ်က္စတာစီးတီးကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္က ဝုလ္ဗာဟမ့္ပတန္ ဝမ္းဒါးရားစ္အသင္းရဲ႕ တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ဟာ ကမာၻ႕အဆင့္တုိက္စစ္မွဴးတစ္ေယာက္ျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းမွာ ကစားဖို႔အတြက္ လုံေလာက္တဲ့ အရည္အေသြးရွိသူလို႔ သုံးသပ္ေျပာၾကားလုိက္ပါတယ္။

၂၀၁၈-၁၉ ရာသီအစမွာ တန္းတက္ဝုလ္ဗ္စ္အသင္းကို ဘင္ဖီကာအသင္းကေန အငွားနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဟီမီနက္ဇ္ဟာ အသင္းနဲ႔အတူ အလ်င္အျမန္ပဲ အထုိင္က်ခဲ့ၿပီး နည္းျပ ႏူႏို အက္စ္ပရီစီတို ဆန္တိုလက္ေအာက္မွာ ေျခစြမ္းျပႏုိင္ခဲ့လုိ႔ ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၃၀ နဲ႔ အၿပီးသတ္ ေခၚယူခဲ့ၿပီး လက္ရွိရာသီမွာလည္း ဆက္လက္ေျခစြမ္းျပႏုိင္သူျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတဲ့ ဝုလ္ဗ္စ္တုိ႔အတြက္ ဒီရာသီကစားထားၿပီးသမွ်ပြဲေတြမွာ ၂၂ ဂိုးသြင္းၿပီး ၁၀ ဂိုး ဖန္တီးႏုိင္ခဲ့တဲ့ ဟီမီနက္ဇ္ဟာ အရပ္အေမာင္းျမင့္မားသူျဖစ္သလို ႀကံ့ခိုင္သန္စြမ္းၿပီး ပရီးမီးယားလိဂ္တုိက္စစ္မွဴးေကာင္းတစ္ေယာက္အျဖစ္လည္း အစမ္းသပ္ခံႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ သူ႕မွာ ကမာၻ႕အဆင့္တုိက္စစ္မွဴးတစ္ဦးရဲ႕ လိုအပ္ခ်က္ေတြအားလုံးနဲ႔ ျပည့္စုံတယ္။ ေရြ႕လ်ားမွဳေကာင္းမြန္တဲ့အျပင္ ႀကံ့ခိုင္သလို ေဘာလုံးနဲ႔ တစ္ပါတည္း လွဳပ္ရွားမွဳေတြမွာလည္း နည္းစနစ္ပိုင္းအရ ေက်ညက္သူပါ။ သူ႕ကို ကၽြန္ေတာ္တုိ႔အသင္းမွာ လာကစားတာမ်ဳိး ျမင္ခ်င္ၿပီး သူ႕ပုံစံက ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို သတိရမိေစပါတယ္”လုိ႔ ေဒါ့မြန္ကြင္းလယ္လူေဟာင္းက ESPN ကို ေျပာပါတယ္။

ဂြန္ဒိုးဝမ္က အသက္ ၂၈ ႏွစ္အရြယ္ မကၠဆီကို တုိက္စစ္မွဴးအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီး ၆ သင္းမွာ အခ်ိန္တုိအတြင္း ေနရာရယူႏုိင္လိမ့္မယ္လို႔လည္း ခန္႔မွန္းခဲ့ၿပီး ဘယ္အသင္းကိုေရာက္ေရာက္ သူဟာ အေကာင္းဆုံးကစားႏုိင္မယ့္ ကစားသမားမ်ဳိးျဖစ္တယ္လို႔လည္း သုံးသပ္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS & ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်က ဝုလ်ဗာဟမ့်ပတန် ဝမ်းဒါးရားစ်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းမှာ ကစားဖို့အတွက် လုံလောက်တဲ့ အရည်အသွေးရှိသူလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

၂၀၁၈-၁၉ ရာသီအစမှာ တန်းတက်ဝုလ်ဗ်စ်အသင်းကို ဘင်ဖီကာအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဟီမီနက်ဇ်ဟာ အသင်းနဲ့အတူ အလျင်အမြန်ပဲ အထိုင်ကျခဲ့ပြီး နည်းပြ နူနို အက်စ်ပရီစီတို ဆန်တိုလက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီး လက်ရှိရာသီမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဝုလ်ဗ်စ်တို့အတွက် ဒီရာသီကစားထားပြီးသမျှပွဲတွေမှာ ၂၂ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဟီမီနက်ဇ်ဟာ အရပ်အမောင်းမြင့်မားသူဖြစ်သလို ကြံ့ခိုင်သန်စွမ်းပြီး ပရီးမီးယားလိဂ်တိုက်စစ်မှူးကောင်းတစ်ယောက်အဖြစ်လည်း အစမ်းသပ်ခံနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ သူ့မှာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးရဲ့ လိုအပ်ချက်တွေအားလုံးနဲ့ ပြည့်စုံတယ်။ ရွေ့လျားမှုကောင်းမွန်တဲ့အပြင် ကြံ့ခိုင်သလို ဘောလုံးနဲ့ တစ်ပါတည်း လှုပ်ရှားမှုတွေမှာလည်း နည်းစနစ်ပိုင်းအရ ကျေညက်သူပါ။ သူ့ကို ကျွန်တော်တို့အသင်းမှာ လာကစားတာမျိုး မြင်ချင်ပြီး သူ့ပုံစံက ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို သတိရမိစေပါတယ်”လို့ ဒေါ့မွန်ကွင်းလယ်လူဟောင်းက ESPN ကို ပြောပါတယ်။

ဂွန်ဒိုးဝမ်က အသက် ၂၈ နှစ်အရွယ် မက္ကဆီကို တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ၆ သင်းမှာ အချိန်တိုအတွင်း နေရာရယူနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ပြီး ဘယ်အသင်းကိုရောက်ရောက် သူဟာ အကောင်းဆုံးကစားနိုင်မယ့် ကစားသမားမျိုးဖြစ်တယ်လို့လည်း သုံးသပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS & ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.