Article International Premier League

ကစားသမားနှစ်ယောက် ရောက်လာပေမယ့် အာတီတာကို ခွင့်မလွှတ်ဘူးဆိုတဲ့ ပရိသတ်တွေ

အာဆင်နယ်အသင်းအတွက် အောက်ကနေ အပေါ်အထိ မြေလှန်ပြီး အလတ်အလတ်တန်းစားအဆင့်ကို ကျရောက်သွားခဲ့တဲ့ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြ မီခယ်လ် အာတီတာတို့ကတော့ ပရိသတ်တွေရဲ့ အပြစ်တင်ခံနေရပြီး ခေါ်ယူပေးမယ့် ကစားသမားသစ်တွေနဲ့တောင် မကာကွယ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါတယ်။

ဒီနေ့မှာ ထုတ်ပြန်လိုက်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းအရ အာဆင်နယ်အသင်းအနေနဲ့ နောက်ထပ်ကစားသမားသစ်တစ်ဦးဖြစ်တဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါအတွက် အန်ဒါလက်ချ်အသင်းနဲ့ အလုံးစုံ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုက ရရှိထားပြီးဖြစ်တဲ့အတွက် အပြောင်းအရွှေ့က ပြည့်စုံသွားခဲ့ပြီလည်းဖြစ်ပါတယ်။

မနေ့က ကွာရန်တင်းက ထွက်လာတဲ့ ပေါ်တူဂီနောက်ခံလူ နူနို တာဗာရက်စ်ကို ကြေငြာနိုင်ခဲ့ပြီး ဒီနေ့မှာတော့ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ အီတလီဘက်က ကမ်းလှမ်းမှုတွေကို ပယ်ချပြီး လန်ဒန်ကို အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် ဗြိတိန်အစိုးရရဲ့ မူဝါဒအတိုင်း ကွာရန်တင်း ဝင်တော့မှာပါ။

၂၄ နာရီအတွင်းနဲ့ မနက်ပိုင်းမှာ ဒီလိုသတင်းကောင်းတွေ ရှိနေခဲ့ပေမယ့် မြန်မာစံတော်ချိန် ၁၀ နာရီ ဝန်းကျင်မှာတော့ အာဆင်နယ်ပရိသတ်တို့ ဒေါသထွက်စရာအဖြစ် သူတို့အသင်းက ထွက်ခွာသွားခဲ့တဲ့ ကစားသမားဟောင်းတစ်ယောက်ရဲ့ အဖိုးတန်လွန်းမှုတွေက ရောက်ရှိလာခဲ့ပြီး အာဂျင်တီးနား အသင်းအနေနဲ့ ကိုပါအမေရိကမှာ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာလည်း ကိုလံဘီယာရဲ့ ပင်နယ်တီသုံးလုံးကို ကာကွယ်ပေးခဲ့သူဖြစ်ပြီး အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ချီးကျူးခံထားရသူဖြစ်သလို ဒီနေ့မှာလည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု အပါအဝင် ဂုဏ်ယူစရာတွေအားလုံးနဲ့ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ အမ်းမရိတ်က ထွက်ခွာအပြီးမှာ လက်စွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သလို အားလုံးလှောင်ပြောင်လေ့ရှိကြတဲ့ “မအောင်မြင်သေးတာ မဟုတ်ပါဘူး၊ အာဆင်နယ်က ထွက်ဖို့ လိုနေတာပါ”ဆိုတဲ့ စကားအတိုင်း လက်ရွေးစင် အောင်မြင်မှုကို ၂၈ နှစ်တာ ဝေးကွာနေတဲ့ အာဂျင်တီးနားအတွက် ရယူပေးခဲ့တာဖြစ်ပါတယ်။

အသင်းမှာ ဆက်နေဖို့ကို ပုံမှန်ပွဲထွက်ကစားခွင့်နဲ့အတူ ညှိနှိုင်းခဲ့ပေမယ့် နည်းပြ အာတီတာရဲ့ လက်မခံမှုနဲ့ ဘန်းဒ် လီနိုကို ဆက်လက်ပြီး နေရာပေးခဲ့ချိန်မှာ မာတီနက်ဇ်အနေနဲ့ ရွေးချယ်စရာမရှိတော့ဘဲ အသင်းက ထွက်ခဲ့ရင်း အက်စတန်ဗီလာမှာ တောက်ပနေစဉ်မှာ အာဆင်နယ်ကတော့ ဂျာမန်သားကို ယုံပြီး အိုးနင်းခွက်နင်းဖြစ်ခဲ့ရသလို ဝုလ်ဗ်စ်နဲ့ပွဲမှာ အထုတ်ခံရတဲ့ သူ့ရဲ့ ရှေ့တက်ဖျက်ထုတ်ပုံကလည်း ရယ်စရာဖြစ်ခဲ့ရသေးတာပါ။

ပြီးခဲ့တဲ့ တစ်ရာသီလုံး တန်းမဝင်တဲ့ ဂိုးသမား သုံးယောက်ကို သည်းခံနေခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ အီမီရဲ့ ထင်တာထက် ပိုမိုမြင့်မားတဲ့ တန်ဖိုးမှန်ကို ထပ်မံမြင်တွေ့ခဲ့ရချိန်မှာ စပိန်သားနည်းပြနဲ့ အသင်းခေါင်းဆောင်ဟောင်းကို ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘုရားစူး ဂျာမနီလက်ရွေးစင် လီနိုကို ဖက်တွယ်ထားခဲ့တဲ့ ကိစ္စကို ပြန်လည်တူးဖော်ပြီး တိုက်ခိုက်ဝေဖန်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

ပရိသတ်တချို့ကတော့ အာတီတာကို ခွင့်မလွှတ်ဘူးလို့ ဆိုခဲ့ကြသလို ဒီလောက်တောင်မှ ကစားသမားတွေကို အကဲမဖြတ်တတ်အောင် တုံးအတဲ့ အသင်းမျိုး ကစားတာကို ကြည့်ချင်စရာ မရှိတော့ဘူးလို့ အာဆင်နယ်တစ်သင်းလုံးနဲ့ တာဝန်ရှိသူတွေကိုပါ ထိုးနှက်တိုက်ခိုက်ခဲ့ကြပြီး အီမီ မာတီနက်ဇ်ရဲ့ အောင်ပွဲနေ့ဟာ သူ့ရဲ့ အသင်းဟောင်းနဲ့ နည်းပြတို့အတွက်တော့ ပြစ်တင်ဝေဖန်ရေးနေ့ဖြစ်နေခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအတြက္ ေအာက္ကေန အေပၚအထိ ေျမလွန္ၿပီး အလတ္အလတ္တန္းစားအဆင့္ကို က်ေရာက္သြားခဲ့တဲ့ အေျခအေနကို ေျပာင္းလဲဖို႔ ႀကိဳးစားေနတဲ့ ဘုတ္အဖြဲ႕နဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ကေတာ့ ပရိသတ္ေတြရဲ႕ အျပစ္တင္ခံေနရၿပီး ေခၚယူေပးမယ့္ ကစားသမားသစ္ေတြနဲ႔ေတာင္ မကာကြယ္ႏိုင္တဲ့ အေနအထားကို ေရာက္ရွိေနခဲ့ပါတယ္။

ဒီေန႔မွာ ထုတ္ျပန္လိုက္တဲ့ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ သတင္းအရ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ထပ္ကစားသမားသစ္တစ္ဦးျဖစ္တဲ့ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါအတြက္ အန္ဒါလက္ခ်္အသင္းနဲ႔ အလုံးစုံ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ၿပီး အေစာပိုင္းကတည္းက ပုဂၢိဳလ္ေရးသေဘာတူညီမႈက ရရွိထားၿပီးျဖစ္တဲ့အတြက္ အေျပာင္းအေ႐ႊ႕က ျပည့္စုံသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

မေန႔က ကြာရန္တင္းက ထြက္လာတဲ့ ေပၚတူဂီေနာက္ခံလူ ႏူႏို တာဗာရက္စ္ကို ေၾကျငာႏိုင္ခဲ့ၿပီး ဒီေန႔မွာေတာ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ အီတလီဘက္က ကမ္းလွမ္းမႈေတြကို ပယ္ခ်ၿပီး လန္ဒန္ကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔အတြက္ ၿဗိတိန္အစိုးရရဲ႕ မူဝါဒအတိုင္း ကြာရန္တင္း ဝင္ေတာ့မွာပါ။

၂၄ နာရီအတြင္းနဲ႔ မနက္ပိုင္းမွာ ဒီလိုသတင္းေကာင္းေတြ ရွိေနခဲ့ေပမယ့္ ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီ ဝန္းက်င္မွာေတာ့ အာဆင္နယ္ပရိသတ္တို႔ ေဒါသထြက္စရာအျဖစ္ သူတို႔အသင္းက ထြက္ခြာသြားခဲ့တဲ့ ကစားသမားေဟာင္းတစ္ေယာက္ရဲ႕ အဖိုးတန္လြန္းမႈေတြက ေရာက္ရွိလာခဲ့ၿပီး အာဂ်င္တီးနား အသင္းအေနနဲ႔ ကိုပါအေမရိကမွာ ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။

ဗိုလ္လုပြဲမွာ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ ဆီမီးဖိုင္နယ္မွာလည္း ကိုလံဘီယာရဲ႕ ပင္နယ္တီသုံးလုံးကို ကာကြယ္ေပးခဲ့သူျဖစ္ၿပီး အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီရဲ႕ ခ်ီးက်ဴးခံထားရသူျဖစ္သလို ဒီေန႔မွာလည္း ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ဂိုးသမားဆု အပါအဝင္ ဂုဏ္ယူစရာေတြအားလုံးနဲ႔ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ ၁၀ ႏွစ္ၾကာ ကစားခဲ့တဲ့ မာတီနက္ဇ္ဟာ အမ္းမရိတ္က ထြက္ခြာအၿပီးမွာ လက္စြမ္းေကာင္းကို ထိန္းသိမ္းထားႏိုင္ဆဲျဖစ္သလို အားလုံးေလွာင္ေျပာင္ေလ့ရွိၾကတဲ့ “မေအာင္ျမင္ေသးတာ မဟုတ္ပါဘူး၊ အာဆင္နယ္က ထြက္ဖို႔ လိုေနတာပါ”ဆိုတဲ့ စကားအတိုင္း လက္ေ႐ြးစင္ ေအာင္ျမင္မႈကို ၂၈ ႏွစ္တာ ေဝးကြာေနတဲ့ အာဂ်င္တီးနားအတြက္ ရယူေပးခဲ့တာျဖစ္ပါတယ္။

အသင္းမွာ ဆက္ေနဖို႔ကို ပုံမွန္ပြဲထြက္ကစားခြင့္နဲ႔အတူ ညႇိႏႈိင္းခဲ့ေပမယ့္ နည္းျပ အာတီတာရဲ႕ လက္မခံမႈနဲ႔ ဘန္းဒ္ လီႏိုကို ဆက္လက္ၿပီး ေနရာေပးခဲ့ခ်ိန္မွာ မာတီနက္ဇ္အေနနဲ႔ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ အသင္းက ထြက္ခဲ့ရင္း အက္စတန္ဗီလာမွာ ေတာက္ပေနစဥ္မွာ အာဆင္နယ္ကေတာ့ ဂ်ာမန္သားကို ယုံၿပီး အိုးနင္းခြက္နင္းျဖစ္ခဲ့ရသလို ဝုလ္ဗ္စ္နဲ႔ပြဲမွာ အထုတ္ခံရတဲ့ သူ႔ရဲ႕ ေရွ႕တက္ဖ်က္ထုတ္ပုံကလည္း ရယ္စရာျဖစ္ခဲ့ရေသးတာပါ။

ၿပီးခဲ့တဲ့ တစ္ရာသီလုံး တန္းမဝင္တဲ့ ဂိုးသမား သုံးေယာက္ကို သည္းခံေနခဲ့ရတဲ့ အာဆင္နယ္ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္တဲ့ အီမီရဲ႕ ထင္တာထက္ ပိုမိုျမင့္မားတဲ့ တန္ဖိုးမွန္ကို ထပ္မံျမင္ေတြ႕ခဲ့ရခ်ိန္မွာ စပိန္သားနည္းျပနဲ႔ အသင္းေခါင္းေဆာင္ေဟာင္းကို ေပါက္ကြဲခဲ့တာျဖစ္ၿပီး ဘုရားစူး ဂ်ာမနီလက္ေ႐ြးစင္ လီႏိုကို ဖက္တြယ္ထားခဲ့တဲ့ ကိစၥကို ျပန္လည္တူးေဖာ္ၿပီး တိုက္ခိုက္ေဝဖန္လာခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပရိသတ္တခ်ိဳ႕ကေတာ့ အာတီတာကို ခြင့္မလႊတ္ဘူးလို႔ ဆိုခဲ့ၾကသလို ဒီေလာက္ေတာင္မွ ကစားသမားေတြကို အကဲမျဖတ္တတ္ေအာင္ တုံးအတဲ့ အသင္းမ်ိဳး ကစားတာကို ၾကည့္ခ်င္စရာ မရွိေတာ့ဘူးလို႔ အာဆင္နယ္တစ္သင္းလုံးနဲ႔ တာဝန္ရွိသူေတြကိုပါ ထိုးႏွက္တိုက္ခိုက္ခဲ့ၾကၿပီး အီမီ မာတီနက္ဇ္ရဲ႕ ေအာင္ပြဲေန႔ဟာ သူ႔ရဲ႕ အသင္းေဟာင္းနဲ႔ နည္းျပတို႔အတြက္ေတာ့ ျပစ္တင္ေဝဖန္ေရးေန႔ျဖစ္ေနခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.