Analysis International

အနိုင်နည်းတဲ့ ဘရာဇီးလ်မြေမှာ ရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာဂုဏ်ကို မက်ဆီ လိုက်မီပါ့မလား

ဘောလုံးပရိသတ်တဝက်လောက်ရဲ့ ထာဝရအကောင်းဆုံးကစားသမား လီယွန်နယ် မက်ဆီအတွက်တော့ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝ ၁၆ နှစ်တာကာလအတွင်းမှာ တစ်ခါမှ မအောင်မြင်ခဲ့ဖူးသေးတဲ့ တောင်အမေရိကရဲ့ အင်အားကြီး အာဂျင်တီးနားအတွက် ဒီတစ်ကြိမ်မှာရော သူ့ရဲ့ တိုက်အတွင်း ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မလားဆိုတာကတော့ မေးခွန်းတစ်ခုအပြင် အားပေးစရာတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

တောင်အမေရိက ၁၀ နိုင်ငံအတွင်းမှာ ရုန်းကန်ရလေ့ရှိတဲ့ ပြိုင်ပွဲတွေရဲ့ သဘောသဘာဝထဲမှာ ခေါင်းတစ်လုံးသာပြီး ချွန်ထွက်နေတာက ပေါ်တူဂီလို စကားပြောတဲ့ ဘရာဇီးလ်တွေဖြစ်နေကြပြီး ကျန်စပိန်စကားပြော ၉ နိုင်ငံအတွင်းမှာ အာဂျင်တီးနားကတော့ ချီလီ၊ ကိုလံဘီယာ၊ ဥရုဂွေးတို့ရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းတွေနဲ့ပဲ ရင်ဆိုင်နေရတာက မက်ဆီရဲ့ ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ လက်ရွေးစင်ခရီးလမ်းကို မလှမပဖြစ်စေခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာ ကိုပါအမေရိကကို စတင်ကစားခွင့်ရတဲ့ မက်ဆီအနေနဲ့ ဘရာဇီးလ်နဲ့ တွေ့ဆုံရာမှာ ဆုဖလားသိမ်းပိုက်ခွင့်ကို သုံးဂိုး-ဂိုးမရှိ အရှုံးနဲ့ လွဲချော်ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာတော့ ကွာတားအဆင့်မှာ ဥရုဂွေးကို ပင်နယ်တီနဲ့ ရှုံးခဲ့သလို ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချီလီကို ဖိုင်နယ်မှာ ပင်နယ်တီနဲ့ပဲ နှစ်နှစ်ဆက်တိုက် ရှုံးခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ လက်မြှောက်ခဲ့ထားခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာလည်း ဘရာဇီးလ်နဲ့ပဲ လာရောက်ဆုံတွေ့နေချိန်မှာ သူတို့နှစ်သင်းကြားက လက်ရှိအချိန်အထိ ကစားထားတဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃၄ ပွဲမှာ ၈ ပွဲသာနိုင်ပြီး ၁၉ ပွဲ ရှုံးခဲ့တဲ့ မှတ်တမ်းက ဆမ်ဘာတွေရဲ့ မြေမှာ တန်ဂိုတွေ ကခုန်ဖို့ အဝေးကွင်းမှတ်တမ်းကြောင့်ပါ စိတ်ဓာတ်လျော့ရဲစရာ ဖြစ်နေခဲ့သလို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအနေနဲ့ ဒါတွေ အားလုံးကို ပြောင်းပြန်လှန်ပစ်ရဖို့လည်း ရှိနေပါတယ်။

ဘရာဇီးလ်ရဲ့ အိမ်ကွင်းမှာ အာဂျင်တီးနားတို့ ၄ ကြိမ်သာ အနိုင်ရရှိဖူးပြီး မက်ဆီရဲ့ ခေတ်မှာ ကစားထားသမျှ ပွဲစဉ်တွေထဲမှာတော့ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သရေတစ်ကြိမ်သာ ရဖူးသလို ကျန်တဲ့ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရှုံးနိမ့်ခဲ့ဖူးသလို နောက်ဆုံး အပြန်အလှန် တွေ့ဆုံမှု ၅ ကြိမ် (ချစ်ကြည်ရေးပွဲမပါ)မှာတော့ သရေနှစ်ပွဲသာရရှိခဲ့ပြီး ကျန်တဲ့ သုံးပွဲကို ရှုံးနိမ့်ထားခဲ့တာပါ။

အာဂျင်တီနားတို့ ရှုံးနိမ့်ခဲ့သမျှ ပွဲစဉ်တွေကိုတော့ ဘယ်လို ဟော်ရီဇွန်တေမြို့က မင်နဲရိုးကွင်းမှာ ကစားထားခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ ရီယိုဒီဂျနေးရိုးမြို့က မာရာကာနာကွင်းကြီးမှာ ကစားမှာဖြစ်လို့ ကွင်းအပြောင်းအလဲတော့ဖြစ်နေခဲ့ပြီး ဒီတစ်ခါမှာ မက်ဆီတို့အုပ်စုအနေနဲ့ မှတ်တမ်းဆိုးကို ပြောင်းပြန်လှန်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တိုက်စစ်မှာ မက်ဆီက တစ်သင်းလုံးကို သွင်းဂိုး၊ ဖန်တီးမှုတွေနဲ့ ဦးဆောင်ပေးနေချိန်မှာ ဂိုးသွင်းခြေ မြင့်မားနေတဲ့ လော်တာရို မာတီနက်ဇ်ကလည်း တာဝန်တွေကို ခွဲဝေယူနေသလို အာဂျင်တီးနားပရိသတ်တွေအတွက် ရင်ခုန်သံ မြင့်မားစေချိန်မှာ ပင်နယ်တီအိတ်စ်ပတ် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကပါ ခံစစ်ပိုင်းအတွက် တည်ငြိမ်တဲ့ လက်စွမ်း၊ မြင့်မားတဲ့ ယုံကြည်မှုတွေအတွက် တစ်အားဖြစ်လာခဲ့တာပါ။

ကစားသမားဘဝ ရှေ့ဆက်ဖို့ အစီအစဉ်တွေထဲမှာတော့ သူဘယ်လောက် ဆက်ကစားနိုင်ဦးမယ်ဆိုတာကတော့ မက်ဆီကိုယ်တိုင်ပဲ သိမှာဖြစ်ပြီး နောက်ထပ် ကိုပါပြိုင်ပွဲတစ်ပွဲကို ၂၀၂၄ ခုနှစ်မှာမှ ပြန်လည်ကျင်းပတော့မှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်မှာ အသက် ၃၇ နှစ်အရွယ်ရှိနေမယ့် အာဂျင်တီးနားသားကြီးအတွက် လက်ရှိပြိုင်ပွဲဟာ နောက်ဆုံးကြိုးစားခွင့်လည်း ဖြစ်လာနိုင်ပါတယ်။

တစ်ဦးချင်းဆုသာဆိုရင် မက်ဆီကို လွှဲပေးလိုက်ပြီလို့ ပြောထားခဲ့တဲ့ အိမ်ရှင်အသင်းခေါင်းဆောင် နေမာရဲ့ စကားအတွက်တော့ သူ့ရဲ့ဖန်တွေ မျှော်လင့်ခွင့် ပိုမိုမြင့်မားလာနိုင်သလို နိုင်ငံတကာအဆင့်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ယူရို ၂၀၁၆ ဖလားနဲ့ ယှဉ်တိုင်း သိမ်ငယ်နေရမှုတွေအတွက်တော့ လာမယ့် ဇွန်လ ၁၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမယ့် ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ပြိုင်ပွဲမှာ မက်ဆီတစ်ယောက် သူ့ရဲ့ နောက်ဆုံးဖြစ်နိုင်တဲ့ အခွင့်အရေးနဲ့အတူ ဂုဏ်သိက္ခာအတွက် ကိုပါဖလားကို ရယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးပရိသတ္တဝက္ေလာက္ရဲ႕ ထာဝရအေကာင္းဆုံးကစားသမား လီယြန္နယ္ မက္ဆီအတြက္ေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝ ၁၆ ႏွစ္တာကာလအတြင္းမွာ တစ္ခါမွ မေအာင္ျမင္ခဲ့ဖူးေသးတဲ့ ေတာင္အေမရိကရဲ႕ အင္အားႀကီး အာဂ်င္တီးနားအတြက္ ဒီတစ္ႀကိမ္မွာေရာ သူ႔ရဲ႕ တိုက္အတြင္း ကိုပါအေမရိကၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္မလားဆိုတာကေတာ့ ေမးခြန္းတစ္ခုအျပင္ အားေပးစရာတစ္ခုလည္းျဖစ္ေနခဲ့ပါတယ္။

ေတာင္အေမရိက ၁၀ ႏိုင္ငံအတြင္းမွာ ႐ုန္းကန္ရေလ့ရွိတဲ့ ၿပိဳင္ပြဲေတြရဲ႕ သေဘာသဘာဝထဲမွာ ေခါင္းတစ္လုံးသာၿပီး ခြၽန္ထြက္ေနတာက ေပၚတူဂီလို စကားေျပာတဲ့ ဘရာဇီးလ္ေတြျဖစ္ေနၾကၿပီး က်န္စပိန္စကားေျပာ ၉ ႏိုင္ငံအတြင္းမွာ အာဂ်င္တီးနားကေတာ့ ခ်ီလီ၊ ကိုလံဘီယာ၊ ဥ႐ုေဂြးတို႔ရဲ႕ ေႏွာင့္ယွက္ဖ်က္ဆီးျခင္းေတြနဲ႔ပဲ ရင္ဆိုင္ေနရတာက မက္ဆီရဲ႕ ၂၀၀၅ ခုႏွစ္ကတည္းက စတင္ခဲ့တဲ့ လက္ေ႐ြးစင္ခရီးလမ္းကို မလွမပျဖစ္ေစခဲ့တာပါ။

၂၀၀၇ ခုႏွစ္မွာ ကိုပါအေမရိကကို စတင္ကစားခြင့္ရတဲ့ မက္ဆီအေနနဲ႔ ဘရာဇီးလ္နဲ႔ ေတြ႕ဆုံရာမွာ ဆုဖလားသိမ္းပိုက္ခြင့္ကို သုံးဂိုး-ဂိုးမရွိ အရႈံးနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ၂၀၁၁ ခုႏွစ္မွာေတာ့ ကြာတားအဆင့္မွာ ဥ႐ုေဂြးကို ပင္နယ္တီနဲ႔ ရႈံးခဲ့သလို ၂၀၁၅ နဲ႔ ၂၀၁၆ ခုႏွစ္ေတြမွာ ခ်ီလီကို ဖိုင္နယ္မွာ ပင္နယ္တီနဲ႔ပဲ ႏွစ္ႏွစ္ဆက္တိုက္ ရႈံးခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ ဆီမီးဖိုင္နယ္အဆင့္မွာ ဘရာဇီးလ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လက္ေျမႇာက္ခဲ့ထားခဲ့ရပါတယ္။

ဒီတစ္ႀကိမ္မွာလည္း ဘရာဇီးလ္နဲ႔ပဲ လာေရာက္ဆုံေတြ႕ေနခ်ိန္မွာ သူတို႔ႏွစ္သင္းၾကားက လက္ရွိအခ်ိန္အထိ ကစားထားတဲ့ ထိပ္တိုက္ေတြ႕ဆုံမႈ ၃၄ ပြဲမွာ ၈ ပြဲသာႏိုင္ၿပီး ၁၉ ပြဲ ရႈံးခဲ့တဲ့ မွတ္တမ္းက ဆမ္ဘာေတြရဲ႕ ေျမမွာ တန္ဂိုေတြ ကခုန္ဖို႔ အေဝးကြင္းမွတ္တမ္းေၾကာင့္ပါ စိတ္ဓာတ္ေလ်ာ့ရဲစရာ ျဖစ္ေနခဲ့သလို အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီအေနနဲ႔ ဒါေတြ အားလုံးကို ေျပာင္းျပန္လွန္ပစ္ရဖို႔လည္း ရွိေနပါတယ္။

ဘရာဇီးလ္ရဲ႕ အိမ္ကြင္းမွာ အာဂ်င္တီးနားတို႔ ၄ ႀကိမ္သာ အႏိုင္ရရွိဖူးၿပီး မက္ဆီရဲ႕ ေခတ္မွာ ကစားထားသမွ် ပြဲစဥ္ေတြထဲမွာေတာ့ ၂၀၁၀ ကမာၻ႔ဖလားေျခစစ္ပြဲမွာ သေရတစ္ႀကိမ္သာ ရဖူးသလို က်န္တဲ့ ၂၀၁၆ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ ရႈံးနိမ့္ခဲ့ဖူးသလို ေနာက္ဆုံး အျပန္အလွန္ ေတြ႕ဆုံမႈ ၅ ႀကိမ္ (ခ်စ္ၾကည္ေရးပြဲမပါ)မွာေတာ့ သေရႏွစ္ပြဲသာရရွိခဲ့ၿပီး က်န္တဲ့ သုံးပြဲကို ရႈံးနိမ့္ထားခဲ့တာပါ။

အာဂ်င္တီနားတို႔ ရႈံးနိမ့္ခဲ့သမွ် ပြဲစဥ္ေတြကိုေတာ့ ဘယ္လို ေဟာ္ရီဇြန္ေတၿမိဳ႕က မင္နဲ႐ိုးကြင္းမွာ ကစားထားခဲ့တာျဖစ္ၿပီး ဒီတစ္ခါမွာေတာ့ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕က မာရာကာနာကြင္းႀကီးမွာ ကစားမွာျဖစ္လို႔ ကြင္းအေျပာင္းအလဲေတာ့ျဖစ္ေနခဲ့ၿပီး ဒီတစ္ခါမွာ မက္ဆီတို႔အုပ္စုအေနနဲ႔ မွတ္တမ္းဆိုးကို ေျပာင္းျပန္လွန္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

တိုက္စစ္မွာ မက္ဆီက တစ္သင္းလုံးကို သြင္းဂိုး၊ ဖန္တီးမႈေတြနဲ႔ ဦးေဆာင္ေပးေနခ်ိန္မွာ ဂိုးသြင္းေျခ ျမင့္မားေနတဲ့ ေလာ္တာ႐ို မာတီနက္ဇ္ကလည္း တာဝန္ေတြကို ခြဲေဝယူေနသလို အာဂ်င္တီးနားပရိသတ္ေတြအတြက္ ရင္ခုန္သံ ျမင့္မားေစခ်ိန္မွာ ပင္နယ္တီအိတ္စ္ပတ္ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကပါ ခံစစ္ပိုင္းအတြက္ တည္ၿငိမ္တဲ့ လက္စြမ္း၊ ျမင့္မားတဲ့ ယုံၾကည္မႈေတြအတြက္ တစ္အားျဖစ္လာခဲ့တာပါ။

ကစားသမားဘဝ ေရွ႕ဆက္ဖို႔ အစီအစဥ္ေတြထဲမွာေတာ့ သူဘယ္ေလာက္ ဆက္ကစားႏိုင္ဦးမယ္ဆိုတာကေတာ့ မက္ဆီကိုယ္တိုင္ပဲ သိမွာျဖစ္ၿပီး ေနာက္ထပ္ ကိုပါၿပိဳင္ပြဲတစ္ပြဲကို ၂၀၂၄ ခုႏွစ္မွာမွ ျပန္လည္က်င္းပေတာ့မွာျဖစ္တဲ့အတြက္ အဲ့ဒီအခ်ိန္မွာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနမယ့္ အာဂ်င္တီးနားသားႀကီးအတြက္ လက္ရွိၿပိဳင္ပြဲဟာ ေနာက္ဆုံးႀကိဳးစားခြင့္လည္း ျဖစ္လာႏိုင္ပါတယ္။

တစ္ဦးခ်င္းဆုသာဆိုရင္ မက္ဆီကို လႊဲေပးလိုက္ၿပီလို႔ ေျပာထားခဲ့တဲ့ အိမ္ရွင္အသင္းေခါင္းေဆာင္ ေနမာရဲ႕ စကားအတြက္ေတာ့ သူ႔ရဲ႕ဖန္ေတြ ေမွ်ာ္လင့္ခြင့္ ပိုမိုျမင့္မားလာႏိုင္သလို ႏိုင္ငံတကာအဆင့္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ယူ႐ို ၂၀၁၆ ဖလားနဲ႔ ယွဥ္တိုင္း သိမ္ငယ္ေနရမႈေတြအတြက္ေတာ့ လာမယ့္ ဇြန္လ ၁၁ ရက္၊ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲမွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ၿပိဳင္ပြဲမွာ မက္ဆီတစ္ေယာက္ သူ႔ရဲ႕ ေနာက္ဆုံးျဖစ္ႏိုင္တဲ့ အခြင့္အေရးနဲ႔အတူ ဂုဏ္သိကၡာအတြက္ ကိုပါဖလားကို ရယူႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.