Premier League

14 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အီတလီအသင်းရဲ့ ကွင်းလယ်ဗဟိုမှာ တောက်ပခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ နီကိုလို ဘာရဲလားကို ဘဏ္ဏာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ အင်တာမီလန်အသင်းက ဈေးကောင်းရရင် ရောင်းချသွားဖို့ ရှိနေချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်ကမ်းလှမ်းဖို့ ယူရိုသန်း ၇၀ နဲ့ ပြင်ဆင်ထား။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ယူရီ တီးလီးမန်းစ်ကတော့ အန်ဖီးလ်မြေကို ခြေချနိုင်ဖို့ အသင်းကို ဖိအားပေးနေပြီး လက်စတာကတော့ ပေါင် ၆၄ သန်းနဲ့အထက် ကမ်းလှမ်းမှုတွေကိုပဲ စဉ်းစားသွားမယ့် အနေအထားကြောင့် ပမာဏများတဲ့ ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူနိုင်ဖို့ရှိနေ။

– ပီအက်စ်ဗီတိုက်စစ်မှူး ဒွန်ညဲ မာလန်ကို ခေါ်ယူဖို့ အခက်အခဲတွေထဲက တစ်ခုက ပွဲထွက်ခွင့်ပဲဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ‌ဂျေဒန်ဆန်ချိုနေရာမှာ တိုက်ရိုက်အစားထိုးဖို့ စီစဉ်နေချိန်မှာ အန်ဖီးလ်သားတွေဘက်က အရန်အနေနဲ့ တစ်ရာသီလောက် အနည်းဆုံးနေရမယ့်ကိစ္စကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေကြောင်းသိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်မှာ ဈေးနှုန်းကြီးမြင့်တဲ့ လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အစား ယူရိုပြိုင်ပွဲနဲ့ လွဲချော်ခဲ့လို့ လန်းဆန်းနေနိုင်တဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ စပိန်ကစားသမား ဆာအူးလ် ညီးရက်ဇ်ကို အရန်အစီအစဉ်အဖြစ် ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ပရိသတ်တွေကတော့ သူ့အတွက် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်က တာဝန်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြ။

– အန်ဖီးလ်ကွင်းထဲကို အရင်လို ပရိသတ်တွေဝင်ကြည့်လို့ရအောင် ပြင်ဆင်နေတယ်လို့ တွစ်တာကတစ်ဆင့် လီဗာပူးလ်အသင်းက အကြောင်းကြားခဲ့ပြီး ကိုဗစ်ကြောင့် ကွင်းထဲကို ပရိသတ်တွေဝင်ပြီး စိတ်ကြိုက်အားမပေးနိုင်တော့တာ ကြာပြီဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာ အတတ်နိုင်ဆုံး ကွင်းဝင်ခွင့်ရအောင် ကြိုးစားမယ်လို့ အသိပေးသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားထဲက တစ်ဦးဖြစ်တဲ့ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားလာခဲ့တယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းပေးရမယ့်အချက်က ကာတလန်သားတွေကို လက်ရှောင်စေခဲ့ပြီး မိုက်ကယ် အက်ဒဝပ်ရဲ့ စွမ်းဆောင်ချက်အရ အန်းဖီးလ်ဘက်နဲ့ ယူရိုသန်း ၃၀ ကျော်မှာ ဈေးတည့်သွားနိုင်ကြောင်း ခန့်မှန်းနေကြ။

– ဝုလ်ဗ်စ်အသင်းရဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူမယ့်အစီအစဉ်ကို အက်စတန်ဗီလာ တိုက်စစ်မှူးဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်က ထောက်ခံပြောဆိုသွားခဲ့ပြီး လက်ရှိ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမားတွေမှာ စပိန်သားလို ပုံစံမျိုး မရှိကြောင်းနဲ့ ညာခြမ်းမှာ လိုအပ်တဲ့အကြောင်းကိုလည်း ထောက်ခံသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားသစ် အီဘရာဟီမာ ကိုနာတေကို လက်ထောက်နည်းပြ ပက်ပ် လိန်ဒါစ်က အန်းဖီးလ်ဆီ ကြိုဆိုလိုက်ပြီး သူ့အနေနဲ့ အသင်းမှာ လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းစ် မီလ်နာရဲ့ လမ်းညွှန်မှုတွေကို လိုက်နာရင် အစစ အရာရာ အဆင်ပြေလိမ့်မယ်လို့ ပြောကြားသွား။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအတွက် တောင်ပံကစားသမားလည်း‌ ခေါ်ယူဖို့ ပါဝင်နေကြောင်းနဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့ကို ရာသီဝက်လောက်မှာ အာဖရိကဖလားပွဲတွေအတွက် လက်လွှတ်ရမှာကြောင့် ကြိုတင်အားဖြည့်ဖို့ ရည်ရွယ်နေတာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

– လီဗာပူးလ်က ပေါင် ၁၅ သန်းသတ်မှတ်ထားတဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို တိုက်စစ်မှူးကောင်းတွေ မွေးထုတ်ရာမှာ နာမည်ကြီးတဲ့ ပရီးမီးယားလိဂ်တန်းတက် ဘရန့်ဖို့ဒ်အသင်းက စိတ်ဝင်စားနေပြီး အရောင်တင်ဖို့ ကြံနေသလို ဘင်ဖီကာကလည်း စိတ်ဝင်စားမှု ပြလာခဲ့လို့ ကာဒစ်ဖ်မှာ ခြေစွမ်းမဆိုးခဲ့တဲ့ ဝေလသားကို ရောင်းထွက်ခဲ့ရင် လူသစ်ခေါ်ဖို့ အပြောင်းအရွှေ့စရိတ် ထပ်ရလာနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အီတလီအသင္းရဲ႕ ကြင္းလယ္ဗဟိုမွာ ေတာက္ပခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ နီကိုလို ဘာရဲလားကို ဘဏၰာေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ အင္တာမီလန္အသင္းက ေဈးေကာင္းရရင္ ေရာင္းခ်သြားဖို႔ ရွိေနခ်ိန္မွာ လီဗာပူးလ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္ကမ္းလွမ္းဖို႔ ယူ႐ိုသန္း ၇၀ နဲ႔ ျပင္ဆင္ထား။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ယူရီ တီးလီးမန္းစ္ကေတာ့ အန္ဖီးလ္ေျမကို ေျခခ်ႏိုင္ဖို႔ အသင္းကို ဖိအားေပးေနၿပီး လက္စတာကေတာ့ ေပါင္ ၆၄ သန္းနဲ႔အထက္ ကမ္းလွမ္းမႈေတြကိုပဲ စဥ္းစားသြားမယ့္ အေနအထားေၾကာင့္ ပမာဏမ်ားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔သာ ေခၚယူႏိုင္ဖို႔ရွိေန။

– ပီအက္စ္ဗီတိုက္စစ္မႉး ဒြန္ညဲ မာလန္ကို ေခၚယူဖို႔ အခက္အခဲေတြထဲက တစ္ခုက ပြဲထြက္ခြင့္ပဲျဖစ္ၿပီး ေဒါ့မြန္အသင္းကေတာ့ ‌ေဂ်ဒန္ဆန္ခ်ိဳေနရာမွာ တိုက္႐ိုက္အစားထိုးဖို႔ စီစဥ္ေနခ်ိန္မွာ အန္ဖီးလ္သားေတြဘက္က အရန္အေနနဲ႔ တစ္ရာသီေလာက္ အနည္းဆုံးေနရမယ့္ကိစၥေၾကာင့္ အေျပာင္းအေ႐ႊ႕ ၾကန႔္ၾကာေနေၾကာင္းသိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္မွာ ေဈးႏႈန္းႀကီးျမင့္တဲ့ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အစား ယူ႐ိုၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့လို႔ လန္းဆန္းေနႏိုင္တဲ့ အက္သလက္တီကိုမက္ဒရစ္ရဲ႕ စပိန္ကစားသမား ဆာအူးလ္ ညီးရက္ဇ္ကို အရန္အစီအစဥ္အျဖစ္ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ပရိသတ္ေတြကေတာ့ သူ႔အတြက္ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္က တာဝန္ယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၾက။

– အန္ဖီးလ္ကြင္းထဲကို အရင္လို ပရိသတ္ေတြဝင္ၾကည့္လို႔ရေအာင္ ျပင္ဆင္ေနတယ္လို႔ တြစ္တာကတစ္ဆင့္ လီဗာပူးလ္အသင္းက အေၾကာင္းၾကားခဲ့ၿပီး ကိုဗစ္ေၾကာင့္ ကြင္းထဲကို ပရိသတ္ေတြဝင္ၿပီး စိတ္ႀကိဳက္အားမေပးႏိုင္ေတာ့တာ ၾကာၿပီျဖစ္လို႔ လာမယ့္ေဘာလုံးရာသီမွာ အတတ္ႏိုင္ဆုံး ကြင္းဝင္ခြင့္ရေအာင္ ႀကိဳးစားမယ္လို႔ အသိေပးသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားထဲက တစ္ဦးျဖစ္တဲ့ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ ဘာစီလိုနာအသင္းကပါ စိတ္ဝင္စားလာခဲ့တယ္ဆိုေပမယ့္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၅ သန္းေပးရမယ့္အခ်က္က ကာတလန္သားေတြကို လက္ေရွာင္ေစခဲ့ၿပီး မိုက္ကယ္ အက္ဒဝပ္ရဲ႕ စြမ္းေဆာင္ခ်က္အရ အန္းဖီးလ္ဘက္နဲ႔ ယူ႐ိုသန္း ၃၀ ေက်ာ္မွာ ေဈးတည့္သြားႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

– ဝုလ္ဗ္စ္အသင္းရဲ႕ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူမယ့္အစီအစဥ္ကို အက္စတန္ဗီလာ တိုက္စစ္မႉးေဟာင္း ဂါဘရီယယ္လ္ အဘြန္လေဟာ္က ေထာက္ခံေျပာဆိုသြားခဲ့ၿပီး လက္ရွိ လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံကစားသမားေတြမွာ စပိန္သားလို ပုံစံမ်ိဳး မရွိေၾကာင္းနဲ႔ ညာျခမ္းမွာ လိုအပ္တဲ့အေၾကာင္းကိုလည္း ေထာက္ခံသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံကစားသမားသစ္ အီဘရာဟီမာ ကိုနာေတကို လက္ေထာက္နည္းျပ ပက္ပ္ လိန္ဒါစ္က အန္းဖီးလ္ဆီ ႀကိဳဆိုလိုက္ၿပီး သူ႔အေနနဲ႔ အသင္းမွာ လက္ေထာက္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာရဲ႕ လမ္းၫႊန္မႈေတြကို လိုက္နာရင္ အစစ အရာရာ အဆင္ေျပလိမ့္မယ္လို႔ ေျပာၾကားသြား။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေဘာလုံးရာသီအတြက္ ေတာင္ပံကစားသမားလည္း‌ ေခၚယူဖို႔ ပါဝင္ေနေၾကာင္းနဲ႔ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတို႔ကို ရာသီဝက္ေလာက္မွာ အာဖရိကဖလားပြဲေတြအတြက္ လက္လႊတ္ရမွာေၾကာင့္ ႀကိဳတင္အားျဖည့္ဖို႔ ရည္႐ြယ္ေနတာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

– လီဗာပူးလ္က ေပါင္ ၁၅ သန္းသတ္မွတ္ထားတဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို တိုက္စစ္မႉးေကာင္းေတြ ေမြးထုတ္ရာမွာ နာမည္ႀကီးတဲ့ ပရီးမီးယားလိဂ္တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းက စိတ္ဝင္စားေနၿပီး အေရာင္တင္ဖို႔ ႀကံေနသလို ဘင္ဖီကာကလည္း စိတ္ဝင္စားမႈ ျပလာခဲ့လို႔ ကာဒစ္ဖ္မွာ ေျခစြမ္းမဆိုးခဲ့တဲ့ ေဝလသားကို ေရာင္းထြက္ခဲ့ရင္ လူသစ္ေခၚဖို႔ အေျပာင္းအေ႐ႊ႕စရိတ္ ထပ္ရလာႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.