Premier League

ေမလ ၁၈ ရက္မွာ ထရိန္နင္ေတြ ျပန္စၿပီး သုံးပတ္အၾကာမွာ ပြဲေတြ စတင္ႏုိင္ဖို႔ ပရီးမီးယားလိဂ္စီစဥ္

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ ပါဝင္ယွဥ္ၿပဳိင္ေနၾကတဲ့ အသင္း ၂၀ ကို လာမယ့္ ေမလ ၁၈ ရက္ေန႔မွာ ထရိန္နင္အစီအစဥ္ေတြ စတင္ျပဳလုပ္ဖို႔နဲ႔ ဒီကေနစၿပီး ဆုိးရြားမွဳ တစ္စုံတစ္ရာ မရွိခဲ့ဘူးဆုိရင္ သုံးပတ္အၾကာမွာ ပြဲေတြကို ပရိသတ္မပါဘဲ ျပန္လည္စတင္ဖို႔ သတ္မွတ္လိုက္ၿပီ ျဖစ္ပါတယ္။

ေလာကမွာ ရည္မွန္းခ်က္ႀကီးမားသူေတြ ရွိၾကသလို ေရသာခို အေခ်ာင္သမားေတြလည္း ရွိၾကတာျဖစ္လို႔ ပရီးမီးယားလိဂ္ကို ဇြန္လ ၃၀ အထိ ေစာင့္ၾကည့္ၿပီး တတ္ႏုိင္သမွ် အခ်ိန္ဆြဲဖို႔နဲ႔ ဖ်က္သိမ္းသြားဖို႔ ႀကံစည္ေနၾကတဲ့ အသင္းေတြလည္း ရွိေနခ်ိန္မွာ သူတုိ႔ကို ပရီးမီးယားလိဂ္အသင္းႀကီး ၆ သင္းက ဆန္႔က်င္ထားၿပီး ပြဲၿပီးဆုံးေအာင္ကစားမယ္လုိ႔လည္း ဆုိပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အသင္းေတြနဲ႔ တုိင္ပင္ေဆြးေႏြးခဲ့ၾကၿပီး ေမလ ၁၈ ရက္ေန႔မွာ ေလ့က်င့္ခန္းအသီးသီး ျပန္ဆင္းဖို႔နဲ႔ ဇြန္လ ၈ ရက္ေန႔မွာ ပြဲေတြ ျပန္လည္စတင္ႏိုင္ဖို႔ Video Conference ေတြနဲ႔ စုစည္းခဲ့ၾကသလို သေဘာတူညီမွဳ ရယူႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

မတ္လ ၁၀ ရက္ေန႔က ကစားခဲ့တဲ့ လက္စတာနဲ႔ အက္စတန္ဗီလာတုိ႔ရဲ႕ ပြဲစဥ္အၿပီးမွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဗိုင္းရပ္စ္ေတြ႕ရွိမွဳေၾကာင့္ ရပ္နားထားခဲ့တဲ့ ပရီးမီးယားလိဂ္အေနနဲ႔ ႏွစ္လေက်ာ္အၾကာမွာ ျပန္လည္စတင္ႏုိင္ဖို႔ ပစ္မွတ္ထားေနၿပီး ဒါဟာ ေမွာင္မိုက္တဲ့ လိုက္ေခါင္းႀကီးအဆုံးက အလင္းတစ္စလည္းျဖစ္ေနပါတယ္။

ပရိသတ္ေတြအတြက္ေတာ့ ႐ုပ္သံေတြကပဲ ၾကည့္ရွဳရမွာျဖစ္တဲ့ လက္က်န္ပြဲစဥ္ေတြအတြက္ Sky Sports က ဂရပ္ဖစ္ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ေနာက္ခံပရိသတ္လွဳပ္ရွားမွဳနဲ႔ အသံေတြကို ထည့္သြင္းထုတ္လႊင့္သြားဖို႔ အဆုိျပဳခဲ့ေသးတယ္လုိ႔လည္း သိရၿပီး လက္ရွိအခ်ိန္အထိေတာ့ အေကာင္အထည္ ေပၚမလာခဲ့ေသးေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ အသင်း ၂၀ ကို လာမယ့် မေလ ၁၈ ရက်နေ့မှာ ထရိန်နင်အစီအစဉ်တွေ စတင်ပြုလုပ်ဖို့နဲ့ ဒီကနေစပြီး ဆိုးရွားမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် သုံးပတ်အကြာမှာ ပွဲတွေကို ပရိသတ်မပါဘဲ ပြန်လည်စတင်ဖို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

လောကမှာ ရည်မှန်းချက်ကြီးမားသူတွေ ရှိကြသလို ရေသာခို အချောင်သမားတွေလည်း ရှိကြတာဖြစ်လို့ ပရီးမီးယားလိဂ်ကို ဇွန်လ ၃၀ အထိ စောင့်ကြည့်ပြီး တတ်နိုင်သမျှ အချိန်ဆွဲဖို့နဲ့ ဖျက်သိမ်းသွားဖို့ ကြံစည်နေကြတဲ့ အသင်းတွေလည်း ရှိနေချိန်မှာ သူတို့ကို ပရီးမီးယားလိဂ်အသင်းကြီး ၆ သင်းက ဆန့်ကျင်ထားပြီး ပွဲပြီးဆုံးအောင်ကစားမယ်လို့လည်း ဆိုပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က အသင်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး မေလ ၁၈ ရက်နေ့မှာ လေ့ကျင့်ခန်းအသီးသီး ပြန်ဆင်းဖို့နဲ့ ဇွန်လ ၈ ရက်နေ့မှာ ပွဲတွေ ပြန်လည်စတင်နိုင်ဖို့ Video Conference တွေနဲ့ စုစည်းခဲ့ကြသလို သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့က ကစားခဲ့တဲ့ လက်စတာနဲ့ အက်စတန်ဗီလာတို့ရဲ့ ပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ ဗိုင်းရပ်စ်တွေ့ရှိမှုကြောင့် ရပ်နားထားခဲ့တဲ့ ပရီးမီးယားလိဂ်အနေနဲ့ နှစ်လကျော်အကြာမှာ ပြန်လည်စတင်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒါဟာ မှောင်မိုက်တဲ့ လိုက်ခေါင်းကြီးအဆုံးက အလင်းတစ်စလည်းဖြစ်နေပါတယ်။

ပရိသတ်တွေအတွက်တော့ ရုပ်သံတွေကပဲ ကြည့်ရှုရမှာဖြစ်တဲ့ လက်ကျန်ပွဲစဉ်တွေအတွက် Sky Sports က ဂရပ်ဖစ် အထူးပြုလုပ်ချက်တွေနဲ့ နောက်ခံပရိသတ်လှုပ်ရှားမှုနဲ့ အသံတွေကို ထည့်သွင်းထုတ်လွှင့်သွားဖို့ အဆိုပြုခဲ့သေးတယ်လို့လည်း သိရပြီး လက်ရှိအချိန်အထိတော့ အကောင်အထည် ပေါ်မလာခဲ့သေးကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.