International Match Report

မက်ဆီတစ်သက်လုံး တောင့်တနေတဲ့ နိုင်ငံတကာဂုဏ်ကို ကိုပါနဲ့ စတင်ခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ နိုင်ငံတကာအဆင့်မှာ သူတို့တွေအနေနဲ့ ၁၉၉၃ ကိုပါအမေရိကဖလားနောက်ပိုင်း ပျောက်ဆုံးနေခဲ့တဲ့ အောင်မြင်မှုကို ဘရာဇီးလ်မြေမှာ ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ပြီး ၂၈ နှစ်တာ ဖလားမိုးခေါင်မှုကို ဒီပြိုင်ပွဲမှာပဲ ပြန်လည်အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝကို စတင်ခဲ့ပေမယ့် ကိုပါပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲသာ အမြင့်ဆုံးရောက်ခဲ့သလို ကမ္ဘာ့ဖလား ကစားထားတဲ့ ၄ ကြိမ်မှာလည်း ၂၀၁၄ ခုနှစ် ဖလားကို ဂျာမနီကို အချိန်ပိုမှာ ရှုံးပြီး လွဲချော်ခဲ့တဲ့ မက်ဆီအနေနဲ့ ဒီနေ့ဖလားဟာ ကစားသမားဘဝ အဆုံးသတ်နေ့ရက်တွေ နီးလာချိန်မှာ အရေးပါလာခဲ့တာမို့ သူနဲ့ ဒီမာရီယာလို ဝါရင့်တွေက အထူးကြိုးစားရုန်းကန်ခဲ့ကြတာပါ။

၄-၄-၂ နဲ့ ၄-၃-၃ ကို ပေါင်းစပ်ထားတဲ့ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ အာဂျင်တီးနားမှာ တိုက်စစ်မှာ Free Role ကစားတဲ့ မက်ဆီကို ညာခြမ်းမှာ Inverted Winger ကစားတဲ့ ဒီမာရီယာက ကူညီခဲ့ပြီး လော်တာရို မာတီနက်ဇ်ကတော့ ဘယ်ခြမ်းနဲ့ အထောင်ဆန်ဆန် လိုအပ်သလို တာဝန်ယူ ကစားသွားခဲ့ပါတယ်။

ဘရာဇီးလ်ကတော့ သွက်လက်ထက်မြက်တဲ့ နေမာ၊ ရစ်ချာလစ်ဆန်၊ အဲဗာတန်တို့နဲ့ ၄-၃-၃ တိုက်စစ်ကို ခင်းကျင်းလာခဲ့ပြီး ဖရက်ဒ်၊ ကာစီမီရိုနဲ့ လူးကပ်စ် ပါကေးတာတို့က လုပ်အားနှုန်းကောင်းကောင်းနဲ့ ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်အများစုကို ရယူသွားခဲ့ပြီး ခံစစ်မှာတော့ သီယာဂို ဆေးလ်ဗားနဲ့ မားကင်ညို့စ်တို့ ပွဲထွက်လာခဲ့ပါတယ်။

အာဂျင်တီးနားနောက်တန်းရဲ့ Blind Space တွေကြားကို ကွင်းလယ်က ဘောလုံးရိုက်တင်ပေးပြီး နေမာနဲ့ မျှားခေါ်ရင်း နောက်က လိုက်လာတဲ့ ရစ်ချာလစ်ဆန်နဲ့ အဲဗာတန်တို့ ဝင်တိုးတဲ့ ဗျူဟာက အထိုက်အလျောက် အလုပ်ဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ ဘရာဇီးလ်နည်းပြ တီတီရဲ့ ရည်ရွယ်ချက်ကို သူတို့ တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်မှု မကောင်းတာကြောင့် မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ခံစစ်ကစားနေတဲ့ အာဂျင်တီးနားတို့ ပြန်လည်ထိုးဖောက်လာခဲ့ပြီး ကွင်းလယ်က ရိုဒရီဂို ဒီပေါလ် တင်ပေးတာကို ညာခြမ်းကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ ဒီမာရီယာက ဘရာဇီးလ် ဘယ်နောက်ခံလူ ရီနန် လိုဒီရဲ့ နေရာယူပုံကြောင့် လွတ်ထွက်ခဲ့ပြီး ရှေ့တက်ပြီး ဘာလုပ်ချင်မှန်းမသိဘဲ ဆုံးဖြတ်ချက် မပြတ်သားတဲ့ ဂိုးသမား အီဒါဆန်ပေါ်က ကျော်ပြီး ဉီးဆောင်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ပါတယ်။

အီဒါဆန်ဟာ ဒီလိုမျိုး မပြတ်သားတဲ့ ပုံစံနဲ့ မန်ချက်စတာစီးတီးမှာလည်း မကြာခဏ ဂိုးတွေ ပေးနေရသူဖြစ်ပြီး သူ့ရဲ့ ကျွံထွက်လာတဲ့ ဘောလုံးတွေကို ထွက်ရှင်းထုတ်တာက နောက်ကျတတ်သလို ဒီဂိုးမှာတော့ အသည်းအသန်ပြေးတက်ပြီး ဖျက်မထုတ်နိုင်ဘူးဆိုရင် ဂိုးပေါက်ကို မစွန့်ခွာဘဲ စောင့်ဖမ်းခဲ့သင့်တာပါ။

ဘရာဇီးလ်တို့ ‌ဂိုးပေးလိုက်ရအပြီးမှာ ဖိကစားပြီး အခွင့်အရေးရတာနဲ့ ကန်ဖို့ကြိုးစားနေခဲ့သလို အာဂျင်တီးနားကတော့ တန်ပြန်တိုက်စစ်ကနေ ဒီမာရီယာနဲ့ မက်ဆီတို့ ပူးပေါင်းထားတဲ့ ညာခြမ်းက အဓိက ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး နေမာနဲ့ အဲဗာတန်ကတော့ လူကောင်တောင့်တဲ့ တစ်ဖက်ခံစစ်ကြား ရုန်းကန်နေရင်း ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘရာဇီးလ်တို့ ဖာမီနိုကို ဖရက်ဒ်အစားထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို နေမာနဲ့ အဲဗာတန်တို့ရဲ့ ဘယ်ခြမ်းအစား ညာခြမ်းကို ပိုမိုအားပြုလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ ရစ်ချာလစ်ဆန်က ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပါကေတာ ဘောလုံးပေးစဉ်မှာ နောက်ကျပြီး လူကျွံအနေအထားကို ရောက်သွားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရသလို VAR ကပါ အတည်ပြုပေးသွားခဲ့ပါတယ်။

နေမာကို အာရုံစိုက်ပြီး လိုက်ဝုန်းနေခဲ့တဲ့ အာဂျင်တီးနားရဲ့ အားနည်းချက်ဖြစ်နေတဲ့ ဘယ်ခြမ်းနေရာလွတ်တွေကို ဘရာဇီးလ်တို့ အသုံးချနေခဲ့ရာမှာ ညာတောင်ပံကစားသမား ရစ်ချာလစ်ဆန် မကြာခဏဆိုသလို လွတ်ထွက်နေရင်း ပွဲချိန် ၅၄ မိနစ်မှာလည်း ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့တာကို ဂိုးသမား မာတီနက်ဇ် ပိတ်ဆို့ ကာကွယ်သွားခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ အာဂျင်တီးနားရဲ့ ပင်နယ်တီဧရိယာထဲမှာ နေမာ လှဲချပြီး ဒရာမာခင်းခဲ့ပေမယ့် ဥရုဂွေးဒိုင်လူကြီး အက်စတီဘန် အော့စတိုယစ်ချ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ငြင်းပယ်သွားခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးကိုတော့ တစ်ဖက်နောက်ခံလူ မွန်တီယယ်လ်က လှောင်ပြောင်ခဲ့လို ရန်ဖြစ်မလိုပါဖြစ်ခဲ့သေးတာပါ။

ဒီနောက်ပိုင်းမှာတော့ အာဂျင်တီးနားတို့ ခံစစ်သန်တဲ့ ကစားသမားတွေကို ပိုမိုထည့်သွင်းပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့သလို ဘရာဇီးလ်တို့ တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲက ကြမ်းတဲ့ဘက်ကို ဦးတည်လာခဲ့ချိန်မှာ ဂိုးသမား မာတီနက်ဇ် အမှားအယွင်းမရှိ လက်စွမ်းပြနေခဲ့တဲ့ ခံစစ်ပိုင်းနဲ့ ဆမ်ဘာတို့ နာကျင်အချိန်ပို ၅ မိနစ်အထိ တောင့်ခံသွားခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရာဇီးလ်ရဲ့ ရီယိုဒီဂျနေးရိုးမြို့က မာရာကာနာကွင်းကြီးထဲမှာ အာဂျင်တီးနားတွေ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီပွဲမတိုင်ခင်မှာ လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှုအတွက် သူရထားသမျှ ရွှေဖိနပ်တွေနဲ့ လဲနိုင်တယ်လို့ ပြောထားခဲ့တဲ့ မက်ဆီကတော့ သူ့ရဲ့ ပထမဆုံးနိုင်ငံတကာ အောင်မြင်မှုနဲ့အတူ ကိုပါအမေရိကဖလားကို သိမ်းပိုက်ခွင့်ရရှိသွားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ရင် အနှိမ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်သွားနိုင်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားအသင္းအေနနဲ႔ ႏိုင္ငံတကာအဆင့္မွာ သူတို႔ေတြအေနနဲ႔ ၁၉၉၃ ကိုပါအေမရိကဖလားေနာက္ပိုင္း ေပ်ာက္ဆုံးေနခဲ့တဲ့ ေအာင္ျမင္မႈကို ဘရာဇီးလ္ေျမမွာ ျပန္လည္ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၈ ႏွစ္တာ ဖလားမိုးေခါင္မႈကို ဒီၿပိဳင္ပြဲမွာပဲ ျပန္လည္အဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္မွာ လက္ေ႐ြးစင္ကစားသမားဘဝကို စတင္ခဲ့ေပမယ့္ ကိုပါၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲသာ အျမင့္ဆုံးေရာက္ခဲ့သလို ကမာၻ႔ဖလား ကစားထားတဲ့ ၄ ႀကိမ္မွာလည္း ၂၀၁၄ ခုႏွစ္ ဖလားကို ဂ်ာမနီကို အခ်ိန္ပိုမွာ ရႈံးၿပီး လြဲေခ်ာ္ခဲ့တဲ့ မက္ဆီအေနနဲ႔ ဒီေန႔ဖလားဟာ ကစားသမားဘဝ အဆုံးသတ္ေန႔ရက္ေတြ နီးလာခ်ိန္မွာ အေရးပါလာခဲ့တာမို႔ သူနဲ႔ ဒီမာရီယာလို ဝါရင့္ေတြက အထူးႀကိဳးစား႐ုန္းကန္ခဲ့ၾကတာပါ။

၄-၄-၂ နဲ႔ ၄-၃-၃ ကို ေပါင္းစပ္ထားတဲ့ ကစားကြက္နဲ႔ ပြဲထြက္လာတဲ့ အာဂ်င္တီးနားမွာ တိုက္စစ္မွာ Free Role ကစားတဲ့ မက္ဆီကို ညာျခမ္းမွာ Inverted Winger ကစားတဲ့ ဒီမာရီယာက ကူညီခဲ့ၿပီး ေလာ္တာ႐ို မာတီနက္ဇ္ကေတာ့ ဘယ္ျခမ္းနဲ႔ အေထာင္ဆန္ဆန္ လိုအပ္သလို တာဝန္ယူ ကစားသြားခဲ့ပါတယ္။

ဘရာဇီးလ္ကေတာ့ သြက္လက္ထက္ျမက္တဲ့ ေနမာ၊ ရစ္ခ်ာလစ္ဆန္၊ အဲဗာတန္တို႔နဲ႔ ၄-၃-၃ တိုက္စစ္ကို ခင္းက်င္းလာခဲ့ၿပီး ဖရက္ဒ္၊ ကာစီမီ႐ိုနဲ႔ လူးကပ္စ္ ပါေကးတာတို႔က လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ကြင္းလယ္မွာ ေဘာလုံးပိုင္ဆိုင္အမ်ားစုကို ရယူသြားခဲ့ၿပီး ခံစစ္မွာေတာ့ သီယာဂို ေဆးလ္ဗားနဲ႔ မားကင္ညိဳ႕စ္တို႔ ပြဲထြက္လာခဲ့ပါတယ္။

အာဂ်င္တီးနားေနာက္တန္းရဲ႕ Blind Space ေတြၾကားကို ကြင္းလယ္က ေဘာလုံး႐ိုက္တင္ေပးၿပီး ေနမာနဲ႔ မွ်ားေခၚရင္း ေနာက္က လိုက္လာတဲ့ ရစ္ခ်ာလစ္ဆန္နဲ႔ အဲဗာတန္တို႔ ဝင္တိုးတဲ့ ဗ်ဴဟာက အထိုက္အေလ်ာက္ အလုပ္ျဖစ္ခဲ့ၿပီး ဒီေန႔မွာေတာ့ ဘရာဇီးလ္နည္းျပ တီတီရဲ႕ ရည္႐ြယ္ခ်က္ကို သူတို႔ တိုက္စစ္မႉးေတြရဲ႕ အဆုံးသတ္မႈ မေကာင္းတာေၾကာင့္ မေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ခံစစ္ကစားေနတဲ့ အာဂ်င္တီးနားတို႔ ျပန္လည္ထိုးေဖာက္လာခဲ့ၿပီး ကြင္းလယ္က ႐ိုဒရီဂို ဒီေပါလ္ တင္ေပးတာကို ညာျခမ္းကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ ဒီမာရီယာက ဘရာဇီးလ္ ဘယ္ေနာက္ခံလူ ရီနန္ လိုဒီရဲ႕ ေနရာယူပုံေၾကာင့္ လြတ္ထြက္ခဲ့ၿပီး ေရွ႕တက္ၿပီး ဘာလုပ္ခ်င္မွန္းမသိဘဲ ဆုံးျဖတ္ခ်က္ မျပတ္သားတဲ့ ဂိုးသမား အီဒါဆန္ေပၚက ေက်ာ္ၿပီး ဉီးေဆာင္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ပါတယ္။

အီဒါဆန္ဟာ ဒီလိုမ်ိဳး မျပတ္သားတဲ့ ပုံစံနဲ႔ မန္ခ်က္စတာစီးတီးမွာလည္း မၾကာခဏ ဂိုးေတြ ေပးေနရသူျဖစ္ၿပီး သူ႔ရဲ႕ ကြၽံထြက္လာတဲ့ ေဘာလုံးေတြကို ထြက္ရွင္းထုတ္တာက ေနာက္က်တတ္သလို ဒီဂိုးမွာေတာ့ အသည္းအသန္ေျပးတက္ၿပီး ဖ်က္မထုတ္ႏိုင္ဘူးဆိုရင္ ဂိုးေပါက္ကို မစြန႔္ခြာဘဲ ေစာင့္ဖမ္းခဲ့သင့္တာပါ။

ဘရာဇီးလ္တို႔ ‌ဂိုးေပးလိုက္ရအၿပီးမွာ ဖိကစားၿပီး အခြင့္အေရးရတာနဲ႔ ကန္ဖို႔ႀကိဳးစားေနခဲ့သလို အာဂ်င္တီးနားကေတာ့ တန္ျပန္တိုက္စစ္ကေန ဒီမာရီယာနဲ႔ မက္ဆီတို႔ ပူးေပါင္းထားတဲ့ ညာျခမ္းက အဓိက ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး ေနမာနဲ႔ အဲဗာတန္ကေတာ့ လူေကာင္ေတာင့္တဲ့ တစ္ဖက္ခံစစ္ၾကား ႐ုန္းကန္ေနရင္း ပထမပိုင္းၿပီးဆုံးသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဘရာဇီးလ္တို႔ ဖာမီႏိုကို ဖရက္ဒ္အစားထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ေနမာနဲ႔ အဲဗာတန္တို႔ရဲ႕ ဘယ္ျခမ္းအစား ညာျခမ္းကို ပိုမိုအားျပဳလာခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ရစ္ခ်ာလစ္ဆန္က ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ပါေကတာ ေဘာလုံးေပးစဥ္မွာ ေနာက္က်ၿပီး လူကြၽံအေနအထားကို ေရာက္သြားခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို VAR ကပါ အတည္ျပဳေပးသြားခဲ့ပါတယ္။

ေနမာကို အာ႐ုံစိုက္ၿပီး လိုက္ဝုန္းေနခဲ့တဲ့ အာဂ်င္တီးနားရဲ႕ အားနည္းခ်က္ျဖစ္ေနတဲ့ ဘယ္ျခမ္းေနရာလြတ္ေတြကို ဘရာဇီးလ္တို႔ အသုံးခ်ေနခဲ့ရာမွာ ညာေတာင္ပံကစားသမား ရစ္ခ်ာလစ္ဆန္ မၾကာခဏဆိုသလို လြတ္ထြက္ေနရင္း ပြဲခ်ိန္ ၅၄ မိနစ္မွာလည္း ကန္ခ်က္ျပင္းျပင္းနဲ႔ ကန္သြင္းခဲ့တာကို ဂိုးသမား မာတီနက္ဇ္ ပိတ္ဆို႔ ကာကြယ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ အာဂ်င္တီးနားရဲ႕ ပင္နယ္တီဧရိယာထဲမွာ ေနမာ လွဲခ်ၿပီး ဒရာမာခင္းခဲ့ေပမယ့္ ဥ႐ုေဂြးဒိုင္လူႀကီး အက္စတီဘန္ ေအာ့စတိုယစ္ခ်္က မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ျငင္းပယ္သြားခဲ့ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉးကိုေတာ့ တစ္ဖက္ေနာက္ခံလူ မြန္တီယယ္လ္က ေလွာင္ေျပာင္ခဲ့လို ရန္ျဖစ္မလိုပါျဖစ္ခဲ့ေသးတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အာဂ်င္တီးနားတို႔ ခံစစ္သန္တဲ့ ကစားသမားေတြကို ပိုမိုထည့္သြင္းၿပီး အႏိုင္ရလဒ္ကို ထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့သလို ဘရာဇီးလ္တို႔ တိုက္စစ္ျမႇင့္လာခဲ့ၿပီး ပြဲက ၾကမ္းတဲ့ဘက္ကို ဦးတည္လာခဲ့ခ်ိန္မွာ ဂိုးသမား မာတီနက္ဇ္ အမွားအယြင္းမရွိ လက္စြမ္းျပေနခဲ့တဲ့ ခံစစ္ပိုင္းနဲ႔ ဆမ္ဘာတို႔ နာက်င္အခ်ိန္ပို ၅ မိနစ္အထိ ေတာင့္ခံသြားခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရာဇီးလ္ရဲ႕ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕က မာရာကာနာကြင္းႀကီးထဲမွာ အာဂ်င္တီးနားေတြ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဒီပြဲမတိုင္ခင္မွာ လက္ေ႐ြးစင္အသင္းရဲ႕ ေအာင္ျမင္မႈအတြက္ သူရထားသမွ် ေ႐ႊဖိနပ္ေတြနဲ႔ လဲႏိုင္တယ္လို႔ ေျပာထားခဲ့တဲ့ မက္ဆီကေတာ့ သူ႔ရဲ႕ ပထမဆုံးႏိုင္ငံတကာ ေအာင္ျမင္မႈနဲ႔အတူ ကိုပါအေမရိကဖလားကို သိမ္းပိုက္ခြင့္ရရွိသြားခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ရင္ အႏွိမ္ခံေနရတဲ့ ဘဝကေန လြတ္ေျမာက္သြားႏိုင္ခဲ့ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.