International La Liga Ligue1 Serie A Transfer News

အီတလီရဲ့ ကယ်တင်ရှင် ဂိုးသမား ဒွန်နာရမ်မာ ဘာလဲ… ဘယ်လဲ…

အီတလီဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကတော့ ယူရို ၂၀၂၀ ရဲ့ ထင်ရှားတဲ့ ဂိုးသမားဖြစ်ခဲ့ပြီး ထင်ရှားတဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသခဲ့သလို အင်္ဂလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း ပင်နယ်တီ ၂ လုံးကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

အသင်းလိုက်ကစားပုံကောင်းမှာ စုစုစည်းစည်းနဲ့ ဖလားယူခဲ့တဲ့ အီတလီရဲ့ ခံစစ်မှာ ဂျော်ဂျို ခေးလီနီနဲ့ လီယိုနာဒို ဘိုနူချီအတွဲ၊ ကွင်းလယ်မှာ ဂျော်ဂျင်ညို၊ မာကို ဗာရက်တီနဲ့ နီကိုလို ဘာရဲလားတို့အတွဲ၊ တိုက်စစ်မှာ ဖက်ဒရီကို ခီယေဆာ၊ စီရို အင်မိုဘီလီနဲ့ လော်ရန်ဇို အင်ဆီညာအတွဲတို့က တောက်ပခဲ့ပေမယ့် ပရိသတ်အများစုရဲ့ ချီးကျူးမှုတွေနဲ့ ဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာကတော့ လွဲချော်ခဲ့ပါတယ်။

သူ့စွမ်းဆောင်ရည်ကို သတိထားမိတဲ့ လူနည်းစုကသာ ချီးကျူးခဲ့ကြပြီး အဲ့ဒီလူနည်းစုထဲမှာ ပြိုင်ပွဲမှာ ဆုပေးမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ တာဝန်ရှိသူ လူကြီးပိုင်းက လူတွေလည်း ပါဝင်နေခဲ့သလို စပိန်နဲ့ ပင်နယ်တီ အဆုံးအဖြတ်၊ အင်္ဂလန်နဲ့ ပင်နယ်တီ အဆုံးအဖြတ်တွေမှာ သူဟာ သူရဲကောင်းဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ဆုကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။

၂၀၁၅ ခုနှစ်၊‌ အောက်တိုဘာလ ၂၅ ရက်နေ့၊ ဆာဆူအိုလိုနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပွဲထွက်ကစားချိန်မှာ သူ့အသက်က ၁၆ နှစ်၊ ၂၄၂ ရက်သာ ရှိသေးလို့ အေစီမီလန်အတွက် အငယ်ဆုံးဂိုးသမားဖြစ်ခဲ့ပြီး အီတလီဘောလုံးသမိုင်းမှာတော့ ဒုတိယမြောက် အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်အတွက် ၂၀၁၆ ခုနှစ်၊ ၈ လပိုင်းမှာ စတင်အရွေးခံခဲ့ရပြီး သူ့အသက်က ၁၇ နှစ်၊ ၆ လသာရှိသေးသလို ၁၉၁၁ နောက်ပိုင်း အီတလီအသင်းကြီးအတွက် အသက်အငယ်ဆုံး ရွေးချယ်ခံခဲ့ရသူ ဖြစ်လာခဲ့တဲ့နောက် အသက်အငယ်ဆုံး ကစားခဲ့တဲ့သူအဖြစ် ၁၇ နှစ် ၁၈၉ ရက်နဲ့ ပြင်သစ်နဲ့ ခြေစမ်းပွဲမှာ ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန်အစား လူစားဝင်ပြီး စံချိန်တင်ခဲ့သလို အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ်လည်း နယ်သာလန်နဲ့ပွဲမှာ ၁၈ နှစ် ၃၁ ရက်နဲ့စံချိန်တင်ခဲ့တာပါ။

ဒွန်နာရမ်မာဟာ ပြိုင်ပွဲကြီးတွေရဲ့ ပင်နယ်တီအဆုံးအဖြတ်တွေကို ၅ ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးပြီး ကလပ်အသင်းနဲ့ ၃ ကြိမ်၊ နိုင်ငံအသင်းနဲ့ ၂ ကြိမ်မှာ ရှုံးနိမ့်ခဲ့တဲ့ အရေအတွက် တစ်ပွဲမှ မရှိခဲ့တာကြောင့် အီတလီမီဒီယာတွေကတော့ သူ့ကို “စူပါမန်း”လို့တောင် ခေါ်ဝေါ်နေကြပြီလည်းဖြစ်ပြီး လက်ရှိမှာ အသက်က ၂၂ နှစ်ပဲ ရှိသေးတဲ့အတွက် အောင်မြင်မှုတွေကို ဒီထက်ပိုပြီး ယူဆောင်နိုင်ဦးမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ အနီးစပ်ဆုံးအ‌ခြေအနေမှာ ရှိနေပေမယ့် ဘာမှ တရားဝင်မဖြစ်သေးတာကြောင့် အသင်းလက်မဲ့ဖြစ်နေဆဲ အီတလီသားကို ဂိုးသမားကောင်း အလိုရှိနေတဲ့ ဥရောပအသင်းကြီးတွေအနေနဲ့ ယူရိုမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကို ကြည့်ပြီး ကြားဖြတ်ခေါ်ယူဖို့ ချိတ်ဆက်မှု‌တွေ ပြုလုပ်လာနေချိန်မှာ ချဲလ်ဆီးရဲ့ ဂျွန် အိုဘီ မီခေးလ်လိုမျိုး ဂျာစီအထိ ဝတ်ပြီးမှ တခြားအသင်းပြောင်းမလားဆိုတာတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကေတာ့ ယူ႐ို ၂၀၂၀ ရဲ႕ ထင္ရွားတဲ့ ဂိုးသမားျဖစ္ခဲ့ၿပီး ထင္ရွားတဲ့ စြမ္းေဆာင္ရည္ေတြကိုလည္း ျပသခဲ့သလို အဂၤလန္အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူခဲ့တဲ့ ဗိုလ္လုပြဲမွာလည္း ပင္နယ္တီ ၂ လုံးကို လက္စြမ္းျပ ကာကြယ္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

အသင္းလိုက္ကစားပုံေကာင္းမွာ စုစုစည္းစည္းနဲ႔ ဖလားယူခဲ့တဲ့ အီတလီရဲ႕ ခံစစ္မွာ ေဂ်ာ္ဂ်ိဳ ေခးလီနီနဲ႔ လီယိုနာဒို ဘိုႏူခ်ီအတြဲ၊ ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳ၊ မာကို ဗာရက္တီနဲ႔ နီကိုလို ဘာရဲလားတို႔အတြဲ၊ တိုက္စစ္မွာ ဖက္ဒရီကို ခီေယဆာ၊ စီ႐ို အင္မိုဘီလီနဲ႔ ေလာ္ရန္ဇို အင္ဆီညာအတြဲတို႔က ေတာက္ပခဲ့ေပမယ့္ ပရိသတ္အမ်ားစုရဲ႕ ခ်ီးက်ဴးမႈေတြနဲ႔ ဂိုးသမား ဂ်န္လြီဂ်ီ ဒြန္နာရမ္မာကေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။

သူ႔စြမ္းေဆာင္ရည္ကို သတိထားမိတဲ့ လူနည္းစုကသာ ခ်ီးက်ဴးခဲ့ၾကၿပီး အဲ့ဒီလူနည္းစုထဲမွာ ၿပိဳင္ပြဲမွာ ဆုေပးမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ တာဝန္ရွိသူ လူႀကီးပိုင္းက လူေတြလည္း ပါဝင္ေနခဲ့သလို စပိန္နဲ႔ ပင္နယ္တီ အဆုံးအျဖတ္၊ အဂၤလန္နဲ႔ ပင္နယ္တီ အဆုံးအျဖတ္ေတြမွာ သူဟာ သူရဲေကာင္းျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ဆုကို သိမ္းပိုက္သြားႏိုင္ခဲ့တာပါ။

၂၀၁၅ ခုႏွစ္၊‌ ေအာက္တိုဘာလ ၂၅ ရက္ေန႔၊ ဆာဆူအိုလိုနဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို ပြဲထြက္ကစားခ်ိန္မွာ သူ႔အသက္က ၁၆ ႏွစ္၊ ၂၄၂ ရက္သာ ရွိေသးလို႔ ေအစီမီလန္အတြက္ အငယ္ဆုံးဂိုးသမားျဖစ္ခဲ့ၿပီး အီတလီေဘာလုံးသမိုင္းမွာေတာ့ ဒုတိယေျမာက္ အသက္အငယ္ဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

လက္ေ႐ြးစင္အတြက္ ၂၀၁၆ ခုႏွစ္၊ ၈ လပိုင္းမွာ စတင္အေ႐ြးခံခဲ့ရၿပီး သူ႔အသက္က ၁၇ ႏွစ္၊ ၆ လသာရွိေသးသလို ၁၉၁၁ ေနာက္ပိုင္း အီတလီအသင္းႀကီးအတြက္ အသက္အငယ္ဆုံး ေ႐ြးခ်ယ္ခံခဲ့ရသူ ျဖစ္လာခဲ့တဲ့ေနာက္ အသက္အငယ္ဆုံး ကစားခဲ့တဲ့သူအျဖစ္ ၁၇ ႏွစ္ ၁၈၉ ရက္နဲ႔ ျပင္သစ္နဲ႔ ေျခစမ္းပြဲမွာ ဂႏၴဝင္ဂိုးသမားႀကီး ဘူဖြန္အစား လူစားဝင္ၿပီး စံခ်ိန္တင္ခဲ့သလို အသက္အငယ္ဆုံး ပြဲထြက္ကစားသမားအျဖစ္လည္း နယ္သာလန္နဲ႔ပြဲမွာ ၁၈ ႏွစ္ ၃၁ ရက္နဲ႔စံခ်ိန္တင္ခဲ့တာပါ။

ဒြန္နာရမ္မာဟာ ၿပိဳင္ပြဲႀကီးေတြရဲ႕ ပင္နယ္တီအဆုံးအျဖတ္ေတြကို ၅ ႀကိမ္အထိ ရင္ဆိုင္ခဲ့ဖူးၿပီး ကလပ္အသင္းနဲ႔ ၃ ႀကိမ္၊ ႏိုင္ငံအသင္းနဲ႔ ၂ ႀကိမ္မွာ ရႈံးနိမ့္ခဲ့တဲ့ အေရအတြက္ တစ္ပြဲမွ မရွိခဲ့တာေၾကာင့္ အီတလီမီဒီယာေတြကေတာ့ သူ႔ကို “စူပါမန္း”လို႔ေတာင္ ေခၚေဝၚေနၾကၿပီလည္းျဖစ္ၿပီး လက္ရွိမွာ အသက္က ၂၂ ႏွစ္ပဲ ရွိေသးတဲ့အတြက္ ေအာင္ျမင္မႈေတြကို ဒီထက္ပိုၿပီး ယူေဆာင္ႏိုင္ဦးမွာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ အနီးစပ္ဆုံးအ‌ေျခအေနမွာ ရွိေနေပမယ့္ ဘာမွ တရားဝင္မျဖစ္ေသးတာေၾကာင့္ အသင္းလက္မဲ့ျဖစ္ေနဆဲ အီတလီသားကို ဂိုးသမားေကာင္း အလိုရွိေနတဲ့ ဥေရာပအသင္းႀကီးေတြအေနနဲ႔ ယူ႐ိုမွာ ျပသခဲ့တဲ့ လက္စြမ္းေတြကို ၾကည့္ၿပီး ၾကားျဖတ္ေခၚယူဖို႔ ခ်ိတ္ဆက္မႈ‌ေတြ ျပဳလုပ္လာေနခ်ိန္မွာ ခ်ဲလ္ဆီးရဲ႕ ဂြၽန္ အိုဘီ မီေခးလ္လိုမ်ိဳး ဂ်ာစီအထိ ဝတ္ၿပီးမွ တျခားအသင္းေျပာင္းမလားဆိုတာေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.