Premier League

14 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အငှားထွက်ကစားခဲ့တဲ့ ဒန်နီ ဒရင့်ဝါးတား၊ ရော့စ် ဘာကလီနဲ့ ဒါဗီဒေး ဇက်ပါကော့စတာတို့ကို ရာသီကြိုခြေစမ်းပွဲတွေမှာ အခွင့်အရေးတွေ ပေးသွားဖို့ရှိနေပြီး ခြေစွမ်းပြနိုင်ခဲ့သူတွေအတွက် အသင်းမှာ နေရာရှိတဲ့အကြောင်းကိုလည်း အသိပေးထားကြောင်းသိရ။

ဝက်စ်ဟမ်းအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် ပေါင်သန်း ၈၀ အထိ အလိုရှိနေပြီး စာချုပ်သက်တမ်း သိပ်မကျန်တော့တဲ့ ကစားသမားအတွက် တောင်းဆိုတဲ့ ဈေးက များနေပေမယ့် ချဲလ်ဆီးဘက်ကတော့ ကစားသမားရဲ့ လစာကို တစ်ပတ် ပေါင်နှစ်သိန်းအထိပေးဖို့ အသင့်ပြင်ထားတယ်လို့ သတင်းတွေ ထွက်လာ။

ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝေးလ်စ်လက်ရွေးစင်ဂိုးသမား ဝိန်း ဟန်နက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ တတိယဂိုးသမားအဖြစ် အရန်သင့်ထားနိုင်တဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ဂိုးသမားဖြစ်သလို Homegrown တစ်ဉီးဖြစ်နေလို့ အသုံးတည့်တဲ့အချက်က နည်းပြ သောမက်စ် တူဟယ်လ်ကို ဆွဲဆောင်နေ။

ပြီးခဲ့တဲ့လကမှ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့်လည်း အိုလီဗီးယေး ဂျရူးအတွက် ပြောင်းရွှေ့ကြေးအနည်းငယ် ချဲလ်ဆီးအသင်းက ရဦးမှာဖြစ်ပြီး အေစီမီလန်အသင်းကို ယူရို ၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအနေအထားဖြစ်နေသလို သက်တမ်းကုန်ရင် အလကားပေးရမှာထက်စာရင်တော့ အကျိုးရှိတဲ့ အကွက်ကို ရွှေ့ခဲ့တာဖြစ်ကြောင်းသိရ။

ယူရို ၂၀၂၀ မှာ ပြခဲ့တဲ့ခြေစွမ်းတွေကြောင့် ဖယ်ဒရီကို ခီယေဆာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ယူရိုသန်း ၈၀ အထိ မတန်တဆ အလိုရှိနေတာကြောင့် ခေါ်ချင်ရင်တောင် အာလင်း ဟာလန်းနဲ့ ဒက်ကလန် ရိုက်စ်မှာ ငွေကုန်ဦးမှာဖြစ်လို့ ရှိတဲ့လူ အရင်ရောင်းရမယ့် အနေအထားကို ရောက်ရှိလာခဲ့။

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ချင်တဲ့အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းလည်း ပါဝင်လာတာကြောင့် ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အနေအထားမှာ အင်္ဂလန်သားတိုက်စစ်မှူးနဲ့ ငွေကြေးအနည်းငယ်ပေါင်းပြီး ကမ်းလှမ်းဖို့ စဉ်းစားလာခဲ့ကြောင်းသိရ။

အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် လစာငွေပေးချေမှုကို လျှော့ချချင်နေတဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ တိုက်စစ်မှူး အွန်ထွာ ဂရီးဇ်မန်းကို ချဲလ်ဆီးအသင်းအနေနဲ့ အငှားနဲ့ဖြစ်ဖြစ် အပြီးသတ်ဖြစ်ဖြစ် ပြောင်းရွှေ့စေချင်နေတာကြောင့် အာလင်း ဟာလန်းကို မရခဲ့ရင် အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ရှိနေ။

BT Sport ရဲ့ သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ခရစ္စ ဆပ်တန်ကတော့ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာ ပိုပြီးစွမ်းဆောင်ရည်ကောင်းခဲ့သင့်ကြောင်း ဝေဖန်သွားခဲ့ပေမယ့် အသက် ၂၂ နှစ်အရွယ် ကစားသမားဆီက နောက်တစ်ခါဆိုရင်တော့ ပိုမျှော်လင့်လို့ရလောက်မှာပါဆိုပြီး ပြောသွားခဲ့ကြောင်းသိရ။

ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့တိုက်စစ်မှူး အာလင်း ဟာလန်းကို အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့် ယူရို ၁၇၅ သန်း ရမယ်ဆိုရင်တော့ မငြင်းဆန်နိုင်တော့ဘဲ လက်ရှိအပြောင်းအရွှေ့ကာလမှာတင် အပြီးသတ်ရောင်းချမယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းအနေနဲ့တော့ ဆွေး‌နွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်သွားလိုကြောင်း သတင်းများထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက အငွားထြက္ကစားခဲ့တဲ့ ဒန္နီ ဒရင့္ဝါးတား၊ ေရာ့စ္ ဘာကလီနဲ႔ ဒါဗီေဒး ဇက္ပါေကာ့စတာတို႔ကို ရာသီႀကိဳေျခစမ္းပြဲေတြမွာ အခြင့္အေရးေတြ ေပးသြားဖို႔ရွိေနၿပီး ေျခစြမ္းျပႏိုင္ခဲ့သူေတြအတြက္ အသင္းမွာ ေနရာရွိတဲ့အေၾကာင္းကိုလည္း အသိေပးထားေၾကာင္းသိရ။

ဝက္စ္ဟမ္းအသင္းကေတာ့ သူတို႔ရဲ႕ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ ေပါင္သန္း ၈၀ အထိ အလိုရွိေနၿပီး စာခ်ဳပ္သက္တမ္း သိပ္မက်န္ေတာ့တဲ့ ကစားသမားအတြက္ ေတာင္းဆိုတဲ့ ေဈးက မ်ားေနေပမယ့္ ခ်ဲလ္ဆီးဘက္ကေတာ့ ကစားသမားရဲ႕ လစာကို တစ္ပတ္ ေပါင္ႏွစ္သိန္းအထိေပးဖို႔ အသင့္ျပင္ထားတယ္လို႔ သတင္းေတြ ထြက္လာ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ ေဝးလ္စ္လက္ေ႐ြးစင္ဂိုးသမား ဝိန္း ဟန္နက္ဆီကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး အသင္းရဲ႕ တတိယဂိုးသမားအျဖစ္ အရန္သင့္ထားႏိုင္တဲ့ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္ ဂိုးသမားျဖစ္သလို Homegrown တစ္ဉီးျဖစ္ေနလို႔ အသုံးတည့္တဲ့အခ်က္က နည္းျပ ေသာမက္စ္ တူဟယ္လ္ကို ဆြဲေဆာင္ေန။

ၿပီးခဲ့တဲ့လကမွ စာခ်ဳပ္သက္တမ္းတိုးခဲ့တာေၾကာင့္လည္း အိုလီဗီးေယး ဂ်႐ူးအတြက္ ေျပာင္းေ႐ႊ႕ေၾကးအနည္းငယ္ ခ်ဲလ္ဆီးအသင္းက ရဦးမွာျဖစ္ၿပီး ေအစီမီလန္အသင္းကို ယူ႐ို ၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ အနီးစပ္ဆုံးအေနအထားျဖစ္ေနသလို သက္တမ္းကုန္ရင္ အလကားေပးရမွာထက္စာရင္ေတာ့ အက်ိဳးရွိတဲ့ အကြက္ကို ေ႐ႊ႕ခဲ့တာျဖစ္ေၾကာင္းသိရ။

ယူ႐ို ၂၀၂၀ မွာ ျပခဲ့တဲ့ေျခစြမ္းေတြေၾကာင့္ ဖယ္ဒရီကို ခီေယဆာကို ေခၚယူလိုတဲ့အသင္းေတြထဲ ခ်ဲလ္ဆီးလည္း ပါဝင္လာခဲ့ၿပီး ဂ်ဴဗင္တပ္စ္ကေတာ့ ယူ႐ိုသန္း ၈၀ အထိ မတန္တဆ အလိုရွိေနတာေၾကာင့္ ေခၚခ်င္ရင္ေတာင္ အာလင္း ဟာလန္းနဲ႔ ဒက္ကလန္ ႐ိုက္စ္မွာ ေငြကုန္ဦးမွာျဖစ္လို႔ ရွိတဲ့လူ အရင္ေရာင္းရမယ့္ အေနအထားကို ေရာက္ရွိလာခဲ့။

ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚခ်င္တဲ့အသင္းေတြထဲ ပရီးမီးယားလိဂ္ကလပ္ ဝက္စ္ဟမ္းလည္း ပါဝင္လာတာေၾကာင့္ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ စီစဥ္ေနတဲ့ အေနအထားမွာ အဂၤလန္သားတိုက္စစ္မႉးနဲ႔ ေငြေၾကးအနည္းငယ္ေပါင္းၿပီး ကမ္းလွမ္းဖို႔ စဥ္းစားလာခဲ့ေၾကာင္းသိရ။

အသင္းရဲ႕ ဘ႑ာေရးအခက္အခဲေၾကာင့္ လစာေငြေပးေခ်မႈကို ေလွ်ာ့ခ်ခ်င္ေနတဲ့ ဘာစီလိုနာအသင္းက သူတို႔ရဲ႕ တိုက္စစ္မႉး အြန္ထြာ ဂရီးဇ္မန္းကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အငွားနဲ႔ျဖစ္ျဖစ္ အၿပီးသတ္ျဖစ္ျဖစ္ ေျပာင္းေ႐ႊ႕ေစခ်င္ေနတာေၾကာင့္ အာလင္း ဟာလန္းကို မရခဲ့ရင္ အၿပီးသတ္ေခၚယူခြင့္ပါတဲ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ရွိေန။

BT Sport ရဲ႕ သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ခရစၥ ဆပ္တန္ကေတာ့ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ေမာင့္အေနနဲ႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ပိုၿပီးစြမ္းေဆာင္ရည္ေကာင္းခဲ့သင့္ေၾကာင္း ေဝဖန္သြားခဲ့ေပမယ့္ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဆီက ေနာက္တစ္ခါဆိုရင္ေတာ့ ပိုေမွ်ာ္လင့္လို႔ရေလာက္မွာပါဆိုၿပီး ေျပာသြားခဲ့ေၾကာင္းသိရ။

ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕တိုက္စစ္မႉး အာလင္း ဟာလန္းကို အသင္းမွာ ဆက္ရွိေနေစခ်င္ေပမယ့္ ယူ႐ို ၁၇၅ သန္း ရမယ္ဆိုရင္ေတာ့ မျငင္းဆန္ႏိုင္ေတာ့ဘဲ လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာတင္ အၿပီးသတ္ေရာင္းခ်မယ္ဆိုတဲ့သတင္း ထြက္လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ ေဆြး‌ေႏြးညႇိႏႈိင္းမႈေတြ ဆက္လက္ျပဳလုပ္သြားလိုေၾကာင္း သတင္းမ်ားထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.