Premier League Transfer News

ငှက်ကျားကြီး စတိဗ် ဘရုစ်ရဲ့ အကြံကောင်းကို အာကြီးနဲ့ ချဲလ်ဆီးတို့ လိုက်လျောသွားမှာလား

နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်အနေနဲ့ သူတို့အသင်းတွေရဲ့ ထုံးစံအတိုင်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ ပုံစံနဲ့ အပြောင်းအရွှေ့အတွက် အသုံးစရိတ်တွေကို အသင်းအတွက် အကျိုးရှိနိုင်မယ့် ကစားသမားတွေကို ခေါ်ယူရင်းနှီးမြှုပ်နှံပြီး ခေါ်မရတဲ့ ကစားသမားတွေကိုတော့ ရသေ့စိတ်ဖြေလိုမျိုး အငှားနဲ့ အသုံးပြုရင်း အသင်းကို ပိုမိုတိုးတက်စေဖို့ ရည်‌ရွယ်နေပါတယ်။

ဒီထဲမှာ အာဆင်နယ်အသင်းက ရောင်းချလိုခြင်းမရှိတဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ် ပါဝင်နေပြီး ငှက်ကျားတွေဘက်က ပေါင်သန်း ၂၀ ကျော်ပေးဖို့ အသင့်ပဲဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ချိန်မှာ နည်းပြ အာတီတာအနေနဲ့တော့ အသင်းမှာ နေရာမပေးနိုင်သေးတဲ့ သူ့လူကို ပိုမိုထက်မြက်လာနိုင်စေဖို့ အငှားကိစ္စကို ထပ်မံစဉ်းစားနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အထိ (ကြားထဲမှာ အာဆင်နယ်နဲ့ ကစားတဲ့ ပွဲတစ်ပွဲကိုသာ မိခင်အသင်းနဲ့ ကစားခွင့်မရှိလို့ လွဲချော်ခဲ့တဲ့) ဝီလောခ့်အနေနဲ့ ၇ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး နယူးကာဆယ်လ်နဲ့ ပရီးမီးယားလိဂ် ဂန္ထဝင် အလန် ရှီးရားရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့သလို အသင်းကြီးတွေဆီက အမှတ်အများဆုံး ခွဲယူပေးနိုင်တဲ့သူလည်း ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဘက်ကတော့ သူတို့ကစားသမားကို လိုလိုချင်ချင်နဲ့ ပွဲထွက်လူစာရင်းမှာ အသုံးပြုပေးနိုင်မယ့် အသင်းမျိုးရဲ့ ကမ်းလှမ်းမှုကို လိုလိုချင်ချင် လက်ခံသွားဖို့ ရှိနေပြီး နည်းပြပိုင်းမှာလည်း အပြောင်းအလဲ မရှိဘဲ စတိဗ် ဘရုစ်က ကိုင်တွယ်နေစဉ်မှာ သူနဲ့ ဝီလော့ခ်တို့ရဲ့ စိန့်ဂျိမ်းပါ့ခ် သံယောဇဉ်က ပိုမိုကြီးထွားလာဖို့လည်း ရှိနေပါတယ်။

ကိုယ်လုံးကိုယ်ထည် ဝဝတုတ်တုတ်နဲ့ အိုင်ဒီယာကောင်းတွေ ရှိပါ့မလားလို့ အမြင်အရ လျှော့တွက်ချင်စရာဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း အသက် ၆၀ အရွယ် နည်းပြကြီးဟာ ဒီနှစ်ပိုင်းတွေမှာတော့ အစွမ်းပြနေခဲ့ပြီး ဝီလော့ခ်အပြင် နောက်ထပ် အကျိုးရှိနိုင်မယ့် ခြေလှမ်းအဖြစ် အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက်ကစားသမား ကွန်နာ ဂယ်လာဂါကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်း တန်းဆင်းခဲ့ရပေမယ့် ကွင်းလယ်မှာ သတိထားမိစရာ လုပ်အားနှုန်းနဲ့ ခြေစွမ်းကို စိတ်အားထက်သန်မှုနဲ့အတူ ပြသခဲ့တဲ့ အင်္ဂလန်သားကတော့ ဝီလော့ခ်လို Attacking Midfielder မဟုတ်ဘဲ Box to Box ကို ပိုမိုအားသန်သူဖြစ်ပြီး နယူးကာဆယ်လ်ရဲ့ အားနည်းလာခဲ့တဲ့ ကွင်းလယ်ပိုင်းမှာ ရှယ်လ်ဗီနဲ့အတူ အသုံးတော်ခံနိုင်မယ့်သူမျိုးလည်းဖြစ်နေတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်ဖန်တီးရှင် ဘီလီ ဂီးလ်မိုးလို လူငယ်ကစားသမားမျိုးကိုပါ အငှားချထားခဲ့ပြီး ဝါရင့်ကစားသမားတွေကိုပဲ အသုံးပြုဖို့နဲ့ ထပ်မံအားဖြည့်သွားဖို့ပဲ ရည်ရွယ်နေတာကြောင့် ဂယ်လာဂါကိုလည်း နယူးကာဆယ်လ်ဆီ ပျော်ပျော်ကြီးခွင့်ပြုသွားဖို့ ရှိနေပြီး စတိဗ် ဘရုစ်ရဲ့ ဆန္ဒကတော့ အင်္ဂလိပ်လူငယ်သွေးသစ်နှစ်ဦးနဲ့အတူ ပြည့်ဝဖို့နဲ့ သက်ဆိုင်ရာမိခင်အသင်းတွေအတွက် အကျိုးရှိဖို့ ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္အေနနဲ႔ သူတို႔အသင္းေတြရဲ႕ ထုံးစံအတိုင္း နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းတဲ့ ပုံစံနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ အသုံးစရိတ္ေတြကို အသင္းအတြက္ အက်ိဳးရွိႏိုင္မယ့္ ကစားသမားေတြကို ေခၚယူရင္းႏွီးျမႇဳပ္ႏွံၿပီး ေခၚမရတဲ့ ကစားသမားေတြကိုေတာ့ ရေသ့စိတ္ေျဖလိုမ်ိဳး အငွားနဲ႔ အသုံးျပဳရင္း အသင္းကို ပိုမိုတိုးတက္ေစဖို႔ ရည္‌႐ြယ္ေနပါတယ္။

ဒီထဲမွာ အာဆင္နယ္အသင္းက ေရာင္းခ်လိုျခင္းမရွိတဲ့ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္ ပါဝင္ေနၿပီး ငွက္က်ားေတြဘက္က ေပါင္သန္း ၂၀ ေက်ာ္ေပးဖို႔ အသင့္ပဲဆိုၿပီး ကမ္းလွမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ခ်ိန္မွာ နည္းျပ အာတီတာအေနနဲ႔ေတာ့ အသင္းမွာ ေနရာမေပးႏိုင္ေသးတဲ့ သူ႔လူကို ပိုမိုထက္ျမက္လာႏိုင္ေစဖို႔ အငွားကိစၥကို ထပ္မံစဥ္းစားေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ရာသီပိတ္ပြဲစဥ္အထိ (ၾကားထဲမွာ အာဆင္နယ္နဲ႔ ကစားတဲ့ ပြဲတစ္ပြဲကိုသာ မိခင္အသင္းနဲ႔ ကစားခြင့္မရွိလို႔ လြဲေခ်ာ္ခဲ့တဲ့) ဝီေလာခ့္အေနနဲ႔ ၇ ပြဲ ဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္နဲ႔ ပရီးမီးယားလိဂ္ ဂႏၴဝင္ အလန္ ရွီးရားရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ခဲ့သလို အသင္းႀကီးေတြဆီက အမွတ္အမ်ားဆုံး ခြဲယူေပးႏိုင္တဲ့သူလည္း ျဖစ္လာခဲ့တာပါ။

အာဆင္နယ္အသင္းဘက္ကေတာ့ သူတို႔ကစားသမားကို လိုလိုခ်င္ခ်င္နဲ႔ ပြဲထြက္လူစာရင္းမွာ အသုံးျပဳေပးႏိုင္မယ့္ အသင္းမ်ိဳးရဲ႕ ကမ္းလွမ္းမႈကို လိုလိုခ်င္ခ်င္ လက္ခံသြားဖို႔ ရွိေနၿပီး နည္းျပပိုင္းမွာလည္း အေျပာင္းအလဲ မရွိဘဲ စတိဗ္ ဘ႐ုစ္က ကိုင္တြယ္ေနစဥ္မွာ သူနဲ႔ ဝီေလာ့ခ္တို႔ရဲ႕ စိန႔္ဂ်ိမ္းပါ့ခ္ သံေယာဇဥ္က ပိုမိုႀကီးထြားလာဖို႔လည္း ရွိေနပါတယ္။

ကိုယ္လုံးကိုယ္ထည္ ဝဝတုတ္တုတ္နဲ႔ အိုင္ဒီယာေကာင္းေတြ ရွိပါ့မလားလို႔ အျမင္အရ ေလွ်ာ့တြက္ခ်င္စရာျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း အသက္ ၆၀ အ႐ြယ္ နည္းျပႀကီးဟာ ဒီႏွစ္ပိုင္းေတြမွာေတာ့ အစြမ္းျပေနခဲ့ၿပီး ဝီေလာ့ခ္အျပင္ ေနာက္ထပ္ အက်ိဳးရွိႏိုင္မယ့္ ေျခလွမ္းအျဖစ္ အာဆင္နယ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ကစားသမား ကြန္နာ ဂယ္လာဂါကို ေခၚယူဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဘ႐ြန္းအသင္း တန္းဆင္းခဲ့ရေပမယ့္ ကြင္းလယ္မွာ သတိထားမိစရာ လုပ္အားႏႈန္းနဲ႔ ေျခစြမ္းကို စိတ္အားထက္သန္မႈနဲ႔အတူ ျပသခဲ့တဲ့ အဂၤလန္သားကေတာ့ ဝီေလာ့ခ္လို Attacking Midfielder မဟုတ္ဘဲ Box to Box ကို ပိုမိုအားသန္သူျဖစ္ၿပီး နယူးကာဆယ္လ္ရဲ႕ အားနည္းလာခဲ့တဲ့ ကြင္းလယ္ပိုင္းမွာ ရွယ္လ္ဗီနဲ႔အတူ အသုံးေတာ္ခံႏိုင္မယ့္သူမ်ိဳးလည္းျဖစ္ေနတာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္ဖန္တီးရွင္ ဘီလီ ဂီးလ္မိုးလို လူငယ္ကစားသမားမ်ိဳးကိုပါ အငွားခ်ထားခဲ့ၿပီး ဝါရင့္ကစားသမားေတြကိုပဲ အသုံးျပဳဖို႔နဲ႔ ထပ္မံအားျဖည့္သြားဖို႔ပဲ ရည္႐ြယ္ေနတာေၾကာင့္ ဂယ္လာဂါကိုလည္း နယူးကာဆယ္လ္ဆီ ေပ်ာ္ေပ်ာ္ႀကီးခြင့္ျပဳသြားဖို႔ ရွိေနၿပီး စတိဗ္ ဘ႐ုစ္ရဲ႕ ဆႏၵကေတာ့ အဂၤလိပ္လူငယ္ေသြးသစ္ႏွစ္ဦးနဲ႔အတူ ျပည့္ဝဖို႔နဲ႔ သက္ဆိုင္ရာမိခင္အသင္းေတြအတြက္ အက်ိဳးရွိဖို႔ ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.