Premier League

ဗာတြန္ဂန္ဟာ ေတာ့တင္ဟမ္အတြက္ အျပည့္အဝစိတ္ႏွစ္ထားတယ္လုိ႔ ေအးဂ်င့္ရွင္းလင္း

လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္ေပမယ့္လည္း ယန္ ဗာတြန္ဂန္ဟာ အသင္းအတြက္ အျပည့္အဝ စိတ္ႏွစ္ၿပီး အာ႐ုံစူးစိုက္ ကစားေနတဲ့အေၾကာင္း ေအးဂ်င့္ျဖစ္သူက သူ႕ရဲ႕ကစားသမားအတြက္ ရွင္းလင္းေျပာၾကားလုိက္ပါတယ္။

ဒီအသက္ ၃၂ ႏွစ္အရြယ္ ေနာက္ခံလူဟာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ၂၀၁၂ ႏွစ္က ေျပာင္းေရႊ႕ေၾကး ယူ႐ို ၁၂ သန္းနဲ႔ ေရာက္ရွိ လာခဲ့သူျဖစ္ၿပီး ၂၀၂၀ ဇြန္လမွာ ကုန္ဆုံးမယ့္ သူ႕ရဲ႕စာခ်ဳပ္အတြက္ အသင္းဘက္ကေတာ့ ဘာကမ္းလွမ္းမွဳမွလည္း မရရွိေသးတာျဖစ္ပါတယ္။

သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ တြမ္ ဒီမူးလ္ကေတာ့ ဗာတြန္ဂန္အေနနဲ႔ အသင္းကို ေရာက္လာကတည္းက တစ္ခါမွ မေပ်ာ္မရႊင္ျဖစ္ခဲ့တာမ်ဳိး မရွိဘဲ တစ္ခါတစ္ေလ လူစားလဲခံရတဲ့အခါမ်ဳိးမွာသာ သူ႕ရဲ႕ကစားပုံအတြက္ စိတ္မေကာင္းျဖစ္တတ္တာေလာက္ပဲ ရွိပါတယ္လို႔ ဆုိပါတယ္။

“ဂ်န္အေနနဲ႔ စပါးစ္အသင္းနဲ႔အတူ သူမ်ားမထင္မွတ္ထားတာေတြ လုပ္ျပခဲ့ၿပီးပါၿပီ။ ပရီးမီးယားလိဂ္မွာ အဆင့္ ၂ ရခဲ့တာ၊ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ ေရာက္ခဲ့တာေတြျဖစ္ၿပီး သူ႕အေနနဲ႔ အသင္းအတြက္လည္း အာ႐ုံအျပည့္အဝ စူးစိုက္ထားပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္မွာ အသင္းမွာ ေျခစြမ္းျပႏုိင္ဖို႔နဲ႔ ၂၀၂၀ ယူ႐ိုၿပဳိင္ပြဲမွာ အေရြးခ်ယ္ခံရဖို႔ကလည္း အေရးပါတယ္ မဟုတ္လား”လို႔ ဒီမူးလ္က ဆုိပါတယ္။

ေအဂ်က္စ္နဲ႔ ဆီဗီလာအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ဘယ္လ္ဂ်ီယံလက္ေရြးစင္ေဟာင္း ဒီမူးလ္က ဗာတြန္ဂန္အေနနဲ႔ သူ႕ရဲ႕စာခ်ဳပ္သက္တမ္းထက္ နည္းျပ ေမာ္ရင္ဟိုရဲ႕အသင္းအတြက္ ရာသီကုန္မွာ ရပ္တည္မွဳေကာင္းႏုိင္ဖို႔ကိုပဲ စိတ္ႏွစ္ထားတယ္ဆုိတဲ့အေၾကာင္းကိုလည္း ရွင္းလင္းေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ယန် ဗာတွန်ဂန်ဟာ အသင်းအတွက် အပြည့်အဝ စိတ်နှစ်ပြီး အာရုံစူးစိုက် ကစားနေတဲ့အကြောင်း အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားအတွက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒီအသက် ၃၂ နှစ်အရွယ် နောက်ခံလူဟာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ၂၀၁၂ နှစ်က ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းနဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ၂၀၂၀ ဇွန်လမှာ ကုန်ဆုံးမယ့် သူ့ရဲ့စာချုပ်အတွက် အသင်းဘက်ကတော့ ဘာကမ်းလှမ်းမှုမှလည်း မရရှိသေးတာဖြစ်ပါတယ်။

သူ့ရဲ့အေးဂျင့်ဖြစ်သူ တွမ် ဒီမူးလ်ကတော့ ဗာတွန်ဂန်အနေနဲ့ အသင်းကို ရောက်လာကတည်းက တစ်ခါမှ မပျော်မရွှင်ဖြစ်ခဲ့တာမျိုး မရှိဘဲ တစ်ခါတစ်လေ လူစားလဲခံရတဲ့အခါမျိုးမှာသာ သူ့ရဲ့ကစားပုံအတွက် စိတ်မကောင်းဖြစ်တတ်တာလောက်ပဲ ရှိပါတယ်လို့ ဆိုပါတယ်။

“ဂျန်အနေနဲ့ စပါးစ်အသင်းနဲ့အတူ သူများမထင်မှတ်ထားတာတွေ လုပ်ပြခဲ့ပြီးပါပြီ။ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရခဲ့တာ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ခဲ့တာတွေဖြစ်ပြီး သူ့အနေနဲ့ အသင်းအတွက်လည်း အာရုံအပြည့်အဝ စူးစိုက်ထားပါတယ်။ အသက် ၃၂ နှစ်အရွယ်မှာ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့နဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အရွေးချယ်ခံရဖို့ကလည်း အရေးပါတယ် မဟုတ်လား”လို့ ဒီမူးလ်က ဆိုပါတယ်။

အေဂျက်စ်နဲ့ ဆီဗီလာအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်း ဒီမူးလ်က ဗာတွန်ဂန်အနေနဲ့ သူ့ရဲ့စာချုပ်သက်တမ်းထက် နည်းပြ မော်ရင်ဟိုရဲ့အသင်းအတွက် ရာသီကုန်မှာ ရပ်တည်မှုကောင်းနိုင်ဖို့ကိုပဲ စိတ်နှစ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.