Premier League Transfer News

15 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ယူရိုပြိုင်ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ ယူနိုက်တက်ဟာ ၂၈ နှစ်သားကို မဖြစ်မနေ စာချုပ်သစ်ချုပ်ဆိုဖို့ အသည်းအသန်ကြိုးပမ်းနေပြီး စာချုပ်သစ်တရပ်ဖြစ်ပေါ်လာဖို့ မက်လောက်ဖွယ် ကလပ်စံချိန်တင် လုပ်ခလစာဖြစ်တဲ့ တပတ် ပေါင် ၃၉၀၀၀၀၊ တနှစ် ယူရို ၂၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရ။

– ယူနိုက်တက်အသင်းအနေနဲ့ ကာရင်တန်မှာ ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ၅ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဂျေဒန် ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားဖို့ ရှိနေချိန်မှာ ၃ ပတ် နားရက်ရထားတဲ့ အင်္ဂလန်သားအနေနဲ့ ဇူလိုင်လအကုန်မှသာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပူးပေါင်းသွားနိုင်မှာဖြစ်ကြောင်း အတည်ပြုခံထားရ။

– ရီးရဲလ်မက်ဒရစ် ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းရဲ့ အပြောင်းအရွှေ့ကို အားစိုက်လုပ်ဆောင်နေတဲ့ ယူနိုက်တက်အသင်းဟာ ဘာနေဗျူးဘက်နဲ့ တိုက်ရိုက်စကားပြောဆိုမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ဆန်ချိုအပါအဝင် အဆိုပါကစားသမားနှစ်ဦးစလုံးကို သရဲနီသစ်တွေအဖြစ် တပြိုင်နက် တရားဝင်ကြေငြာသွားဖို့ ယုံကြည်ချက်ရှိနေကြောင်း သိရ။

– ရိုးမားအသင်းကို တာဝန်ယူနေတဲ့ ယူနိုက်တက်နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက အီတလီနဲ့အတူ ယူရိုပြိုင်ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ရိုးမားဘယ်နောက်ခံအစွန်လူ လီယိုနာဒို စပီနက်ဇိုလာရဲ့နေရာမှာ ဘရာဇီးလ်သား အဲလက်စ် တဲလက်စ်နဲ့ အစားထိုးသွားလိုကြောင်း သိရပြီး ယူနိုက်တက်အသင်းဘက်ကလည်း အင်္ဂလန်နဲ့ သိပ်အထိုင်မကျတဲ့ ကစားသမားကို ရှင်းထုတ်သွားဖို့ အလိုရှိနေ။

– ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဟာ ကာလကြာမြင့်ပြီး အီလေးဆွဲနေတဲ့ ပြင်သစ်ဗဟိုခံစစ်မှူး ဗာရွန်းကို မရခဲ့ရင် ဂျူဗင်တပ်စ်အသင်းရဲ့ အာဂျင်တီနားသား ခရစ္စတီယန် ရိုမဲရိုကို ယူရို ၄၅ သန်း အပြတ်ပေးပြီး ခပ်သွက်သွက် ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေကြောင်း သိရပြီး ရိုမဲရိုအပြင် နောက်ထပ်ဗဟိုခံစစ်မှူးတဦးကိုပါ ခေါ်ယူသွားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေတဲ့ ဥရုဂွေးလူငယ်တောင်ပံတိုက်စစ်မှူး ဖာကန်ဒို ပယ်လစ္စထရီဟာ သူ​ခြေစွမ်းပြနိုင်ခဲ့တဲ့ လာလီဂါကလပ် အလာဗက်စ်အသင်းမှာ အငှားတနှစ် ထပ်မံသွားကစားလိုကြောင်း အသင်းကို အသိပေးထားခဲ့ပြီဖြစ်သလို ဆန်ချိုကို ရရှိထားတဲ့ နည်းပြဆိုးလ်ရှားကလည်း သူ့ရဲ့ဆန္ဒကို လိုက်လျောသွားဖွယ်ရှိနေ။

– ယူနိုက်တက်အသင်းအနေနဲ့ ပေါင်သန်း ၃၀ စျေးဖွင့်ထားတဲ့ ဂျက်ဆီ လင်ဂတ်ကို သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ဖို့ ၂ ပတ်တိတိ အချိန်ပေးလိုက်ပြီဖြစ်ကြောင်း သိရသလို နောက်ဆုံးရသတင်းဖော်ပြမှုမှာ အင်္ဂလန်သားကို စာချုပ်သစ်တရပ် ကမ်းလှမ်းခဲ့တဲ့နောက် သူ့ရဲ့တုံ့ပြန်မှုကို အသင်းဘက်က စောင့်ဆိုင်းနေချိန်မှာ ၂၈ နှစ်သားအနေနဲ့ ဝက်စ်ဟမ်းမှာ ပြန်ကစားလိုစိတ်ကြောင့် ဝေခွဲမရဖြစ်နေကြောင်း သိရ။

– ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းအတွက် အထူးတလည်ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ယူနိုက်တက်ဘုတ်အဖွဲ့က အတော်လေးနှစ်ခြိုက်နေကြောင်း သိရပြီး ပေါင်သန်း ၁၀၀ စျေးဖွင့်ထားတဲ့ ဝက်စ်ဟမ်းအသင်းဘက်က ပေါင်သန်း ၈၀ အထိ စျေးလျှော့ပေးသွားမယ်လို့ ကမ်းလှမ်းခံခဲ့ရချိန်မှာ ဒီနွေရာသီရဲ့ အရေးအကြီးဆုံးအပြောင်းအရွှေ့ကို အောင်မြင်နိုင်လိမ့်မယ်လို့ နည်းပြဆိုးလ်ရှားယုံကြည်နေ။

– ပြီးခဲ့တဲ့ရာသီကတည်းက နာကျင်ခံစားလာခဲ့ရတဲ့ ဘယ်ပခုံးဒဏ်ရာကို ဒီလအကုန်မှာ ခွဲစိတ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ခွဲစိတ်မှုအပြီး အနည်းဆုံး ၁၂ ပတ်အနားယူရမယ်လို့ သိရပြီး အောက်တိုဘာ ပွဲကျပ်ကာလမှာ ပြန်ကစားနိုင်ဖို့ အသင်းဘက်က မျှော်လင့်နေသလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အပါအဝင် မန်ချက်စတာယူနိုက်တက်အတွက် ရာသီအဖွင့်ကနေစပြီး ၁၁ ပွဲအထိ လွဲချော်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ယူ႐ိုၿပိဳင္ပြဲမွာ အထူးေျခစြမ္းျပခဲ့တဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အသင္းမွာ ဆက္ထိန္းထားခ်င္တဲ့ ယူႏိုက္တက္ဟာ ၂၈ ႏွစ္သားကို မျဖစ္မေန စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အသည္းအသန္ႀကိဳးပမ္းေနၿပီး စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာဖို႔ မက္ေလာက္ဖြယ္ ကလပ္စံခ်ိန္တင္ လုပ္ခလစာျဖစ္တဲ့ တပတ္ ေပါင္ ၃၉၀၀၀၀၊ တႏွစ္ ယူ႐ို ၂၂ သန္းနဲ႔ ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရ။

– ယူႏိုက္တက္အသင္းအေနနဲ႔ ကာရင္တန္မွာ ေဆးစစ္မႈေအာင္ျမင္ခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကျငာသြားဖို႔ ရွိေနခ်ိန္မွာ ၃ ပတ္ နားရက္ရထားတဲ့ အဂၤလန္သားအေနနဲ႔ ဇူလိုင္လအကုန္မွသာ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္းသြားႏိုင္မွာျဖစ္ေၾကာင္း အတည္ျပဳခံထားရ။

– ရီးရဲလ္မက္ဒရစ္ ဗဟိုခံစစ္မႈး ရာေဖးလ္ ဗာ႐ြန္းရဲ႕ အေျပာင္းအေ႐ႊ႕ကို အားစိုက္လုပ္ေဆာင္ေနတဲ့ ယူႏိုက္တက္အသင္းဟာ ဘာေနဗ်ဴးဘက္နဲ႔ တိုက္႐ိုက္စကားေျပာဆိုမႈေတြ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ဆန္ခ်ိဳအပါအဝင္ အဆိုပါကစားသမားႏွစ္ဦးစလုံးကို သရဲနီသစ္ေတြအျဖစ္ တၿပိဳင္နက္ တရားဝင္ေၾကျငာသြားဖို႔ ယုံၾကည္ခ်က္ရွိေနေၾကာင္း သိရ။

– ႐ိုးမားအသင္းကို တာဝန္ယူေနတဲ့ ယူႏိုက္တက္နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳက အီတလီနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ႐ိုးမားဘယ္ေနာက္ခံအစြန္လူ လီယိုနာဒို စပီနက္ဇိုလာရဲ႕ေနရာမွာ ဘရာဇီးလ္သား အဲလက္စ္ တဲလက္စ္နဲ႔ အစားထိုးသြားလိုေၾကာင္း သိရၿပီး ယူႏိုက္တက္အသင္းဘက္ကလည္း အဂၤလန္နဲ႔ သိပ္အထိုင္မက်တဲ့ ကစားသမားကို ရွင္းထုတ္သြားဖို႔ အလိုရွိေန။

– ယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားဟာ ကာလၾကာျမင့္ၿပီး အီေလးဆြဲေနတဲ့ ျပင္သစ္ဗဟိုခံစစ္မႉး ဗာ႐ြန္းကို မရခဲ့ရင္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အာဂ်င္တီနားသား ခရစၥတီယန္ ႐ိုမဲ႐ိုကို ယူ႐ို ၄၅ သန္း အျပတ္ေပးၿပီး ခပ္သြက္သြက္ ေခၚယူသြားဖို႔ စိတ္အားထက္သန္ေနေၾကာင္း သိရၿပီး ႐ိုမဲ႐ိုအျပင္ ေနာက္ထပ္ဗဟိုခံစစ္မႉးတဦးကိုပါ ေခၚယူသြားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ျပန္လည္ပူးေပါင္းေနတဲ့ ဥ႐ုေဂြးလူငယ္ေတာင္ပံတိုက္စစ္မႉး ဖာကန္ဒို ပယ္လစၥထရီဟာ သူ​ေျခစြမ္းျပႏိုင္ခဲ့တဲ့ လာလီဂါကလပ္ အလာဗက္စ္အသင္းမွာ အငွားတႏွစ္ ထပ္မံသြားကစားလိုေၾကာင္း အသင္းကို အသိေပးထားခဲ့ၿပီျဖစ္သလို ဆန္ခ်ိဳကို ရရွိထားတဲ့ နည္းျပဆိုးလ္ရွားကလည္း သူ႔ရဲ႕ဆႏၵကို လိုက္ေလ်ာသြားဖြယ္ရွိေန။

– ယူႏိုက္တက္အသင္းအေနနဲ႔ ေပါင္သန္း ၃၀ ေစ်းဖြင့္ထားတဲ့ ဂ်က္ဆီ လင္ဂတ္ကို သူ႔ရဲ႕အနာဂတ္အတြက္ ဆုံးျဖတ္ဖို႔ ၂ ပတ္တိတိ အခ်ိန္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသလို ေနာက္ဆုံးရသတင္းေဖာ္ျပမႈမွာ အဂၤလန္သားကို စာခ်ဳပ္သစ္တရပ္ ကမ္းလွမ္းခဲ့တဲ့ေနာက္ သူ႔ရဲ႕တုံ႔ျပန္မႈကို အသင္းဘက္က ေစာင့္ဆိုင္းေနခ်ိန္မွာ ၂၈ ႏွစ္သားအေနနဲ႔ ဝက္စ္ဟမ္းမွာ ျပန္ကစားလိုစိတ္ေၾကာင့္ ေဝခြဲမရျဖစ္ေနေၾကာင္း သိရ။

– ယူ႐ို ၂၀၂၀ မွာ အဂၤလန္အသင္းအတြက္ အထူးတလည္ေျခစြမ္းျပသခဲ့တဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ယူႏိုက္တက္ဘုတ္အဖြဲ႕က အေတာ္ေလးႏွစ္ၿခိဳက္ေနေၾကာင္း သိရၿပီး ေပါင္သန္း ၁၀၀ ေစ်းဖြင့္ထားတဲ့ ဝက္စ္ဟမ္းအသင္းဘက္က ေပါင္သန္း ၈၀ အထိ ေစ်းေလွ်ာ့ေပးသြားမယ္လို႔ ကမ္းလွမ္းခံခဲ့ရခ်ိန္မွာ ဒီေႏြရာသီရဲ႕ အေရးအႀကီးဆုံးအေျပာင္းအေ႐ႊ႕ကို ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔ နည္းျပဆိုးလ္ရွားယုံၾကည္ေန။

– ၿပီးခဲ့တဲ့ရာသီကတည္းက နာက်င္ခံစားလာခဲ့ရတဲ့ ဘယ္ပခုံးဒဏ္ရာကို ဒီလအကုန္မွာ ခြဲစိတ္ေတာ့မယ္လို႔ ဆုံးျဖတ္ခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ခြဲစိတ္မႈအၿပီး အနည္းဆုံး ၁၂ ပတ္အနားယူရမယ္လို႔ သိရၿပီး ေအာက္တိုဘာ ပြဲက်ပ္ကာလမွာ ျပန္ကစားႏိုင္ဖို႔ အသင္းဘက္က ေမွ်ာ္လင့္ေနသလို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အပါအဝင္ မန္ခ်က္စတာယူႏိုက္တက္အတြက္ ရာသီအဖြင့္ကေနစၿပီး ၁၁ ပြဲအထိ လြဲေခ်ာ္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.