မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ေခၚယူလိုေနတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ ကစားသမား အလုိက္ေပးဖို႔ ေဒါ့မြန္အသင္းက ျပန္လည္ေတာင္းဆုိလုိက္ၿပီး ဒါဟာ အဂၤလန္ကလပ္ဘက္က မူဝါဒေတြအရ ေဒါသထြက္စရာျဖစ္ခဲ့တဲ့အတြက္ အေျပာင္းအေရႊ႕ကို ျမင္ရဖြယ္မရွိေတာ့ဘူးလို႔ ဆုိပါတယ္။
ေဒါ့မြန္အေနနဲ႔ သူတို႔ရဲ႕ လူငယ္ကစားသမားစုေဆာင္းေရး မူဝါဒအရ ဆန္ခ်ဳိကို လက္လႊတ္ခဲ့ရရင္ ယူႏုိက္တက္ရဲ႕ ေမဆန္ ဂရင္းဝုဒ္ကို ျပန္လည္ေခၚယူလုိတယ္လို႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အုိးလ္ထရက္ဖို႔ဒ္ရဲ႕ လူငယ္ၾကယ္ပြင့္တစ္ပြင့္ျဖစ္ေနတဲ့ အဂၤလန္လူငယ္လက္ေရြးစင္ဟာေတာ့ တကယ္တမ္းမွာ အထိမခံႏုိင္တဲ့ အေနအထားကိုလည္း ေရာက္ရိွေနခဲ့တာပါ။
မန္ခ်က္စတာစီးတီးလူငယ္အသင္းကေန ဆန္ခ်ဳိကို ေပါင္ ၈ သန္းနဲ႔ ေခၚယူသြားခဲ့တဲ့ အလုပ္မ်ဳိးကို ေဒါ့မြန္အသင္းက ထပ္ၿပီးလုပ္ႏုိင္ဦးမယ္ဆုိတဲ့ ထင္ျမင္ခ်က္နဲ႔ ေသြးတုိးစမ္းခဲ့ရာမွာေတာ့ လူငယ္ကစားသမားေတြကို တန္ဖိုးထားတဲ့ ယူႏုိက္တက္အတြက္ ေဒါသထြက္စရာလည္းျဖစ္ခဲ့ၿပီး အသင့္သုံးစြဲလုိ႔ရဖို႔ နီးစပ္ေနတဲ့ ဂရင္းဝုဒ္ကိုေတာ့ မေပးႏုိင္ဘူးလို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္အသင္းအတြက္ ဒီရာသီမွာ ၁၇ ဂိုးသြင္းၿပီး ၁၉ ဂိုး ဖန္တီးေပးထားတဲ့ အဂၤလန္လက္ေရြးစင္ ဆန္ခ်ဳိကို မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္သိန္းဂဏန္းေပးဖို႔ စီစဥ္ထားတယ္လို႔လည္း သိရၿပီး လက္ရွိအေျခအေနအရေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက အခြင့္အေရးယူဖို႔ ရွိေနပါတယ္။
ဒါေၾကာင့္ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ တာဝန္ရွိသူေတြအေနနဲ႔ ဆန္ခ်ဳိအတြက္ ေျပာင္းေရႊ႕ေၾကးတုိးျမႇင့္ၿပီး ထပ္မံညႇိႏွဳိင္းသြားဦးမလား၊ ဒါမွမဟုတ္ တျခားေတာင္ပံကစားသမားတစ္ေယာက္ကိုပဲ ေျပာင္းလဲေခၚယူသြားမလားေတာ့ စိတ္ဝင္စားစရာျဖစ္ေနၿပီး ဂရင္းဝုဒ္ကိုေတာ့ လုံးဝ လက္လႊတ္မွာ မဟုတ္ေၾကာင္းလည္း သိရွိရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူလိုနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမား အလိုက်ပေးဖို့ ဒေါ့မွန်အသင်းက ပြန်လည်တောင်းဆိုလိုက်ပြီး ဒါဟာ အင်္ဂလန်ကလပ်ဘက်က မူဝါဒတွေအရ ဒေါသထွက်စရာဖြစ်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ကို မြင်ရဖွယ်မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒေါ့မွန်အနေနဲ့ သူတို့ရဲ့ လူငယ်ကစားသမားစုဆောင်းရေး မူဝါဒအရ ဆန်ချိုကို လက်လွှတ်ခဲ့ရရင် ယူနိုက်တက်ရဲ့ မေဆန် ဂရင်းဝုဒ်ကို ပြန်လည်ခေါ်ယူလိုတယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ရဲ့ လူငယ်ကြယ်ပွင့်တစ်ပွင့်ဖြစ်နေတဲ့ အင်္ဂလန်လူငယ်လက်ရွေးစင်ဟာတော့ တကယ်တမ်းမှာ အထိမခံနိုင်တဲ့ အနေအထားကိုလည်း ရောက်ရှိနေခဲ့တာပါ။
မန်ချက်စတာစီးတီးလူငယ်အသင်းကနေ ဆန်ချိုကို ပေါင် ၈ သန်းနဲ့ ခေါ်ယူသွားခဲ့တဲ့ အလုပ်မျိုးကို ဒေါ့မွန်အသင်းက ထပ်ပြီးလုပ်နိုင်ဦးမယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ သွေးတိုးစမ်းခဲ့ရာမှာတော့ လူငယ်ကစားသမားတွေကို တန်ဖိုးထားတဲ့ ယူနိုက်တက်အတွက် ဒေါသထွက်စရာလည်းဖြစ်ခဲ့ပြီး အသင့်သုံးစွဲလို့ရဖို့ နီးစပ်နေတဲ့ ဂရင်းဝုဒ်ကိုတော့ မပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းအတွက် ဒီရာသီမှာ ၁၇ ဂိုးသွင်းပြီး ၁၉ ဂိုး ဖန်တီးပေးထားတဲ့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အနေနဲ့ တစ်ပတ်လုပ်ခ ပေါင်သိန်းဂဏန်းပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပြီး လက်ရှိအခြေအနေအရတော့ ရီးရဲလ်မက်ဒရစ်အသင်းက အခွင့်အရေးယူဖို့ ရှိနေပါတယ်။
ဒါကြောင့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေအနေနဲ့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ပြီး ထပ်မံညှိနှိုင်းသွားဦးမလား၊ ဒါမှမဟုတ် တခြားတောင်ပံကစားသမားတစ်ယောက်ကိုပဲ ပြောင်းလဲခေါ်ယူသွားမလားတော့ စိတ်ဝင်စားစရာဖြစ်နေပြီး ဂရင်းဝုဒ်ကိုတော့ လုံးဝ လက်လွှတ်မှာ မဟုတ်ကြောင်းလည်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.