Ligue1 Premier League Transfer News

ပေါ့ဘာကို ရောင်းရင် ပီအက်စ်ဂျီဆီက မန်ယူနိုက်တက်တို့ ပြန်ရနိုင်တဲ့ ကစားသမား ၄ ဦး

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ မလွယ်ကူတော့သလို အေးဂျင့် မီနို ရိုင်ယိုလာနဲ့ ဆက်ဆံရေးကလည်း ဘယ်လိုမှ အဆင်ပြေမလာတော့တဲ့အတွက် ဒီနွေရာသီမှာ ရောင်းချရတော့မှာဖြစ်ပြီး စာချုပ်တစ်နှစ်ကျန်ချိန်မှာ ရသလောက် အကျိုးအမြတ်ကို ရှာဖွေသွားဖို့ ရှိနေပါတယ်။

ပေါ့ဘာကို သူ့ရဲ့ လက်ရွေးစင်အသင်းတာဝန်မှာ နိုင်ငံတကာအသင်းဖော်တွေ နောက်ပြောင်နေကြသလိုမျိုး လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ရာသီမစတင်ခင် ခေါ်ယူသွားနိုင်ဖို့ အသည်းအသန် စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူဖို့ လွယ်ကူစေအောင် ကစားသမား ၄ ဦးထဲက တစ်ဦး သို့မဟုတ် နှစ်ဦးကို အလိုက်ပေးသွားဖို့ ရှိနေတာပါ။

၁။ နေမာ
မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ နေမာကို ရရှိမယ်ဆိုရင် အလိုချင်ဆုံးနဲ့ ပျော်စရာအကောင်းဆုံး ကမ်းလှမ်းမှုတစ်ခုဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒီဘရာဇီးလ်ရှေ့တန်းလူအတွက် အခြေအနေကို စုံစမ်းထားပြီး သူ့ဘက်ကလည်း အိုးလ်ထရက်ဖို့ဒ်ဆိုတာ လာရောက်ချင်စရာ နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် နေမာအနေနဲ့ မင်းသားကွင်းမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုထားပြီး ပေါ့ဘာသာ သူတို့ဆီကို ထပ်ရောက်လာရင် ကြီးမားတဲ့ အင်အားတစ်ခုဖြစ်နိုင်ပေမယ့် ဒီလိုမဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်က ပိုပေးပြီး ခေါ်သွားနိုင်တဲ့ အခြေအနေကိုလည်း ပါရီသားတွေအနေနဲ့ တွေးကြောက်နေမှာ ဖြစ်တာကြောင့် သူတို့ချင်း အလိုက်ပေး အလိုက်ယူက မဖြစ်နိုင်တဲ့ အရာမျိုးတော့ မဟုတ်တာပါ။

၂။ ခီလီယန် အမ်ဘာပေ
မန်ချက်စတာညနေခင်းသတင်းဌာနရဲ့ ထုတ်ဖော်မှုအရတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ အထောင်တိုက်စစ်အတွက် လိုအပ်ရင် အမ်ဘာပေကိုလည်း ခေါ်ယူနိုင်ဖို့ စုံစမ်းစောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းကျဆင်းခဲ့တဲ့ လူငယ်ကြယ်ပွင့်ဟာ ဖိအားတွေ ကြားထဲမှာ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတာကြောင့်လည်း သူ့ရဲ့ တန်ဖိုးက ကျဆင်းစပြုလာနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီတို့အနေနဲ့ ပြီးခဲ့ရာသီတွေကလို သူ့အတွက် ပေါင်သန်း ၂၀၀ လောက် ဈေးခေါ်လို့ မရတော့ပေမယ့်လည်း လာမယ့်နှစ်မှာ ထရိန်နင် လျော်ကြေးဆိုတဲ့ မုန့်ဖိုးပဲဖိုးလောက်နဲ့ လက်လွှတ် ဆုံးရှုံးရမယ့် အခြေအနေကို ကာကွယ်ဖို့ ပေါ့ဘာနဲ့ ညှိနှိုင်းပြီး အိုးလ်ထရက်ဖို့ဒ်ဆီ အလိုက်ယူ စေလွှတ်သွားမယ်ဆိုရင်လည်း အတွေးက မရိုင်းနိုင်တာပါ။

၃။ မာကို ဗာရက်တီ
အီတလီအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကစပြီး လိုကာတယ်လီကို ပြန်လည်ဖယ်ထုတ်ခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်လူဟာ ပေါ့ဘာနဲ့ လဲလှယ်ဖို့ လုပ်ဆောင်ခံရမယ်ဆိုရင်တော့ တိုက်ရိုက်အစားထိုးမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ မြင့်မားတဲ့ အတွေ့အကြုံကိုလည်း ပိုင်ဆိုင်ထားပြီး နိုင်ငံတကာအဆင့်မှာ ဖလားတွေ သိမ်းပိုက်ဖို့လည်း နီးစပ်နေခဲ့တာပါ။

သူ့ရဲ့ အရပ်အမောင်းက နိမ့်ပါးပေမယ့် ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ ကြံ့ခိုင်တာကြောင့် အာဆင်နယ်ရဲ့ လူးကပ်စ် တော်ရဲရားလို ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုသုံးကစားပုံမှာ ခံစားသွားရမှာမျိုးတော့ မဖြစ်နိုင်ဘဲ မက်တော်မီနေးလို တက်သစ်စ ပါဝါမြင့် ကစားသမားမျိုးနဲ့ တွဲပေးခဲ့ရင် ကွင်းလယ်ပိုင်းကို အသစ်ပြန်လည်တည်ဆောက်နိုင်မှာဖြစ်လို့ ရွေးချယ်စရာကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၄။ ပရက်စနဲလ် ကင်ပမ်ဘီ
ပါရီမြေမှာ ယူနိုက်တက်တို့ Come Back ခဲ့တုန်းက ပင်နယ်တီ လက်ဆောင်ပေးခဲ့တဲ့ ခံစစ်မှူးဟာ အဲ့ဒီတုန်းက ကံမကောင်းခဲ့ပေမယ့် လက်ရှိမှာ ထိပ်တန်းအဆင့်ထဲကို ဝင်ရောက်လာနေတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်သလို ပီအက်စ်ဂျီနောက်တန်းမှာ အသင်းခေါင်းဆောင် မားကင်ညို့စ်နဲ့ တွဲဖက်ပြီး ပိုမိုရင့်ကျက်လာခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ လက်ရွေးစင်အသင်းအတွက်လည်း ၂၁ ပွဲအထိ ကစားပေးပြီးဖြစ်သလို ပါရီသားတွေနဲ့တော့ ပွဲပေါင်း ၁၈၀ အထိ ကစားပေးထားသူဖြစ်ပြီး ခံစစ်ကို ပြန်လည်တည်ဆောက်ချင်တဲ့ ယူနိုက်တက်တို့အတွက်တော့ မက်ဂွိုင်းယားရဲ့ တွဲဖက်ကောင်းတစ်ဦးအဖြစ် ယုံစားအားကိုးနိုင်မယ့်သူတစ်ဦးလည်း ဖြစ်နေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို အသင္းမွာ ဆက္လက္ထိန္းသိမ္းဖို႔ မလြယ္ကူေတာ့သလို ေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ ဆက္ဆံေရးကလည္း ဘယ္လိုမွ အဆင္ေျပမလာေတာ့တဲ့အတြက္ ဒီေႏြရာသီမွာ ေရာင္းခ်ရေတာ့မွာျဖစ္ၿပီး စာခ်ဳပ္တစ္ႏွစ္ က်န္ခ်ိန္မွာ ရသေလာက္ အက်ိဳးအျမတ္ကို ရွာေဖြသြားဖို႔ ရွိေနပါတယ္။

ေပါ့ဘာကို သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းတာဝန္မွာ ႏိုင္ငံတကာအသင္းေဖာ္ေတြ ေနာက္ေျပာင္ေနၾကသလိုမ်ိဳး လူတိုင္းသိတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခု ျဖစ္ေနခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းက ရာသီမစတင္ခင္ ေခၚယူသြားႏိုင္ဖို႔ အသည္းအသန္ စိတ္ဝင္စားေနၿပီး သူ႔ကို ေခၚယူဖို႔ လြယ္ကူေစေအာင္ ကစားသမား ၄ ဦးထဲက တစ္ဦး သို႔မဟုတ္ ႏွစ္ဦးကို အလိုက္ေပးသြားဖို႔ ရွိေနတာပါ။

၁။ ေနမာ
မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ ေနမာကို ရရွိမယ္ဆိုရင္ အလိုခ်င္ဆုံးနဲ႔ ေပ်ာ္စရာအေကာင္းဆုံး ကမ္းလွမ္းမႈတစ္ခုျဖစ္လာမွာပါ။ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက ဒီဘရာဇီးလ္ေရွ႕တန္းလူအတြက္ အေျခအေနကို စုံစမ္းထားၿပီး သူ႔ဘက္ကလည္း အိုးလ္ထရက္ဖို႔ဒ္ဆိုတာ လာေရာက္ခ်င္စရာ ေနရာတစ္ခုျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ေနမာအေနနဲ႔ မင္းသားကြင္းမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုထားၿပီး ေပါ့ဘာသာ သူတို႔ဆီကို ထပ္ေရာက္လာရင္ ႀကီးမားတဲ့ အင္အားတစ္ခုျဖစ္ႏိုင္ေပမယ့္ ဒီလိုမဟုတ္ဘဲ ရီးရဲလ္မက္ဒရစ္က ပိုေပးၿပီး ေခၚသြားႏိုင္တဲ့ အေျခအေနကိုလည္း ပါရီသားေတြအေနနဲ႔ ေတြးေၾကာက္ေနမွာ ျဖစ္တာေၾကာင့္ သူတို႔ခ်င္း အလိုက္ေပး အလိုက္ယူက မျဖစ္ႏိုင္တဲ့ အရာမ်ိဳးေတာ့ မဟုတ္တာပါ။

၂။ ခီလီယန္ အမ္ဘာေပ
မန္ခ်က္စတာညေနခင္းသတင္းဌာနရဲ႕ ထုတ္ေဖာ္မႈအရေတာ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ အေထာင္တိုက္စစ္အတြက္ လိုအပ္ရင္ အမ္ဘာေပကိုလည္း ေခၚယူႏိုင္ဖို႔ စုံစမ္းေစာင့္ၾကည့္ထားတယ္လို႔ သိရပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းက်ဆင္းခဲ့တဲ့ လူငယ္ၾကယ္ပြင့္ဟာ ဖိအားေတြ ၾကားထဲမွာ ပီအက္စ္ဂ်ီနဲ႔ သက္တမ္းတိုးဖို႔ ဆႏၵမရွိတာေၾကာင့္လည္း သူ႔ရဲ႕ တန္ဖိုးက က်ဆင္းစျပဳလာေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ ၿပီးခဲ့ရာသီေတြကလို သူ႔အတြက္ ေပါင္သန္း ၂၀၀ ေလာက္ ေဈးေခၚလို႔ မရေတာ့ေပမယ့္လည္း လာမယ့္ႏွစ္မွာ ထရိန္နင္ ေလ်ာ္ေၾကးဆိုတဲ့ မုန႔္ဖိုးပဲဖိုးေလာက္နဲ႔ လက္လႊတ္ ဆုံးရႈံးရမယ့္ အေျခအေနကို ကာကြယ္ဖို႔ ေပါ့ဘာနဲ႔ ညႇိႏႈိင္းၿပီး အိုးလ္ထရက္ဖို႔ဒ္ဆီ အလိုက္ယူ ေစလႊတ္သြားမယ္ဆိုရင္လည္း အေတြးက မ႐ိုင္းႏိုင္တာပါ။

၃။ မာကို ဗာရက္တီ
အီတလီအသင္းရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္ကစၿပီး လိုကာတယ္လီကို ျပန္လည္ဖယ္ထုတ္ခဲ့တဲ့ ပီအက္စ္ဂ်ီကြင္းလယ္လူဟာ ေပါ့ဘာနဲ႔ လဲလွယ္ဖို႔ လုပ္ေဆာင္ခံရမယ္ဆိုရင္ေတာ့ တိုက္႐ိုက္အစားထိုးမႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ျမင့္မားတဲ့ အေတြ႕အႀကဳံကိုလည္း ပိုင္ဆိုင္ထားၿပီး ႏိုင္ငံတကာအဆင့္မွာ ဖလားေတြ သိမ္းပိုက္ဖို႔လည္း နီးစပ္ေနခဲ့တာပါ။

သူ႔ရဲ႕ အရပ္အေမာင္းက နိမ့္ပါးေပမယ့္ ခႏၶာကိုယ္တည္ေဆာက္ပုံကေတာ့ ႀကံ့ခိုင္တာေၾကာင့္ အာဆင္နယ္ရဲ႕ လူးကပ္စ္ ေတာ္ရဲရားလို ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈသုံးကစားပုံမွာ ခံစားသြားရမွာမ်ိဳးေတာ့ မျဖစ္ႏိုင္ဘဲ မက္ေတာ္မီေနးလို တက္သစ္စ ပါဝါျမင့္ ကစားသမားမ်ိဳးနဲ႔ တြဲေပးခဲ့ရင္ ကြင္းလယ္ပိုင္းကို အသစ္ျပန္လည္တည္ေဆာက္ႏိုင္မွာျဖစ္လို႔ ေ႐ြးခ်ယ္စရာေကာင္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။

၄။ ပရက္စနဲလ္ ကင္ပမ္ဘီ
ပါရီေျမမွာ ယူႏိုက္တက္တို႔ Come Back ခဲ့တုန္းက ပင္နယ္တီ လက္ေဆာင္ေပးခဲ့တဲ့ ခံစစ္မႉးဟာ အဲ့ဒီတုန္းက ကံမေကာင္းခဲ့ေပမယ့္ လက္ရွိမွာ ထိပ္တန္းအဆင့္ထဲကို ဝင္ေရာက္လာေနတဲ့ ကစားသမားေကာင္းတစ္ဦးျဖစ္သလို ပီအက္စ္ဂ်ီေနာက္တန္းမွာ အသင္းေခါင္းေဆာင္ မားကင္ညိဳ႕စ္နဲ႔ တြဲဖက္ၿပီး ပိုမိုရင့္က်က္လာခဲ့တာပါ။

အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ လက္ေ႐ြးစင္အသင္းအတြက္လည္း ၂၁ ပြဲအထိ ကစားေပးၿပီးျဖစ္သလို ပါရီသားေတြနဲ႔ေတာ့ ပြဲေပါင္း ၁၈၀ အထိ ကစားေပးထားသူျဖစ္ၿပီး ခံစစ္ကို ျပန္လည္တည္ေဆာက္ခ်င္တဲ့ ယူႏိုက္တက္တို႔အတြက္ေတာ့ မက္ဂြိဳင္းယားရဲ႕ တြဲဖက္ေကာင္းတစ္ဦးအျဖစ္ ယုံစားအားကိုးႏိုင္မယ့္သူတစ္ဦးလည္း ျဖစ္ေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.