Premier League

အသင်းရှုံးလို့ ငိုတာက ခဏ၊ မက်ဆီအတွက် ဝမ်းသာပေးခဲ့တာက အဓိကဖြစ်ခဲ့တဲ့ နေမာ

နောက်ဆုံးတော့ လီယွန်နယ် မက်ဆီအနေနဲ့ သူ့ရဲ့ ပထမဆုံး နိုင်ငံအသင်းနဲ့အတူ ချန်ပီယံဆုအနေနဲ့ ၂၀၂၁ ကိုပါအမေရိကဖလားကို ရရှိခဲ့ပြီဖြစ်ပါတယ်။ အာဂျင်တီးနားအတွက်တော့ ၁၉၉၃ နောက်ပိုင်း ပထမဆုံး နိုင်ငံအတွက် ဆုဖလားရဖို့ ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကြီး ဘရာဇီးလ်ကို ဖြုတ်ချခဲ့တာပါ။

၃၄ နှစ်အရွယ် အာဂျင်တိုင်းသားကြီးကတော့ ဒီပွဲမတိုင်ခင် နိုင်ငံအသင်းရဲ့ နောက်ဆုံး ကိုပါအမေရိက ဗိုလ်လုပွဲ ၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၂၀၀၇ မှာ ဘရာဇီးလ်၊ ၂၀၁၅ နဲ့ ၂၀၁၆ မှာ ချီလီတို့ကို ရှုံးနိမ့်ခဲ့တာပါ။ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာတော့ မက်ဆီရဲ့အသင်းဖော်တွေက သူ့ကို လေပေါ်မြှောက်ပြီး ချီးမြှင့်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် သူ့ကို ဂုဏ်ပြုခဲ့ကြတာတော့ အသင်းဖော်တွေချည်းပဲတော့ မဟုတ်ခဲ့ပါဘူး။တစ်ချိန်က ဘာစီလိုနာမှာ လက်တွဲကစားခဲ့ပြီး MSN တိုက်စစ်အတွဲထဲမှာ သူနဲ့အတူပါဝင်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာကလည်း သူ့ဆီကိုလာပြီး အကြာကြီး ပွေ့ဖက်ကာ ဂုဏ်ပြုခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ ရင်ကိုထိတဲ့ အခိုက်အတန့်ဖြစ်သလို သူ့အနေနဲ့ နိုင်ငံအသင်းနဲ့အတူ အဓိကဆုဖလားကို ရခါနီးမှာမှ ရှုံးနိမ့်ခဲ့ရတာကြောင့် စိတ်ထိခိုက်ခဲ့ရသလို မျက်ရည်ကျခဲ့ပေမယ့် သူ့အသင်းဖော်ဟောင်းကို ဂုဏ်ပြုခဲ့တာပါ။၂၀၁၄ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်နဲ့ ၂၀၁၉ ကိုပါအမေရိကမစခင်မှာတင် ဒဏ်ရာကြောင့် ပြိုင်ပွဲကိုလွဲချော်ခဲ့ရသူပါ။

မက်ဆီကတော့ ခြေစွမ်းအထူးပြနေပြီး ၂၀၂၁ ခုနှစ်အတွင်း ကစားခဲ့တဲ့ ၃၈ ပွဲမှာ ၃၃ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၄ ကြိမ်နဲ့ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ၂၆ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။

မက်ဆီနဲ့နေမာတို့ရဲ့ တစ်ခုတည်းသော နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုကတော့ အိုလံပစ်ချန်ပီယံသာဖြစ်ခဲ့ပြီး ယူ-၂၃ ဖြစ်တာကြောင့် အသင်းကြီးအနေနဲ့ အကျုံးမဝင်ခဲ့တာပါ။ဒါတွေကို မက်ဆီက ၂၀၂၁ ကိုပါအမေရိကချန်ပီယံဆုနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

၂၀၂၁ ကိုပါအမေရိက ဗိုလ်လုပွဲအပြီးမှာတော့ နေမာနဲ့ မက်ဆီတို့ရဲ့ စစ်မှန်တဲ့ ခင်မင်မှုတွေကို မြင်တွေ့ခဲ့ရပြီး ဘရာဇီးလ်သားအနေနဲ့ သူ့ရဲ့ ဘော်ဒါကို ဂုဏ်ပြုဖို့အတွက် သူ့နာကျင်မှုတွေကိုပါ မေ့ထားနိုင်တာကတော့ ဘောလုံးလောကကပေးတဲ့ လွမ်းမောစရာတွေလား ကြည်နူးစရာတွေလားဆိုတာကတော့…..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ‌ေနာက္ဆုံးေတာ့ လီယြန္နယ္ မက္ဆီအေနနဲ႔ သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံအသင္းနဲ႔အတူ ခ်န္ပီယံဆုအေနနဲ႔ ၂၀၂၁ ကိုပါအေမရိကဖလားကို ရရွိခဲ့ၿပီျဖစ္ပါတယ္။ အာဂ်င္တီးနားအတြက္ေတာ့ ၁၉၉၃ ေနာက္ပိုင္း ပထမဆုံး ႏိုင္ငံအတြက္ ဆုဖလားရဖို႔ ဗိုလ္လုပြဲမွာ ၿပိဳင္ဘက္ႀကီး ဘရာဇီးလ္ကို ျဖဳတ္ခ်ခဲ့တာပါ။

၃၄ ႏွစ္အ႐ြယ္ အာဂ်င္တိုင္းသားႀကီးကေတာ့ ဒီပြဲမတိုင္ခင္ ႏိုင္ငံအသင္းရဲ႕ ေနာက္ဆုံး ကိုပါအေမရိက ဗိုလ္လုပြဲ ၃ ပြဲအထိ ပါဝင္ကစားခဲ့ၿပီး ၂၀၀၇ မွာ ဘရာဇီးလ္၊ ၂၀၁၅ နဲ႔ ၂၀၁၆ မွာ ခ်ီလီတို႔ကို ရႈံးနိမ့္ခဲ့တာပါ။ပြဲသိမ္းခရာမႈတ္လိုက္ခ်ိန္မွာေတာ့ မက္ဆီရဲ႕အသင္းေဖာ္ေတြက သူ႔ကို ေလေပၚေျမႇာက္ၿပီး ခ်ီးျမႇင့္ဂုဏ္ျပဳခဲ့ၾကပါတယ္။

ဒါေပမယ့္ သူ႔ကို ဂုဏ္ျပဳခဲ့ၾကတာေတာ့ အသင္းေဖာ္ေတြခ်ည္းပဲေတာ့ မဟုတ္ခဲ့ပါဘူး။တစ္ခ်ိန္က ဘာစီလိုနာမွာ လက္တြဲကစားခဲ့ၿပီး MSN တိုက္စစ္အတြဲထဲမွာ သူနဲ႔အတူပါဝင္ခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉး ေနမာကလည္း သူ႔ဆီကိုလာၿပီး အၾကာႀကီး ေပြ႕ဖက္ကာ ဂုဏ္ျပဳခဲ့တာပါ။

ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ ရင္ကိုထိတဲ့ အခိုက္အတန႔္ျဖစ္သလို သူ႔အေနနဲ႔ ႏိုင္ငံအသင္းနဲ႔အတူ အဓိကဆုဖလားကို ရခါနီးမွာမွ ရႈံးနိမ့္ခဲ့ရတာေၾကာင့္ စိတ္ထိခိုက္ခဲ့ရသလို မ်က္ရည္က်ခဲ့ေပမယ့္ သူ႔အသင္းေဖာ္ေဟာင္းကို ဂုဏ္ျပဳခဲ့တာပါ။၂၀၁၄ ကမာၻ႔ဖလားမွာ ဆီမီးဖိုင္နယ္နဲ႔ ၂၀၁၉ ကိုပါအေမရိကမစခင္မွာတင္ ဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့ရသူပါ။

မက္ဆီကေတာ့ ေျခစြမ္းအထူးျပေနၿပီး ၂၀၂၁ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ၃၈ ပြဲမွာ ၃၃ ဂိုးအထိသြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၁၄ ႀကိမ္နဲ႔ ပြဲစဥ္ရဲ႕အေကာင္းဆုံးကစားသမားဆုကိုလည္း ၂၆ ႀကိမ္အထိ ရယူႏိုင္ခဲ့တာပါ။

မက္ဆီနဲ႔ေနမာတို႔ရဲ႕ တစ္ခုတည္းေသာ ႏိုင္ငံအသင္းနဲ႔အတူ ေအာင္ျမင္မႈကေတာ့ အိုလံပစ္ခ်န္ပီယံသာျဖစ္ခဲ့ၿပီး ယူ-၂၃ ျဖစ္တာေၾကာင့္ အသင္းႀကီးအေနနဲ႔ အက်ဳံးမဝင္ခဲ့တာပါ။ဒါေတြကို မက္ဆီက ၂၀၂၁ ကိုပါအေမရိကခ်န္ပီယံဆုနဲ႔အတူ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

၂၀၂၁ ကိုပါအေမရိက ဗိုလ္လုပြဲအၿပီးမွာေတာ့ ေနမာနဲ႔ မက္ဆီတို႔ရဲ႕ စစ္မွန္တဲ့ ခင္မင္မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး ဘရာဇီးလ္သားအေနနဲ႔ သူ႔ရဲ႕ ေဘာ္ဒါကို ဂုဏ္ျပဳဖို႔အတြက္ သူ႔နာက်င္မႈေတြကိုပါ ေမ့ထားႏိုင္တာကေတာ့ ေဘာလုံးေလာကကေပးတဲ့ လြမ္းေမာစရာေတြလား ၾကည္ႏူးစရာေတြလားဆိုတာကေတာ့…..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.