Analysis Premier League

စမစ်ရိုးဆီမှာ ဘားကမ့်နဲ့ အိုဇေးလ်တို့ရဲ့ မှော်ဝင်ဖန်တီးမှုတွေ တစ်ကျော့ပြန်နိုးထလာမလား

ရာသီကြို အစီအစဥ်အတွက် အက်ဒင်ဘရာမြို့ကို ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ကွင်းလယ်လူ စမစ်ရိုးဟာ နံပါတ် ၁၀ တပ်ထားတဲ့ လေ့ကျင့်ရေးဂျာစီကို ဝတ်ဆင်ပြီး အသင်းနဲ့ ပူးပေါင်းနေတာကို တွေ့မြင်ခဲ့ရတာပါ။ ဒီနောက်မှာတော့ ဂန်းနားတို့ဟာ ကျောနံပါတ် ၁၀ ကို ခရိုင်ဒွန်သားလေးဆီ လွှဲအပ်ခဲ့ပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် ၃၂ ကို ဝတ်ဆင်ပြီး ကစားခဲ့တဲ့ စမစ်ရိုးကို ကျောနံပါတ် ၁၀ ပေးအပ်လိုက်ပြီဖြစ်ကြောင်း အသင်းဘက်က တရားဝင် မကြေငြာသေးပေမယ့် လာမယ့်ရာသီသစ်အတွက်တော့ ကစားသမားအတွက် ရင်ခုန်စိတ်လှုပ်ရှားရမယ့် လက်ဆောင်တခုကို စာချုပ်သစ်နဲ့အတူ ပေးအပ်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၁၀ ဟာ ၆ လကြာ ဝတ်ဆင်သူမရှိဘဲ လစ်လပ်နေခဲ့တာဖြစ်ပြီး မူလပိုင်ရှင် မီဆွတ် အိုဇေးလ်ဟာ အသင်းက ထွက်ခိုင်းခံရအပြီး ဖီနာဘာချီကို ပြောင်းရွှေ့သွားခဲ့နောက် နည်းပြ မီခယ်လ် အာတီတာရဲ့ ဆုံးဖြတ်ချက်မှာ ဘယ်သူ့ကို ပင်တိုင်နံပါတ် ၁၀ ကစားသမားအဖြစ် သတ်မှတ်မလဲဆိုတာကို ရွေးချယ်နေခဲ့တာပါ။

အာဆင်နယ်ရဲ့ ကျောနံပါတ် ၁၀ သမိုင်းကြောင်းကို အနည်းငယ်ကောက်ကြည့်မယ်ဆိုရင် အားလုံးသိမီလိုက်တဲ့ ဒင်းနစ္စ ဘားကမ့်ရဲ့ အင်္ကျီကို မတန်တရာ ဝတ်ခဲ့တဲ့ ဂါးလက်စ်နောက်မှာ ဗန်ပါစီ၊ ဝီလ်ရှီးယားတို့ ဆက်ခံခဲ့ပြီး အသင်းနဲ့ လမ်းခွဲခဲ့ချိန်မှာ ၁၁ ပိုင်ရှင် အိုဇေးလ်အနေနဲ့ နံပါတ် ၁၀ ကို ရရရှိခဲ့တာဖြစ်သလို လက်ရှိမှာလည်း ဒီနံပါတ်ကို သိမ်းပိုက်မယ့်သူအဖြစ် ခရိုင်ဒန် ဒီဘရိုင်းနားလို့ ခေါ်တဲ့ စမစ်ရိုးက တစ်ပေးခံထားရပါတယ်။

အသင်းမှာ အငှားလာကစားခဲ့ပြီး ​ခြေစွမ်းပြခဲ့ပေမယ့် ဘာနေဗျုးအိမ်ကို ပြန်သွားခဲ့တဲ့ မာတင် အိုဒီဂွာ့ဒ်ကို လက်လွှတ်ခဲ့ရတဲ့နောက်မှာ အာတီတာအနေနဲ့ ကွင်းလယ်ဖန်တီးရှင်အနေနဲ့ စမစ်ရိုးကို ကျိန်းသေပေါက် အသုံးချသွားဖွယ်ရှိနေပြီး ကွင်းလယ်ဖန်တီးရှင်နေရာမှာ ကစားဖို့ ထိုက်တန်တဲ့ လူငယ်လေးအဖြစ် အားကိုးတကြီးရှိနေတယ်လို့ သိရှိရသလို သူ့အတွက် နံပါတ် ၁၀ ဂျာစီက အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာတာပါ။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီနွေရာသီမှာ စမစ်ရိုးကို ဝယ်ယူချင်နေတဲ့ အက်စတန်ဗီလာအသင်းရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ပယ်ချထားခဲ့တာကို တွေ့ရပြီး ပေါင် ၃၅ သန်းအထိ စျေးပေးလာခဲ့ပေမယ့် စိတ်ဝင်စားမှုရှိမနေခဲ့ဘဲ ကစားသမားဟာ ခြွင်းချက်မရှိ အမ်းမရိတ်မြေမှာ ဆက်ရှိနေမယ်လို့ ရာနှုန်းပြည့် အခိုင်အမာ အတည်ပြုထားခဲ့ကိုလည်း တွေ့ရှိရပါတယ်။

စကော့တလန်မြေက ​ခြေစမ်းပွဲအပြီးမှာ ဟိုက်ဘာနီးယန်းအသင်းကို ၂-၁ ရလဒ်နဲ့ ရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ အာတီတာက အသင်းအနေနဲ့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးလာဘ်ကင်းမဲ့နေခဲ့လို့ ဂိုးဖန်တီးမှုအပိုင်းကို အခုထက်ပိုပြီး အားစိုက်လေ့ကျင့်သွားမယ်လို့ ဆိုခဲ့တဲ့နောက်မှာတော့ လာမယ့်ရာသီသစ်မှာ အာဆင်နယ်အသင်းရဲ့ ဘားကမ့်နဲ့ အိုဇေးလ်တို့ရဲ့ မှော်ဝင်ဖန်တီးမှုတွေဟာ စမစ်ရိုးနဲ့အ​တူ မှော်ဝင်ဖန်တီးမှုတွေ တစ်ကျော့ပြန်နိုးလာမလားဆိုတာကတော့ ရင်ခုန်စရာပဲဖြစ်နေပါကြောင်း…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာသီႀကိဳ အစီအစဥ္အတြက္ အက္ဒင္ဘရာၿမိဳ႕ကို ေရာက္ရွိေနတဲ့ အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ကြင္းလယ္လူ စမစ္႐ိုးဟာ နံပါတ္ ၁၀ တပ္ထားတဲ့ ေလ့က်င့္ေရးဂ်ာစီကို ဝတ္ဆင္ၿပီး အသင္းနဲ႔ ပူးေပါင္းေနတာကို ေတြ႕ျမင္ခဲ့ရတာပါ။ ဒီေနာက္မွာေတာ့ ဂန္းနားတို႔ဟာ ေက်ာနံပါတ္ ၁၀ ကို ခ႐ိုင္ဒြန္သားေလးဆီ လႊဲအပ္ခဲ့ၿပီလားဆိုတဲ့ ေမးခြန္းေတြ ထြက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ေက်ာနံပါတ္ ၃၂ ကို ဝတ္ဆင္ၿပီး ကစားခဲ့တဲ့ စမစ္႐ိုးကို ေက်ာနံပါတ္ ၁၀ ေပးအပ္လိုက္ၿပီျဖစ္ေၾကာင္း အသင္းဘက္က တရားဝင္ မေၾကျငာေသးေပမယ့္ လာမယ့္ရာသီသစ္အတြက္ေတာ့ ကစားသမားအတြက္ ရင္ခုန္စိတ္လႈပ္ရွားရမယ့္ လက္ေဆာင္တခုကို စာခ်ဳပ္သစ္နဲ႔အတူ ေပးအပ္ဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ အာဆင္နယ္အသင္းရဲ႕ ေက်ာနံပါတ္ ၁၀ ဟာ ၆ လၾကာ ဝတ္ဆင္သူမရွိဘဲ လစ္လပ္ေနခဲ့တာျဖစ္ၿပီး မူလပိုင္ရွင္ မီဆြတ္ အိုေဇးလ္ဟာ အသင္းက ထြက္ခိုင္းခံရအၿပီး ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕သြားခဲ့ေနာက္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္မွာ ဘယ္သူ႔ကို ပင္တိုင္နံပါတ္ ၁၀ ကစားသမားအျဖစ္ သတ္မွတ္မလဲဆိုတာကို ေ႐ြးခ်ယ္ေနခဲ့တာပါ။

အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၁၀ သမိုင္းေၾကာင္းကို အနည္းငယ္ေကာက္ၾကည့္မယ္ဆိုရင္ အားလုံးသိမီလိုက္တဲ့ ဒင္းနစၥ ဘားကမ့္ရဲ႕ အက်ႌကို မတန္တရာ ဝတ္ခဲ့တဲ့ ဂါးလက္စ္ေနာက္မွာ ဗန္ပါစီ၊ ဝီလ္ရွီးယားတို႔ ဆက္ခံခဲ့ၿပီး အသင္းနဲ႔ လမ္းခြဲခဲ့ခ်ိန္မွာ ၁၁ ပိုင္ရွင္ အိုေဇးလ္အေနနဲ႔ နံပါတ္ ၁၀ ကို ရရရွိခဲ့တာျဖစ္သလို လက္ရွိမွာလည္း ဒီနံပါတ္ကို သိမ္းပိုက္မယ့္သူအျဖစ္ ခ႐ိုင္ဒန္ ဒီဘ႐ိုင္းနားလို႔ ေခၚတဲ့ စမစ္႐ိုးက တစ္ေပးခံထားရပါတယ္။

အသင္းမွာ အငွားလာကစားခဲ့ၿပီး ​ေျခစြမ္းျပခဲ့ေပမယ့္ ဘာေနဗ်ဳးအိမ္ကို ျပန္သြားခဲ့တဲ့ မာတင္ အိုဒီဂြာ့ဒ္ကို လက္လႊတ္ခဲ့ရတဲ့ေနာက္မွာ အာတီတာအေနနဲ႔ ကြင္းလယ္ဖန္တီးရွင္အေနနဲ႔ စမစ္႐ိုးကို က်ိန္းေသေပါက္ အသုံးခ်သြားဖြယ္ရွိေနၿပီး ကြင္းလယ္ဖန္တီးရွင္ေနရာမွာ ကစားဖို႔ ထိုက္တန္တဲ့ လူငယ္ေလးအျဖစ္ အားကိုးတႀကီးရွိေနတယ္လို႔ သိရွိရသလို သူ႔အတြက္ နံပါတ္ ၁၀ ဂ်ာစီက အနီးစပ္ဆုံး အေနအထားကို ေရာက္ရွိလာတာပါ။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ဒီေႏြရာသီမွာ စမစ္႐ိုးကို ဝယ္ယူခ်င္ေနတဲ့ အက္စတန္ဗီလာအသင္းရဲ႕ ကမ္းလွမ္းမႈ ၂ ႀကိမ္စလုံးကို ပယ္ခ်ထားခဲ့တာကို ေတြ႕ရၿပီး ေပါင္ ၃၅ သန္းအထိ ေစ်းေပးလာခဲ့ေပမယ့္ စိတ္ဝင္စားမႈရွိမေနခဲ့ဘဲ ကစားသမားဟာ ႁခြင္းခ်က္မရွိ အမ္းမရိတ္ေျမမွာ ဆက္ရွိေနမယ္လို႔ ရာႏႈန္းျပည့္ အခိုင္အမာ အတည္ျပဳထားခဲ့ကိုလည္း ေတြ႕ရွိရပါတယ္။

စေကာ့တလန္ေျမက ​ေျခစမ္းပြဲအၿပီးမွာ ဟိုက္ဘာနီးယန္းအသင္းကို ၂-၁ ရလဒ္နဲ႔ ရႈံးခဲ့ရတာနဲ႔ ပတ္သက္လို႔ အာတီတာက အသင္းအေနနဲ႔ အခြင့္အေရးေကာင္းေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးလာဘ္ကင္းမဲ့ေနခဲ့လို႔ ဂိုးဖန္တီးမႈအပိုင္းကို အခုထက္ပိုၿပီး အားစိုက္ေလ့က်င့္သြားမယ္လို႔ ဆိုခဲ့တဲ့ေနာက္မွာေတာ့ လာမယ့္ရာသီသစ္မွာ အာဆင္နယ္အသင္းရဲ႕ ဘားကမ့္နဲ႔ အိုေဇးလ္တို႔ရဲ႕ ေမွာ္ဝင္ဖန္တီးမႈေတြဟာ စမစ္႐ိုးနဲ႔အ​တူ ေမွာ္ဝင္ဖန္တီးမႈေတြ တစ္ေက်ာ့ျပန္ႏိုးလာမလားဆိုတာကေတာ့ ရင္ခုန္စရာပဲျဖစ္ေနပါေၾကာင္း…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.