Analysis International

ယူရို ၂၀၂၀ မှာ အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ၇ ဦး

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အီတလီတို့ ဗိုလ်စွဲသွားခဲ့သလို အင်္ဂလန်တို့ ရင်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေအပြီးမှာ ဘယ်သူတွေက အသင်းတွေရဲ့ ကွင်းလယ်တွေမှာ အကောင်းဆုံး ဦးဆောင်ကစားသွားခဲ့သလိုဆိုတာကို ရွေးထုတ်တင်ဆက်လိုက်ပြီး ဘောလုံးပရိသတ်တွေရဲ့ အကြိုက်နဲ့ တူညီမလားဆိုတာကိုတော့ အဖြေညှိကြည့်ကြရအောင်ပါ။

၇။ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ် (ဒိန်းမတ်)
ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားခဲ့တဲ့ စပါးစ်ကွင်းလယ်လူဟာ သူရှေ့က ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆန်ရဲ့ နှလုံး ဖောက်ပြီး မကစားနိုင်တော့တဲ့ အချိန်ကစလို့ အသင်းရဲ့ ဘောလုံးလမ်းကြောင်းကိုပါ ထိန်းချုပ်သူဖြစ်လာခဲ့ပါတယ်။ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ရောက် ဒိန်းမတ်အသင်းရဲ့ အသည်းနှလုံးဖြစ်ခဲ့တဲ့ ဟွိုင်ဘယာ့ဂ်ဟာ ၆ ပွဲမှာ မိနစ် ၅၇၀ ကစားခဲ့ပြီး ဘောလုံးပေးပို့မှု ၈၄ ရာခိုင်နှုန်း တိကျခဲ့သလို ဖန်တီးမှု ၃ ကြိမ်ကိုလည်း မှတ်တမ်းယူနိုင်ခဲ့တာပါ။

၆။ ဂရာနစ် ချာကာ (ဆွစ်ဇာလန်)
ပြင်သစ်ကို ကျော်ဖြတ်အပြီး စပိန်အသင်းကို ကွာတားဖိုင်နယ်မှာ ရှုံးခဲ့ရတာဟာ အသင်းခေါင်းဆောင်ဖြစ်သူ ချာကာ မပါလို့လားလို့ အားလုံးက နှမြောတသစွာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဆွစ်တို့ရဲ့ ၅ ပွဲမှာ ၄ ပွဲ ပါဝင်ကစားခဲ့တဲ့ အာဆင်နယ်ကစားသမားဟာ ဘောလုံးပေးပို့မှု ၉၂ ရာခိုင်နှုန်း တိကျခဲ့သလို အသင်းရဲ့ ကွင်းလယ်မှာလည်း အဖျက်ရော အပို့ပါ ထူးချွန်ခဲ့ပြီး ပြင်သစ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အလှည့်ပြောင်းဖြစ်ခဲ့တဲ့ ဂါဗရာနိုဗစ်ချ်ရဲ့ နောက်ဆုံးဂိုးကို ဖန်တီးခဲ့ပုံက အားလုံး မမေ့စရာဖြစ်ခဲ့ရတာပါ။

၅။ ပေါလ် ပေါ့ဘာ (ပြင်သစ်)
ပြင်သစ်အသင်းဟာ ၁၆ သင်းအဆင့်မှာပဲ စောစောစီးစီး ထွက်ခဲ့ရလို့ ပေါ့ဘာအတွက် အဆင့်သတ်မှတ်မှုတွေက ထင်မှတ်မထားဘဲ နောက်ရောက်သွားခဲ့ရပါတယ်။ အသင်းအတွက် ၄ ပွဲမှာ ၃၇၆ မိနစ် ပါဝင်ခဲ့ပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့မှုကတော့ ၈၆ ရာခိုင်နှုန်း တိကျခဲ့ပြီး ဒါကလည်း Killer Pass တွေနဲ့ စွန့်စားရတဲ့ ဖန်တီးရှင်သဘာဝကြောင့်လည်း ဖြစ်ခဲ့တာပါ။ သူနဲ့ ကွန်တေတို့ရဲ့ အတွဲအဖက်နဲ့ ပြင်သစ်ဟာ ဒီအဆင့်လောက်နဲ့ ယူရိုက လှည့်ပြန်ခဲ့ရတာကတော့ နစ်နာလွန်းခဲ့ပါတယ်။

၄။ ပက်ဒရီ (စပိန်)
ဂိုးသမား အူနိုင်း ဆီမွန်ရဲ့ အသုံးမကျမှုက သူ့ရဲ့ စတင်မှုကို ညစ်နွမ်းစေခဲ့ပေမယ့် ဒါကို သူ့ခြေစွမ်းနဲ့ သူ့ဘာသာသူ ပြန်လည်ဆေးကြောခဲ့တာပါ။ ပွဲစဉ် ၆ ပွဲစလုံးမှာ နည်းပြ လူးဝစ် အန်ရီကေရဲ့ ကစားခွင့်ပြုခဲ့မှုနဲ့အတူ ၆၂၉ မိနစ်အထိ ပွဲထွက်ခဲ့ရပြီး ပေးပို့ပုံ တိကျမှု ၉၂ ရာခိုင်နှုန်းနဲ့ ဘာစီလိုနာရဲ့ DNA ကို ပြသခဲ့တဲ့ ၁၈ နှစ်သားဟာ စပိန်ကွင်းလယ်မှာ ဇာဗီနဲ့ အင်နီယေစတာတို့ကို ဆက်ခံနိုင်သူအဖြစ် အားလုံးရဲ့ ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

၃။ မာကို ဗာရက်တီ (အီတလီ)
အီတလီအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာမှ ပါဝင်ကစားခွင့်ရခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်လူဟာ ဗိုလ်စွဲခဲ့တဲ့ပွဲအထိ ၅ ပွဲ ကစားခွင့်ရခဲ့ပြီး မိနစ် ၄၀၀ ကစားခွင့်ရခဲ့ချိန်မှာ ဖျက်ထုတ်မှု အကြိမ် ၃၀၊ ဘောလုံးပြန်လည်ရယူနိုင်မှု ၃၂ ကြိမ်နဲ့အတူ သွင်းဂိုး ၃ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ပေးပို့မှုကတော့ ၉၃ ရာခိုင်နှုန်းအထိ တိကျခဲ့တာပါ။ သူ့ရဲ့ ယူရိုခြေစွမ်းက အကောင်သေးငယ်မှုကို ပျောက်ကွယ်သွားစေပြီး အဆိပ်ပြင်းတဲ့ ဗာရက်တီအနေနဲ့ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုသုံးတဲ့ ပြိုင်ပွဲမှာ ကောင်းကောင်းကစားနိုင်မယ်လို့ပါ ချီးကျူးခံခဲ့ရပါတယ်။

၂။ ဒက်ကလန် ရိုက်စ် (အင်္ဂလန်)
ဝက်စ်ဟမ်းအသင်းကနေ ထိပ်တန်းကလပ်တွေဆီ ရောက်ရှိဖို့ တစ်ပေးခံထားရတဲ့ အင်္ဂလန်ကွင်းလယ်လူဟာ ဖိုင်နယ်အထိ ၇ ပွဲစလုံးကို ကစားခွင့်ရခဲ့ပြီး ဆောက်ဂိတ်ရဲ့ အသင်းမှာ အဓိက ဝင်ရိုးအဖြစ် ပါဝင်ခဲ့သူပါ။ ဘောလုံးပေးပို့မှု ၃၂၉ ကြိမ်မှာ ၃၀၁ ကြိမ် တိကျခဲ့ပြီး ၉၁ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တဲ့ ကစားသမားဟာ သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲကြီးမှာပဲ ဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ အသင်းဖော်တချို့နဲ့ နည်းပြရဲ့ အလွဲတွေကြောင့် ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

၁။ ဂျော်ဂျင်ညို (အီတလီ)
တစ်ချိန်တုန်းက ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီးကွင်းလယ်လူဟာ ကစားပုံလေးတာကြောင့် ပရိသတ်များများစားစားကိုတော့ မပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆာရီနဲ့အတူ နာပိုလီကနေ အင်္ဂလန်ကို ရောက်စမှာ အပြစ်တင်ခံခဲ့ရသလို တော်တော်လေး ရုန်းကန်ခဲ့ရပြီး ပတ္တမြားမှန်ရင် နွံမနစ်တဲ့ ဆိုရိုးစကားကိုတော့ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့အတူ ပြသရင်း အောင်ပွဲခံနိုင်ခဲ့တာပါ။

အီတလီအသင်းမှာလည်း ချဲလ်ဆီးက ခြေစွမ်းတွေကို ဆက်လက်ယူဆောင်လာခဲ့ပြီး ကွင်းလယ်မှာ ဘောလုံးပေးပို့မှု ၉၃ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့သလို ပြန်လည်ရယူနိုင်စွမ်းမှာလည်း ၄၆ ကြိမ်နဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့ပြီး ဗာရက်တီနဲ့ သူ့ရဲ့ အတွဲအဖက်က အဇူရီတွေကို Football is coming Rome ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့လို့ ရွှေဘောလုံးဆု ဘယ်လွန်ဒေါနဲ့ပါ ထိုက်တန်တယ်လို့ တစ်ပေးနေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးကေတာ့ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး အီတလီတို႔ ဗိုလ္စြဲသြားခဲ့သလို အဂၤလန္တို႔ ရင္ခံခဲ့ရတဲ့ ျဖစ္ရပ္ေတြအၿပီးမွာ ဘယ္သူေတြက အသင္းေတြရဲ႕ ကြင္းလယ္ေတြမွာ အေကာင္းဆုံး ဦးေဆာင္ကစားသြားခဲ့သလိုဆိုတာကို ေ႐ြးထုတ္တင္ဆက္လိုက္ၿပီး ေဘာလုံးပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ တူညီမလားဆိုတာကိုေတာ့ အေျဖညႇိၾကည့္ၾကရေအာင္ပါ။

၇။ ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္ (ဒိန္းမတ္)
ဒိန္းမတ္အသင္းရဲ႕ ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားခဲ့တဲ့ စပါးစ္ကြင္းလယ္လူဟာ သူေရွ႕က ကြင္းလယ္ဖန္တီးရွင္ ခရစၥတီယန္ အဲရစ္ဆန္ရဲ႕ ႏွလုံး ေဖာက္ၿပီး မကစားႏိုင္ေတာ့တဲ့ အခ်ိန္ကစလို႔ အသင္းရဲ႕ ေဘာလုံးလမ္းေၾကာင္းကိုပါ ထိန္းခ်ဳပ္သူျဖစ္လာခဲ့ပါတယ္။ ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ေရာက္ ဒိန္းမတ္အသင္းရဲ႕ အသည္းႏွလုံးျဖစ္ခဲ့တဲ့ ဟြိဳင္ဘယာ့ဂ္ဟာ ၆ ပြဲမွာ မိနစ္ ၅၇၀ ကစားခဲ့ၿပီး ေဘာလုံးေပးပို႔မႈ ၈၄ ရာခိုင္ႏႈန္း တိက်ခဲ့သလို ဖန္တီးမႈ ၃ ႀကိမ္ကိုလည္း မွတ္တမ္းယူႏိုင္ခဲ့တာပါ။

၆။ ဂရာနစ္ ခ်ာကာ (ဆြစ္ဇာလန္)
ျပင္သစ္ကို ေက်ာ္ျဖတ္အၿပီး စပိန္အသင္းကို ကြာတားဖိုင္နယ္မွာ ရႈံးခဲ့ရတာဟာ အသင္းေခါင္းေဆာင္ျဖစ္သူ ခ်ာကာ မပါလို႔လားလို႔ အားလုံးက ႏွေျမာတသစြာ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ဆြစ္တို႔ရဲ႕ ၅ ပြဲမွာ ၄ ပြဲ ပါဝင္ကစားခဲ့တဲ့ အာဆင္နယ္ကစားသမားဟာ ေဘာလုံးေပးပို႔မႈ ၉၂ ရာခိုင္ႏႈန္း တိက်ခဲ့သလို အသင္းရဲ႕ ကြင္းလယ္မွာလည္း အဖ်က္ေရာ အပို႔ပါ ထူးခြၽန္ခဲ့ၿပီး ျပင္သစ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အလွည့္ေျပာင္းျဖစ္ခဲ့တဲ့ ဂါဗရာႏိုဗစ္ခ်္ရဲ႕ ေနာက္ဆုံးဂိုးကို ဖန္တီးခဲ့ပုံက အားလုံး မေမ့စရာျဖစ္ခဲ့ရတာပါ။

၅။ ေပါလ္ ေပါ့ဘာ (ျပင္သစ္)
ျပင္သစ္အသင္းဟာ ၁၆ သင္းအဆင့္မွာပဲ ေစာေစာစီးစီး ထြက္ခဲ့ရလို႔ ေပါ့ဘာအတြက္ အဆင့္သတ္မွတ္မႈေတြက ထင္မွတ္မထားဘဲ ေနာက္ေရာက္သြားခဲ့ရပါတယ္။ အသင္းအတြက္ ၄ ပြဲမွာ ၃၇၆ မိနစ္ ပါဝင္ခဲ့ၿပီး တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သလို သူ႔ရဲ႕ ေဘာလုံးေပးပို႔မႈကေတာ့ ၈၆ ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး ဒါကလည္း Killer Pass ေတြနဲ႔ စြန႔္စားရတဲ့ ဖန္တီးရွင္သဘာဝေၾကာင့္လည္း ျဖစ္ခဲ့တာပါ။ သူနဲ႔ ကြန္ေတတို႔ရဲ႕ အတြဲအဖက္နဲ႔ ျပင္သစ္ဟာ ဒီအဆင့္ေလာက္နဲ႔ ယူ႐ိုက လွည့္ျပန္ခဲ့ရတာကေတာ့ နစ္နာလြန္းခဲ့ပါတယ္။

၄။ ပက္ဒရီ (စပိန္)
ဂိုးသမား အူႏိုင္း ဆီမြန္ရဲ႕ အသုံးမက်မႈက သူ႔ရဲ႕ စတင္မႈကို ညစ္ႏြမ္းေစခဲ့ေပမယ့္ ဒါကို သူ႔ေျခစြမ္းနဲ႔ သူ႔ဘာသာသူ ျပန္လည္ေဆးေၾကာခဲ့တာပါ။ ပြဲစဥ္ ၆ ပြဲစလုံးမွာ နည္းျပ လူးဝစ္ အန္ရီေကရဲ႕ ကစားခြင့္ျပဳခဲ့မႈနဲ႔အတူ ၆၂၉ မိနစ္အထိ ပြဲထြက္ခဲ့ရၿပီး ေပးပို႔ပုံ တိက်မႈ ၉၂ ရာခိုင္ႏႈန္းနဲ႔ ဘာစီလိုနာရဲ႕ DNA ကို ျပသခဲ့တဲ့ ၁၈ ႏွစ္သားဟာ စပိန္ကြင္းလယ္မွာ ဇာဗီနဲ႔ အင္နီေယစတာတို႔ကို ဆက္ခံႏိုင္သူအျဖစ္ အားလုံးရဲ႕ ႀကိဳဆိုမႈကို ရရွိခဲ့ပါတယ္။

၃။ မာကို ဗာရက္တီ (အီတလီ)
အီတလီအသင္းရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္မွာမွ ပါဝင္ကစားခြင့္ရခဲ့တဲ့ ပီအက္စ္ဂ်ီကြင္းလယ္လူဟာ ဗိုလ္စြဲခဲ့တဲ့ပြဲအထိ ၅ ပြဲ ကစားခြင့္ရခဲ့ၿပီး မိနစ္ ၄၀၀ ကစားခြင့္ရခဲ့ခ်ိန္မွာ ဖ်က္ထုတ္မႈ အႀကိမ္ ၃၀၊ ေဘာလုံးျပန္လည္ရယူႏိုင္မႈ ၃၂ ႀကိမ္နဲ႔အတူ သြင္းဂိုး ၃ ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ၿပီး ေပးပို႔မႈကေတာ့ ၉၃ ရာခိုင္ႏႈန္းအထိ တိက်ခဲ့တာပါ။ သူ႔ရဲ႕ ယူ႐ိုေျခစြမ္းက အေကာင္ေသးငယ္မႈကို ေပ်ာက္ကြယ္သြားေစၿပီး အဆိပ္ျပင္းတဲ့ ဗာရက္တီအေနနဲ႔ ပရီးမီးယားလိဂ္လို ႀကံ့ခိုင္မႈသုံးတဲ့ ၿပိဳင္ပြဲမွာ ေကာင္းေကာင္းကစားႏိုင္မယ္လို႔ပါ ခ်ီးက်ဴးခံခဲ့ရပါတယ္။

၂။ ဒက္ကလန္ ႐ိုက္စ္ (အဂၤလန္)
ဝက္စ္ဟမ္းအသင္းကေန ထိပ္တန္းကလပ္ေတြဆီ ေရာက္ရွိဖို႔ တစ္ေပးခံထားရတဲ့ အဂၤလန္ကြင္းလယ္လူဟာ ဖိုင္နယ္အထိ ၇ ပြဲစလုံးကို ကစားခြင့္ရခဲ့ၿပီး ေဆာက္ဂိတ္ရဲ႕ အသင္းမွာ အဓိက ဝင္႐ိုးအျဖစ္ ပါဝင္ခဲ့သူပါ။ ေဘာလုံးေပးပို႔မႈ ၃၂၉ ႀကိမ္မွာ ၃၀၁ ႀကိမ္ တိက်ခဲ့ၿပီး ၉၁ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့တဲ့ ကစားသမားဟာ သူ႔ရဲ႕ ပထမဆုံး ၿပိဳင္ပြဲႀကီးမွာပဲ ဖိုင္နယ္အထိ ေရာက္ခဲ့ေပမယ့္ ကံမေကာင္းခဲ့ဘဲ အသင္းေဖာ္တခ်ိဳ႕နဲ႔ နည္းျပရဲ႕ အလြဲေတြေၾကာင့္ ေငြတံဆိပ္နဲ႔သာ ေက်နပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

၁။ ေဂ်ာ္ဂ်င္ညိဳ (အီတလီ)
တစ္ခ်ိန္တုန္းက ေဝဖန္မႈမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူဟာ ကစားပုံေလးတာေၾကာင့္ ပရိသတ္မ်ားမ်ားစားစားကိုေတာ့ မပိုင္ဆိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဆာရီနဲ႔အတူ နာပိုလီကေန အဂၤလန္ကို ေရာက္စမွာ အျပစ္တင္ခံခဲ့ရသလို ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ပတၱျမားမွန္ရင္ ႏြံမနစ္တဲ့ ဆို႐ိုးစကားကိုေတာ့ ၿပီးခဲ့တဲ့ ရာသီမွာ ခ်န္ပီယံလိဂ္ဖလားနဲ႔အတူ ျပသရင္း ေအာင္ပြဲခံႏိုင္ခဲ့တာပါ။

အီတလီအသင္းမွာလည္း ခ်ဲလ္ဆီးက ေျခစြမ္းေတြကို ဆက္လက္ယူေဆာင္လာခဲ့ၿပီး ကြင္းလယ္မွာ ေဘာလုံးေပးပို႔မႈ ၉၃ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့သလို ျပန္လည္ရယူႏိုင္စြမ္းမွာလည္း ၄၆ ႀကိမ္နဲ႔ ကြင္းလယ္ကို ထိန္းေက်ာင္းႏိုင္ခဲ့ၿပီး ဗာရက္တီနဲ႔ သူ႔ရဲ႕ အတြဲအဖက္က အဇူရီေတြကို Football is coming Rome ျဖစ္ေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့လို႔ ေ႐ႊေဘာလုံးဆု ဘယ္လြန္ေဒါနဲ႔ပါ ထိုက္တန္တယ္လို႔ တစ္ေပးေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.