International

မြွေပါလေးတွေရဲ့ ယူရိုချန်ပီယံ ရွေးချယ်မှုက အင်္ဂလန်လို့ သေချာစေခဲ့ပြီလား

လန်ဒန်တိရိစ္ဆာန်ရုံထဲက မီယာကက်လို့ခေါ်တဲ့ မြွေပါမျိုးနွယ်ဝင် ကောင်ကလေးတွေရဲ့ ရွေးချယ်မှုအရတော့ အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့် ၁၁ ရက်နေ့မှာ ကစားမယ့် ယူရို ၂၀၂၀ ဗိုလ်ပွဲစဉ်မှာ အီတလီအသင်းကို အနိုင်ရပြီး ချန်ပီယံသစ်အသင်းအဖြစ် ထွက်ပေါ်လာနိုင်တော့ဖို့ ဟောကိန်း ထုတ်လိုက်တာဖြစ်ပါတယ်။

Mystic Meerkats လို့ အမည်ရတဲ့ သူတို့ကောင်ကလေးတွေရဲ့ အဖွဲ့ဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ နာမည်ကြီးခဲ့တဲ့ ရေဘဝဲ ပေါလ်လိုပဲ ယူရိုပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကို ခန့်မှန်းခဲ့ရာမှာ လွဲချော်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အုပ်စုကနေ တက်ခဲ့ကတည်းက ရှုံးထွက်ပွဲစဉ်တွေ စတင်ရာမှာ ဂျာမနီနဲ့ အင်္ဂလန်တို့ပွဲစဉ်မှာ မှန်ကန်ခဲ့သလို ယူကရိန်းနဲ့ ပွဲစဉ်မှာလည်း ခြင်္သေ့သုံးကောင်တို့ဘက်ကပဲ ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီး နောက်ဆုံး ဒိန်းမတ်နဲ့ပွဲမှာလည်း မြွေပါလေးတွေက အိမ်ရှင်တွေဘက်ကပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

လာမယ့် အီတလီနဲ့ပွဲစဉ်အတွက် တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ရွေးချယ်ဖို့ စီစဉ်ပေးခဲ့ရာမှာ သူတို့တွေက ဘောလုံးပရိသတ်တွေအကြိုက် အီတလီအစား အင်္ဂလန်ကိုပဲ မပြောင်းမလဲ ရွေးချယ်ခဲ့ရာမှာတော့ ရေဘဝဲ ပေါလ်လိုပဲ အဆုံးအထိ မှန်ကန်အောင်နဲ့ အားလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

မီယာကက်ကလေးတွေရဲ့ ရွေးချယ်မှု မှန်မမှန်ဆိုတာနဲ့ ဝင်ဘလီကွင်းကြီးမှာ ကစားရမယ့် အိမ်ရှင်တွေ မျှော်လင့်တောင့်တနေခဲ့တဲ့ ယူရိုဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ရနိုင် မရနိုင်ဆိုတာကတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ညမှာ အဖြေပေါ်တော့မှာဖြစ်ပြီး စိတ်တန်ခိုးနဲ့ ခန့်မှန်းတတ်တယ်လို့ နာမည်ကြီးနေမှုက အဖြူအမည်းသဲကွဲစွာ ပေါ်ထွက်လာတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လန္ဒန္တိရိစာၦန္႐ုံထဲက မီယာကက္လို႔ေခၚတဲ့ ေႁမြပါမ်ိဳးႏြယ္ဝင္ ေကာင္ကေလးေတြရဲ႕ ေ႐ြးခ်ယ္မႈအရေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းဟာ လာမယ့္ ၁၁ ရက္ေန႔မွာ ကစားမယ့္ ယူ႐ို ၂၀၂၀ ဗိုလ္ပြဲစဥ္မွာ အီတလီအသင္းကို အႏိုင္ရၿပီး ခ်န္ပီယံသစ္အသင္းအျဖစ္ ထြက္ေပၚလာႏိုင္ေတာ့ဖို႔ ေဟာကိန္း ထုတ္လိုက္တာျဖစ္ပါတယ္။

Mystic Meerkats လို႔ အမည္ရတဲ့ သူတို႔ေကာင္ကေလးေတြရဲ႕ အဖြဲ႕ဟာ ၂၀၁၀ ကမာၻ႔ဖလားမွာ နာမည္ႀကီးခဲ့တဲ့ ေရဘဝဲ ေပါလ္လိုပဲ ယူ႐ိုၿပိဳင္ပြဲရဲ႕ ပြဲစဥ္ေတြကို မွန္ကန္ေအာင္ ခန႔္မွန္းႏိုင္ခဲ့တာျဖစ္ၿပီး အဂၤလန္အသင္းရဲ႕ ပြဲစဥ္ေတြကို ခန႔္မွန္းခဲ့ရာမွာ လြဲေခ်ာ္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

အုပ္စုကေန တက္ခဲ့ကတည္းက ရႈံးထြက္ပြဲစဥ္ေတြ စတင္ရာမွာ ဂ်ာမနီနဲ႔ အဂၤလန္တို႔ပြဲစဥ္မွာ မွန္ကန္ခဲ့သလို ယူကရိန္းနဲ႔ ပြဲစဥ္မွာလည္း ျခေသၤ့သုံးေကာင္တို႔ဘက္ကပဲ ခိုင္ခိုင္မာမာ ရွိေနခဲ့ၿပီး ေနာက္ဆုံး ဒိန္းမတ္နဲ႔ပြဲမွာလည္း ေႁမြပါေလးေတြက အိမ္ရွင္ေတြဘက္ကပဲ ရွိေနခဲ့တာျဖစ္ပါတယ္။

လာမယ့္ အီတလီနဲ႔ပြဲစဥ္အတြက္ တိရစာၦန္႐ုံ တာဝန္ရွိသူေတြက ေ႐ြးခ်ယ္ဖို႔ စီစဥ္ေပးခဲ့ရာမွာ သူတို႔ေတြက ေဘာလုံးပရိသတ္ေတြအႀကိဳက္ အီတလီအစား အဂၤလန္ကိုပဲ မေျပာင္းမလဲ ေ႐ြးခ်ယ္ခဲ့ရာမွာေတာ့ ေရဘဝဲ ေပါလ္လိုပဲ အဆုံးအထိ မွန္ကန္ေအာင္နဲ႔ အားလုံးကို အံ့အားသင့္ေအာင္ လုပ္ျပႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

မီယာကက္ကေလးေတြရဲ႕ ေ႐ြးခ်ယ္မႈ မွန္မမွန္ဆိုတာနဲ႔ ဝင္ဘလီကြင္းႀကီးမွာ ကစားရမယ့္ အိမ္ရွင္ေတြ ေမွ်ာ္လင့္ေတာင့္တေနခဲ့တဲ့ ယူ႐ိုဆုဖလားႀကီးကို ပထမဆုံးအႀကိမ္အျဖစ္ ရႏိုင္ မရႏိုင္ဆိုတာကေတာ့ လာမယ့္ ဇူလိုင္လ ၁၁ ရက္ေန႔ညမွာ အေျဖေပၚေတာ့မွာျဖစ္ၿပီး စိတ္တန္ခိုးနဲ႔ ခန႔္မွန္းတတ္တယ္လို႔ နာမည္ႀကီးေနမႈက အျဖဴအမည္းသဲကြဲစြာ ေပၚထြက္လာေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.