Premier League Transfer News

16 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီယွန်အသင်းကွင်းလယ်လူ ဟူဆင်းမ် အောဝါကို လီဗာပူးလ်အသင်းက စိတ်ဝင်စားမှုပြန်လည်ပြသခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကမ်းလှမ်းမှုပါ ပြုလုပ်တော့မယ်လို့သိရပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကွင်းလယ်တိုက်စစ်ကစားသမား နာဘီလ် ဖီကီယာကို အရမခေါ်ယူနိုင်ခဲ့လို့ ဆက်ဆံရေးပျက်စေခဲ့တဲ့အဖြစ်ကို အဖတ်ပြန်ဆယ်လိုနေ။

– လီဗာပူးလ်အသင်းအနေနဲ့ အီတလီ စီးရီးအေကလပ် နာပိုလီအသင်းရဲ့ ဆီနီဂေါခံစစ်မှူး ခါလီဒူး ကူလီဘေလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ယူရိုသန်း ၅၀ သတ်မှတ်ထားတဲ့ နေပယ်မြို့ရဲ့ ထိပ်တန်းခံစစ်ကစားသမားအတွက် အန်ဖီးလ်သား‌တို့က ယူရိုသန်း ၃၀ မှ ၄၀ အတွင်းသာ ပေးချေလိုနေကြောင်းသိရ။

– မနှစ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ ဝတ်ဖို့ဒ်တောင်ပံသမား အစ္စမိုင်လာ ဆားရ်ကို လီဗာပူးလ်အသင်းအနေနဲ့ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေသလို ကစားသမားဘက်ကလည်း ပြောင်းရွှေ့လိုနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ပေမယ့် မာနေး၊ ဆားလားတို့နဲ့အတူ ဇန်နဝါရီမှာ အာဖရိကဖလားဆီ စေလွှတ်ရဖို့အချက်က အဖျက်တစ်ခုဖြစ်နေ။

– ပီအက်စ်ဂျီအသင်းအနေနဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို လီဗာပူးလ်ရန်က လွတ်အောင် စာချုပ်သက်တမ်း တိုးချင်နေပေမယ့် ကစားသမားကိုယ်တိုင်က အတွေ့အကြုံသစ်တွေ ရှာဖွေချင်နေတာကြောင့် အသင်းပြောင်းဖြစ်ဖို့ များလာခဲ့ပြီး အန်ဖီးလ်သားတွေကတော့ သူ့ကို အရခေါ်ဖို့ဆို ပေါင်သန်း ၁၀၀ ကျော် သုံးစွဲရနိုင်ကြောင်း ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျွန်ဘန်းစ်က လိုင်လီကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို အန်ဖီးလ်မြေကို အရောက်ခေါ်ယူသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသားရဲ့ တောင်ပံမှာပါ ကစားနိုင်တာနဲ့ ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတာတွေက နည်းပြ ယာဂန် ကလော့ပ်အကြိုက်ဖြစ်ကြောင်း ထောက်ခံသွားခဲ့။

– ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီးဆူးမားကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက စိတ်ဝင်စားလာခဲ့ပြန်ပြီး စင်ရော်တွေရဲ့နည်းပြ ဂရေဟမ် ပေါ့တာအနေနဲ့ သူတို့ရဲ့ အဓိကကွင်းလယ်လူကို ရောင်းမထုတ်ချင်ပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ကြောင်း ပြောသွားခဲ့တာကြောင့် ကွင်းလယ်နေရာအတွက် ရင်ခုန်စရာဖြစ်လာခဲ့။

– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဝံပုလွေတွေဆီကနေ ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြကြီး နူနို အက်စ်ပီရီတို ဆန်တိုရဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာမို့လို့ ဆရာတပည့်ချင်း မပူးပေါင်းမိခင် အန်ဖီးလ်သားတို့ လက်ဦးရယူဖို့ လိုအပ်နေ။

– အသလက်တီကို မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကြားက ဆာအူးလ် ညီးရက်ဇ်ကို အွန်ထွာ ဂရစ်ဇ်မန်းနဲ့ လဲလှယ်ဖို့ကိစ္စ ပျက်ပြားသွားခဲ့ပြီဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ ဒါကို အခွင့်ကောင်းယူပြီး ကြားဝင်ကမ်းလှမ်းသွားဖို့ ရှိနေသလို မက်ဒရစ်အခြေစိုက် လာလီဂါချန်ပီယံတွေဘက်က ကစားသမား အလဲအထပ်ကို စိတ်မဝင်စားဘူးလို့တော့ ကြိုတင်သတိပေးထား။

– လီဗာပူးလ်အသင်းအနေနဲ့ ဒေါ့မွန်နဲ့ ပြောင်းရွှေ့သဘောတူညီသွားပြီလို့ သတင်းထွက်နေခဲ့တဲ့ ပီအက်စ်ဗီတောင်ပံကစားသမား ဒွန်ညဲလ် မာလန်အတွက် လက်မလျှော့သေးဘူးလို့ သိရပြီး သူနဲ့ ဆာအူးလ် ညီရက်ဇ်တို့အတွက် ပြောင်းရွှေ့ကြေး ရရှိနိုင်ဖို့ ရှာကျီရီ၊ အိုရီဂီ၊ ဂရူယစ်ချ်စတဲ့သူတွေအပါအဝင် ကစားသမား ၉ ဦးကို ရောင်းချငွေရှာသွားမယ်လို့ သတင်းထွက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီယြန္အသင္းကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို လီဗာပူးလ္အသင္းက စိတ္ဝင္စားမႈျပန္လည္ျပသခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ကမ္းလွမ္းမႈပါ ျပဳလုပ္ေတာ့မယ္လို႔သိရၿပီး ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ကြင္းလယ္တိုက္စစ္ကစားသမား နာဘီလ္ ဖီကီယာကို အရမေခၚယူႏိုင္ခဲ့လို႔ ဆက္ဆံေရးပ်က္ေစခဲ့တဲ့အျဖစ္ကို အဖတ္ျပန္ဆယ္လိုေန။

– လီဗာပူးလ္အသင္းအေနနဲ႔ အီတလီ စီးရီးေအကလပ္ နာပိုလီအသင္းရဲ႕ ဆီနီေဂါခံစစ္မႉး ခါလီဒူး ကူလီေဘလီကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး ယူ႐ိုသန္း ၅၀ သတ္မွတ္ထားတဲ့ ေနပယ္ၿမိဳ႕ရဲ႕ ထိပ္တန္းခံစစ္ကစားသမားအတြက္ အန္ဖီးလ္သား‌တို႔က ယူ႐ိုသန္း ၃၀ မွ ၄၀ အတြင္းသာ ေပးေခ်လိုေနေၾကာင္းသိရ။

– မႏွစ္ကတည္းက စိတ္ဝင္စားခဲ့တဲ့ ဝတ္ဖို႔ဒ္ေတာင္ပံသမား အစၥမိုင္လာ ဆားရ္ကို လီဗာပူးလ္အသင္းအေနနဲ႔ ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနသလို ကစားသမားဘက္ကလည္း ေျပာင္းေ႐ႊ႕လိုေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာႏိုင္ေပမယ့္ မာေနး၊ ဆားလားတို႔နဲ႔အတူ ဇန္နဝါရီမွာ အာဖရိကဖလားဆီ ေစလႊတ္ရဖို႔အခ်က္က အဖ်က္တစ္ခုျဖစ္ေန။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို လီဗာပူးလ္ရန္က လြတ္ေအာင္ စာခ်ဳပ္သက္တမ္း တိုးခ်င္ေနေပမယ့္ ကစားသမားကိုယ္တိုင္က အေတြ႕အႀကဳံသစ္ေတြ ရွာေဖြခ်င္ေနတာေၾကာင့္ အသင္းေျပာင္းျဖစ္ဖို႔ မ်ားလာခဲ့ၿပီး အန္ဖီးလ္သားေတြကေတာ့ သူ႔ကို အရေခၚဖို႔ဆို ေပါင္သန္း ၁၀၀ ေက်ာ္ သုံးစြဲရႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္ကစားသမား ဂြၽန္ဘန္းစ္က လိုင္လီကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ကို အန္ဖီးလ္ေျမကို အေရာက္ေခၚယူသင့္တယ္လို႔ တိုက္တြန္းသြားခဲ့ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ေပၚတူဂီသားရဲ႕ ေတာင္ပံမွာပါ ကစားႏိုင္တာနဲ႔ ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းတာေတြက နည္းျပ ယာဂန္ ကေလာ့ပ္အႀကိဳက္ျဖစ္ေၾကာင္း ေထာက္ခံသြားခဲ့။

– ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီးဆူးမားကို ေခၚယူဖို႔ လီဗာပူးလ္အသင္းက စိတ္ဝင္စားလာခဲ့ျပန္ၿပီး စင္ေရာ္ေတြရဲ႕နည္းျပ ဂေရဟမ္ ေပါ့တာအေနနဲ႔ သူတို႔ရဲ႕ အဓိကကြင္းလယ္လူကို ေရာင္းမထုတ္ခ်င္ေပမယ့္ ေဘာလုံးမွာ ဘာမဆိုျဖစ္ႏိုင္ေၾကာင္း ေျပာသြားခဲ့တာေၾကာင့္ ကြင္းလယ္ေနရာအတြက္ ရင္ခုန္စရာျဖစ္လာခဲ့။

– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ဝံပုေလြေတြဆီကေန ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ နည္းျပႀကီး ႏူႏို အက္စ္ပီရီတို ဆန္တိုရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး ကမ္းလွမ္းမႈေတြ ျပဳလုပ္ေတာ့မွာမို႔လို႔ ဆရာတပည့္ခ်င္း မပူးေပါင္းမိခင္ အန္ဖီးလ္သားတို႔ လက္ဦးရယူဖို႔ လိုအပ္ေန။

– အသလက္တီကို မက္ဒရစ္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ၾကားက ဆာအူးလ္ ညီးရက္ဇ္ကို အြန္ထြာ ဂရစ္ဇ္မန္းနဲ႔ လဲလွယ္ဖို႔ကိစၥ ပ်က္ျပားသြားခဲ့ၿပီျဖစ္ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ဒါကို အခြင့္ေကာင္းယူၿပီး ၾကားဝင္ကမ္းလွမ္းသြားဖို႔ ရွိေနသလို မက္ဒရစ္အေျခစိုက္ လာလီဂါခ်န္ပီယံေတြဘက္က ကစားသမား အလဲအထပ္ကို စိတ္မဝင္စားဘူးလို႔ေတာ့ ႀကိဳတင္သတိေပးထား။

– လီဗာပူးလ္အသင္းအေနနဲ႔ ေဒါ့မြန္နဲ႔ ေျပာင္းေ႐ႊ႕သေဘာတူညီသြားၿပီလို႔ သတင္းထြက္ေနခဲ့တဲ့ ပီအက္စ္ဗီေတာင္ပံကစားသမား ဒြန္ညဲလ္ မာလန္အတြက္ လက္မေလွ်ာ့ေသးဘူးလို႔ သိရၿပီး သူနဲ႔ ဆာအူးလ္ ညီရက္ဇ္တို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ရရွိႏိုင္ဖို႔ ရွာက်ီရီ၊ အိုရီဂီ၊ ဂ႐ူယစ္ခ်္စတဲ့သူေတြအပါအဝင္ ကစားသမား ၉ ဦးကို ေရာင္းခ်ေငြရွာသြားမယ္လို႔ သတင္းထြက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.