Premier League Transfer News

ဟားလန်းအတွက် ရိုင်ယိုလာရဲ့ ခွင်ထဲ တိုးဝင်လာမယ့်သူက ဘယ်ချန်ပီယံအသင်းဖြစ်မလဲ

ချဲလ်ဆီးအသင်းကတော့ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ပေါင်သန်း ၁၅၀ နဲ့ ခေါ်ယူနိုင်မယ်လို့လည်း လန်ဒန်အခြေစိုက်ကလပ်က ယုံကြည်‌နေပြီး ယူရိုစပို့စ်ရဲ့ အဆိုအရ ဇွန်လတုန်းက ချဲလ်ဆီးက ဟားလန်းနဲ့ သဘောတူညီမှုရခဲ့တယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လိုချင်တဲ့ကစားသမားကို ဟိုးအရင်ကတည်းက အရခေါ်တတ်တဲ့ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျအတွက်လည်း အရင်လို ခေါ်ချင်တဲ့ ကစားသမားကို ငွေပုံပေးပြီး ခေါ်ဖို့မလွယ်တော့တဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ၂၀၁၉ တုန်းကလို အပြောင်းအရွှေ့ အပိတ်ခံရမှာစိုးလို့ အသင်းက ပိုလျှံကစားသမားတွေကို ထုတ်ရောင်းဖို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာက ဦးစားပေးလုပ်ဆောင်နေတာပါ။

ဘဏ္ဍာရေးစည်းမျဉ်းနဲ့လွတ်အောင် ဟာကင်းမ် ဇီးယက်ရှ်၊ အိုလီ‌ဗီးယေး ဂျရူး၊ တမ်မီ အေဘရာဟမ်၊ အီမာဆန် ပါလ်မီယာရီ၊ ဟဒ်ဆန်-အိုဒွိုင်း၊ မစ်ချီ ဘက်ရွှာယီ အစရှိတဲ့ ပိုလျှံကစားသမားတွေ အကုန်လုံးကို ရောင်းထုတ်ပြီး ပေါင်သန်း ၁၀၀ လောက်ရဖို့ မျှော်လင့်နေသလို ဟားလန်းကို အရခေါ်ယူဖို့ ငွေဖော်နေလို့ ကြာနေတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ ချဲလ်ဆီးအသင်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ပတ် ပေါင် ၅၆၀,၀၀၀ အထိ ပေးခေါ်ပြီး အသင်းက ကစားသမားကောင်းတွေကိုပါ လစာလိုက်တိုးပေးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်လိုမျိုး ဖြစ်မှာ စိုးရိမ်တယ်ဆိုပြီး ဘဏ္ဍာရေးအခြေအနေကို သတိပေးခဲ့ပါတယ်။

သတိပေးပြီး မကြာမီမှာပဲ သူက ဟာလန်းကို အသင်းမှာ လိုချင်တယ်ဆိုပြီး အသင်းပိုင်ရှင်တွေကို အသိပေးခဲ့တာကြောင့် ဟားလန်းကို ပေါင်သန်း ၁၀၀ ကျော်ပေးမယ့် ပြိုင်ပွဲက ချဲလ်ဆီးတစ်သင်းတည်း မဟုတ်တော့ပဲ အစ်တီဟတ်သားတွေရော ပါဝင်လာခဲ့တာဖြစ်သလို ပေါင်သန်း ၁၃၀ အထိ ပြောင်းရွှေ့ကြေးကိုပေးဖို့ ပြင်ဆင်လာခဲ့တာပါ။

ဆာဂျီယို အဂွေရို မရှိတော့ချိန်မှာ ကျန်တဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးကိုလည်း အားမရတဲ့အတွက် မန်စီးတီးအနေနဲ့ ဟားလန်းဘက် လှည့်လာပြီး မကြာမီ ရီယက် မာရက်ဇ်ကလည်း နော်ဝေးသားနဲ့အတူရှိနေခဲ့တာကို တွစ်တာမှာ အေးဂျင့် မာရက်ဇ် ရောက်ရှိဆိုပြီး တင်ခဲ့လို့ မန်ချက်စတာသား‌တွေအတွက် မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။

ဟားလန်းကို လက်ရှိ ဒေါ့မွန်ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာလည်း မတွေ့ခဲ့ရသလို အင်္ဂလန်ကို ရောက်နေပြီလို့လည်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် လန်ဒန်နဲ့ မန်ချက်စတာ ဘယ်ကိုလဲလို့ မေးခွန်းတွေ အဆက်မပြတ်ထွက်ပေါ်လာခဲ့တာကလည်း နှစ်ရက်လောက်ပဲ ကြာပါသေးတယ်။

ဟာလန်းရဲ့ အေးဂျင့် မီနို ရွိုင်အိုလာကတော့ သူ့ကစားသမားကို ခေါ်မယ့်အသင်းက စာချုပ်ပါလျော်ကြေးမထည့်ရင် စာချုပ်မချုပ်ဖို့ သတိပေးထားသလို ကစားသမားကို ပြောင်းရွှေ့ကြေး မတက်တက်အောင် အသင်းခဏခဏပြောင်းမယ် အသံထွက်ပြီး အသင်းပြောင်းတာနဲ့ ကော်မရှင်ခ အများကြီးယူတတ်တဲ့သူ ပီသစွာနဲ့ပဲ ဒီတစ်ကြိမ်မှာလည်း ယူရိုသန်း ၄၀ အထိ ရယူလိုနေတာပါ။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကိုလည်း အဲ့ဒီနည်းနဲ့ပဲ အသင်းပြောင်းအောင် ကလိပေးပြီး ကော်မရှင်ခပိုက်ဖို့ ခွင်ကြီးကြီးဆင်နေသလို ဟာလန်းရဲ့ အပြောင်းအရွှေ့မှာတော့ ဘယ်အသင်းကြောင့် ယူရို သန်း ၄၀ ကို ရွိုင်အိုလာရသွားမလဲ? ဟာလန်းသွားမှာက ပရီးမီးယားလိဂ်ချန်ပီယံကိုလား ချန်ပီယံလိဂ်ချန်ပီယံကိုလား ဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကေတာ့ အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေပါင္သန္း ၁၅၀ နဲ႔ ေခၚယူႏိုင္မယ္လို႔လည္း လန္ဒန္အေျခစိုက္ကလပ္က ယုံၾကည္‌ေနၿပီး ယူ႐ိုစပို႔စ္ရဲ႕ အဆိုအရ ဇြန္လတုန္းက ခ်ဲလ္ဆီးက ဟားလန္းနဲ႔ သေဘာတူညီမႈရခဲ့တယ္လို႔လည္း သတင္းထြက္ေပၚလာခဲ့ပါတယ္။

လိုခ်င္တဲ့ကစားသမားကို ဟိုးအရင္ကတည္းက အရေခၚတတ္တဲ့ အသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ္်အတြက္လည္း အရင္လို ေခၚခ်င္တဲ့ ကစားသမားကို ေငြပုံေပးၿပီး ေခၚဖို႔မလြယ္ေတာ့တဲ့ ဘ႑ာေရးစည္းမ်ဥ္းေတြေၾကာင့္ ၂၀၁၉ တုန္းကလို အေျပာင္းအေ႐ႊ႕ အပိတ္ခံရမွာစိုးလို႔ အသင္းက ပိုလွ်ံကစားသမားေတြကို ထုတ္ေရာင္းဖို႔ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာက ဦးစားေပးလုပ္ေဆာင္ေနတာပါ။

ဘ႑ာေရးစည္းမ်ဥ္းနဲ႔လြတ္ေအာင္ ဟာကင္းမ္ ဇီးယက္ရွ္၊ အိုလီ‌ဗီးေယး ဂ်႐ူး၊ တမ္မီ ေအဘရာဟမ္၊ အီမာဆန္ ပါလ္မီယာရီ၊ ဟဒ္ဆန္-အိုဒြိဳင္း၊ မစ္ခ်ီ ဘက္႐ႊာယီ အစရွိတဲ့ ပိုလွ်ံကစားသမားေတြ အကုန္လုံးကို ေရာင္းထုတ္ၿပီး ေပါင္သန္း ၁၀၀ ေလာက္ရဖို႔ ေမွ်ာ္လင့္ေနသလို ဟားလန္းကို အရေခၚယူဖို႔ ေငြေဖာ္ေနလို႔ ၾကာေနတာပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က အလက္ဆစ္ဆန္းခ်က္ဇ္ကို တစ္ပတ္ ေပါင္ ၅၆၀,၀၀၀ အထိ ေပးေခၚၿပီး အသင္းက ကစားသမားေကာင္းေတြကိုပါ လစာလိုက္တိုးေပးခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္လိုမ်ိဳး ျဖစ္မွာ စိုးရိမ္တယ္ဆိုၿပီး ဘ႑ာေရးအေျခအေနကို သတိေပးခဲ့ပါတယ္။

သတိေပးၿပီး မၾကာမီမွာပဲ သူက ဟာလန္းကို အသင္းမွာ လိုခ်င္တယ္ဆိုၿပီး အသင္းပိုင္ရွင္ေတြကို အသိေပးခဲ့တာေၾကာင့္ ဟားလန္းကို ေပါင္သန္း ၁၀၀ ေက်ာ္ေပးမယ့္ ၿပိဳင္ပြဲက ခ်ဲလ္ဆီးတစ္သင္းတည္း မဟုတ္ေတာ့ပဲ အစ္တီဟတ္သားေတြေရာ ပါဝင္လာခဲ့တာျဖစ္သလို ေပါင္သန္း ၁၃၀ အထိ ေျပာင္းေ႐ႊ႕ေၾကးကိုေပးဖို႔ ျပင္ဆင္လာခဲ့တာပါ။

ဆာဂ်ီယို အေဂြ႐ို မရွိေတာ့ခ်ိန္မွာ က်န္တဲ့ တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးကိုလည္း အားမရတဲ့အတြက္ မန္စီးတီးအေနနဲ႔ ဟားလန္းဘက္ လွည့္လာၿပီး မၾကာမီ ရီယက္ မာရက္ဇ္ကလည္း ေနာ္ေဝးသားနဲ႔အတူရွိေနခဲ့တာကို တြစ္တာမွာ ေအးဂ်င့္ မာရက္ဇ္ ေရာက္ရွိဆိုၿပီး တင္ခဲ့လို႔ မန္ခ်က္စတာသား‌ေတြအတြက္ ေမွ်ာ္လင့္စရာျဖစ္ခဲ့ပါတယ္။

ဟားလန္းကို လက္ရွိ ေဒါ့မြန္ရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာလည္း မေတြ႕ခဲ့ရသလို အဂၤလန္ကို ေရာက္ေနၿပီလို႔လည္း သတင္းေတြ ထြက္ေပၚလာတာေၾကာင့္ လန္ဒန္နဲ႔ မန္ခ်က္စတာ ဘယ္ကိုလဲလို႔ ေမးခြန္းေတြ အဆက္မျပတ္ထြက္ေပၚလာခဲ့တာကလည္း ႏွစ္ရက္ေလာက္ပဲ ၾကာပါေသးတယ္။

ဟာလန္းရဲ႕ ေအးဂ်င့္ မီႏို ႐ြိဳင္အိုလာကေတာ့ သူ႔ကစားသမားကို ေခၚမယ့္အသင္းက စာခ်ဳပ္ပါေလ်ာ္ေၾကးမထည့္ရင္ စာခ်ဳပ္မခ်ဳပ္ဖို႔ သတိေပးထားသလို ကစားသမားကို ေျပာင္းေ႐ႊ႕ေၾကး မတက္တက္ေအာင္ အသင္းခဏခဏေျပာင္းမယ္ အသံထြက္ၿပီး အသင္းေျပာင္းတာနဲ႔ ေကာ္မရွင္ခ အမ်ားႀကီးယူတတ္တဲ့သူ ပီသစြာနဲ႔ပဲ ဒီတစ္ႀကိမ္မွာလည္း ယူ႐ိုသန္း ၄၀ အထိ ရယူလိုေနတာပါ။

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကိုလည္း အဲ့ဒီနည္းနဲ႔ပဲ အသင္းေျပာင္းေအာင္ ကလိေပးၿပီး ေကာ္မရွင္ခပိုက္ဖို႔ ခြင္ႀကီးႀကီးဆင္ေနသလို ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕မွာေတာ့ ဘယ္အသင္းေၾကာင့္ ယူ႐ို သန္း ၄၀ ကို ႐ြိဳင္အိုလာရသြားမလဲ? ဟာလန္းသြားမွာက ပရီးမီးယားလိဂ္ခ်န္ပီယံကိုလား ခ်န္ပီယံလိဂ္ခ်န္ပီယံကိုလား ဆိုတာကေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.