International La Liga Premier League Serie A

ဆုတောင်းနေရုံကလွဲပြီး မက်ဆီမတတ်နိုင်တော့တဲ့ ရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာစံချိန် ၅ ခု

၅။ လက်ရွေးစင် ဟက်ထရစ်အကြိမ်ရေ အများဆုံး
ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက နိုင်ငံတကာလက်ရွေးစင်အဆင့်မှာ ဟက်ထရစ် ၉ ကြိမ်အထိ သွင်းယူထားပြီး မက်ဆီကတော့ အာဂျင်တီးနားအတွက် ဟက်ထရစ် ၆ ကြိမ်သာ သွင်းယူထားနိုင်တာပါ။ တကိုယ်ရည်စွမ်းဆောင်မှုအရတော့ ဒီစံချိန်စံညွှန်းမှာ မက်ဆီက အောက်ကျနောက်ကျနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

၄။ ကမ္ဘာ့ဖလား ၄ ကြိမ်ဆက် ဂိုးသွင်းနိုင်သူ
စွန့်စားမှုတွေကို နှစ်ခြိုက်လေ့ရှိပြီး စိတ်ဓာတ်မာကျောတဲ့ ရော်နယ်လ်ဒိုက ဝေဖန်မှုတွေကို ကန်ကျောက်ပြီး အောင်ပန်းပွင့်လာခဲ့သူဖြစ်တာနဲ့အညီ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ဆက် ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပြီး မက်ဆီကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ တဂိုးမှမရခဲ့ဘဲ ရော်နယ်လ်ဒိုရဲ့ ပြိုင်ပွဲ ၄ ကြိမ်ဆက် ဂိုးသွင်းယူမှုစံချိန်ကို လိုက်မီဖို့အတွက် နောက်ထပ်ဘယ်တော့မှမဖြစ်နိုင်တော့ပါ။ ၂၀၂၂ ကမ္ဘာ့ဖလားကတော့ မဟာပြိုင်ဘက်နှစ်ဦးစလုံးအတွက် နောက်ဆုံးမီးတောက်လည်း ဖြစ်လာတော့မှာပါ။

၃။ ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမား
ဟုတ်ပါတယ်။ ဒါကလည်း ရော်နယ်လ်ဒိုရဲ့ ထူးရှယ်မှတ်တမ်းတခုပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ပေါ်တူဂီအတွက် အဖွင့်ပွဲဖြစ်တဲ့ စပိန်နဲ့ပွဲမှာ ဟက်ထရစ် သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ဖလားမှာ ရှားရှားပါးပါးဖြစ်ရပ်တခုကို အောင်မြင်ခဲ့ခြင်းလည်းဖြစ်ပြီး ဟက်ထရစ်သွင်းဖို့ဆိုတာ မလွယ်ကူလွန်းလှတဲ့ ပြိုင်ပွဲကြီးတရပ်မှာ အသက်အရွယ်နဲ့မလိုက်အောင် ဖျတ်လတ်ပြီး ခြေစွမ်းပြခဲ့တာပါ။

အဲဒီအချိန်မှာ သူက အသက် ၃၃ နှစ်နဲ့ ၁၃၀ ရက် အရွယ်ရှိနေခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အကြီးဆုံးကစားသမားအဖြစ် မော်ကွန်းဝင်ခဲ့ခြင်းမှာ မက်ဆီအနေနဲ့ လာမယ့် ၂၀၂၂ မှာ အမီလိုက်နိုင်ဖို့ကတော့ အိုလာတဲ့အရွယ်နဲ့ ကျလာတဲ့​ခြေစွမ်းအရတော့ လားလားမှမဆိုင်တော့တဲ့ အနေအထားတခုကို မြင်တွေ့နေရပါတယ်။

၂။ နိုင်ငံတကာပြိုင်ပွဲ ၁၁ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ တဦးတည်းသောကစားသမား
ရော်နယ်လ်ဒိုရဲ့ ဘောလုံးသမားဘဝမှာ ၁၅ နှစ်တာကာလကို ဖြတ်သန်းလာခဲ့ပြီးတာကို တွေ့ရပြီး ယူရိုပြိုင်ပွဲ ၅ ကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ​ကြိမ်၊ ၂၀၁၈ UEFA နေးရှင်းလိဂ်နဲ့ ၂၀၁၇ UEFA ကွန်ဖက်ဒရေးရှင်းဖလားတွေမှာ နိုင်ငံတကာလက်ရွေးစင်အဆင့် ပြိုင်ပွဲ ၁၁ ကြိမ်ဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ တဦးတည်းသော ကစားသမားအနေနဲ့ မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး မက်ဆီအတွက်တော့ ဆုတောင်းရုံကလွဲပြီး မဖြစ်နိုင်ဖွယ်အနေအထားပါ။

၁။ နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ရှင်
စံချိန်ရှင်လူသားလို့ တင်စားပြောဆိုခံထားရတဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီးရဲ့ နိုင်ငံချစ်စိတ်နဲ့ လက်ရွေးစင်အသင်းအတွက် ပေးဆပ်လိိုစိတ်က အံ့မခန်းလို့ ဆိုရမှာဖြစ်ပြီး ဒီလိုစိတ်ဓာတ်မျိုးနဲ့ ခံယူချက်မျိုးကတော့ အသင်းခေါင်းဆောင်မပီသခဲ့ဖူးတဲ့ မက်ဆီမှာတော့ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားမှသာ လုပ်ပြနိုင်ခဲ့တာပါ။

ဒါ့အပြင် ရော်နယ်ဒိုက ပြီးခဲ့တဲ့ ယူရိုသွင်းဂိုး ၅ ဂိုးနဲ့အတူ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းအတွက် ၁၀၉ ဂိုးသွင်းယူပြီးတဲ့နောက် အီရန်ဂိုးသွင်းရှင် အလီဒါယေးရဲ့ စံချိန်ကို လိုက်မီခဲ့ချိန်မှာ ကိုပါအမေရိကဖလားမှာ ၄ ဂိုးသာ သွင်းနိုင်ခဲ့တဲ့ မက်ဆီကတော့ အာဂျင်တီးနားအတွက် လက်ရှိအချိန်အထိ ၇၆ ဂိုးသာ ရရှိထားခဲ့ခြင်းက နိုင်ငံတကာအဆင့်မှာ သူ့ထက် အမြဲခေါင်းတလုံးပိုသာနေတဲ့ ရော်နယ်လ်ဒိုနဲ့ တန်ဖိုးချင်းကွာဟမှုကို ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

၅။ လက္ေ႐ြးစင္ ဟက္ထရစ္အႀကိမ္ေရ အမ်ားဆုံး
ေပၚတူဂီ GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ႏိုင္ငံတကာလက္ေ႐ြးစင္အဆင့္မွာ ဟက္ထရစ္ ၉ ႀကိမ္အထိ သြင္းယူထားၿပီး မက္ဆီကေတာ့ အာဂ်င္တီးနားအတြက္ ဟက္ထရစ္ ၆ ႀကိမ္သာ သြင္းယူထားႏိုင္တာပါ။ တကိုယ္ရည္စြမ္းေဆာင္မႈအရေတာ့ ဒီစံခ်ိန္စံၫႊန္းမွာ မက္ဆီက ေအာက္က်ေနာက္က်ႏိုင္ခဲ့ၿပီလို႔ ဆိုရမွာပါ။

၄။ ကမာၻ႔ဖလား ၄ ႀကိမ္ဆက္ ဂိုးသြင္းႏိုင္သူ
စြန္႔စားမႈေတြကို ႏွစ္ၿခိဳက္ေလ့ရွိၿပီး စိတ္ဓာတ္မာေက်ာတဲ့ ေရာ္နယ္လ္ဒိုက ေဝဖန္မႈေတြကို ကန္ေက်ာက္ၿပီး ေအာင္ပန္းပြင့္လာခဲ့သူျဖစ္တာနဲ႔အညီ ကမာၻ႔ဖလားၿပိဳင္ပြဲ ၄ ႀကိမ္ဆက္ ဂိုးသြင္းယူႏိုင္သူအျဖစ္ မွတ္တမ္းဝင္ထားတာျဖစ္ၿပီး မက္ဆီကေတာ့ ၂၀၁၀ ကမာၻ႔ဖလားမွာ တဂိုးမွမရခဲ့ဘဲ ေရာ္နယ္လ္ဒိုရဲ႕ ၿပိဳင္ပြဲ ၄ ႀကိမ္ဆက္ ဂိုးသြင္းယူမႈစံခ်ိန္ကို လိုက္မီဖို႔အတြက္ ေနာက္ထပ္ဘယ္ေတာ့မွမျဖစ္ႏိုင္ေတာ့ပါ။ ၂၀၂၂ ကမာၻ႔ဖလားကေတာ့ မဟာၿပိဳင္ဘက္ႏွစ္ဦးစလုံးအတြက္ ေနာက္ဆုံးမီးေတာက္လည္း ျဖစ္လာေတာ့မွာပါ။

၃။ ကမာၻ႔ဖလားမွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား
ဟုတ္ပါတယ္။ ဒါကလည္း ေရာ္နယ္လ္ဒိုရဲ႕ ထူးရွယ္မွတ္တမ္းတခုပါပဲ။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားရဲ႕ ေပၚတူဂီအတြက္ အဖြင့္ပြဲျဖစ္တဲ့ စပိန္နဲ႔ပြဲမွာ ဟက္ထရစ္ သြင္းယူေပးခဲ့ျခင္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ ကမာၻ႔ဖလားမွာ ရွားရွားပါးပါးျဖစ္ရပ္တခုကို ေအာင္ျမင္ခဲ့ျခင္းလည္းျဖစ္ၿပီး ဟက္ထရစ္သြင္းဖို႔ဆိုတာ မလြယ္ကူလြန္းလွတဲ့ ၿပိဳင္ပြဲႀကီးတရပ္မွာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ဖ်တ္လတ္ၿပီး ေျခစြမ္းျပခဲ့တာပါ။

အဲဒီအခ်ိန္မွာ သူက အသက္ ၃၃ ႏွစ္နဲ႔ ၁၃၀ ရက္ အ႐ြယ္ရွိေနခဲ့ၿပီး ကမာၻ႔ဖလားသမိုင္းမွာ အသက္အႀကီးဆုံးကစားသမားအျဖစ္ ေမာ္ကြန္းဝင္ခဲ့ျခင္းမွာ မက္ဆီအေနနဲ႔ လာမယ့္ ၂၀၂၂ မွာ အမီလိုက္ႏိုင္ဖို႔ကေတာ့ အိုလာတဲ့အ႐ြယ္နဲ႔ က်လာတဲ့​ေျခစြမ္းအရေတာ့ လားလားမွမဆိုင္ေတာ့တဲ့ အေနအထားတခုကို ျမင္ေတြ႕ေနရပါတယ္။

၂။ ႏိုင္ငံတကာၿပိဳင္ပြဲ ၁၁ ႀကိမ္ဆက္ ဂိုးသြင္းႏိုင္တဲ့ တဦးတည္းေသာကစားသမား
ေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးသမားဘဝမွာ ၁၅ ႏွစ္တာကာလကို ျဖတ္သန္းလာခဲ့ၿပီးတာကို ေတြ႕ရၿပီး ယူ႐ိုၿပိဳင္ပြဲ ၅ ႀကိမ္၊ ကမာၻ႔ဖလားၿပိဳင္ပြဲ ၄ ​ႀကိမ္၊ ၂၀၁၈ UEFA ေနးရွင္းလိဂ္နဲ႔ ၂၀၁၇ UEFA ကြန္ဖက္ဒေရးရွင္းဖလားေတြမွာ ႏိုင္ငံတကာလက္ေ႐ြးစင္အဆင့္ ၿပိဳင္ပြဲ ၁၁ ႀကိမ္ဆက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ တဦးတည္းေသာ ကစားသမားအေနနဲ႔ မျဖစ္မေနအသိအမွတ္ျပဳရမွာျဖစ္ၿပီး မက္ဆီအတြက္ေတာ့ ဆုေတာင္း႐ုံကလြဲၿပီး မျဖစ္ႏိုင္ဖြယ္အေနအထားပါ။

၁။ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံး စံခ်ိန္ရွင္
စံခ်ိန္ရွင္လူသားလို႔ တင္စားေျပာဆိုခံထားရတဲ့ ေပၚတူဂီတိုက္စစ္မႉးႀကီးရဲ႕ ႏိုင္ငံခ်စ္စိတ္နဲ႔ လက္ေ႐ြးစင္အသင္းအတြက္ ေပးဆပ္လိိုစိတ္က အံ့မခန္းလို႔ ဆိုရမွာျဖစ္ၿပီး ဒီလိုစိတ္ဓာတ္မ်ိဳးနဲ႔ ခံယူခ်က္မ်ိဳးကေတာ့ အသင္းေခါင္းေဆာင္မပီသခဲ့ဖူးတဲ့ မက္ဆီမွာေတာ့ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားမွသာ လုပ္ျပႏိုင္ခဲ့တာပါ။

ဒါ့အျပင္ ေရာ္နယ္ဒိုက ၿပီးခဲ့တဲ့ ယူ႐ိုသြင္းဂိုး ၅ ဂိုးနဲ႔အတူ ေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့ၿပီး ေပၚတူဂီအသင္းအတြက္ ၁၀၉ ဂိုးသြင္းယူၿပီးတဲ့ေနာက္ အီရန္ဂိုးသြင္းရွင္ အလီဒါေယးရဲ႕ စံခ်ိန္ကို လိုက္မီခဲ့ခ်ိန္မွာ ကိုပါအေမရိကဖလားမွာ ၄ ဂိုးသာ သြင္းႏိုင္ခဲ့တဲ့ မက္ဆီကေတာ့ အာဂ်င္တီးနားအတြက္ လက္ရွိအခ်ိန္အထိ ၇၆ ဂိုးသာ ရရွိထားခဲ့ျခင္းက ႏိုင္ငံတကာအဆင့္မွာ သူ႔ထက္ အၿမဲေခါင္းတလုံးပိုသာေနတဲ့ ေရာ္နယ္လ္ဒိုနဲ႔ တန္ဖိုးခ်င္းကြာဟမႈကို ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z