Premier League

သွင်းဂိုးရော ဖန်တီးမှုပါတူရင်တောင် ယူရိုရွှေဖိနပ်ဆုအတွက် စင်ပေါ်ကရှိနေတဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီတိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက်ကတော့ အသင်းနဲ့အတူ ယူရို ၂၀၂၀ ချန်ပီယံဖြစ်ဖို့ အားခဲထားခဲ့ပေမယ့် ၁၆ သင်း ရှုံးထွက်အဆင့်မှာတင် ပြုတ်သွားခဲ့လို့ ဖလားမရနိုင်တော့ပေမယ့် တစ်ဦးချင်းဆုအနေနဲ့တော့ ယူရို ၂၀၂၀ ရဲ့ ရွှေဖိနပ်ဆုကို ရနိုင်ခြေရှိသေးတာပါ။

သူ့အတွက်ကတော့ ယူရို ၂၀၂၀ ရဲ့ ရွှေဖိနပ်ဆုကိုရဖို့ဆိုရင် ဗိုလ်လုပွဲမှာ ကန်ကြမယ့် အင်္ဂလန်နဲ့ အီတလီအသင်းတို့မှာပါတဲ့ သူ့ပြိုင်ဘက်တွေက လုံလောက်တဲ့ ဂိုးအရေအတွက်ကို မသွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ပြိုင်ပွဲက အစောကြီး ဖျာလိပ်ပြန်ခဲ့ရပေမယ့် ဂိုးသွင်းအများဆုံးစာရင်းမှာတော့ ၄ ပွဲကစား ၅ ဂိုးသွင်းဆိုတဲ့ ရလာဒ်နဲ့အတူ ထိပ်ဆုံးမှာ မင်းမူနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးကြီးကတော့ ချက်အသင်းတိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်နဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ဂိုးဖန်တီးမှုပိုများတာကြောင့် ပေါ်တူဂီသားကြီးက ထိပ်ဆုံးက ဦးဆောင်နေတာ ဖြစ်ပါတယ်။ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ထဲက သူနဲ့အနီးစပ်ဆုံးကတော့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဖြစ်ပြီး ၄ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ကိန်းအနေနဲ့တော့ ရော်နယ်လ်ဒိုကို ကျော်ချင်ရင် ဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းရင် ကျော်နိုင်သလို ၁ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးရင်လည်း ကျော်ဖြတ်ပြီး ရွှေဖိနပ်ရနိုင်ပါသေးတယ်။ရာဟီးမ် စတာလင်ကတော့ ၃ ဂိုးသွင်းယူထားတာကြောင့် ရော်နယ်လ်ဒိုကို ကျော်ပြီး ရွှေဖိနပ်ရချင်ရင် ဗိုလ်လုပွဲမှာ အနည်းဆုံး ဟက်ထရစ်သွင်းရင်သွင်း၊မသွင်းရင် ၂ ဂိုးသွင်း၊၁ ဂိုးဖန်တီးပေးမှပဲ ရမှာပါ။

စီရို အင်မိုဘီလီနဲ့ လော်ရန်ဇို အင်ဆီညာတို့အပါအဝင် အီတလီကစားသမားတွေက အများဆုံးသွင်းထားသူတောင် ၂ ဂိုးပဲ ရှိတဲ့အနေအထားမှာတော့ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးကို ကျော်ချင်ရင် တစ်ဦးတည်း ၄ ဂိုးသွင်းမှ ရမယ့်အနေအထား ဖြစ်နေပါတယ်။ယူရိုပြိုင်ပွဲမှာ‌တော့ ပုံမှန်ဆိုရင် ရွှေဖိနပ်ဆုက ဂိုးသွင်းအများဆုံး ကစားသမားကို ပေးတာပဲ ဖြစ်ပါတယ်။

အကယ်၍ နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကစားသမားတွေက သွင်းဂိုးတူနေခဲ့ရင်တော့ ဂိုးဖန်တီးမှု ပိုများတဲ့ကစားသမားကို ရွှေဖိနပ်ဆုပေးတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကစားသမားတွေက သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တူနေခဲ့ရင် ပွဲချိန်အနည်းဆုံး ကစားထားတဲ့ ကစားသမားက ရွှေဖိနပ်ဆုကို ရရှိမှာပါ။

ရော်နယ်လ်ဒိုကတော့ ယူရို ၂၀၂၀ မှာ လေးပွဲ – ၃၆၀ မိနစ်ပဲ ကစားထားခဲ့ပြီး သူ့ကို ကျော်တက်နိုင်တဲ့ ကိန်းနဲ့ စတာလင်တို့က ယူရိုဗိုလ်လုပွဲအပြီးမှာ ပွဲကစားချိန် မိနစ် ၆၀၀ အထက် ကစားထားမှာဖြစ်လို့ အသင်းက အစောကြီးပြုတ်ခဲ့ပေမယ့် ရွှေဖိနပ်ဆုရဖို့များတဲ့အကြောင်းနဲ့ ယူရို ၂၀၂၀ ရဲ့ ရွှေဖိနပ်ဆုပေးတဲ့ စည်းမျဉ်းတွေကို စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီတိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ကေတာ့ အသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ဖို႔ အားခဲထားခဲ့ေပမယ့္ ၁၆ သင္း ရႈံးထြက္အဆင့္မွာတင္ ျပဳတ္သြားခဲ့လို႔ ဖလားမရႏိုင္ေတာ့ေပမယ့္ တစ္ဦးခ်င္းဆုအေနနဲ႔ေတာ့ ယူ႐ို ၂၀၂၀ ရဲ႕ ေ႐ႊဖိနပ္ဆုကို ရႏိုင္ေျခရွိေသးတာပါ။

သူ႔အတြက္ကေတာ့ ယူ႐ို ၂၀၂၀ ရဲ႕ ေ႐ႊဖိနပ္ဆုကိုရဖို႔ဆိုရင္ ဗိုလ္လုပြဲမွာ ကန္ၾကမယ့္ အဂၤလန္နဲ႔ အီတလီအသင္းတို႔မွာပါတဲ့ သူ႔ၿပိဳင္ဘက္ေတြက လုံေလာက္တဲ့ ဂိုးအေရအတြက္ကို မသြင္းယူႏိုင္ဖို႔ လိုအပ္ေနတာပါ။ၿပိဳင္ပြဲက အေစာႀကီး ဖ်ာလိပ္ျပန္ခဲ့ရေပမယ့္ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာေတာ့ ၄ ပြဲကစား ၅ ဂိုးသြင္းဆိုတဲ့ ရလာဒ္နဲ႔အတူ ထိပ္ဆုံးမွာ မင္းမူေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးႀကီးကေတာ့ ခ်က္အသင္းတိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္နဲ႔အတူ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး ဂိုးဖန္တီးမႈပိုမ်ားတာေၾကာင့္ ေပၚတူဂီသားႀကီးက ထိပ္ဆုံးက ဦးေဆာင္ေနတာ ျဖစ္ပါတယ္။ၿပိဳင္ပြဲမွာ က်န္ရွိေနတဲ့ထဲက သူနဲ႔အနီးစပ္ဆုံးကေတာ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းျဖစ္ၿပီး ၄ ဂိုးသြင္းယူထားတာ ျဖစ္ပါတယ္။

ကိန္းအေနနဲ႔ေတာ့ ေရာ္နယ္လ္ဒိုကို ေက်ာ္ခ်င္ရင္ ဗိုလ္လုပြဲမွာ ၂ ဂိုးသြင္းရင္ ေက်ာ္ႏိုင္သလို ၁ ဂိုးသြင္းၿပီး ၂ ဂိုးဖန္တီးရင္လည္း ေက်ာ္ျဖတ္ၿပီး ေ႐ႊဖိနပ္ရႏိုင္ပါေသးတယ္။ရာဟီးမ္ စတာလင္ကေတာ့ ၃ ဂိုးသြင္းယူထားတာေၾကာင့္ ေရာ္နယ္လ္ဒိုကို ေက်ာ္ၿပီး ေ႐ႊဖိနပ္ရခ်င္ရင္ ဗိုလ္လုပြဲမွာ အနည္းဆုံး ဟက္ထရစ္သြင္းရင္သြင္း၊မသြင္းရင္ ၂ ဂိုးသြင္း၊၁ ဂိုးဖန္တီးေပးမွပဲ ရမွာပါ။

စီ႐ို အင္မိုဘီလီနဲ႔ ေလာ္ရန္ဇို အင္ဆီညာတို႔အပါအဝင္ အီတလီကစားသမားေတြက အမ်ားဆုံးသြင္းထားသူေတာင္ ၂ ဂိုးပဲ ရွိတဲ့အေနအထားမွာေတာ့ ေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးကို ေက်ာ္ခ်င္ရင္ တစ္ဦးတည္း ၄ ဂိုးသြင္းမွ ရမယ့္အေနအထား ျဖစ္ေနပါတယ္။ယူ႐ိုၿပိဳင္ပြဲမွာ‌ေတာ့ ပုံမွန္ဆိုရင္ ေ႐ႊဖိနပ္ဆုက ဂိုးသြင္းအမ်ားဆုံး ကစားသမားကို ေပးတာပဲ ျဖစ္ပါတယ္။

အကယ္၍ ႏွစ္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္ထက္ပိုတဲ့ ကစားသမားေတြက သြင္းဂိုးတူေနခဲ့ရင္ေတာ့ ဂိုးဖန္တီးမႈ ပိုမ်ားတဲ့ကစားသမားကို ေ႐ႊဖိနပ္ဆုေပးတာပဲ ျဖစ္ပါတယ္။ဒါေပမယ့္ ႏွစ္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္ထက္ပိုတဲ့ ကစားသမားေတြက သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ တူေနခဲ့ရင္ ပြဲခ်ိန္အနည္းဆုံး ကစားထားတဲ့ ကစားသမားက ေ႐ႊဖိနပ္ဆုကို ရရွိမွာပါ။

ေရာ္နယ္လ္ဒိုကေတာ့ ယူ႐ို ၂၀၂၀ မွာ ေလးပြဲ – ၃၆၀ မိနစ္ပဲ ကစားထားခဲ့ၿပီး သူ႔ကို ေက်ာ္တက္ႏိုင္တဲ့ ကိန္းနဲ႔ စတာလင္တို႔က ယူ႐ိုဗိုလ္လုပြဲအၿပီးမွာ ပြဲကစားခ်ိန္ မိနစ္ ၆၀၀ အထက္ ကစားထားမွာျဖစ္လို႔ အသင္းက အေစာႀကီးျပဳတ္ခဲ့ေပမယ့္ ေ႐ႊဖိနပ္ဆုရဖို႔မ်ားတဲ့အေၾကာင္းနဲ႔ ယူ႐ို ၂၀၂၀ ရဲ႕ ေ႐ႊဖိနပ္ဆုေပးတဲ့ စည္းမ်ဥ္းေတြကို စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.