Premier League Transfer News

17 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

အမေရိကန်ရုပ်ရှင်မင်းသား ဂျေဆန် ဆူးဒေးကစ္စဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပင်နယ်တီလွဲချော်ခဲ့လို့ လူမျိုးရေးခွဲခြားမှုနဲ့ ဝေဖန်မှုဒဏ်တွေကို ခံနေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ ဘူကာယို ဆာကာတို့ဘက်က ရပ်တည်ကြောင်း ထောက်ခံသွားခဲ့ပြီး အဆိုပါကစားသမားတွေရဲ့ အမည်ကို ရေးထိုးထားတဲ့ ဂျာစီကို ဝတ်ဆင်ပြီး စိတ်အားတက်ရေးကို မီးမောင်းထိုးပြခဲ့။

ယူနိုက်တက်ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာကာက ခရစ္စတယ်လ် ပဲလေ့စ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို ပေါင်သန်း ၅၀ နဲ့ မပြောင်းရွှေ့ခင်က သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်လုနီးပါးဖြစ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး ဖခင်ရဲ့ ထိန်းကျောင်းဆုံးမမှုကြောင့်သာ ဘောလုံးသမားဘဝကို အလေးအနက်ခံယူချက်ထားပြီး အခုလိုအခြေအနေအထိ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း ရင်ဖွင့်သွားခဲ့။

ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ လိုင်ယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ဒီနွေမှာ အပြီးသတ် ခေါ်ယူသွားဖို့ စိတ်ဝင်စားလာ​ကြောင်း သိရပြီး လက်ရှိအချိန်မှာ ပြင်သစ်ကလပ်ရဲ့ တောင်းဆိုမှုမှာ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းအထိ စျေးကျသွားခဲ့ကြောင့် အပြောင်းအရွှေ့ အဆင်ပြေသွားဖွယ်ရှိနေပြီး စပါးစ်၊ လီဗာပူးလ်တို့ကို ကျော်ဖြတ်ရဖွယ်ရှိကြောင်း သိရ။

နောက်ဆုံးရသတင်းတွေအရ ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားဟာ ရာဖေးလ် ဗာရွန်းကိုသာ ခေါ်ယူနိုင်ခဲ့ရင် လာမယ့်ဘောလုံးရာသီသစ်မှာ ကစားကွက်အသစ်ကို ပြောင်းလဲသွားမယ်လို့ သိရပြီး ပြီးခဲ့တဲ့ရာသီက အား​ပြုခဲ့တဲ့ ၄-၂-၃-၁ ပုံစံကို စွန့်လွှတ်ပြီး ၄-၃-၃ အခင်းအကျင်းကို အဓိက ဖော်​ဆောင်သွားမှာဖြစ်သလို ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်+မက်တော်မီနေးတို့အတွဲကို အထိုင်ချသွားဖို့ စီစဥ်ထား။

ယူနိုက်တက်အသင်းက မျက်စိကျနေတဲ့ အီတလီကွင်းလယ်လူ နီကိုလို ဘာရယ်လာကို ဘယ်နည်းနဲ့မှ ထုတ်ရောင်းဖို့ အစီအစဥ်မရှိကြောင်း အင်တာမီလန်အသင်းက တုံ့ပြန်သွားခဲ့တယ်လို့ သိရပြီး စီးရီးအေကလပ်ဟာ အသက် ၂၄ နှစ်သားကို ‘ရောင်းရန်မဟုတ်’ လို့ သတ်မှတ်ထားသလို စာချုပ်သစ်တရပ်နဲ့ ဆက်ထိန်းသွားမယ်လို့ သိရ။

ယူနိုက်တက်တို့ဟာ လာလီဂါကစားသမားနှစ်ဦးဖြစ်တဲ့ ရာဖေးလ် ဗာရွန်းနဲ့ ကီရန် ထရစ်ပီယာတို့ကို အပြီးအစီး ပေါင် ၆၈ သန်းနဲ့ သဘောတူညီမှုရယူဖို့ အလားအလာကောင်းနေပြီဖြစ်ကြောင်း သိရှိရပြီး ရီးရဲလ်အသင်းရဲ့ ဗဟိုနောက်ခံလူအတွက် ပေါင်သန်း ၅၀၊ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူအတွက် ပေါင် ၁၈ သန်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ သေချာသလောက်ရှိနေ။

အိုးထရက်ဖို့ဒ်အိမ်ကို ဒီနွေမှာ ပြန်လာဖို့ စိတ်ဆန္ဒပြင်းပြနေတယ်လို့ သတင်းထွက်နေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တူရင်မြေမှာ ဆက်လက်တို​က်ပွဲဝင်သွားမှာဖြစ်ကြောင်း အသင်းတာဝန်ရှိသူ ပါဗယ်လ် နက်ဗက်က အတည်ပြုသွားခဲ့တယ်လို့ သိရပြီး အသက် ၃၆ နှစ်သားနဲ့ ပတ်သက်တဲ့ နောက်ဆုံးအနေအထားမှာ မျှော်လင့်ချက်ကြီးမားနေတဲ့ ယူနိုက်တက်ပရိသတ်တွေ မကြားချင်တဲ့ သတင်းတပုဒ်ဖြစ်လာခဲ့။

ကစားသမားသစ် ဂျေဒန် ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို ယူနိုက်တက်ဘက်က တရားဝင်ကြေငြာသွားဖို့ နှောင့်နှေးနေတာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ စိတ်မရှည်ဖြစ်နေကြရကြောင်း ထုတ်ဖော်သွားခဲ့ကြပြီး ကစားသမားမိတ်ဆက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးပြီးစီးခဲ့တဲ့ ယူနိုက်တက်ဘက်က ဒီနေ့မှာ တရားဝင်ကြေငြာသွားဖို့ မျှော်လင့်ခံထားရ။

စီးရီးအေကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ရိုးမားအသင်းတို့ဟာ ယူနိုက်တက်ဘယ်နောက်ခံအစွန်လူ အဲလက်စ် တဲလက်စ်ကို အခုနွေမှာ တရာသီအငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေကြောင်း သိရပြီး သရဲနီတို့ဘက်က အသင်းရဲ့ လူအင်အားတောင့်တင်းမှုကို ဦးစားပေးချင်တာကြောင့် အသက် ၂၈ နှစ်သားအတွက် ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်း အပြီးသတ်ပယ်ချသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမရိကန္႐ုပ္ရွင္မင္းသား ေဂ်ဆန္ ဆူးေဒးကစၥဟာ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ပင္နယ္တီလြဲေခ်ာ္ခဲ့လို႔ လူမ်ိဳးေရးခြဲျခားမႈနဲ႔ ေဝဖန္မႈဒဏ္ေတြကို ခံေနရတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ေဂ်ဒန္ ဆန္ခ်ိဳ၊ ဘူကာယို ဆာကာတို႔ဘက္က ရပ္တည္ေၾကာင္း ေထာက္ခံသြားခဲ့ၿပီး အဆိုပါကစားသမားေတြရဲ႕ အမည္ကို ေရးထိုးထားတဲ့ ဂ်ာစီကို ဝတ္ဆင္ၿပီး စိတ္အားတက္ေရးကို မီးေမာင္းထိုးျပခဲ့။

ယူႏိုက္တက္ညာေနာက္ခံလူ အာ႐ြန္ ဝမ္ဘစ္ဆာကာက ခရစၥတယ္လ္ ပဲေလ့စ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို ေပါင္သန္း ၅၀ နဲ႔ မေျပာင္းေ႐ႊ႕ခင္က သူ႔ရဲ႕ ကစားသမားဘဝ အဆုံးသတ္လုနီးပါးျဖစ္ခဲ့ေၾကာင္း ဝန္ခံသြားခဲ့ၿပီး ဖခင္ရဲ႕ ထိန္းေက်ာင္းဆုံးမမႈေၾကာင့္သာ ေဘာလုံးသမားဘဝကို အေလးအနက္ခံယူခ်က္ထားၿပီး အခုလိုအေျခအေနအထိ တိုက္ပြဲဝင္ႏိုင္ခဲ့ေၾကာင္း ရင္ဖြင့္သြားခဲ့။

ယူႏိုက္တက္အသင္းဟာ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ျဖစ္တဲ့ လိုင္ယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ဒီေႏြမွာ အၿပီးသတ္ ေခၚယူသြားဖို႔ စိတ္ဝင္စားလာ​ေၾကာင္း သိရၿပီး လက္ရွိအခ်ိန္မွာ ျပင္သစ္ကလပ္ရဲ႕ ေတာင္းဆိုမႈမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၅ သန္းအထိ ေစ်းက်သြားခဲ့ေၾကာင့္ အေျပာင္းအေ႐ႊ႕ အဆင္ေျပသြားဖြယ္ရွိေနၿပီး စပါးစ္၊ လီဗာပူးလ္တို႔ကို ေက်ာ္ျဖတ္ရဖြယ္ရွိေၾကာင္း သိရ။

ေနာက္ဆုံးရသတင္းေတြအရ ယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားဟာ ရာေဖးလ္ ဗာ႐ြန္းကိုသာ ေခၚယူႏိုင္ခဲ့ရင္ လာမယ့္ေဘာလုံးရာသီသစ္မွာ ကစားကြက္အသစ္ကို ေျပာင္းလဲသြားမယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့ရာသီက အား​ျပဳခဲ့တဲ့ ၄-၂-၃-၁ ပုံစံကို စြန္႔လႊတ္ၿပီး ၄-၃-၃ အခင္းအက်င္းကို အဓိက ေဖာ္​ေဆာင္သြားမွာျဖစ္သလို ကြင္းလယ္ပိုင္းမွာ ဖရက္ဒ္+မက္ေတာ္မီေနးတို႔အတြဲကို အထိုင္ခ်သြားဖို႔ စီစဥ္ထား။

ယူႏိုက္တက္အသင္းက မ်က္စိက်ေနတဲ့ အီတလီကြင္းလယ္လူ နီကိုလို ဘာရယ္လာကို ဘယ္နည္းနဲ႔မွ ထုတ္ေရာင္းဖို႔ အစီအစဥ္မရွိေၾကာင္း အင္တာမီလန္အသင္းက တုံ႔ျပန္သြားခဲ့တယ္လို႔ သိရၿပီး စီးရီးေအကလပ္ဟာ အသက္ ၂၄ ႏွစ္သားကို ‘ေရာင္းရန္မဟုတ္’ လို႔ သတ္မွတ္ထားသလို စာခ်ဳပ္သစ္တရပ္နဲ႔ ဆက္ထိန္းသြားမယ္လို႔ သိရ။

ယူႏိုက္တက္တို႔ဟာ လာလီဂါကစားသမားႏွစ္ဦးျဖစ္တဲ့ ရာေဖးလ္ ဗာ႐ြန္းနဲ႔ ကီရန္ ထရစ္ပီယာတို႔ကို အၿပီးအစီး ေပါင္ ၆၈ သန္းနဲ႔ သေဘာတူညီမႈရယူဖို႔ အလားအလာေကာင္းေနၿပီျဖစ္ေၾကာင္း သိရွိရၿပီး ရီးရဲလ္အသင္းရဲ႕ ဗဟိုေနာက္ခံလူအတြက္ ေပါင္သန္း ၅၀၊ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ညာေနာက္ခံလူအတြက္ ေပါင္ ၁၈ သန္းနဲ႔ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေသခ်ာသေလာက္ရွိေန။

အိုးထရက္ဖို႔ဒ္အိမ္ကို ဒီေႏြမွာ ျပန္လာဖို႔ စိတ္ဆႏၵျပင္းျပေနတယ္လို႔ သတင္းထြက္ေနတဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တူရင္ေျမမွာ ဆက္လက္တို​က္ပြဲဝင္သြားမွာျဖစ္ေၾကာင္း အသင္းတာဝန္ရွိသူ ပါဗယ္လ္ နက္ဗက္က အတည္ျပဳသြားခဲ့တယ္လို႔ သိရၿပီး အသက္ ၃၆ ႏွစ္သားနဲ႔ ပတ္သက္တဲ့ ေနာက္ဆုံးအေနအထားမွာ ေမွ်ာ္လင့္ခ်က္ႀကီးမားေနတဲ့ ယူႏိုက္တက္ပရိသတ္ေတြ မၾကားခ်င္တဲ့ သတင္းတပုဒ္ျဖစ္လာခဲ့။

ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကို ယူႏိုက္တက္ဘက္က တရားဝင္ေၾကျငာသြားဖို႔ ေႏွာင့္ေႏွးေနတာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ စိတ္မရွည္ျဖစ္ေနၾကရေၾကာင္း ထုတ္ေဖာ္သြားခဲ့ၾကၿပီး ကစားသမားမိတ္ဆက္ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြကို ႐ိုက္ကူးၿပီးစီးခဲ့တဲ့ ယူႏိုက္တက္ဘက္က ဒီေန႔မွာ တရားဝင္ေၾကျငာသြားဖို႔ ေမွ်ာ္လင့္ခံထားရ။

စီးရီးေအကလပ္ေတြျဖစ္တဲ့ အင္တာမီလန္နဲ႔ ႐ိုးမားအသင္းတို႔ဟာ ယူႏိုက္တက္ဘယ္ေနာက္ခံအစြန္လူ အဲလက္စ္ တဲလက္စ္ကို အခုေႏြမွာ တရာသီအငွားနဲ႔ ေခၚယူသြားဖို႔ စိတ္ဝင္တစားရွိေနေၾကာင္း သိရၿပီး သရဲနီတို႔ဘက္က အသင္းရဲ႕ လူအင္အားေတာင့္တင္းမႈကို ဦးစားေပးခ်င္တာေၾကာင့္ အသက္ ၂၈ ႏွစ္သားအတြက္ ကမ္းလွမ္းမႈကို လက္မခံႏိုင္ေၾကာင္း အၿပီးသတ္ပယ္ခ်သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.