International La Liga

မက်ဆီကို ဘာစီလိုနာက ထွက်အောင် လာလီဂါဥက္ကဌ ကြံစည်နေတာလား

လာလီဂါဥက္ကဌ ဟားဗီးယား တီဘက်စ်ကတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့အပြင် လာလီဂါရဲ့ပုံရိပ်ကို အမြင့်တက်စေဆုံး ကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီကို လာလီဂါကစားသမားအဖြစ် မှတ်ပုံတင်ဖို့အတွက် လိဂ်ရဲ့ ငွေကြေးစည်းမျဉ်းတွေကို အသေးစိတ်ညှိနှိုင်းပေးပြီး ကူညီပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ကတ်တလန်အခြေစိုက်ကလပ်ကတော့ လူသစ်တွေ ခေါ်ယူဖို့နဲ့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့တဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ချင်တာကြောင့် အသင်းရဲ့ ကစားသမားအချို့ကို ရောင်းထုတ်ခဲ့ရသလို လစာတွေပါ လျှော့ချခဲ့ရတာပါ။

Radio Marca က အစီအစဉ်တစ်ခုမှာတော့ တီဘက်စ်က မက်ဆီကို စပိန်မှာ ထိန်းသိမ်းရမယ့် လိဂ်ရဲ့ ရပ်တည်ချက်ကို မေးမြန်းခံခဲ့ရပြီး တေဘာစ်က “မက်ဆီအတွက် ပိတ်ထားတာ မဟုတ်သလို ဒါကြီးက မဖြစ်နိုင်ဘူး။ လာလီဂါမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ စီးပွားရေးဆိုင်တဲ့ ဌာနတွေလည်း အများကြီးရှိနေတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကလပ်အသင်းတွေနဲ့ ကျွန်တော်တို့က လိဂ်ရဲ့ သမာသမတ်ရှိမှုကို ထိန်းသိမ်းဖို့ အခွင့်အရေးရှိတယ်။ အေးဂျင့်တွေနဲ့ ကစားသမားတွေကို မကြာခဏ ဘဏ္ဍာရေးထိန်းချုပ်မှုအကြောင်း အရင်နှစ်တွေကတည်းက ရှင်းပြရတယ်။ ဘာလို့လဲဆိုတော့ ကလပ်အသင်းတွေကတောင် သူတို့ကို လှည့်စားနေတယ်ထင်သေးတာ”

“ကျွန်တော်တို့က အရာရာကို အကျိုးသင့်အကြောင်းသင့် စိစစ်ရတယ်။ ဘာလို့လဲဆိုတော့ ဘဏ္ဍာရေးအကြောင်းပြချက်ကြောင့် ထုတ်ပယ်လိုက်ရတာတွေ ရှိမလားပေါ့။ ပြီးတော့မှ သူတို့က မက်ဆီနဲ့ အခြားလူတွေကို ခေါ်လာတယ်။ အဲဒီဟာကို တစ်ချက်ကြည့်ရမယ်။ အခုတော့ ကျွန်တော့်အထင်ပဲ ပြောနိုင်ဦးမယ်”

“ကျွန်တော့်အထင်ကတော့ မက်ဆီကို မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့က ကမ်းလှမ်းတာ မရှိသေးဘူး။ ပြီးတော့ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာမှာပဲ နေချင်နေတာလို့ အခိုင်အမာကို ယုံတယ်”လို့ ပြောသွားခဲ့ပါတယ်။ မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

စာချုပ်သစ်အရ အာဂျင်တိုင်းသားကြီးအနေနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုပြီး အရင်က လစာထက် တစ်ဝက်တိတိလျှော့ယူမယ်လို့ သိထားရသလို အသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအရ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ ကတ်တလန်ကလပ်ကလည်း ကစားသမားအချို့ကို ရှင်းထုတ်ဖို့ လိုအပ်နေတာကြောင့် ကြိုးစားနေဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာလီဂါဥကၠဌ ဟားဗီးယား တီဘက္စ္ကေတာ့ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မႉးျဖစ္တဲ့အျပင္ လာလီဂါရဲ႕ပုံရိပ္ကို အျမင့္တက္ေစဆုံး ကစားသမားျဖစ္တဲ့ လီယြန္နယ္ မက္ဆီကို လာလီဂါကစားသမားအျဖစ္ မွတ္ပုံတင္ဖို႔အတြက္ လိဂ္ရဲ႕ ေငြေၾကးစည္းမ်ဥ္းေတြကို အေသးစိတ္ညႇိႏႈိင္းေပးၿပီး ကူညီေပးဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။

ကတ္တလန္အေျခစိုက္ကလပ္ကေတာ့ လူသစ္ေတြ ေခၚယူဖို႔နဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့ၿပီး ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာစီးတီးနဲ႔ အင္တာမီလန္တို႔ရဲ႕ ပစ္မွတ္ကစားသမားျဖစ္လာခဲ့တဲ့ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ခ်င္တာေၾကာင့္ အသင္းရဲ႕ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ခဲ့ရသလို လစာေတြပါ ေလွ်ာ့ခ်ခဲ့ရတာပါ။

Radio Marca က အစီအစဥ္တစ္ခုမွာေတာ့ တီဘက္စ္က မက္ဆီကို စပိန္မွာ ထိန္းသိမ္းရမယ့္ လိဂ္ရဲ႕ ရပ္တည္ခ်က္ကို ေမးျမန္းခံခဲ့ရၿပီး ေတဘာစ္က “မက္ဆီအတြက္ ပိတ္ထားတာ မဟုတ္သလို ဒါႀကီးက မျဖစ္ႏိုင္ဘူး။ လာလီဂါမွာ ကစားေနတဲ့ ကစားသမားေတြနဲ႔ စီးပြားေရးဆိုင္တဲ့ ဌာနေတြလည္း အမ်ားႀကီးရွိေနတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ကလပ္အသင္းေတြနဲ႔ ကြၽန္ေတာ္တို႔က လိဂ္ရဲ႕ သမာသမတ္ရွိမႈကို ထိန္းသိမ္းဖို႔ အခြင့္အေရးရွိတယ္။ ေအးဂ်င့္ေတြနဲ႔ ကစားသမားေတြကို မၾကာခဏ ဘ႑ာေရးထိန္းခ်ဳပ္မႈအေၾကာင္း အရင္ႏွစ္ေတြကတည္းက ရွင္းျပရတယ္။ ဘာလို႔လဲဆိုေတာ့ ကလပ္အသင္းေတြကေတာင္ သူတို႔ကို လွည့္စားေနတယ္ထင္ေသးတာ”

“ကြၽန္ေတာ္တို႔က အရာရာကို အက်ိဳးသင့္အေၾကာင္းသင့္ စိစစ္ရတယ္။ ဘာလို႔လဲဆိုေတာ့ ဘ႑ာေရးအေၾကာင္းျပခ်က္ေၾကာင့္ ထုတ္ပယ္လိုက္ရတာေတြ ရွိမလားေပါ့။ ၿပီးေတာ့မွ သူတို႔က မက္ဆီနဲ႔ အျခားလူေတြကို ေခၚလာတယ္။ အဲဒီဟာကို တစ္ခ်က္ၾကည့္ရမယ္။ အခုေတာ့ ကြၽန္ေတာ့္အထင္ပဲ ေျပာႏိုင္ဦးမယ္”

“ကြၽန္ေတာ့္အထင္ကေတာ့ မက္ဆီကို မန္ခ်က္စတာစီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔က ကမ္းလွမ္းတာ မရွိေသးဘူး။ ၿပီးေတာ့ ကစားသမားကိုယ္တိုင္ကလည္း ဘာစီလိုနာမွာပဲ ေနခ်င္ေနတာလို႔ အခိုင္အမာကို ယုံတယ္”လို႔ ေျပာသြားခဲ့ပါတယ္။ မက္ဆီကေတာ့ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီလည္း ျဖစ္ပါတယ္။

စာခ်ဳပ္သစ္အရ အာဂ်င္တိုင္းသားႀကီးအေနနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး အရင္က လစာထက္ တစ္ဝက္တိတိေလွ်ာ့ယူမယ္လို႔ သိထားရသလို အသင္းရဲ႕ ဘ႑ာေရးစည္းမ်ဥ္းအရ အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ ႀကိဳးစားေနခ်ိန္မွာ ကတ္တလန္ကလပ္ကလည္း ကစားသမားအခ်ိဳ႕ကို ရွင္းထုတ္ဖို႔ လိုအပ္ေနတာေၾကာင့္ ႀကိဳးစားေနဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.