International Premier League

အင်္ဂလန်တို့ ထက်မြက်ဖို့ အာဆင်နယ်ရဲ့ ဆာကာက ဘယ်လိုအကျိုးပြုခဲ့သလဲ?

အာဆင်နယ်အသင်းမှာ ထင်သလောက် အောင်မြင်မှုမရခဲ့ပေမယ့် ကိုယ်ပိုင်​ခြေစွမ်းကြောင့် လူတိုင်းသတိပြုထားလာရတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ လက်ရွေးစင်အသင်းရဲ့ ပြည်တန်ပတ္တမြားလို အနာဂတ်သစ်အတွက် အသိအမှတ်ပြုခံထားရပြီဖြစ်သလို ငရုတ်သီးလေးလို့ ခေါ်ဝေါ်ကြတဲ့ သူ့ရဲ့ ယူရို​ခြေစွမ်းက အတော်လေးကြွေချင်စရာပါ။

အင်္ဂလန်ပရိသတ်တွေအတွက် နာမည်ကြီးတွေကြားထဲက တိုးထွက်လာပြီး အသင်းကို အကျိုးပြုခဲ့တဲ့ ၁၉ နှစ်သားလေးဟာ ပညာရေးအပိုင်းမှာလည်း ထူးချွန်တောက်ပလွန်းသူဖြစ်ပြီး GCSE စာမေးပွဲကို A* ၄ ခု A ၃ ခုနဲ့ ဖြေဆိုအောင်မြင်ခဲ့ပြီးသူဖြစ်သလို သူ့ရဲ့အသက်မွေး ဝမ်းကျောင်းမှုမှာလည်း ဘောလုံးအတွက် ဘာမဆို ပေးဆပ်ရဲတဲ့အထိ အထူးခြေစွမ်းပြနေသူပါ။

သူ့ရဲ့ပေါက်ကွဲအားကြောင့် ချက်နဲ့ပွဲစဥ်မှာလည်း အင်္ဂလန်အသင်း ဂိုးရခဲ့သလို ဂျာမနီနဲ့ပွဲမှာလည်း ခြေစွမ်းပိုင်းမှာ အတော်လေးမက်လောက်စရာကောင်းခဲ့သလို ယူကရိန်းနဲ့ပွဲကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ပေမယ့် သူပြန်လာခဲ့တဲ့ ဒိန်းမတ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ အင်္ဂလန်အသင်းကို ဗိုလ်လုပွဲတက်နိုင်အောင် စွမ်းဆောင်ပြီး အဆိပ်ပြင်းတဲ့ လူငယ်ခြေတက်လေးအဖြစ် သက်သေပြသွားခဲ့တာကို တွေ့ရပါတယ်။

“သူက ဘယ်နေရာမဆို ကစားနိုင်တယ်။ ဒါကြောင့်လည်း သူ့အတွက် နေရာရဖို့ အထူးအခွင့်အရေးဖြစ်လာတာပါ။ ပြီးတော့ ခင်ဗျားကြည့်လိုက်ဗျာ ဆန်ချိုရှိမယ်၊ ဖီးလ် ဖိုဒန်ရှိမယ်၊ ဂျက်ခ် ဂရီးလစ်ရှ်ရှိမယ်၊ ဟက်ဆန်-အိုဒွိုင်းရှိဦးမယ်… ဒီလူစာရင်းကို ကျော်ဖြတ်ပြီး နေရာရလာတာဗျ။ ပြီးတော့ သူ့​ခြေစွမ်းက တအားကို ကောင်းမွန်တာပါ”

“လူငယ်တယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလောက်ဖိအားတွေနဲ့ ရုန်းကန်ဖို့က မလွယ်ဘူးဗျ။ ဒါက တကယ်ကို ကောင်းတဲ့လက္ခဏာတခုပါပဲဗျာ”လို့ အင်္ဂလန်ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာက ဆာကာကို အထူးတလည်ချီးကျူးသွားခဲ့သလို ဘောလုံးအတွက် အရာရာညှစ်ထုတ်နိုင်တဲ့ သူ့ရဲ့ သတ္တိပိုင်းကို သေသေချာချာ အမွှမ်းတင်သွားခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ဆာကာကို သတိထားမိဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ နည်းပြကြီး မော်ရင်ညိုကလည်း “ဆာကာက အသက် ၁၉ နှစ်သားအရွယ်နဲ့ မလိုက်အောင်ကို ​ခြေစွမ်းထက်မြက်သူပါ။ သူ့ရဲ့ ဘောလုံးပါရမီက သိပ်ကို ထူးခြားတယ်။ အာဆင်နယ်လို အသင်းကြီးတသင်းမှာလည်း အတွေ့အကြုံအရ ရင့်ကျက်နေပြီ။ ပရီးမီးယားလိဂ်လို ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ အကောင်းဆုံးလိဂ်တခုမှာ သူက သက်သေပြနေတာ မဟုတ်ဘူးလား”

“ကျွန်တော်ပြောမယ်ဗျာ။ သူက သိပ်ကို ယုံကြည်ချက်ပြည့်ဝတယ်။ ပေါက်ကွဲအားပြင်းထန်တယ်။ နေရာစုံမှာလည်း ကစားနိုင်တယ်။ ဒီလိုစွယ်စုံရ ကစားသမားမျိုးက အသင်းတသင်းမှာ သိပ်ကိုအကျိုးပြုနိုင်ပါတယ်”လို့ ဆာကာရဲ့ ကစားသမားအနာဂတ်ကို ထောက်ခံချက်ပေးခဲ့ကြပြီး ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့အထိ ဘောလုံးကျွမ်းကျင်သူတွေက ​ကြိုတင်အမှတ်ပေးနေကြဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းမွာ ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့ေပမယ့္ ကိုယ္ပိုင္ေျခစြမ္းေၾကာင့္ လူတိုင္းသတိျပဳထားလာရတဲ့ အဂၤလန္လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ လက္ေ႐ြးစင္အသင္းရဲ႕ ျပည္တန္ပတၱျမားလို အနာဂတ္သစ္အတြက္ အသိအမွတ္ျပဳခံထားရၿပီျဖစ္သလို င႐ုတ္သီးေလးလို႔ ေခၚေဝၚၾကတဲ့ သူ႔ရဲ႕ ယူ႐ိုေျခစြမ္းက အေတာ္ေလးေႂကြခ်င္စရာပါ။

အဂၤလန္ပရိသတ္ေတြအတြက္ နာမည္ႀကီးေတြၾကားထဲက တိုးထြက္လာၿပီး အသင္းကို အက်ိဳးျပဳခဲ့တဲ့ ၁၉ ႏွစ္သားေလးဟာ ပညာေရးအပိုင္းမွာလည္း ထူးခြၽန္ေတာက္ပလြန္းသူျဖစ္ၿပီး GCSE စာေမးပြဲကို A* ၄ ခု A ၃ ခုနဲ႔ ေျဖဆိုေအာင္ျမင္ခဲ့ၿပီးသူျဖစ္သလို သူ႔ရဲ႕အသက္ေမြး ဝမ္းေက်ာင္းမႈမွာလည္း ေဘာလုံးအတြက္ ဘာမဆို ေပးဆပ္ရဲတဲ့အထိ အထူးေျခစြမ္းျပေနသူပါ။

သူ႔ရဲ႕ေပါက္ကြဲအားေၾကာင့္ ခ်က္နဲ႔ပြဲစဥ္မွာလည္း အဂၤလန္အသင္း ဂိုးရခဲ့သလို ဂ်ာမနီနဲ႔ပြဲမွာလည္း ေျခစြမ္းပိုင္းမွာ အေတာ္ေလးမက္ေလာက္စရာေကာင္းခဲ့သလို ယူကရိန္းနဲ႔ပြဲကို ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ေပမယ့္ သူျပန္လာခဲ့တဲ့ ဒိန္းမတ္နဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အဂၤလန္အသင္းကို ဗိုလ္လုပြဲတက္ႏိုင္ေအာင္ စြမ္းေဆာင္ၿပီး အဆိပ္ျပင္းတဲ့ လူငယ္ေျခတက္ေလးအျဖစ္ သက္ေသျပသြားခဲ့တာကို ေတြ႕ရပါတယ္။

“သူက ဘယ္ေနရာမဆို ကစားႏိုင္တယ္။ ဒါေၾကာင့္လည္း သူ႔အတြက္ ေနရာရဖို႔ အထူးအခြင့္အေရးျဖစ္လာတာပါ။ ၿပီးေတာ့ ခင္ဗ်ားၾကည့္လိုက္ဗ်ာ ဆန္ခ်ိဳရွိမယ္၊ ဖီးလ္ ဖိုဒန္ရွိမယ္၊ ဂ်က္ခ္ ဂရီးလစ္ရွ္ရွိမယ္၊ ဟက္ဆန္-အိုဒြိဳင္းရွိဦးမယ္… ဒီလူစာရင္းကို ေက်ာ္ျဖတ္ၿပီး ေနရာရလာတာဗ်။ ၿပီးေတာ့ သူ႔ေျခစြမ္းက တအားကို ေကာင္းမြန္တာပါ”

“လူငယ္တေယာက္အေနနဲ႔ ၾကည့္မယ္ဆိုရင္ ဒီေလာက္ဖိအားေတြနဲ႔ ႐ုန္းကန္ဖို႔က မလြယ္ဘူးဗ်။ ဒါက တကယ္ကို ေကာင္းတဲ့လကၡဏာတခုပါပဲဗ်ာ”လို႔ အဂၤလန္ဂႏၴဝင္ တိုက္စစ္မႉးေဟာင္း ဂယ္ရီ လိုင္နီကာက ဆာကာကို အထူးတလည္ခ်ီးက်ဴးသြားခဲ့သလို ေဘာလုံးအတြက္ အရာရာညႇစ္ထုတ္ႏိုင္တဲ့ သူ႔ရဲ႕ သတၱိပိုင္းကို ေသေသခ်ာခ်ာ အမႊမ္းတင္သြားခဲ့တာပါ။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ ဆာကာကို သတိထားမိဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ နည္းျပႀကီး ေမာ္ရင္ညိဳကလည္း “ဆာကာက အသက္ ၁၉ ႏွစ္သားအ႐ြယ္နဲ႔ မလိုက္ေအာင္ကို ေျခစြမ္းထက္ျမက္သူပါ။ သူ႔ရဲ႕ ေဘာလုံးပါရမီက သိပ္ကို ထူးျခားတယ္။ အာဆင္နယ္လို အသင္းႀကီးတသင္းမွာလည္း အေတြ႕အႀကဳံအရ ရင့္က်က္ေနၿပီ။ ပရီးမီးယားလိဂ္လို ကမာၻ႔ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးနဲ႔ အေကာင္းဆုံးလိဂ္တခုမွာ သူက သက္ေသျပေနတာ မဟုတ္ဘူးလား”

“ကြၽန္ေတာ္ေျပာမယ္ဗ်ာ။ သူက သိပ္ကို ယုံၾကည္ခ်က္ျပည့္ဝတယ္။ ေပါက္ကြဲအားျပင္းထန္တယ္။ ေနရာစုံမွာလည္း ကစားႏိုင္တယ္။ ဒီလိုစြယ္စုံရ ကစားသမားမ်ိဳးက အသင္းတသင္းမွာ သိပ္ကိုအက်ိဳးျပဳႏိုင္ပါတယ္”လို႔ ဆာကာရဲ႕ ကစားသမားအနာဂတ္ကို ေထာက္ခံခ်က္ေပးခဲ့ၾကၿပီး ကမာၻ႔အဆင့္ ကစားသမားျဖစ္လာဖို႔အထိ ေဘာလုံးကြၽမ္းက်င္သူေတြက ႀကိဳတင္အမွတ္ေပးေနၾကျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.