Premier League Transfer News

15 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ အန်ဒါလက်ချ်ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါအတွက် ယူရို ၁၇.၅ သန်း ပေးချေသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီဖြစ်သလို လန်ဒန်ကို ရောက်ရှိနေတဲ့ ဘယ်လ်ဂျီယမ်သားနဲ့ အပြီးသတ် တရားဝင် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ပဲ ကျန်ရှိနေ။

– အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်နေတဲ့ နောက်ခံလူ ဘန်ဝှိုက်ကို ဘရိုက်တန်ဘက်က ထိန်းသိမ်းထားဖို့ မရှိတော့ဘဲ မြောက်လန်ဒန်ကလပ်နဲ့ ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်နေသလို သတ်မှတ်ပြောင်းရွှေ့ကြေးကို ပေးချေဖို့ မူအားဖြင့် သဘောတူခဲ့ပြီး အသေးစိတ်တွေကိုသာ ညှိနှိုင်းရတော့မယ်လို့ ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါရဲ့ ထိန်းချုပ်မှုတွေမှာ ပြိုင်ဘက် ဘာစီလိုနာအသင်းလိုပဲ ဘဏ္ဏာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့အတွက် အာဆင်နယ်က အလိုရှိနေတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ရောင်းချရဖို့ ရှိနိုင်သလို ပေါင် ၂၅ သန်းကနေ ၃၄ သန်းအတွင်း အံ့အားသင့်ဖွယ် ဈေးနှုန်းနဲ့ ရရှိနိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

– အာဆင်နယ်အသင်းမှာ အနာဂတ်ရှိနေတယ်လို့ နည်းပြ မီခယ်လ် အာတီတာက ထုတ်ဖော်သွားခဲ့ပေမယ့် မြောက်လန်ဒန်သားတွေအနေနဲ့ ဒီရာသီမှာလည်း ပွဲထွက်နေရာ သိပ်မပေးနိုင်သေးတဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်ကို နယူးကာဆယ်လ်ဆီ ရာသီကုန်အထိ အငှားချသွားဖို့ ပြန်လည်စဉ်းစားနေ။

– တန်းဆင်း ဝက်စ်ဘရွန်းအသင်းဘက်က ပေါင် ၁၀ သန်းနဲ့ ရောင်းချသွားမယ့် ဂိုးသမား ဆမ် ဂျွန်စတုန်းကို အာဆင်နယ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့သလို ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းခဲ့မှုကိုတော့ ပယ်ချခံခဲ့ရတယ်လို့ သိရပြီး အင်္ဂလန်လက်ရွေးစင်အတွက် မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းနဲ့လည်း ယှဉ်ပြိုင်ရဖို့ရှိလာ။

– နောက်တန်းရဲ့ နေရာစုံမှာ ကစားနိုင်ပြီး ခြေနှစ်ချောင်းလုံး သန်သလို ပရော်ဖက်ရှင်နယ်ပီသတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူဟယ်လ်က မှတ်ချက်ပေးထားတဲ့ ပီအက်စ်ဂျီနောက်ခံလူ သီလို ခယ်ရာကို ဒီထောက်ခံမှုနဲ့အတူ ခေါ်ယူသွားနိုင်ဖို့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးက ဘန်ဝှိုက်ရဲ့ အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေ။

– ဟိုက်ဘာနီးယန်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို အာဆင်နယ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပြီး ရာသီကြိုမှာ ဗိုက်ရွှဲရွှဲနဲ့ဖြစ်နေတဲ့ ၃၂ နှစ်သားကို ကစားသမားဘဝက အနားယူဖို့နဲ့ မဟုတ်ရင်လည်း အသင်းက ထွက်သွားဖို့ ဆိုနေကြ။

– ကွင်းလယ်လူ ဂရာနစ် ချာကာကို အောက်ဈေးလာနှိုက်ထားတဲ့ ရိုးမားအသင်းရဲ့ ကွင်းလယ်လူ အာမာဒူ ဒီယာဝါရာကို ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းတည်းနဲ့ ရရှိနိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကတော့ ဆွစ်ဇာလန်သားအပေါ် လုပ်ခဲ့တဲ့ အပြုအမူအတွက် တုံ့ပြန်လက်စားချေဖို့ တိုက်တွန်းနေကြ။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့မှားတစ်ခုဖြစ်ခဲ့တဲ့ ဗလင်စီယာကနေ ယူရို ၃၅ သန်းပေးပြီး ၂၀၁၉ ခုနှစ်က ခေါ်ယူထားခဲ့တဲ့ ဂိုးသမား နီတိုကို လက်ခံနိုင်တဲ့ ဈေးရရင် ရောင်းထုတ်သွားဖို့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအရ ယူရို ၆ သန်း ဝန်းကျင်သာ ရှိတော့တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ အန္ဒါလက္ခ်္ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါအတြက္ ယူ႐ို ၁၇.၅ သန္း ေပးေခ်သြားမွာျဖစ္ၿပီး ၂၀၂၆ ခုႏွစ္အထိ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ၿပီျဖစ္သလို လန္ဒန္ကို ေရာက္ရွိေနတဲ့ ဘယ္လ္ဂ်ီယမ္သားနဲ႔ အၿပီးသတ္ တရားဝင္ လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ဖို႔ပဲ က်န္ရွိေန။

– အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ေနာက္ခံလူ ဘန္ဝႈိက္ကို ဘ႐ိုက္တန္ဘက္က ထိန္းသိမ္းထားဖို႔ မရွိေတာ့ဘဲ ေျမာက္လန္ဒန္ကလပ္နဲ႔ ထပ္မံေဆြးေႏြးမႈေတြ ျပဳလုပ္ေနသလို သတ္မွတ္ေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ဖို႔ မူအားျဖင့္ သေဘာတူခဲ့ၿပီး အေသးစိတ္ေတြကိုသာ ညႇိႏႈိင္းရေတာ့မယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ လာလီဂါရဲ႕ ထိန္းခ်ဳပ္မႈေတြမွာ ၿပိဳင္ဘက္ ဘာစီလိုနာအသင္းလိုပဲ ဘဏၰာေရးအက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရၿပီး ေျဖရွင္းဖို႔အတြက္ အာဆင္နယ္က အလိုရွိေနတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေရာင္းခ်ရဖို႔ ရွိႏိုင္သလို ေပါင္ ၂၅ သန္းကေန ၃၄ သန္းအတြင္း အံ့အားသင့္ဖြယ္ ေဈးႏႈန္းနဲ႔ ရရွိႏိုင္မယ္လို႔ သတင္းေတြ ထြက္ေပၚလာ။

– အာဆင္နယ္အသင္းမွာ အနာဂတ္ရွိေနတယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ထုတ္ေဖာ္သြားခဲ့ေပမယ့္ ေျမာက္လန္ဒန္သားေတြအေနနဲ႔ ဒီရာသီမွာလည္း ပြဲထြက္ေနရာ သိပ္မေပးႏိုင္ေသးတဲ့ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္ကို နယူးကာဆယ္လ္ဆီ ရာသီကုန္အထိ အငွားခ်သြားဖို႔ ျပန္လည္စဥ္းစားေန။

– တန္းဆင္း ဝက္စ္ဘ႐ြန္းအသင္းဘက္က ေပါင္ ၁၀ သန္းနဲ႔ ေရာင္းခ်သြားမယ့္ ဂိုးသမား ဆမ္ ဂြၽန္စတုန္းကို အာဆင္နယ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့သလို ဝက္စ္ဟမ္းအသင္းက ကမ္းလွမ္းခဲ့မႈကိုေတာ့ ပယ္ခ်ခံခဲ့ရတယ္လို႔ သိရၿပီး အဂၤလန္လက္ေ႐ြးစင္အတြက္ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းနဲ႔လည္း ယွဥ္ၿပိဳင္ရဖို႔ရွိလာ။

– ေနာက္တန္းရဲ႕ ေနရာစုံမွာ ကစားႏိုင္ၿပီး ေျခႏွစ္ေခ်ာင္းလုံး သန္သလို ပေရာ္ဖက္ရွင္နယ္ပီသတဲ့ ေခါင္းေဆာင္ေကာင္းတစ္ဦးလို႔ ခ်ဲလ္ဆီး နည္းျပ ေသာမတ္စ္ တူဟယ္လ္က မွတ္ခ်က္ေပးထားတဲ့ ပီအက္စ္ဂ်ီေနာက္ခံလူ သီလို ခယ္ရာကို ဒီေထာက္ခံမႈနဲ႔အတူ ေခၚယူသြားႏိုင္ဖို႔ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ဘန္ဝႈိက္ရဲ႕ အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေန။

– ဟိုက္ဘာနီးယန္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ပါဝင္ကစားခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဝီလီယန္ရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံကို အာဆင္နယ္ပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့ၾကၿပီး ရာသီႀကိဳမွာ ဗိုက္႐ႊဲ႐ႊဲနဲ႔ျဖစ္ေနတဲ့ ၃၂ ႏွစ္သားကို ကစားသမားဘဝက အနားယူဖို႔နဲ႔ မဟုတ္ရင္လည္း အသင္းက ထြက္သြားဖို႔ ဆိုေနၾက။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေအာက္ေဈးလာႏႈိက္ထားတဲ့ ႐ိုးမားအသင္းရဲ႕ ကြင္းလယ္လူ အာမာဒူ ဒီယာဝါရာကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၂ သန္းတည္းနဲ႔ ရရွိႏိုင္မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဆြစ္ဇာလန္သားအေပၚ လုပ္ခဲ့တဲ့ အျပဳအမူအတြက္ တုံ႔ျပန္လက္စားေခ်ဖို႔ တိုက္တြန္းေနၾက။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕မွားတစ္ခုျဖစ္ခဲ့တဲ့ ဗလင္စီယာကေန ယူ႐ို ၃၅ သန္းေပးၿပီး ၂၀၁၉ ခုႏွစ္က ေခၚယူထားခဲ့တဲ့ ဂိုးသမား နီတိုကို လက္ခံႏိုင္တဲ့ ေဈးရရင္ ေရာင္းထုတ္သြားဖို႔ စာရင္းထဲမွာ ထည့္သြင္းလိုက္ၿပီး ေဈးကြက္ေပါက္ေဈးအရ ယူ႐ို ၆ သန္း ဝန္းက်င္သာ ရွိေတာ့တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.