La Liga Premier League

အူဘာမီယန္းဟာ စပိန္မွာ ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ရႏိုင္ေၾကာင္း ဘာဘာေတာ့ဗ္ သတိေပး

အာဆင္နယ္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကုိ ေခၚယူမယ့္အသင္းေတြထဲက စပိန္အင္အားႀကီးႏွစ္သင္းျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းအတြက္က ေရပန္းအစားဆုံးျဖစ္ေနၿပီး ဒါကို စပါးစ္နဲ႔ မန္ယူတုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ဂါဘြန္သားအေနနဲ႔ ဒီအသင္းေတြမွာ ႐ုန္းကန္ရႏိုင္တယ္လုိ႔ ခန္႔မွန္းလိုက္ပါတယ္။

ေျမာက္လန္ဒန္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပြဲတုိင္းနီးပါး ပါဝင္ရေလ့ရွိတဲ့ အသင္းေခါင္းေဆာင္တုိက္စစ္မွဴးဟာ အသင္းအတြက္ ဒီရာသီမွာ ၁၇ ဂိုး ရရွိထားၿပီး ၿပဳိင္ပြဲအရပ္ရပ္ကစားၿပီးသမွ် ၉၇ ပြဲမွာလည္း ၆၁ ဂိုးသြင္းယူထားတဲ့ မွတ္တမ္းကို ပုိင္ဆုိင္ထားလုိ႔ သူ႕ကို အသင္းႀကီးေတြက အလိုရွိေနတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဒီလိုမ်ဳိးျပသထားတဲ့ ေျခစြမ္းဟာ စပိန္မွာ အလ်င္အျမန္အံဝင္ႏုိင္တဲ့ ေျခစြမ္းလို႔ ေခၚယူခ်င္တဲ့ အသင္းေတြရဲ႕ နည္းစနစ္ အဖြဲ႕ေတြက ယူဆေနၾကေပမယ့္ ဒီအခ်ိန္မွာ ဘာဘာေတာ့ဗ္ကေတာ့ အူဘာမီယန္းအေနနဲ႔ ပြဲထြက္ Line-up ထဲကုိ ပါဝင္လာဖို႔ ႐ုန္းကန္ရႏုိင္ေၾကာင္း ေထာက္ျပလုိက္တာပဲျဖစ္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ ဒီအသင္းႏွစ္သင္းက ကမာၻ႕အေကာင္းဆုံးႏွစ္သင္းပါ။ ဘာစီလိုနာမွာဆုိရင္ မက္ဆီ၊ ဆြာရက္ဇ္၊ ဒမ္ဘီလီ၊ ဂရစ္ဇ္မန္း၊ ဖာတီတုိ႔ ရွိေနၿပီး ရီးရဲလ္မက္ဒရစ္မွာေတာ့ ေဘး၊ ဘန္ဇီးမားနဲ႔ ဟာဇတ္တုိ႔ ရွိေနပါတယ္။ သူ႕အေနနဲ႔ ဒီထဲ ဝင္တုိးရမွာျဖစ္ၿပီး ပြဲကစားခြင့္ကို ဘယ္ေလာက္ အာမခံႏုိင္မွာလဲ။ အာဆင္နယ္မွာ ရရွိေနတဲ့ အေရးပါမွဳ၊ သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ အေျခက်မွဳအရေတာ့ ကၽြန္ေတာ္က သူ႕ကို ဆက္ေနဖို႔ပဲ တုိက္တြန္းခ်င္ပါတယ္”လုိ႔ ဘာဘာေတာ့ဗ္က ဆုိပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအေနအထားမွာ စာခ်ဳပ္သက္တမ္း ၁၂ လက်န္ အူဘာမီယန္းကို ေရာင္းခ်သြားရင္ ေပါင္ ၄၄ သန္းခန္႔သာ ရရွိႏုိင္မယ္လို႔ အေျပာင္းအေရႊ႕ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကၿပီး ဒီႏွစ္သင္းကို မျဖစ္မေန ေျပာင္းေရႊ႕ခဲ့မယ္ဆုိရင္ေတာ့ ဘန္ဇီးမားကို ဖယ္ထုတ္ရမယ့္ ရီးရဲလ္ မက္ဒရစ္ကသာ သူ႕အတြက္ ပုိမိုအာမခံခ်က္ရွိႏုိင္မယ္လို႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ခေါ်ယူမယ့်အသင်းတွေထဲက စပိန်အင်အားကြီးနှစ်သင်းဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်က ရေပန်းအစားဆုံးဖြစ်နေပြီး ဒါကို စပါးစ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဂါဘွန်သားအနေနဲ့ ဒီအသင်းတွေမှာ ရုန်းကန်ရနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မြောက်လန်ဒန်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲတိုင်းနီးပါး ပါဝင်ရလေ့ရှိတဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူးဟာ အသင်းအတွက် ဒီရာသီမှာ ၁၇ ဂိုး ရရှိထားပြီး ပြိုင်ပွဲအရပ်ရပ်ကစားပြီးသမျှ ၉၇ ပွဲမှာလည်း ၆၁ ဂိုးသွင်းယူထားတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားလို့ သူ့ကို အသင်းကြီးတွေက အလိုရှိနေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒီလိုမျိုးပြသထားတဲ့ ခြေစွမ်းဟာ စပိန်မှာ အလျင်အမြန်အံဝင်နိုင်တဲ့ ခြေစွမ်းလို့ ခေါ်ယူချင်တဲ့ အသင်းတွေရဲ့ နည်းစနစ် အဖွဲ့တွေက ယူဆနေကြပေမယ့် ဒီအချိန်မှာ ဘာဘာတော့ဗ်ကတော့ အူဘာမီယန်းအနေနဲ့ ပွဲထွက် Line-up ထဲကို ပါဝင်လာဖို့ ရုန်းကန်ရနိုင်ကြောင်း ထောက်ပြလိုက်တာပဲဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ ဒီအသင်းနှစ်သင်းက ကမ္ဘာ့အကောင်းဆုံးနှစ်သင်းပါ။ ဘာစီလိုနာမှာဆိုရင် မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း၊ ဖာတီတို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ်မှာတော့ ဘေး၊ ဘန်ဇီးမားနဲ့ ဟာဇတ်တို့ ရှိနေပါတယ်။ သူ့အနေနဲ့ ဒီထဲ ဝင်တိုးရမှာဖြစ်ပြီး ပွဲကစားခွင့်ကို ဘယ်လောက် အာမခံနိုင်မှာလဲ။ အာဆင်နယ်မှာ ရရှိနေတဲ့ အရေးပါမှု၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အခြေကျမှုအရတော့ ကျွန်တော်က သူ့ကို ဆက်နေဖို့ပဲ တိုက်တွန်းချင်ပါတယ်”လို့ ဘာဘာတော့ဗ်က ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအနေအထားမှာ စာချုပ်သက်တမ်း ၁၂ လကျန် အူဘာမီယန်းကို ရောင်းချသွားရင် ပေါင် ၄၄ သန်းခန့်သာ ရရှိနိုင်မယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး ဒီနှစ်သင်းကို မဖြစ်မနေ ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ဘန်ဇီးမားကို ဖယ်ထုတ်ရမယ့် ရီးရဲလ် မက်ဒရစ်ကသာ သူ့အတွက် ပိုမိုအာမခံချက်ရှိနိုင်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.