Premier League Transfer News

16 Jul နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်စီးတီးအသင်းက တောက်လျှောက် ကျားချောင်းချောင်းလာခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဖို့ သေချာသလောက် ရှိသွားခဲ့ချိန်မှာ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ တပည့်ဟောင်းနဲ့ တကျော့ပြန်လက်တွဲဖို့ မျှော်လင့်ချက်ဟာ အဆုံးသတ်သွားခဲ့ရပေမယ့် နူးကမ့်မှာ မက်ဆီရဲ့ ကစားသမားဘဝ ကုန်ဆုံးပြီး အရိုးထုတ်သွားမယ့်အရေးအတွက် အထူးကျေနပ်မိနေကြောင်းသိရ။

– ဒီနွေရာသီမှာ ဟာရီကိန်းနဲ့ ဟာလန်းတို့ကို နံပါတ် ၁ ပစ်မှတ်အဖြစ် ဆက်တိုက်ချိန်ရွယ်နေတဲ့ မန်စီးတီးရဲ့ ဦးတည်ရာဟာ ပြောင်းလဲသွားဖွယ်ရှိနေပြီး နည်းပြ ဂွါဒီယိုလာရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို အမြန်ဆုံးခေါ်သွားဖို့ စီစဉ်လာခဲ့သလို ပေါင်သန်း ၆၀ မကျော်ဘဲ ဈေးသက်သက်သာသာနဲ့ရဖို့ မျှော်လင့်ထားချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အားပြိုင်သွားရဖွယ်ရှိနေ။

– ဆောက်သမ်တန်အသင်းကနေ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှုး ဒန်နီအင်းစ်ဟာ မန်စီးတီးအသင်းကသာ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် ခပ်သွက်သွက်ပဲ လက်ခံသွားဖို့ ရှိနေပြီး အပြောင်းအရွှေ့ကိစ္စအတွက် တိုက်ရိုက်စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ နောက်ဆုံးသတင်းအရ သိရသလို ဆာဂျီယို အဂွေရိုနေရာကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးခံထားရ။

– မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အန်ဒါလက်ချ်မှာ အငှားချခံရပြီး ၂၁ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး လူးကပ်စ် နမီချာကို ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းဆီ ပေါင် ၁၁ သန်းနဲ့ ရောင်းချသွားဖို့ အလွန်နီးစပ်နေကြောင်း Daily Mail သတင်းက ဖော်ပြသွားခဲ့ပြီး ၂၂ နှစ်သားရဲ့ လက်မှတ်ကို ရရှိဖို့ RB လိုက်ပ်ဇ်အသင်းကလည်း အပြင်းအထန်ကြိုးပမ်းနေ။

– ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ ဂိုးရှေ့မှာတော့ ဂိုးသွင်းခြေပျောက်နေခဲ့ပေမယ့် ကွင်းပြင်ပမှာတော့ အသက် ၂၀ အရွယ် ရိုင်ယန်နီ လီမာနဲ့ တွဲခုတ်ပြီး လူမြင်ကွင်းမှာ ခြေစွမ်းပြနေခဲ့ကြောင်း သတင်းတွေ တက်လာခဲ့ပြီး အဆိုပါ ဆိုရှယ်မီဒီယာစတားလေးနဲ့ ဘရာဇီးလ်ဇာတိမှာ လက်ချင်းတွဲပြီး ဒိတ်လုပ်နေခဲ့ကြောင်း ဓာတ်ပုံများထွက်ပေါ်လာ။

– လာမယ့် ပရီးမီးယားလိဂ်ရာသီသစ်အတွက် ဆူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်မှာ မန်စီးတီးက လီဗာပူးလ်အသင်းကို ၁၁ မှတ်ဖြတ်ပြီး ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာမယ်လို့ ကြိုတင်ဟောကိန်းထုတ်သွားခဲ့သလို မန်ချက်စတာမြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကတော့ အဆင့် ၄ နဲ့သာ ရာသီသိမ်းရမှာဖြစ်ကြောင်း အဖြေထုတ်သွားခဲ့။

– ကွင်းလယ်ဖန်တီးရှင် ဂျက်ခ် ဂရီးလစ်ရှ်ကို ရောင်းထုတ်ဖို့ ငြင်းဆိုထားတဲ့ အက်စတန်ဗီလာအသင်းအနေနဲ့ မန်စီးတီးအသင်းရဲ့ ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုမှာ ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားဖွယ်ရှိနေပြီး အသက် ၂၅ နှစ်အရွယ် အင်္ဂလန်သားအနေနဲ့ ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့ ရှိနေတဲ့အသင်းကို မပြောင်းသင့်ကြောင်း သတိပေးမှုတွေ ရှိနေပေမယ့် ကစားသမားရဲ့ ပွဲထွက်ခွင့်တောင်းဆိုမှုအရ နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို စောင့်ကြည့်သွားရဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းမှာ တပတ်ပေါင် ၆ သိန်းနီးပါး လစာပေးချေနေရတဲ့ တိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းဟာ ဒီနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းပြေးနေပေမယ့် အီတီဟတ်မြေရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ ဒီဘရိုင်းနားထက် ပေါင် ၂ သိန်းကျော် ပိုပေးရမှာက မန်စီးတီးအတွက် အဓိက အနှောင့်အယှက်တခုဖြစ်နေသလို ခြေစွမ်းမတည်ငြိမ်တော့တဲ့ အသက် ၃၀ အရွယ်ကစားသမားကို လုံးဝမဝယ်ယူဖို့ တိုက်တွန်းခံထားရ။

– မန်စီးတီးနဲ့ယှဉ်ရင် ပိုအဆင့်မြင့်တဲ့ အသင်းမရှိတာကြောင့် ဘယ်တော့မှ အသင်းသစ်ရှာမှာမဟုတ်ဘူးလို့ ရီးယက် မာရက်ဇ်က ကြွေးကြော်သွားခဲ့ပြီး အာဆင်နယ်နဲ့ သတင်းတွေ ထွက်နေတဲ့ အပြောင်းအရွှေ့ကောလဟလတွေကို ပယ်ချသွားခဲ့သလို သူ့ရဲ့အနာဂတ်ဟာ အီတီဟတ်မှာ ဆက်ရှိနေမယ်လို့ ပရိသတ်တွေဆီ ရှင်းရှင်းလင်းလင်း အသိပေးသွားခဲ့။

– ဘယ်နောက်ခံလူနေရာကို အားဖြည့်ဖို့ ၂၀၂၁ နှစ်စကတည်းက မန်စီးတီးအသင်းအနေနဲ့ တောက်လျှောက်ချိတ်ဆက်လာခဲ့တဲ့ နူနို မန်ဒက်စ်ကို စပို့တင်း လစ္စဘွန်းအသင်းက ယူရိုသန်း ၇၀ ရရင် ထုတ်ရောင်းဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပြီး ကစားသမားကို နှစ်ခြိုက်နေတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းတို့ဟာ ယူရို ၅၅ သန်းနဲ့ သဘောတူညီမှုရယူဖို့ ညှိနှိုင်းနေ။

– လာမယ့်ရာသီသစ်မှာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့​ကို သူတင်ကိုယ်တင် စိန်ခေါ်ဖို့ အီဘရာဟီမာ ကိုနာတေကို စုဆောင်းထားတဲ့ လီဗာပူးလ်၊ ဆန်ချိုနဲ့ ဗာရွန်းတို့ရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးကြေငြာတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ခြေလှမ်းနောက်ကို အစ်တီဟတ်သားတွေ အမီလိုက်ဖို့ ​ကြိုးစားနေပြီး ရူဘင် ဒီယာ့စ်ရဲ့ ဥပမာလို လူမှန်နေရာမှန် တိုက်စစ်မှူးသစ်ကို အပူတပြင်းရှာဖွေနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္စီးတီးအသင္းက ေတာက္ေလွ်ာက္ က်ားေခ်ာင္းေခ်ာင္းလာခဲ့တဲ့ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ ေသခ်ာသေလာက္ ရွိသြားခဲ့ခ်ိန္မွာ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ တပည့္ေဟာင္းနဲ႔ တေက်ာ့ျပန္လက္တြဲဖို႔ ေမွ်ာ္လင့္ခ်က္ဟာ အဆုံးသတ္သြားခဲ့ရေပမယ့္ ႏူးကမ့္မွာ မက္ဆီရဲ႕ ကစားသမားဘဝ ကုန္ဆုံးၿပီး အ႐ိုးထုတ္သြားမယ့္အေရးအတြက္ အထူးေက်နပ္မိေနေၾကာင္းသိရ။

– ဒီေႏြရာသီမွာ ဟာရီကိန္းနဲ႔ ဟာလန္းတို႔ကို နံပါတ္ ၁ ပစ္မွတ္အျဖစ္ ဆက္တိုက္ခ်ိန္႐ြယ္ေနတဲ့ မန္စီးတီးရဲ႕ ဦးတည္ရာဟာ ေျပာင္းလဲသြားဖြယ္ရွိေနၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ တပည့္ေဟာင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို အျမန္ဆုံးေခၚသြားဖို႔ စီစဥ္လာခဲ့သလို ေပါင္သန္း ၆၀ မေက်ာ္ဘဲ ေဈးသက္သက္သာသာနဲ႔ရဖို႔ ေမွ်ာ္လင့္ထားခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အားၿပိဳင္သြားရဖြယ္ရွိေန။

– ေဆာက္သမ္တန္အသင္းကေန ထြက္ခြာလိုေနတဲ့ တိုက္စစ္မႈး ဒန္နီအင္းစ္ဟာ မန္စီးတီးအသင္းကသာ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္လာခဲ့ရင္ ခပ္သြက္သြက္ပဲ လက္ခံသြားဖို႔ ရွိေနၿပီး အေျပာင္းအေ႐ႊ႕ကိစၥအတြက္ တိုက္႐ိုက္စကားေျပာဆိုမႈေတြ ရွိခဲ့တယ္လို႔ ေနာက္ဆုံးသတင္းအရ သိရသလို ဆာဂ်ီယို အေဂြ႐ိုေနရာကို အေကာင္းဆုံးျဖည့္စြမ္းေပးႏိုင္လိမ့္မယ္လို႔ မွတ္ခ်က္ေပးခံထားရ။

– မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အန္ဒါလက္ခ်္မွာ အငွားခ်ခံရၿပီး ၂၁ ဂိုးသြင္းခဲ့တဲ့ တိုက္စစ္မႉး လူးကပ္စ္ နမီခ်ာကို ဂ်ာမန္ကလပ္ ဝုလ္ဖ္ဘတ္အသင္းဆီ ေပါင္ ၁၁ သန္းနဲ႔ ေရာင္းခ်သြားဖို႔ အလြန္နီးစပ္ေနေၾကာင္း Daily Mail သတင္းက ေဖာ္ျပသြားခဲ့ၿပီး ၂၂ ႏွစ္သားရဲ႕ လက္မွတ္ကို ရရွိဖို႔ RB လိုက္ပ္ဇ္အသင္းကလည္း အျပင္းအထန္ႀကိဳးပမ္းေန။

– ဂ်ဴဗင္တပ္စ္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ မန္စီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ ဂိုးေရွ႕မွာေတာ့ ဂိုးသြင္းေျခေပ်ာက္ေနခဲ့ေပမယ့္ ကြင္းျပင္ပမွာေတာ့ အသက္ ၂၀ အ႐ြယ္ ႐ိုင္ယန္နီ လီမာနဲ႔ တြဲခုတ္ၿပီး လူျမင္ကြင္းမွာ ေျခစြမ္းျပေနခဲ့ေၾကာင္း သတင္းေတြ တက္လာခဲ့ၿပီး အဆိုပါ ဆိုရွယ္မီဒီယာစတားေလးနဲ႔ ဘရာဇီးလ္ဇာတိမွာ လက္ခ်င္းတြဲၿပီး ဒိတ္လုပ္ေနခဲ့ေၾကာင္း ဓာတ္ပုံမ်ားထြက္ေပၚလာ။

– လာမယ့္ ပရီးမီးယားလိဂ္ရာသီသစ္အတြက္ ဆူပါကြန္ပ်ဴတာရဲ႕ ခန႔္မွန္းခ်က္မွာ မန္စီးတီးက လီဗာပူးလ္အသင္းကို ၁၁ မွတ္ျဖတ္ၿပီး ၅ ႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္လာမယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္သြားခဲ့သလို မန္ခ်က္စတာၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္အသင္းကေတာ့ အဆင့္ ၄ နဲ႔သာ ရာသီသိမ္းရမွာျဖစ္ေၾကာင္း အေျဖထုတ္သြားခဲ့။

– ကြင္းလယ္ဖန္တီးရွင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေရာင္းထုတ္ဖို႔ ျငင္းဆိုထားတဲ့ အက္စတန္ဗီလာအသင္းအေနနဲ႔ မန္စီးတီးအသင္းရဲ႕ ေပါင္သန္း ၁၀၀ တန္ ကမ္းလွမ္းမႈမွာ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္သြားဖြယ္ရွိေနၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္သားအေနနဲ႔ ဒီဘ႐ိုင္းနားနဲ႔ ဖိုဒန္တို႔ ရွိေနတဲ့အသင္းကို မေျပာင္းသင့္ေၾကာင္း သတိေပးမႈေတြ ရွိေနေပမယ့္ ကစားသမားရဲ႕ ပြဲထြက္ခြင့္ေတာင္းဆိုမႈအရ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈကို ေစာင့္ၾကည့္သြားရဖြယ္ရွိေန။

– ဘာစီလိုနာအသင္းမွာ တပတ္ေပါင္ ၆ သိန္းနီးပါး လစာေပးေခ်ေနရတဲ့ တိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းဟာ ဒီေႏြရာသီမွာ မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေျပးေနေပမယ့္ အီတီဟတ္ေျမရဲ႕ အေကာင္းဆုံးကစားသမားျဖစ္တဲ့ ဒီဘ႐ိုင္းနားထက္ ေပါင္ ၂ သိန္းေက်ာ္ ပိုေပးရမွာက မန္စီးတီးအတြက္ အဓိက အေႏွာင့္အယွက္တခုျဖစ္ေနသလို ေျခစြမ္းမတည္ၿငိမ္ေတာ့တဲ့ အသက္ ၃၀ အ႐ြယ္ကစားသမားကို လုံးဝမဝယ္ယူဖို႔ တိုက္တြန္းခံထားရ။

– မန္စီးတီးနဲ႔ယွဥ္ရင္ ပိုအဆင့္ျမင့္တဲ့ အသင္းမရွိတာေၾကာင့္ ဘယ္ေတာ့မွ အသင္းသစ္ရွာမွာမဟုတ္ဘူးလို႔ ရီးယက္ မာရက္ဇ္က ေႂကြးေၾကာ္သြားခဲ့ၿပီး အာဆင္နယ္နဲ႔ သတင္းေတြ ထြက္ေနတဲ့ အေျပာင္းအေ႐ႊ႕ေကာလဟလေတြကို ပယ္ခ်သြားခဲ့သလို သူ႔ရဲ႕အနာဂတ္ဟာ အီတီဟတ္မွာ ဆက္ရွိေနမယ္လို႔ ပရိသတ္ေတြဆီ ရွင္းရွင္းလင္းလင္း အသိေပးသြားခဲ့။

– ဘယ္ေနာက္ခံလူေနရာကို အားျဖည့္ဖို႔ ၂၀၂၁ ႏွစ္စကတည္းက မန္စီးတီးအသင္းအေနနဲ႔ ေတာက္ေလွ်ာက္ခ်ိတ္ဆက္လာခဲ့တဲ့ ႏူႏို မန္ဒက္စ္ကို စပို႔တင္း လစၥဘြန္းအသင္းက ယူ႐ိုသန္း ၇၀ ရရင္ ထုတ္ေရာင္းဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း သိရၿပီး ကစားသမားကို ႏွစ္ၿခိဳက္ေနတဲ့ နည္းျပ ဂြါဒီယိုလာနဲ႔ အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းတို႔ဟာ ယူ႐ို ၅၅ သန္းနဲ႔ သေဘာတူညီမႈရယူဖို႔ ညႇိႏႈိင္းေန။

– လာမယ့္ရာသီသစ္မွာ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕​ကို သူတင္ကိုယ္တင္ စိန္ေခၚဖို႔ အီဘရာဟီမာ ကိုနာေတကို စုေဆာင္းထားတဲ့ လီဗာပူးလ္၊ ဆန္ခ်ိဳနဲ႔ ဗာ႐ြန္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ကို အျမန္ဆုံးေၾကျငာေတာ့မယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ ေျခလွမ္းေနာက္ကို အစ္တီဟတ္သားေတြ အမီလိုက္ဖို႔ ​ႀကိဳးစားေနၿပီး ႐ူဘင္ ဒီယာ့စ္ရဲ႕ ဥပမာလို လူမွန္ေနရာမွန္ တိုက္စစ္မႉးသစ္ကို အပူတျပင္းရွာေဖြေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.