Premier League

သူ႕မိသားစု ဖ်ားခဲ့ၿပီး ေနျပန္ေကာင္းၿပီျဖစ္တယ္လို႔ စီးတီးကြင္းလယ္လူ ဒီဘ႐ုိင္းနားထုတ္ေဖာ္ေျပာၾကား

မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက သူတုိ႔အေနနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ အိမ္မွာ ခြဲျခားေနထိုင္ၾကစဥ္အတြင္း သူ႕မိသားစု အေနနဲ႔ အဖ်ားေဝဒနာတခ်ဳိ႕ ႀကဳံေတြ႕ခဲ့ရေၾကာင္းနဲ႔ လက္ရွိမွာေတာ့ က်န္းမာေနၿပီျဖစ္ၿပီး ဘာျဖစ္ခဲ့တယ္ဆုိတာကိုေတာ့ ကြဲကြဲျပားျပားမသိဘူးလို႔ ေျပာၾကားလုိက္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ရဲ႕ လကၡဏာေတြက လက္ရွိမွာ ျပသပုံခ်င္း ကြဲျပားေနၾကသလို ေရာဂါျဖစ္ၿပီး မျပသတဲ့သူလည္းရွိတာေၾကာင့္ ဒါကို တကယ္တမ္းမွာ ပစၥည္းကိရိယာ၊ ဓာတ္ခြဲခန္းေတြမပါဘဲ အတည္ျပဳႏုိင္ဖို႔ ခက္ခဲေနတာျဖစ္ၿပီး ႐ိုး႐ိုးဖ်ားတာမ်ဳိးကိုလည္း စိတ္တထင့္ထင့္ သံသယေတြနဲ႔ လူတုိင္းလူတိုင္း ေနထုိင္ေနၾကရတာပါ။

“ကၽြန္ေတာ္ကေတာ့ ေနေကာင္းေနတာပဲ”လို႔ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္လူက ဆုိခဲ့ၿပီး “ပထမႏွစ္ပတ္ေလာက္တုန္းက ကၽြန္ေတာ့္ မိသားစုအတြင္းမွာ အဖ်ားအနာေတြ ရွိခဲ့တယ္။ အပူခ်ိန္ တက္လိုက္က်လုိက္ ႀကဳံခဲ့ရေပမယ့္ အခုေတာ့ ေကာင္းေနပါၿပီ။ ကို႐ိုနာဗုိင္းရပ္စ္လား ဘာလားေတာ့ မသိဘူးေပါ့ဗ်ာ။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ က်န္းမာေနၾကပါတယ္”လုိ႔လည္း ႀကဳံေတြ႕ခဲ့ရတာကို ေျပာျပခဲ့ပါတယ္။

“ပထမႏွစ္ပတ္ေလာက္ေတာ့ ေတာ္ေတာ္ေလး အူေၾကာင္ေၾကာင္ႏုိင္ခဲ့တယ္ဗ်။ ဘာေတြျဖစ္ေနတယ္ဆုိတာကို ဘယ္သူမွ မေျပာႏုိင္လို႔ပဲ။ ကၽြန္ေတာ္ကေတာ့ အေျပးစက္မွာ ေလ့က်င့္တယ္။ ကံေကာင္းစြာနဲ႔ပဲ အိမ္ေအာက္မွာ ေရကူးကန္ရွိေတာ့ ေရနည္းနည္းကူးတယ္။ ဒီကိစၥႀကီးက ဘယ္ေလာက္ၾကာမလဲလို႔ မေျပာႏုိင္ခ်ိန္မွာေတာ့ အားလုံး ကိုယ့္ဘာသာကိုယ္ အေကာင္းဆုံးျဖစ္ေအာင္ ေနၾကရမွာပဲ”လို႔လည္း ဒီဘ႐ိုင္းနားက ဆုိပါတယ္။

လက္ရွိေတာ့ မန္စီးတီးအသင္းရဲ႕ အဓိက ကြင္းလယ္ဖန္တီးရွင္ဟာ သူ႕မိသားစုနဲ႔အတူ အဂၤလန္မွာ ေနထိုင္ေနတာျဖစ္ၿပီး ေလေၾကာင္းခရီးစဥ္ေတြ ပိတ္ထားတဲ့အတြက္ သူ႕ရဲ႕ ဘယ္လ္ဂ်ီယမ္က မိဘေဆြမ်ဳိးေတြဆီ သြားေရာက္ဂ႐ုစိုက္ေပးတာမ်ဳိး မလုပ္ႏုိင္ခဲ့ဘူးလို႔လည္း ေျပာလုိက္ၿပီး အသင္းရဲ႕ က်န္းမာေရးေစာင့္ေရွာက္ေပးမွဳကေတာ့ ေက်းဇူးတင္စရာျဖစ္ခဲ့ေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက သူတို့အနေနဲ့ ကိုဗစ်-၁၉ ကြောင့် အိမ်မှာ ခွဲခြားနေထိုင်ကြစဉ်အတွင်း သူ့မိသားစု အနေနဲ့ အဖျားဝေဒနာတချို့ ကြုံတွေ့ခဲ့ရကြောင်းနဲ့ လက်ရှိမှာတော့ ကျန်းမာနေပြီဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကွဲကွဲပြားပြားမသိဘူးလို့ ပြောကြားလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက လက်ရှိမှာ ပြသပုံချင်း ကွဲပြားနေကြသလို ရောဂါဖြစ်ပြီး မပြသတဲ့သူလည်းရှိတာကြောင့် ဒါကို တကယ်တမ်းမှာ ပစ္စည်းကိရိယာ၊ ဓာတ်ခွဲခန်းတွေမပါဘဲ အတည်ပြုနိုင်ဖို့ ခက်ခဲနေတာဖြစ်ပြီး ရိုးရိုးဖျားတာမျိုးကိုလည်း စိတ်တထင့်ထင့် သံသယတွေနဲ့ လူတိုင်းလူတိုင်း နေထိုင်နေကြရတာပါ။

“ကျွန်တော်ကတော့ နေကောင်းနေတာပဲ”လို့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူက ဆိုခဲ့ပြီး “ပထမနှစ်ပတ်လောက်တုန်းက ကျွန်တော့် မိသားစုအတွင်းမှာ အဖျားအနာတွေ ရှိခဲ့တယ်။ အပူချိန် တက်လိုက်ကျလိုက် ကြုံခဲ့ရပေမယ့် အခုတော့ ကောင်းနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်လား ဘာလားတော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျန်းမာနေကြပါတယ်”လို့လည်း ကြုံတွေ့ခဲ့ရတာကို ပြောပြခဲ့ပါတယ်။

“ပထမနှစ်ပတ်လောက်တော့ တော်တော်လေး အူကြောင်ကြောင်နိုင်ခဲ့တယ်ဗျ။ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်လို့ပဲ။ ကျွန်တော်ကတော့ အပြေးစက်မှာ လေ့ကျင့်တယ်။ ကံကောင်းစွာနဲ့ပဲ အိမ်အောက်မှာ ရေကူးကန်ရှိတော့ ရေနည်းနည်းကူးတယ်။ ဒီကိစ္စကြီးက ဘယ်လောက်ကြာမလဲလို့ မပြောနိုင်ချိန်မှာတော့ အားလုံး ကိုယ့်ဘာသာကိုယ် အကောင်းဆုံးဖြစ်အောင် နေကြရမှာပဲ”လို့လည်း ဒီဘရိုင်းနားက ဆိုပါတယ်။

လက်ရှိတော့ မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင်ဟာ သူ့မိသားစုနဲ့အတူ အင်္ဂလန်မှာ နေထိုင်နေတာဖြစ်ပြီး လေကြောင်းခရီးစဉ်တွေ ပိတ်ထားတဲ့အတွက် သူ့ရဲ့ ဘယ်လ်ဂျီယမ်က မိဘဆွေမျိုးတွေဆီ သွားရောက်ဂရုစိုက်ပေးတာမျိုး မလုပ်နိုင်ခဲ့ဘူးလို့လည်း ပြောလိုက်ပြီး အသင်းရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုကတော့ ကျေးဇူးတင်စရာဖြစ်ခဲ့ကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.