Premier League Transfer News

15 Jul နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ယခင်က အပယ်ခံကစားသမားတွေဖြစ်ခဲ့တဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်၊ ချာလီ မူဆွန်ဒါနဲ့ ရော့စ် ဘာကလီတို့ကို နည်းပြ သောမတ်စ် တူဟယ်လ်က ‌ရာသီကြိုခြေစမ်းပွဲတွေအတွင်း စွမ်းဆောင်ရည်ကို ကြည့်ပြီး အသင်းမှာ ဆက်ထားသင့် မထားသင့်ကို ဆုံးဖြတ်မယ်လို့ သတင်းများထွက်ပေါ်လာ။

– အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းကတော့ အသင်းရဲ့တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကိုပါ အလိုက်ပေး ထည့်သွင်းသွားဖို့ စီစဉ်လာခဲ့ပြီး အနောက်လန်ဒန်ကလပ်ဘက်က ပေါင်သန်း ၅၀ နဲ့ တန်ဖိုးဖြတ်ထားတဲ့ အင်္ဂလန်သားရဲ့ ဈေးနှုန်းကို ဒေါ့မွန်က များတယ်လို့ ယူဆနေကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးအနေနဲ့ အသင်းမှာပဲ ရှိနေမှာဖြစ်ပြီး နှစ်စဉ် သူ့လို ထိပ်တန်းကစားသမားမျိုးက အပြောင်းအရွှေ့သတင်းထွက်တာ မထူးဆန်းကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ဂျူလီယန် နာဂျယ်လ်စ်မန်းက ပြောသွားခဲ့။

– ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အီတလီတောင်ပံကစားသမား ဖက်ဒရီကို ခီယေဆာအတွက် ဖီအိုရင်တီးနားဆီက ယူရိုသန်း ၅၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့က နှစ်ရာသီအငှားနဲ့ ခေါ်ယူထားပြီး တစ်ရာသီ အသုံးပြုပြီးဖြစ်တဲ့ ၂၃ နှစ်သားကို ယူရိုသန်း ၁၀၀ နဲ့လည်း ပြန်မရောင်းနိုင်ကြောင်း ချဲလ်ဆီးအသင်းဆီ တုံ့ပြန်ထားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ လှည့်စားမှုတွေ ကောင်းမွန်တဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ မိဘတွေရဲ့နိုင်ငံ ဂါနာလက်ရွေးစင်အသင်းဆီ ပြောင်းလဲကစားဖို့ စဉ်းစားနေပြီး အင်္ဂလန်အသင်းကြီးနဲ့ တရားဝင်ပြိုင်ပွဲကြီးတွေမှာ ကစားရသေးခြင်း မရှိတာကြောင့် ဖီဖာရဲ့ စည်းမျဉ်းတွေအရလည်း ပြောင်းလဲနိုင်ခွင့်ရှိနေ။

– အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ ပေါ်လို မာလ်ဒီနီကတော့ ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးအနေနဲ့ မနက်ဖြန်မှာ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့ မီလန်မြို့ကို ရောက်လာမယ်လို့ ပြောသွားခဲ့ပြီး အပြီးသတ် ခေါ်ယူမယ်လို့လည်း အသိပေးသွားခဲ့ကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားတွေဖြစ်တဲ့ ဆာအူးလ် ညီးရက်ဇ်နဲ့ အွန်ထွာ ဂရီးဇ်မန်းတို့ကိုတော့ သက်ဆိုင်ရာအသင်းတွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အသလက်တီကို မက်ဒရစ်တို့က ဒဲ့လဲဖို့ စီစဉ်နေချိန်မှာ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင် ကြားဖြတ်ခေါ်ယူဖို့ လန်ဒန်ကလပ်အနေနဲ့ စောင့်ကြည့်နေ။

– ဘိုင်ယန်မြူးနစ်အသင်းကတော့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်လာတဲ့ နောက်ခံလူ နစ်ကလက်စ် ဆူးလားကို ရောင်းချဖို့ စီစဉ်လာခဲ့ပြီး ပေါင် ၃၁.၅ သန်း သတ်မှတ်ထားတဲ့ သူ့ကို ချဲလ်ဆီးအသင်းအနေနဲ့ စိတ်ဝင်စားလာတာကြာခဲ့ပြီဖြစ်တာကြောင့် ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ ဒက်ကလန် ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းက စာချုပ်သက်တမ်းတိုးဖို့ ထပ်မံကြိုးစားသွားဦးမှာဖြစ်ပြီး ဖလိပီ အန်ဒါဆန်ကို ရောင်းချတုန်းက ရခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ အင်္ဂလန်သားအတွက် လစာတိုးမြှင့်ပေးသွားဖို့ ရှိနေကြောင်းသိရ။

– ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဝက်စ်ဘရွန်းအသင်းကို အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွန်နာ ဂယ်လာဂါကို နယူးကာဆယ်လ်အသင်းက အငှားနဲ့ ကမ်းလှမ်းလာခဲ့သလို ချဲလ်ဆီးအသင်းဘက်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံသွားဖို့ ရှိနေပေမယ့် အပြီးသတ်ရောင်းချဖို့တော့ ဆန္ဒမရှိဘဲဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ယခင္က အပယ္ခံကစားသမားေတြျဖစ္ခဲ့တဲ့ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ခ်ာလီ မူဆြန္ဒါနဲ႔ ေရာ့စ္ ဘာကလီတို႔ကို နည္းျပ ေသာမတ္စ္ တူဟယ္လ္က ‌ရာသီႀကိဳေျခစမ္းပြဲေတြအတြင္း စြမ္းေဆာင္ရည္ကို ၾကည့္ၿပီး အသင္းမွာ ဆက္ထားသင့္ မထားသင့္ကို ဆုံးျဖတ္မယ္လို႔ သတင္းမ်ားထြက္ေပၚလာ။

– အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းကေတာ့ အသင္းရဲ႕တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကိုပါ အလိုက္ေပး ထည့္သြင္းသြားဖို႔ စီစဥ္လာခဲ့ၿပီး အေနာက္လန္ဒန္ကလပ္ဘက္က ေပါင္သန္း ၅၀ နဲ႔ တန္ဖိုးျဖတ္ထားတဲ့ အဂၤလန္သားရဲ႕ ေဈးႏႈန္းကို ေဒါ့မြန္က မ်ားတယ္လို႔ ယူဆေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးအေနနဲ႔ အသင္းမွာပဲ ရွိေနမွာျဖစ္ၿပီး ႏွစ္စဥ္ သူ႔လို ထိပ္တန္းကစားသမားမ်ိဳးက အေျပာင္းအေ႐ႊ႕သတင္းထြက္တာ မထူးဆန္းေၾကာင္း ဘိုင္ယန္ျမဴးနစ္နည္းျပ ဂ်ဴလီယန္ နာဂ်ယ္လ္စ္မန္းက ေျပာသြားခဲ့။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ အီတလီေတာင္ပံကစားသမား ဖက္ဒရီကို ခီေယဆာအတြက္ ဖီအိုရင္တီးနားဆီက ယူ႐ိုသန္း ၅၀ နဲ႔ အၿပီးသတ္ ေခၚယူခြင့္ ရွိေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတို႔က ႏွစ္ရာသီအငွားနဲ႔ ေခၚယူထားၿပီး တစ္ရာသီ အသုံးျပဳၿပီးျဖစ္တဲ့ ၂၃ ႏွစ္သားကို ယူ႐ိုသန္း ၁၀၀ နဲ႔လည္း ျပန္မေရာင္းႏိုင္ေၾကာင္း ခ်ဲလ္ဆီးအသင္းဆီ တုံ႔ျပန္ထားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ လွည့္စားမႈေတြ ေကာင္းမြန္တဲ့ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ မိဘေတြရဲ႕ႏိုင္ငံ ဂါနာလက္ေ႐ြးစင္အသင္းဆီ ေျပာင္းလဲကစားဖို႔ စဥ္းစားေနၿပီး အဂၤလန္အသင္းႀကီးနဲ႔ တရားဝင္ၿပိဳင္ပြဲႀကီးေတြမွာ ကစားရေသးျခင္း မရွိတာေၾကာင့္ ဖီဖာရဲ႕ စည္းမ်ဥ္းေတြအရလည္း ေျပာင္းလဲႏိုင္ခြင့္ရွိေန။

– ေအစီမီလန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီကေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးအေနနဲ႔ မနက္ျဖန္မွာ အေျပာင္းအေ႐ႊ႕ကိစၥကို အၿပီးသတ္ဖို႔ မီလန္ၿမိဳ႕ကို ေရာက္လာမယ္လို႔ ေျပာသြားခဲ့ၿပီး အၿပီးသတ္ ေခၚယူမယ္လို႔လည္း အသိေပးသြားခဲ့ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ပစ္မွတ္ကစားသမားေတြျဖစ္တဲ့ ဆာအူးလ္ ညီးရက္ဇ္နဲ႔ အြန္ထြာ ဂရီးဇ္မန္းတို႔ကိုေတာ့ သက္ဆိုင္ရာအသင္းေတြျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ အသလက္တီကို မက္ဒရစ္တို႔က ဒဲ့လဲဖို႔ စီစဥ္ေနခ်ိန္မွာ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ရင္ ၾကားျဖတ္ေခၚယူဖို႔ လန္ဒန္ကလပ္အေနနဲ႔ ေစာင့္ၾကည့္ေန။

– ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္လာတဲ့ ေနာက္ခံလူ နစ္ကလက္စ္ ဆူးလားကို ေရာင္းခ်ဖို႔ စီစဥ္လာခဲ့ၿပီး ေပါင္ ၃၁.၅ သန္း သတ္မွတ္ထားတဲ့ သူ႔ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ စိတ္ဝင္စားလာတာၾကာခဲ့ၿပီျဖစ္တာေၾကာင့္ ေခၚယူဖို႔ ခ်ိတ္ဆက္ေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ ဒက္ကလန္ ႐ိုက္စ္ကို ဝက္စ္ဟမ္းအသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ ထပ္မံႀကိဳးစားသြားဦးမွာျဖစ္ၿပီး ဖလိပီ အန္ဒါဆန္ကို ေရာင္းခ်တုန္းက ရခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အဂၤလန္သားအတြက္ လစာတိုးျမႇင့္ေပးသြားဖို႔ ရွိေနေၾကာင္းသိရ။

– ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဝက္စ္ဘ႐ြန္းအသင္းကို အငွားထြက္ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြန္နာ ဂယ္လာဂါကို နယူးကာဆယ္လ္အသင္းက အငွားနဲ႔ ကမ္းလွမ္းလာခဲ့သလို ခ်ဲလ္ဆီးအသင္းဘက္ကလည္း ဝမ္းေျမာက္ဝမ္းသာ လက္ခံသြားဖို႔ ရွိေနေပမယ့္ အၿပီးသတ္ေရာင္းခ်ဖို႔ေတာ့ ဆႏၵမရွိဘဲျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.