Premier League

၁၈.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၁၁ ရက္၊ စေနေန႔။

၁၈.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၁၁ ရက္၊ စေနေန႔၊ ျပႆဒါး၊ သမားညဳိ၊ နဂါးေပၚ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၃:၁၆ အထိ တိထီ ၁၁ လုံး။ ေက်ာ္လွ်င္ ၁၂ လုံး။ ၁၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားအတြက္ ပူေဇာ္ဆုေတာင္းမွဳမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၅:၂၃ အထိ သတၱဗိႆနကၡတ္။ ေက်ာ္လွ်င္ ျပဳဗၺာဘျဒပုိဒ္နကၡတ္။ ညေန ၁၉:၄၀ အထိ သုကာလယုဂ္၊ ျဖဴေဖြးစင္ၾကယ္ျခင္း၊ ၾသဇာလႊမ္းမိုးႏုိင္ျခင္း၊ အေျပာင္းအလဲျမန္ျခင္း၊ စိတ္မခုိင္ျခင္း၊ မိမိ၏ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္အတြက္ သူတပါးစကားေၾကာင့္ မယိမ္းယိုင္ပါေစႏွင့္။ ေက်ာ္လွ်င္ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၀၇ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၃:၁၆ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ည ၂၃:၁၆ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၈.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ စနေနေ့၊ ပြဿဒါး၊ သမားညို၊ နဂါးပေါ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၃:၁၆ အထိ တိထီ ၁၁ လုံး။ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် အမြိတ္တယုဂ်နှင့် ယာဇ်မီးယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များအတွက် ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၂၃ အထိ သတ္တဗိဿနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ ညနေ ၁၉:၄၀ အထိ သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။ ကျော်လျှင် ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၀၇ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၃:၁၆ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ည ၂၃:၁၆ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)