Premier League Transfer News

14 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက ဘူကာယို ဆာကာဟာ အင်္ဂလန်နဲ့ ပင်နယ်တီ လွဲချော်မှုအပြင် တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်ခဲ့ရတာကြောင့် ထိခိုက်ခံစားခဲ့ရပေမယ့် သူ့ကို ချစ်မြတ်နိုးတဲ့သူတွေရဲ့ အားပေးမှုနဲ့အတူ ရုန်းထွက်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြား။

– ယူရို ၂၀၂၀ မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ တစ်ပွဲမှ ကစားခွင့်ပေးတာ မခံခဲ့ရတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်အတွက် အာဆင်နယ် အသင်းအနေနဲ့ တစ်ပတ် ပေါင်တစ်သိန်းနှစ်သောင်းတန် စာချုပ်ကို အဆင်သင့်ပြင်ထားပြီး ပရိသတ်တွေ ရင်ခုန်ရတော့မယ်လို့ သတင်းတွေ ဆိုနေကြ။

– နည်းပြ အာတီတာအနေနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဟိုင်ဘာနီးယန်းကို ရှုံးနိမ့်ခဲ့တာဟာ ဆင်ခြေပေးလို့ မရဘူးလို့ ဆိုခဲ့ပေမယ့် သူ့ရဲ့ စကားတွေထဲက ထရိန်နင် လေးကြိမ်ပဲ ဆင်းရသေးကြောင်းနဲ့ ကလေးတွေကို ထည့်သွင်းကစားခဲ့လို့ ရှုံးရတာဆိုတဲ့ ရှင်းလင်းချက်တွေကတော့ ရှေ့နောက်မညီဘဲ ဟာသဖြစ်နေခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်အထိုင်အတွက် လိုချင်တဲ့ ကစားသမားတချို့ကို လက်လွှတ်ခဲ့ရပြီးနောက်မှာ ဝုလ်ဗ်စ်အသင်းရဲ့ ရူဘင် နီဗက်စ်ဘက်ကို ပြန်လှည့်လာခဲ့ပြီး ပေါ်တူဂီသားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးထားခဲ့တယ်လို့ သိရသလို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းကိုတော့ မပေးလိုတာကြောင့် လျှော့ချခိုင်းဖို့ စီစဉ်နေ။

– အန်ဒါလက်ချ်အသင်းကနေ အာဆင်နယ်တို့ ခေါ်ယူမယ့် ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါရဲ့ ဆေးစစ်မှုက နယ်သာလန်နိုင်ငံမှာ အောင်မြင်ခဲ့တယ်လို့ သိရပြီး မကြာခင်အချိန်အတွင်းမှာ တရားဝင်ကြေငြာနိုင်လိမ့်မယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့သလို လက်ရှိမှာ လန်ဒန်ကို ရောက်ရှိနေ။

– အက်စ်တန်ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုတွေနဲ့ ခြိမ်းခြောက်ခံနေခဲ့ရတဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးရဲ့ အနာဂတ်အတွက် နည်းပြ အာတီတာက အာမခံလိုက်ပြီး အသက် ၂၀ အရွယ် အင်္ဂလိပ်လူငယ်အနေနဲ့ အမ်းမရိတ်မှာသာ ဆက်ရှိနေမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး နယူးကာဆယ်လ်က အလိုရှိနေတဲ့ ဂျိုးဝီလော့ခ်ကိုလည်း မရောင်းဘူးလို့ ပြောကြားသွားခဲ့။

– စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းက အငှားခေါ်ယူလိုနေတဲ့ ဟက်တာ ဘယ်လာရင်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို အမ်းမရိတ်ကွင်းမှာ ဆက်မရှိချင်တော့ဘူးလို့ သိရပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ အာဆင်နယ်အသင်းက ထွက်ခွာခွင့် တောင်းခံထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

– ယူရိုချန်ပီယံ အီတလီအသင်းခေါင်းဆောင် ဂျော်ဂျို ခေးလီနီက သူ့အနေနဲ့ ဘူကာယို ဆာကာ ပင်နယ်တီ မကန်ခင်မှာ ကျိန်စာတိုက်ခဲ့ပြီး ၁၉ နှစ်သားအတွက် တောင်အမေရိကမှာ ရေပန်းစားတဲ့ ကျိန်ဆဲမှုဖြစ်တဲ့ “ကီရီကိုချို”လို့ ပါးစပ်လှုပ်ပြပြီး နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ ESPN အာဂျင်တီးနားနဲ့ အင်တာဗျူးမှာ ဝန်ခံသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ရဲ့ အရည်အသွေးနဲ့ ငယ်မွေးခြံပေါက်ဖြစ်မှု အားသာချက်ကို သဘောကျပေမယ့် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း သဘောတူညီမှုရရှိဖို့ မစွမ်းနိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ တူညီတဲ့ နေရာမှာ ကစားနိုင်တဲ့ နောက်ခံလူ သီလို ခယ်ရာကိုပဲ ပြောင်းလဲခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေ။

– အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ဂယ်ရီ လိုင်နီကာက လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို သတိပေးစကားပြောလိုက်ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့တာဟာ ကစားသမားဘဝကို နောက်ပြန်ဆွဲချတာပဲဖြစ်လိမ့်မယ်လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ မှတ်ချက်ပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာက ဘူကာယို ဆာကာဟာ အဂၤလန္နဲ႔ ပင္နယ္တီ လြဲေခ်ာ္မႈအျပင္ တိုက္ခိုက္ခံရမႈေတြကိုပါ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ထိခိုက္ခံစားခဲ့ရေပမယ့္ သူ႔ကို ခ်စ္ျမတ္ႏိုးတဲ့သူေတြရဲ႕ အားေပးမႈနဲ႔အတူ ႐ုန္းထြက္လာႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကား။

– ယူ႐ို ၂၀၂၀ မွာ အဂၤလန္နည္းျပ ေဆာက္ဂိတ္ရဲ႕ တစ္ပြဲမွ ကစားခြင့္ေပးတာ မခံခဲ့ရတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ အာဆင္နယ္ အသင္းအေနနဲ႔ တစ္ပတ္ ေပါင္တစ္သိန္းႏွစ္ေသာင္းတန္ စာခ်ဳပ္ကို အဆင္သင့္ျပင္ထားၿပီး ပရိသတ္ေတြ ရင္ခုန္ရေတာ့မယ္လို႔ သတင္းေတြ ဆိုေနၾက။

– နည္းျပ အာတီတာအေနနဲ႔ ရာသီႀကိဳ ေျခစမ္းပြဲမွာ ဟိုင္ဘာနီးယန္းကို ရႈံးနိမ့္ခဲ့တာဟာ ဆင္ေျခေပးလို႔ မရဘူးလို႔ ဆိုခဲ့ေပမယ့္ သူ႔ရဲ႕ စကားေတြထဲက ထရိန္နင္ ေလးႀကိမ္ပဲ ဆင္းရေသးေၾကာင္းနဲ႔ ကေလးေတြကို ထည့္သြင္းကစားခဲ့လို႔ ရႈံးရတာဆိုတဲ့ ရွင္းလင္းခ်က္ေတြကေတာ့ ေရွ႕ေနာက္မညီဘဲ ဟာသျဖစ္ေနခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္အထိုင္အတြက္ လိုခ်င္တဲ့ ကစားသမားတခ်ိဳ႕ကို လက္လႊတ္ခဲ့ရၿပီးေနာက္မွာ ဝုလ္ဗ္စ္အသင္းရဲ႕ ႐ူဘင္ နီဗက္စ္ဘက္ကို ျပန္လွည့္လာခဲ့ၿပီး ေပၚတူဂီသားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးထားခဲ့တယ္လို႔ သိရသလို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းကိုေတာ့ မေပးလိုတာေၾကာင့္ ေလွ်ာ့ခ်ခိုင္းဖို႔ စီစဥ္ေန။

– အန္ဒါလက္ခ်္အသင္းကေန အာဆင္နယ္တို႔ ေခၚယူမယ့္ ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါရဲ႕ ေဆးစစ္မႈက နယ္သာလန္ႏိုင္ငံမွာ ေအာင္ျမင္ခဲ့တယ္လို႔ သိရၿပီး မၾကာခင္အခ်ိန္အတြင္းမွာ တရားဝင္ေၾကျငာႏိုင္လိမ့္မယ္လို႔ နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့သလို လက္ရွိမွာ လန္ဒန္ကို ေရာက္ရွိေန။

– အက္စ္တန္ဗီလာအသင္းရဲ႕ ကမ္းလွမ္းမႈေတြနဲ႔ ၿခိမ္းေျခာက္ခံေနခဲ့ရတဲ့ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးရဲ႕ အနာဂတ္အတြက္ နည္းျပ အာတီတာက အာမခံလိုက္ၿပီး အသက္ ၂၀ အ႐ြယ္ အဂၤလိပ္လူငယ္အေနနဲ႔ အမ္းမရိတ္မွာသာ ဆက္ရွိေနမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ၿပီး နယူးကာဆယ္လ္က အလိုရွိေနတဲ့ ဂ်ိဳးဝီေလာ့ခ္ကိုလည္း မေရာင္းဘူးလို႔ ေျပာၾကားသြားခဲ့။

– စီးရီးေအခ်န္ပီယံ အင္တာမီလန္အသင္းက အငွားေခၚယူလိုေနတဲ့ ဟက္တာ ဘယ္လာရင္အေနနဲ႔ သူ႔ရဲ႕ အနာဂတ္ကို အမ္းမရိတ္ကြင္းမွာ ဆက္မရွိခ်င္ေတာ့ဘူးလို႔ သိရၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ အာဆင္နယ္အသင္းက ထြက္ခြာခြင့္ ေတာင္းခံထားတယ္လို႔ သတင္းေတြ ထြက္ေပၚလာ။

– ယူ႐ိုခ်န္ပီယံ အီတလီအသင္းေခါင္းေဆာင္ ေဂ်ာ္ဂ်ိဳ ေခးလီနီက သူ႔အေနနဲ႔ ဘူကာယို ဆာကာ ပင္နယ္တီ မကန္ခင္မွာ က်ိန္စာတိုက္ခဲ့ၿပီး ၁၉ ႏွစ္သားအတြက္ ေတာင္အေမရိကမွာ ေရပန္းစားတဲ့ က်ိန္ဆဲမႈျဖစ္တဲ့ “ကီရီကိုခ်ိဳ”လို႔ ပါးစပ္လႈပ္ျပၿပီး ေႏွာင့္ယွက္ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့တယ္လို႔ ESPN အာဂ်င္တီးနားနဲ႔ အင္တာဗ်ဴးမွာ ဝန္ခံသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ရဲ႕ အရည္အေသြးနဲ႔ ငယ္ေမြးၿခံေပါက္ျဖစ္မႈ အားသာခ်က္ကို သေဘာက်ေပမယ့္ သတ္မွတ္ထားတဲ့ အခ်ိန္ကာလအတြင္း သေဘာတူညီမႈရရွိဖို႔ မစြမ္းႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ တူညီတဲ့ ေနရာမွာ ကစားႏိုင္တဲ့ ေနာက္ခံလူ သီလို ခယ္ရာကိုပဲ ေျပာင္းလဲေခၚယူသြားႏိုင္ဖို႔ ေစာင့္ၾကည့္ေန။

– အဂၤလန္တိုက္စစ္မႉးေဟာင္းႀကီး ဂယ္ရီ လိုင္နီကာက လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို သတိေပးစကားေျပာလိုက္ၿပီး အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕တာဟာ ကစားသမားဘဝကို ေနာက္ျပန္ဆြဲခ်တာပဲျဖစ္လိမ့္မယ္လို႔ သူ႔ရဲ႕ တြစ္တာအေကာင့္ကေန မွတ္ခ်က္ေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.