La Liga Premier League

မာေနးကို လီဗာပူးလ္မွာ အျမဲတမ္းေနမွာ မဟုတ္ဘူးလို႔ဆိုလိုက္တဲ့ ဆီနီေဂါ အသင္းေဖာ္

လီဗာပူးလ္အသင္းရဲ႕ ႏုိင္ပြဲေတြမွာ အေကာင္းဆုံးပါဝင္ေဖာ္ေဆာင္ေပးေနတဲ့ ေတာင္ပံတိုက္စစ္မွဴး ဆာဒီယို မာေနးအေနနဲ႔ ဒီအသင္းနဲ႔အတူ အျမဲတမ္းဆက္ရွိေနမယ္လို႔ သူေတာ့ မထင္ဘဲ တျခားအသင္းႀကီးေတြကို ေျပာင္းေရႊ႕ႏုိင္ေသးေၾကာင္း ဆီနီေဂါအသင္းေဖာ္ ကီတာ ဘာလ္ဒီက ေျပာၾကားလုိက္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ေဆာက္သမ္တန္အသင္းကေန လီဗာပူးလ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၃၀ နဲ႔ ေရာက္ရိွလာခဲ့တဲ့ မာေနးကို ကၽြမ္းက်င္သူေတြက ဘယ္ေတာင္ပံတုိက္စစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုၿပီးရင္ အေကာင္းဆုံးလုိ႔ ဆုိေနၾကၿပီး သူ႕ရဲ႕ ဂိုးဧရိယာတြင္းက အဆုံးသတ္မွဳေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြက ထိပ္တန္းအဆင့္မွာလည္း ရွိေနၿပီျဖစ္ပါတယ္။

အသင္းကို ေရာက္လာကတည္းက ကိုယ္အေလးခ်ိန္တက္ေနၿပီး လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ႐ိုဒရီဂို၊ ဗီနစ္ရွပ္စ္ ဂ်ဴနီယာတုိ႔ေလာက္ေတာင္ အားမကိုးရေတာ့တဲ့ အီဒင္ ဟာဇတ္ထက္ ေကာင္းမြန္တဲ့ ေတာင္ပံကစားသမားတစ္ေယာက္ကို ရွာေဖြေနရာမွာ နည္းျပ ဇီနီဒန္း ဇီဒန္းကေတာ့ မာေနးကို ရီးရဲလ္ မက္ဒရစ္ဆီ ေခၚေဆာင္ဖို႔ ဆႏၵရွိေနတာပါ။

“ေျပာရရင္ေတာ့ အေၾကာင္းေတြ အမ်ားႀကီးအေပၚ မူတည္ေနမွာေပါ့ဗ်ာ။ တစ္ႏွစ္ ႏွစ္ႏွစ္အတြင္းမွာေတာ့ သူ႕အေနနဲ႔ အသင္းေျပာင္းေကာင္း ေျပာင္းႏုိင္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ သူကစားႏုိင္တဲ့ ေနရာတစ္ခုျဖစ္ေပမယ့္ လီဗာပူးလ္နည္းျပနဲ႔ ခ်စ္ခင္တဲ့ ဆက္ဆံေရးက ထြက္ခြာဖို႔ေနတာ့ ခက္ခဲေစမွာပါ”လို႔ ဘာလ္ဒီက သုံးသပ္ခဲ့ပါတယ္။

ဘာလ္ဒီက မာေနးဟာ အေကာင္းဆုံးေတြနဲ႔ ထိုက္တန္သူျဖစ္ၿပီး စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့သူေတြနဲ႔ အျမင့္မားဆုံးအဆင့္မွာ ကစားဖို႔ ရွိလာဦးမွာျဖစ္တယ္လုိ႔ ဆုိခဲ့ၿပီး တခ်ဳိ႕ကေတာ့ သူ႕အေနနဲ႔ လီဗာပူးလ္ကို ပရီးမီးယားလိဂ္ဖလားယူေပးႏုိင္ရင္ အသင္းက ထြက္ခြာဖို႔ လုံေလာက္တဲ့ အေၾကာင္းျပခ်က္နဲ႔ စိန္ေခၚမွဳသစ္ေတြကို ရွာေဖြႏိုင္တယ္လို႔ သုံးသပ္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတွေမှာ အကောင်းဆုံးပါဝင်ဖော်ဆောင်ပေးနေတဲ့ တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးအနေနဲ့ ဒီအသင်းနဲ့အတူ အမြဲတမ်းဆက်ရှိနေမယ်လို့ သူတော့ မထင်ဘဲ တခြားအသင်းကြီးတွေကို ပြောင်းရွှေ့နိုင်သေးကြောင်း ဆီနီဂေါအသင်းဖော် ကီတာ ဘာလ်ဒီက ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာခဲ့တဲ့ မာနေးကို ကျွမ်းကျင်သူတွေက ဘယ်တောင်ပံတိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုပြီးရင် အကောင်းဆုံးလို့ ဆိုနေကြပြီး သူ့ရဲ့ ဂိုးဧရိယာတွင်းက အဆုံးသတ်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေက ထိပ်တန်းအဆင့်မှာလည်း ရှိနေပြီဖြစ်ပါတယ်။

အသင်းကို ရောက်လာကတည်းက ကိုယ်အလေးချိန်တက်နေပြီး လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ရိုဒရီဂို၊ ဗီနစ်ရှပ်စ် ဂျူနီယာတို့လောက်တောင် အားမကိုးရတော့တဲ့ အီဒင် ဟာဇတ်ထက် ကောင်းမွန်တဲ့ တောင်ပံကစားသမားတစ်ယောက်ကို ရှာဖွေနေရာမှာ နည်းပြ ဇီနီဒန်း ဇီဒန်းကတော့ မာနေးကို ရီးရဲလ် မက်ဒရစ်ဆီ ခေါ်ဆောင်ဖို့ ဆန္ဒရှိနေတာပါ။

“ပြောရရင်တော့ အကြောင်းတွေ အများကြီးအပေါ် မူတည်နေမှာပေါ့ဗျာ။ တစ်နှစ် နှစ်နှစ်အတွင်းမှာတော့ သူ့အနေနဲ့ အသင်းပြောင်းကောင်း ပြောင်းနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ သူကစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပေမယ့် လီဗာပူးလ်နည်းပြနဲ့ ချစ်ခင်တဲ့ ဆက်ဆံရေးက ထွက်ခွာဖို့နေတာ့ ခက်ခဲစေမှာပါ”လို့ ဘာလ်ဒီက သုံးသပ်ခဲ့ပါတယ်။

ဘာလ်ဒီက မာနေးဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်သူဖြစ်ပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေနဲ့ အမြင့်မားဆုံးအဆင့်မှာ ကစားဖို့ ရှိလာဦးမှာဖြစ်တယ်လို့ ဆိုခဲ့ပြီး တချို့ကတော့ သူ့အနေနဲ့ လီဗာပူးလ်ကို ပရီးမီးယားလိဂ်ဖလားယူပေးနိုင်ရင် အသင်းက ထွက်ခွာဖို့ လုံလောက်တဲ့ အကြောင်းပြချက်နဲ့ စိန်ခေါ်မှုသစ်တွေကို ရှာဖွေနိုင်တယ်လို့ သုံးသပ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.